ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဝင္တခ်ိဳ႕ ထိန္းသိမ္းခံထားရ

(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္က ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ တည္ရွိတဲ့ေနရာမွာ က်ပ္ဘီလီယံခ်ီတန္ေၾကးရွိတဲ့ မူးယစ္ေဆးဝါးေတြ သိမ္းဆည္းရမိတဲ့ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး  ေကာင္းခါးအဖြဲ႕ ေခါင္းေဆာင္တခ်ိဳ႕ ဆက္လက္ထိန္းသိမ္းစစ္ေဆး ခံေနရၿပီး တခ်ိဳ႕ျပန္လည္လြတ္ေျမာက္လာတယ္လို႔ ေကာင္းခါးအဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

မူးယစ္ေဆးဝါးနဲ႔ လက္နက္ခဲယမ္းေတြ က်ပ္ဘီလီယံခ်ီၿပီး တပ္မေတာ္က ဖမ္းဆီးရမိခဲ့ၿပီးတဲ့ေနာက္ ေကာင္းခါး ျပည္သူ႔စစ္အဖြဲ႕ကို လက္နက္ေတြအပ္ခိုင္းခဲ့ၿပီး ေခါင္းေဆာင္ပိုင္းတခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့ေပမယ့္ လြယ္ခမ္႐ြာက ျပည္သူ႔စစ္ေခါင္းေဆာင္ေတြကို ဆက္လက္ဖမ္းဆီးထားတယ္လို႔ ေကာင္းခါး အဖြဲ႕ေခါင္းေဆာင္တခ်ိဳ႕က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက မူးယစ္ေဆးဝါးေတြနဲ႔ လက္နက္ေတြ အဓိကဖမ္းမိခဲ့တဲ့ လြယ္ခမ္႐ြာက ျပည္သူ႔စစ္ ေခါင္းေဆာင္တခ်ိဳ႕ ထိန္းသိမ္းခံထားရတယ္လို႔ အမည္မေဖာ္လိုတဲ့ ေကာင္းခါး ျပည္သူ႔စစ္အဖြဲ႕ အရာရွိတစ္ဦးက RFA ကို ေျပာပါတယ္။

လြယ္ခမ္ျပည္သူ႔စစ္အဖြဲ႕က ေခါင္းေဆာင္ေတြျဖစ္တဲ့ ဦးလမုန္ထန္၊ ဦးတီေလာက္ေက်ာက္၊ ဦးေဇာ္နမ္၊ ဦးေအာ္ရာဇမ္၊ ဦးဘရမ္ေအာင္ အပါအဝင္ ဆယ္ဦးခန႔္ လားရႈိးမွာ ထိန္းသိမ္းခံရထားတယ္လို႔ ဆိုပါတယ္။

တပ္မေတာ္က ၿပီးခဲတဲ့ ေဖေဖာ္ဝါရီလက ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာအုပ္စုနဲ႔ လြယ္ခမ္ ေက်း႐ြာေတြမွာ က်ပ္ဘီလီယံရာနဲ႔ခ်ီတဲ့ မူးယစ္ေဆးေတြ ျပည္သူ႔စစ္တံဆိပ္ပါ လက္နက္ေတြကို ဖမ္းဆီးရမိခဲ့ပါတယ္။

မတ္လ ၂၄ ရက္ေန႔ညေနပိုင္းမွာ တပ္မေတာ္က ေကာင္းခါးျပည္သူ႔စစ္ဌာနခ်ဳပ္ ေနရာကို ဝင္ေရာက္စီးနင္းၿပီး လက္နက္အပ္ဖို႔ၫႊန္ၾကားခဲ့ပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြ ရဲတပ္ဖြဲ႕ကို လႊဲေျပာင္းထားၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ တာဝန္ရွိသူကေတာ့  မူးယစ္ေဆးဖမ္းဆီးရမိမႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးေနဆဲ ကာလျဖစ္တာေၾကာင့္ ဘာမွေျပာလို႔ မရေသးဘူးလို႔  ေျပာပါတယ္။

RFA က စုံစမ္းေလ့လာမႈအရ မူးယစ္ေဆးနဲ႔ဆက္စပ္ၿပီး လြယ္ခမ္က ျပည္သူ႔စစ္ေခါင္းေဆာင္တခ်ိဳ႕နဲ႔ ေနအိမ္အေစာင့္အခ်ိဳ႕ကို လားရႈိးေထာင္မွာ ထိန္းသိမ္းထားတယ္လို႔ ဆိုပါတယ္။

ေကာင္းခါးအဖြဲ႕ဟာ ရွမ္းျပည္ေျမာက္ပိုင္းမွာ အင္အားႀကီး ျပည္သူ႔စစ္အဖြဲ႕တစ္ခုျဖစ္ၿပီး လားရႈိး၊ ကြမ္လုံ၊ သိႏၷီ၊ မူဆယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္ေတြမွာ အဓိကလႈပ္ရွားခဲ့ပါတယ္။

