အာဖဂန္ ကေလး ၇ သန္းေက်ာ္ အငတ္ေဘးႀကဳံႏိုင္

 ေလာ့ေဒါင္းကာလအတြင္း အဓိကစားေသာက္ကုန္ေတြရဲ႕ ေစ်းႏႈန္းေတြ ျမင့္တက္လာတယ္လို႔ သတိေပးေျပာဆို
(Zawgyi)⤵⤵⤵
အာဖဂန္နစၥတန္ႏိုင္ငံမွာ ကေလးငယ္ေပါင္း ၇ သန္းေက်ာ္ဟာ ကို႐ိုနာကပ္ေဘးကာလ စားေသာက္ကုန္ေစ်းႏႈန္း ျမင့္တက္မႈေၾကာင့္ ငတ္မြတ္ေခါင္းပါးမယ့္ အႏၲရာယ္ ရွိေနတယ္လို႔ အစီရင္ခံစာတေစာင္က သတိေပးထားပါတယ္။

ႏိုင္ငံတကာက တခုခုသာ မေဆာင္႐ြက္ၾကရင္ အငတ္ေဘး၊ ေရာဂါနဲ႔ ေသဆုံးမႈ အကုန္စုၿပဳံၿပီး အင္မတန္ ဆိုး႐ြားတဲ့ အေျခအေနကို ႀကဳံေတြ႕ရလိမ့္မယ္လို႔ Save the Children အဖြဲ႕တဖြဲ႕ရဲ႕ ေျပာခြင့္ရသူက ဆိုပါတယ္။

ကေလးငယ္ ၇.၃ သန္းအပါအဝင္ အာဖဂန္လူဦးေရရဲ႕ သုံးပုံတပုံဟာ ရိကၡာမလုံမေလာက္ျဖစ္ေနၿပီလို႔လည္း ဆိုပါတယ္။

အငတ္ေဘးအႏၲရာယ္ က်ေရာက္ႏိုင္တဲ့ ႏိုင္ငံစာရင္းထဲမွာ အာဖဂန္နစၥတန္ကို ကုလသမဂၢက မၾကာခင္ကပဲ ထည့္သြင္းလိုက္ပါတယ္။

ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP ကေတာ့ ကမာၻႀကီးဟာ အငတ္ေဘးကပ္ႀကီးကို ႀကဳံေနၿပီလို႔ သတိေပးပါတယ္။

၂၀၀၁ ခုႏွစ္ကစၿပီး အေမရိကန္ဦးေဆာင္တဲ့ တပ္ဖြဲ႕ေတြက တာလီဘန္ကို တိုက္ခိုက္ခဲ့တဲ့ အတြက္ အာဖဂန္နစၥတန္ဟာ ႏွစ္ေပါင္း ၂၀ နီးပါး စစ္ေျမျပင္ျဖစ္ခဲ့ပါတယ္။ စစ္ေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ဟာ ပ်က္စီးခ်ိဳ႕တဲ့ခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ခ်ိန္မွာ အစိုးရက ၿမိဳ႕ေတာ္ကာဘူးကို ပိတ္လိုက္ပါတယ္။ မတ္လကုန္မွာေတာ့ တျခားၿမိဳ႕ေတြလည္း လိုက္ပိတ္ပါတယ္။ မျဖစ္မေနလိုအပ္တဲ့ ပစၥည္းေတြကို ဝယ္ယူဖို႔မွတပါး အျပင္ထြက္ခြင့္ကို တင္းတင္းက်ပ္က်ပ္ ပိတ္လိုက္သလို ၿမိဳ႕ခ်င္း ကူးသန္းသြားလာခြင့္ကိုလည္း ပိတ္လိုက္ပါတယ္။

အစီရင္ခံစာက ဘာေျပာသလဲ

ကေလးေတြရဲ႕ ကိုယ္ခံအားျမႇင့္တင္ေပးဖို႔အတြက္ အာဟာရလိုအပ္ေနခ်ိန္မွာပဲ စားေသာက္ကုန္ေစ်းႏႈန္းက ျမင့္တက္လာတယ္လို႔ Save the Children က ဆိုပါတယ္။