တပ္မေတာ္ဘက္က ေကာင္းခါးအဖြဲ႕ကို ဖမ္းဆီးအေရးယူတာဟာ မူးယစ္ေဆးနဲ႔ AA လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ စီးပြားေရးနဲ႔ ဆက္စပ္တာေၾကာင့္လို႔ တပ္မေတာ္ဘက္က စြပ္စြဲထားၿပီး ေကာင္းခါးအဖြဲ႕ကေတာ့ ျငင္းဆိုပါတယ္။

တျခားျပည္သူ႔စစ္အဖြဲ႕ေတြလည္း မူးယစ္ေဆးနဲ႔ ဆက္စပ္ေနတာရွိေပမယ့္ သူတို႔အဖြဲ႕ကိုမွ  ဒီလိုဖမ္းဆီးၿပီး လက္နက္ကိုင္ေတြနဲ႔ ပတ္သက္ေၾကာင္း စြပ္စြဲတာကို နားမလည္ႏိုင္ျဖစ္ရတယ္လို႔ ေျပာပါတယ္။

ေဒသခံတခ်ိဳ႕ကေတာ့ မူးယစ္ေဆးနဲ႔ လက္နက္ေတြမိတဲ့ လြယ္ခမ္ေက်း႐ြာဟာ ကိုးကန႔္တိုင္းရင္းသား အမ်ားအျပား ေနထိုင္တာျဖစ္လို႔ ကိုးကန႔္တပ္ဖြဲ႕ေတြနဲ႔ ျပည္သူ႔စစ္ေတြ ပတ္သက္မႈရွိႏိုင္တဲ့ အေျခအေနအေပၚ တပ္မေတာ္က သတင္းရလို႔ အေရးယူမႈေတြ လုပ္တာျဖစ္ႏိုင္ေၾကာင္း သုံးသပ္ၾကပါတယ္။

ဒီလိုဖမ္းဆီးအေရးယူလိုက္တဲ့အတြက္ မူးယစ္ေဆးနဲ႔ ပတ္သက္ၿပီး တျခားျပည္သူ႔စစ္အဖြဲ႕ေတြကိုလည္း သတိေပးလိုက္သလိုပဲလို႔ မူဆယ္ၿမိဳ႕ SNLD ပါတီ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းေက်ာ္သိန္းက ေျပာပါတယ္။

တိုင္းရင္းသားအေရး ေလ့လာသူ ဦးေမာင္ေမာင္စိုးကေတာ့ ျပည္သူ႔စစ္အဖြဲ႕ေတြ အေရးယူခံရမႈအေပၚ သူ႔အျမင္ကို ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း ကခ်င္အထူးေဒသ (၅ ) KDA ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဟာ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ KIA ကေန ခြဲထြက္ၿပီး ၁၉၉၁ ဇန္နဝါရီမွာ တပ္မေတာ္ အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးရယူခဲ့တဲ့ အဖြဲ႕ျဖစ္ပါတယ္။၂၀၀၉ ခုႏွစ္ မတ္လမွာ ဌာေနျပည္သူ႔စစ္ အသြင္ေျပာင္းခဲ့တာျဖစ္ပါတယ္။

ကံသာ / RFA Burmese

------------------------------------------
(Unicode)⤵⤵⤵
ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တချို့ ထိန်းသိမ်းခံထားရ

ရှမ်းပြည်နယ်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ တည်ရှိတဲ့နေရာမှာ ကျပ်ဘီလီယံချီတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး  ကောင်းခါးအဖွဲ့ ခေါင်းဆောင်တချို့ ဆက်လက်ထိန်းသိမ်းစစ်ဆေး ခံနေရပြီး တချို့ပြန်လည်လွတ်မြောက်လာတယ်လို့ ကောင်းခါးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ကျပ်ဘီလီယံချီပြီး တပ်မတော်က ဖမ်းဆီးရမိခဲ့ပြီးတဲ့နောက် ကောင်းခါး ပြည်သူ့စစ်အဖွဲ့ကို လက်နက်တွေအပ်ခိုင်းခဲ့ပြီး ခေါင်းဆောင်ပိုင်းတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွယ်ခမ်ရွာက ပြည်သူ့စစ်ခေါင်းဆောင်တွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ကောင်းခါး အဖွဲ့ခေါင်းဆောင်တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေ အဓိကဖမ်းမိခဲ့တဲ့ လွယ်ခမ်ရွာက ပြည်သူ့စစ် ခေါင်းဆောင်တချို့ ထိန်းသိမ်းခံထားရတယ်လို့ အမည်မဖော်လိုတဲ့ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