ကပ္ေရာဂါ မဆိုက္ခင္ ကတည္းက အာဖဂန္နစၥတန္ ကေလးသူငယ္ ၅ သန္းေက်ာ္ဟာ လူသားခ်င္းစာနာတဲ့ ေထာက္ပံ့ကူညီမႈေတြ လိုအပ္ေနၿပီးသားပါ။

ကုလသမဂၢရဲ႕ ေနာက္ဆုံး စစ္တမ္း အရဆိုရင္ အသက္ ၅ ႏွစ္ေအာက္ ကေလးသူငယ္ ၂ သန္းေလာက္ဟာ အလြန္အမင္း ငတ္မြတ္ေနၾကၿပီလို႔ ဆိုပါတယ္။

ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP ရဲ႕ ကိန္းဂဏန္းေတြကို ကိုးကားၿပီး အစီရင္ခံစာမွာ ေဖာ္ျပထားတာက ဂ်ဳံနဲ႔ စားသုံးဆီေစ်းဟာ ၿပီးခဲ့တဲ့ တလ အတြင္း ၂၃ ရာႏႈန္းအထိ ျမင့္တက္သြားခဲ့ၿပီး ဆန္၊ သၾကားနဲ႔ ပဲမ်ိဳးစုံေစ်းကေတာ့ ၇ ရာႏႈန္းနဲ႔ ၁၂ ရာႏႈန္းၾကား ျမင့္တက္သြားခဲ့တယ္လို႔ ဆိုပါတယ္။

ႏွစ္ဆတိုး ဆိုးေစတဲ့အခ်က္ကေတာ့ ပိတ္ဆို႔မႈေတြ လုပ္ၿပီးေနာက္ လုပ္ခေတြ က်ဆင္းလာသလို အလုပ္လက္မဲ့ေတြတိုးလာတဲ့ အခ်က္ပါပဲ။
 ေရာဂါရွိသူေတြကို စစ္ေဆးေဖာ္ထုတ္ႏိုင္ဖို႔ က်န္းမာေရး လုပ္သားေတြက ႀကိဳးစားေဆာင္႐ြက္ေန
အာဖဂန္နစၥတန္ လုပ္သားထုရဲ႕ ရာခိုင္ႏႈန္းအမ်ားစုဟာ က်ပန္းအလုပ္ေတြကိုသာ မွီခိုၾကရတဲ့ အတြက္ အလုပ္ရွားပါးခ်ိန္မွာ သူတို႔အတြက္ အကာအကြယ္ေပးႏိုင္တာေတြလည္း မရရွိေတာ့ဘူး လို႔အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။

အာဖဂန္နစၥတန္မွာ လူတေသာင္းအတြက္ ဆရာဝန္ ၃ ေယာက္ႏႈန္းသာရွိလို႔ အာဟာရခ်ိဳ႕တဲ့ေနတဲ့ ကေလးငယ္ေတြကို အသက္ကယ္ကုသမႈရရွိဖို႔ကလည္း ခက္ခဲပါတယ္လို႔ Save the Children က ဆိုပါတယ္။

အာဖဂန္နစၥတန္မွာ ေရာဂါကပ္ေဘးရဲ႕ အႀကီးဆုံးထိုးႏွက္ခ်က္က ဗိုင္းရပ္စ္မဟုတ္ဘဲ အငတ္ေဘးျဖစ္ေနတယ္လို႔ Save the Children ရဲ႕ အာဖဂန္နစၥတန္ဒါ႐ိုက္တာ တင္မသီဘစ္ေရွာ့က ဆိုပါတယ္။

"ႏိုင္ငံတကာကသာ ကူညီေဆာင္႐ြက္မႈေတြ မလုပ္ဘူးဆိုရင္ အငတ္ေဘး၊ ေရာဂါနဲ႔၊ ေသျခင္းတရားတို႔ စုေပါင္းၿပီး အဆိုးဆုံးအေျခအေနတခု ျဖစ္လာမွာကို ကြၽန္ေတာ္တို႔ အေလးအနက္ စိုးရိမ္ပူပန္ေနပါတယ္"လို႔လည္း သူကဆိုပါတယ္။

"ကေလးသူငယ္ေတြဟာ ဆာေလာင္မႈေၾကာင့္ ေသႏိုင္တဲ့ အႏၲရာယ္ကို တကယ့္ကို ႀကဳံေနရပါၿပီ။ ဒီႏိုင္ငံထဲက အဆိုးဆုံးေနရာေတြဆီကို ႏိုင္ငံတကာက အစားအေသာက္ေတြ အျမန္ဆုံးပို႔ေဆာင္ ေပးဖို႔ အေရးတႀကီး လိုအပ္ေနပါၿပီ။ အာဖဂန္နစၥတန္ အစိုးရ အေနနဲ႔လည္း တႏိုင္ငံလုံး ပိတ္ထားေပမယ့္ အစားအေသာက္ေတြကိုေတာ့ အျမန္ဆုံးေထာက္ပံ့ေပးဖို႔ ကြၽန္ေတာ္တို႔ တိုက္တြန္းေနပါတယ္။"

"အာဖဂန္နစၥတန္က ကေလးငယ္ေတြခံစားရတဲ့ ဒုကၡဟာ သိပ္မ်ားလြန္းေနပါၿပီ။ ကေလးငယ္ အမ်ားစုဟာ သူတို႔ဘဝတေလွ်ာက္လုံးမွာ စစ္ပြဲအေၾကာင္းကလြဲၿပီး ဘာမွ မသိၾကေတာ့ပါဘူး။ သူတို႔ရဲ႕ အနာဂတ္ကို ကိုဗစ္-၁၉ ကထပ္ၿပီး လုယူသြားမွာ ကြၽန္ေတာ္တို႔ ခြင့္မျပဳႏိုင္ပါဘူး။" လို႔လည္း သူက ဆိုပါတယ္။
ကာဘူးကထင္ရွားတဲ့ေနရာတခ်ိဳ႕ကို ယာယီအေရးေပၚေဆး႐ုံေတြ အျဖစ္ေျပာင္းလဲခဲ့ရ
အာဖဂန္နစၥတန္ရဲ႕ ကိုဗစ္ ၁၉ အေျခအေန

အာဖဂန္နစၥတန္မွာ ေရာဂါကူးစက္သူ ၂၁၇၁ ေယာက္ရွိၿပီး ေသဆုံးသူက ၆၄ ေယာက္ျဖစ္တဲ့ အတြက္ အဆိုးဆုံးႏိုင္ငံေတြထဲမွာ မပါေသးပါဘူး။ ဒါေပမဲ့ အာဖဂန္နစၥတန္ဟာ မ်ားမ်ားေဆးစစ္ႏိုင္တဲ့ ႏိုင္ငံမဟုတ္လို႔ တကယ္ျဖစ္ေနတဲ့ အေရအတြက္ဟာ ဒီ့ထက္မ်ားမွာပဲလို႔ ယုံၾကည္ေနၾကပါတယ္။

ကူးစက္သူအေရအတြက္ ႐ုတ္တရက္သာ ျမင့္တက္လာရင္ အာဖဂန္ရဲ႕ ယိုင္နဲ႔နဲ႔ က်န္းမာေရး စနစ္ဟာ ျမန္ျမန္ၿပိဳလဲသြားႏိုင္တယ္လို႔ က်န္းမာေရး အထူးကြၽမ္းက်င္သူေတြက သတိေပးေနၾကပါတယ္။

ေက်ာက္ေဆာင္၊ ေတာေတာင္ ထူထပ္လို႔ အဆီးအတားမရွိ အလြယ္တကူ ျဖတ္သန္းသြားလာႏိုင္တဲ့ နယ္စပ္ေတြကေန ဗိုင္းရပ္စ္ေတြ အစစ္ေဆးမဲ့ ဝင္ေရာက္လာၾကမွာကိုလည္း စိုးရိမ္ပူပန္ေနၾကပါတယ္။