လွယ်ခမ်ပြည်သူ့စစ်အဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးလမုန်ထန်၊ ဦးတီလောက်ကျောက်၊ ဦးဇော်နမ်၊ ဦးအော်ရာဇမ်၊ ဦးဘရမ်အောင် အပါအဝင် ဆယ်ဦးခန့် လားရှိုးမှာ ထိန်းသိမ်းခံရထားတယ်လို့ ဆိုပါတယ်။

တပ်မတော်က ပြီးခဲတဲ့ ဖေဖော်ဝါရီလက ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုနဲ့ လွယ်ခမ် ကျေးရွာတွေမှာ ကျပ်ဘီလီယံရာနဲ့ချီတဲ့ မူးယစ်ဆေးတွေ ပြည်သူ့စစ်တံဆိပ်ပါ လက်နက်တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

မတ်လ ၂၄ ရက်နေ့ညနေပိုင်းမှာ တပ်မတော်က ကောင်းခါးပြည်သူ့စစ်ဌာနချုပ် နေရာကို ဝင်ရောက်စီးနင်းပြီး လက်နက်အပ်ဖို့ညွှန်ကြားခဲ့ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ ရဲတပ်ဖွဲ့ကို လွှဲပြောင်းထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူကတော့  မူးယစ်ဆေးဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေဆဲ ကာလဖြစ်တာကြောင့် ဘာမှပြောလို့ မရသေးဘူးလို့  ပြောပါတယ်။

RFA က စုံစမ်းလေ့လာမှုအရ မူးယစ်ဆေးနဲ့ဆက်စပ်ပြီး လွယ်ခမ်က ပြည်သူ့စစ်ခေါင်းဆောင်တချို့နဲ့ နေအိမ်အစောင့်အချို့ကို လားရှိုးထောင်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ကောင်းခါးအဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အင်အားကြီး ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်ပြီး လားရှိုး၊ ကွမ်လုံ၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်တွေမှာ အဓိကလှုပ်ရှားခဲ့ပါတယ်။

တပ်မတော်ဘက်က ကောင်းခါးအဖွဲ့ကို ဖမ်းဆီးအရေးယူတာဟာ မူးယစ်ဆေးနဲ့ AA လက်နက်ကိုင် အဖွဲ့တွေရဲ့ စီးပွားရေးနဲ့ ဆက်စပ်တာကြောင့်လို့ တပ်မတော်ဘက်က စွပ်စွဲထားပြီး ကောင်းခါးအဖွဲ့ကတော့ ငြင်းဆိုပါတယ်။

တခြားပြည်သူ့စစ်အဖွဲ့တွေလည်း မူးယစ်ဆေးနဲ့ ဆက်စပ်နေတာရှိပေမယ့် သူတို့အဖွဲ့ကိုမှ  ဒီလိုဖမ်းဆီးပြီး လက်နက်ကိုင်တွေနဲ့ ပတ်သက်ကြောင်း စွပ်စွဲတာကို နားမလည်နိုင်ဖြစ်ရတယ်လို့ ပြောပါတယ်။

ဒေသခံတချို့ကတော့ မူးယစ်ဆေးနဲ့ လက်နက်တွေမိတဲ့ လွယ်ခမ်ကျေးရွာဟာ ကိုးကန့်တိုင်းရင်းသား အများအပြား နေထိုင်တာဖြစ်လို့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ ပတ်သက်မှုရှိနိုင်တဲ့ အခြေအနေအပေါ် တပ်မတော်က သတင်းရလို့ အရေးယူမှုတွေ လုပ်တာဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

ဒီလိုဖမ်းဆီးအရေးယူလိုက်တဲ့အတွက် မူးယစ်ဆေးနဲ့ ပတ်သက်ပြီး တခြားပြည်သူ့စစ်အဖွဲ့တွေကိုလည်း သတိပေးလိုက်သလိုပဲလို့ မူဆယ်မြို့ SNLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောပါတယ်။

တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ ပြည်သူ့စစ်အဖွဲ့တွေ အရေးယူခံရမှုအပေါ် သူ့အမြင်ကို ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကချင်အထူးဒေသ (၅ ) KDA ကောင်းခါးပြည်သူ့စစ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ကနေ ခွဲထွက်ပြီး ၁၉၉၁ ဇန်နဝါရီမှာ တပ်မတော် အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။၂၀၀၉ ခုနှစ် မတ်လမှာ ဌာနေပြည်သူ့စစ် အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/shan-militia-arrest-05012020061524.html
ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဝင္တခ်ိဳ႕ ထိန္းသိမ္းခံထားရ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဝင္တခ်ိဳ႕ ထိန္းသိမ္းခံထားရ Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.