မတ္လအတြင္းမွာ အာဖဂန္နစၥတန္ႏိုင္ငံသား တသိန္းခြဲေလာက္ အီရန္ကျပန္လာၾကပါတယ္။

အီရန္မွာ ကို႐ိုနာဗိုင္းရပ္စ္ အေျခအေနဆိုးဝါးလာလို႔ ျပန္လာၾကတာပါ။ ပါကစၥတန္ကေန ေလာေလာဆယ္ ျပန္လာတဲ့လူေတြဟာလည္း ေသာင္းခ်ီရွိေနပါတယ္။

ပထမဆုံးေရာဂါကူးစက္မႈကို ေတြ႕ခဲ့တာက အီရန္နယ္စပ္ ဟဲရက္ျပည္နယ္မွာ ေဖေဖာ္ဝါရီလတုန္းက ေတြ႕ခဲ့တာျဖစ္ပါတယ္။

ဒီလေစာေစာပိုင္းတုန္းက အာဖဂန္နစၥတန္ သမၼတအိမ္ေတာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕သူ ဆယ္ဂဏန္းတခ်ိဳ႕အထိရွိခဲ့တယ္လို႔လည္း သတင္းထြက္ေပၚခဲ့ပါတယ္။

အာဖဂန္နစၥတန္အစိုးရကေတာ့ ဘာမွ မွတ္ခ်က္မေပးပါဘူး။ သမၼတ အာရွရက္ဖ္ဂါနီကိုယ္တိုင္ ေရာဂါကူးစက္ခံရမႈရွိမရွိကိုလည္း ထုတ္ေဖာ္ေျပာဆိုျခင္းမရွိပါဘူး။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
အာဖဂန် ကလေး ၇ သန်းကျော် အငတ်ဘေးကြုံနိုင်

အာဖဂန်နစ္စတန်နိုင်ငံမှာ ကလေးငယ်ပေါင်း ၇ သန်းကျော်ဟာ ကိုရိုနာကပ်ဘေးကာလ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ငတ်မွတ်ခေါင်းပါးမယ့် အန္တရာယ် ရှိနေတယ်လို့ အစီရင်ခံစာတစောင်က သတိပေးထားပါတယ်။

နိုင်ငံတကာက တခုခုသာ မဆောင်ရွက်ကြရင် အငတ်ဘေး၊ ရောဂါနဲ့ သေဆုံးမှု အကုန်စုပြုံပြီး အင်မတန် ဆိုးရွားတဲ့ အခြေအနေကို ကြုံတွေ့ရလိမ့်မယ်လို့ Save the Children အဖွဲ့တဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ကလေးငယ် ၇.၃ သန်းအပါအဝင် အာဖဂန်လူဦးရေရဲ့ သုံးပုံတပုံဟာ ရိက္ခာမလုံမလောက်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

အငတ်ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နိုင်ငံစာရင်းထဲမှာ အာဖဂန်နစ္စတန်ကို ကုလသမဂ္ဂက မကြာခင်ကပဲ ထည့်သွင်းလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ ကမ္ဘာကြီးဟာ အငတ်ဘေးကပ်ကြီးကို ကြုံနေပြီလို့ သတိပေးပါတယ်။

၂၀၀၁ ခုနှစ်ကစပြီး အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက တာလီဘန်ကို တိုက်ခိုက်ခဲ့တဲ့ အတွက် အာဖဂန်နစ္စတန်ဟာ နှစ်ပေါင်း ၂၀ နီးပါး စစ်မြေပြင်ဖြစ်ခဲ့ပါတယ်။ စစ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ပျက်စီးချို့တဲ့ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ချိန်မှာ အစိုးရက မြို့တော်ကာဘူးကို ပိတ်လိုက်ပါတယ်။ မတ်လကုန်မှာတော့ တခြားမြို့တွေလည်း လိုက်ပိတ်ပါတယ်။ မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့မှတပါး အပြင်ထွက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်သလို မြို့ချင်း ကူးသန်းသွားလာခွင့်ကိုလည်း ပိတ်လိုက်ပါတယ်။
အစီရင်ခံစာက ဘာပြောသလဲ

ကလေးတွေရဲ့ ကိုယ်ခံအားမြှင့်တင်ပေးဖို့အတွက် အာဟာရလိုအပ်နေချိန်မှာပဲ စားသောက်ကုန်ဈေးနှုန်းက မြင့်တက်လာတယ်လို့ Save the Children က ဆိုပါတယ်။

ကပ်ရောဂါ မဆိုက်ခင် ကတည်းက အာဖဂန်နစ္စတန် ကလေးသူငယ် ၅ သန်းကျော်ဟာ လူသားချင်းစာနာတဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပြီးသားပါ။

ကုလသမဂ္ဂရဲ့ နောက်ဆုံး စစ်တမ်း အရဆိုရင် အသက် ၅ နှစ်အောက် ကလေးသူငယ် ၂ သန်းလောက်ဟာ အလွန်အမင်း ငတ်မွတ်နေကြပြီလို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားတာက ဂျုံနဲ့ စားသုံးဆီဈေးဟာ ပြီးခဲ့တဲ့ တလ အတွင်း ၂၃ ရာနှုန်းအထိ မြင့်တက်သွားခဲ့ပြီး ဆန်၊ သကြားနဲ့ ပဲမျိုးစုံဈေးကတော့ ၇ ရာနှုန်းနဲ့ ၁၂ ရာနှုန်းကြား မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဆတိုး ဆိုးစေတဲ့အချက်ကတော့ ပိတ်ဆို့မှုတွေ လုပ်ပြီးနောက် လုပ်ခတွေ ကျဆင်းလာသလို အလုပ်လက်မဲ့တွေတိုးလာတဲ့ အချက်ပါပဲ။

အာဖဂန်နစ္စတန် လုပ်သားထုရဲ့ ရာခိုင်နှုန်းအများစုဟာ ကျပန်းအလုပ်တွေကိုသာ မှီခိုကြရတဲ့ အတွက် အလုပ်ရှားပါးချိန်မှာ သူတို့အတွက် အကာအကွယ်ပေးနိုင်တာတွေလည်း မရရှိတော့ဘူး လို့အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်မှာ လူတသောင်းအတွက် ဆရာဝန် ၃ ယောက်နှုန်းသာရှိလို့ အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေကို အသက်ကယ်ကုသမှုရရှိဖို့ကလည်း ခက်ခဲပါတယ်လို့ Save the Children က ဆိုပါတယ်။

အာဖဂန်နစ္စတန်မှာ ရောဂါကပ်ဘေးရဲ့ အကြီးဆုံးထိုးနှက်ချက်က ဗိုင်းရပ်စ်မဟုတ်ဘဲ အငတ်ဘေးဖြစ်နေတယ်လို့ Save the Children ရဲ့ အာဖဂန်နစ္စတန်ဒါရိုက်တာ တင်မသီဘစ်ရှော့က ဆိုပါတယ်။

"နိုင်ငံတကာကသာ ကူညီဆောင်ရွက်မှုတွေ မလုပ်ဘူးဆိုရင် အငတ်ဘေး၊ ရောဂါနဲ့၊ သေခြင်းတရားတို့ စုပေါင်းပြီး အဆိုးဆုံးအခြေအနေတခု ဖြစ်လာမှာကို ကျွန်တော်တို့ အလေးအနက် စိုးရိမ်ပူပန်နေပါတယ်"လို့လည်း သူကဆိုပါတယ်။

"ကလေးသူငယ်တွေဟာ ဆာလောင်မှုကြောင့် သေနိုင်တဲ့ အန္တရာယ်ကို တကယ့်ကို ကြုံနေရပါပြီ။ ဒီနိုင်ငံထဲက အဆိုးဆုံးနေရာတွေဆီကို နိုင်ငံတကာက အစားအသောက်တွေ အမြန်ဆုံးပို့ဆောင် ပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ။ အာဖဂန်နစ္စတန် အစိုးရ အနေနဲ့လည်း တနိုင်ငံလုံး ပိတ်ထားပေမယ့် အစားအသောက်တွေကိုတော့ အမြန်ဆုံးထောက်ပံ့ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။"

"အာဖဂန်နစ္စတန်က ကလေးငယ်တွေခံစားရတဲ့ ဒုက္ခဟာ သိပ်များလွန်းနေပါပြီ။ ကလေးငယ် အများစုဟာ သူတို့ဘဝတလျှောက်လုံးမှာ စစ်ပွဲအကြောင်းကလွဲပြီး ဘာမှ မသိကြတော့ပါဘူး။ သူတို့ရဲ့ အနာဂတ်ကို ကိုဗစ်-၁၉ ကထပ်ပြီး လုယူသွားမှာ ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး။" လို့လည်း သူက ဆိုပါတယ်။

အာဖဂန်နစ္စတန်ရဲ့ ကိုဗစ် ၁၉ အခြေအနေ

အာဖဂန်နစ္စတန်မှာ ရောဂါကူးစက်သူ ၂၁၇၁ ယောက်ရှိပြီး သေဆုံးသူက ၆၄ ယောက်ဖြစ်တဲ့ အတွက် အဆိုးဆုံးနိုင်ငံတွေထဲမှာ မပါသေးပါဘူး။ ဒါပေမဲ့ အာဖဂန်နစ္စတန်ဟာ များများဆေးစစ်နိုင်တဲ့ နိုင်ငံမဟုတ်လို့ တကယ်ဖြစ်နေတဲ့ အရေအတွက်ဟာ ဒီ့ထက်များမှာပဲလို့ ယုံကြည်နေကြပါတယ်။

ကူးစက်သူအရေအတွက် ရုတ်တရက်သာ မြင့်တက်လာရင် အာဖဂန်ရဲ့ ယိုင်နဲ့နဲ့ ကျန်းမာရေး စနစ်ဟာ မြန်မြန်ပြိုလဲသွားနိုင်တယ်လို့ ကျန်းမာရေး အထူးကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။

ကျောက်ဆောင်၊ တောတောင် ထူထပ်လို့ အဆီးအတားမရှိ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်တဲ့ နယ်စပ်တွေကနေ ဗိုင်းရပ်စ်တွေ အစစ်ဆေးမဲ့ ဝင်ရောက်လာကြမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။

မတ်လအတွင်းမှာ အာဖဂန်နစ္စတန်နိုင်ငံသား တသိန်းခွဲလောက် အီရန်ကပြန်လာကြပါတယ်။

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေဆိုးဝါးလာလို့ ပြန်လာကြတာပါ။ ပါကစ္စတန်ကနေ လောလောဆယ် ပြန်လာတဲ့လူတွေဟာလည်း သောင်းချီရှိနေပါတယ်။

ပထမဆုံးရောဂါကူးစက်မှုကို တွေ့ခဲ့တာက အီရန်နယ်စပ် ဟဲရက်ပြည်နယ်မှာ ဖေဖော်ဝါရီလတုန်းက တွေ့ခဲ့တာဖြစ်ပါတယ်။

ဒီလစောစောပိုင်းတုန်းက အာဖဂန်နစ္စတန် သမ္မတအိမ်တော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့သူ ဆယ်ဂဏန်းတချို့အထိရှိခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

အာဖဂန်နစ္စတန်အစိုးရကတော့ ဘာမှ မှတ်ချက်မပေးပါဘူး။ သမ္မတ အာရှရက်ဖ်ဂါနီကိုယ်တိုင် ရောဂါကူးစက်ခံရမှုရှိမရှိကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52504150

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား