အမ်းဒါးလက်- အလယ်ကျွန်းမှ ဖမ်းဆီးခံထားရသူ ၁၅ ဦးအပါအဝင် ကျေးရွာသား၂၆ ဦး ပြန်လွတ်မြောက်လာ


(Unicode)⤵⤵⤵
နိရဥ္စရာ၊ မေ ၂၃ / ၂ဝ၂ဝ

တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အလယ်ကျွန်းမှ ကျေးရွာသား ၁၅ ဦးအပါအဝင် လူပေါင်း ၂၆ ဦး ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မေလ ၁၇ ရက်နေ့က ငါးရှာရင်း အဖမ်းခံခဲ့ရသည့် အလယ်ကျွန်းကျေးရွာမှ လွတ်မြောက်လာသူ ကိုငှက်ပျောကြီးက “ ကျနော်ကတော့ အဲဒီမှာ ၅ ရက်လောက် အဖမ်းခံခဲ့ရတယ်။ သူတို့က ကျနော်တို့ကို ရွာထဲမှာ AA ရှိလားဆိုပြီးတော့ မေးတယ်။ အဓိက အဲဒါကိုဘဲ ဦးတည်ပြီးမေးပါတယ်။ တခြားထွေထွေထူးထူး မေးမြန်းမှုတွေတော့ မရှိဘူး” ဟု ပြောသည်။

အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ကိုငှက်ပျောကြီးသည် မေလ ၁၇ ရက်နေ့ လယ်က လှေတစ်စီးဖြင့် ငါးဖမ်းရန် ထွက်လာစဉ် စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ မေလ ၁၈ ရက်နေ့တွင် သူ့ကို လိုက်ရှာသူ ရွာသား ၁၄ ဦးလည်း ၎င်းစစ်ကြောင်းက ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက “ ကျနော့်အနေနဲ့ ဝမ်းသာပါတယ်။ သူတို့တွေကို ရိုက်နှက်ခြင်းတွေမရှိဘဲ အေးအေးဆေးဆေး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတဲ့အတွက် ကျနော့်အနေနဲ့ ဝမ်းသာပါတယ်။ နောက်ပြီးတော့ သူတို့တွေကို ညှဉ်းပန်းနှိပ်စက်တာတွေကို ကျနော်တို့ မတွေ့ရပါဘူး။ အဲဒါကြောင့် အခုလို သူတို့ ပြန်ရောက်လာတဲ့အချိန်မှာ ကျနော်လည်း အထူးဝမ်းသာမိပါတယ်” ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသော ကျေးရွာသားများမှာ အလယ်ကျွန်းကျေးရွာမှ အမျိုးသား ၁၅ ဦး၊ ဇရကွင်း ကျေးရွာမှ အမျိုးသားသုံးဦး၊ ပြိုင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အနောက်ရွာကျေးရွာမှ အမျိုးသားနှစ်ဦး၊ ရှမ်းကုန်းကျေးရွာမှ အမျိုးသားနှစ်ဦး၊ လိပ်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောဆိုသည်။

အလယ်ကျွန်းကျေးရွာမှ လွတ်မြောက်လာသူ ဦးကျော်မောင်က “ကျနော်တို့ကို ရွာမှာ ရခိုင်တပ်ရှိလားဆိုပြီးတော့ မေးတယ်။ AA အတွက် ပိုက်ဆံကောက်တာတွေရှိလာဆိုပြီးတော့ မေးတယ်။ နောက်ပြီးတော့ သူတို့ ရှိတဲ့  ဒီနားကို ရွာသားတွေကို မလာကြပါနဲ့ဆိုပြီးတော့ ကျနော်တို့ကို တားပါတယ်” ဟုပြောသည်။

အမ်းမြို့နယ် ဒါးလက်ချောင်းဖျားတွင် မကြာခဏ တိုက်ပွဲများဖြစ်လေ့ရှိပြီး ကျေးရွာများ အနီးတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသဖြင့် ဒါးလက်တို်က်နယ်မှ ကျေးရွာသားအများအပြားမှာ အမ်းနှင့် ကမ်းထောင်းကြီးမြို့ စစ်ရှောင်စခန်းများသို့ ခိုလှုံနေကြရသည်ဟု သိရသည်။

ထွန်းခိုင် (တောင်ရင်းကျွန်း)/Narinjara
----------------------------------------------------------
(Zawgyi)⤵⤵⤵
အမ္းဒါးလက္- အလယ္ကၽြန္းမွ ဖမ္းဆီးခံထားရသူ ၁၅ ဦးအပါအဝင္ ေက်းရြာသား၂၆ ဦး ျပန္လြတ္ေျမာက္လာ

နိရဥၥရာ၊ ေမ ၂၃ / ၂ဝ၂ဝ

တပ္မေတာ္စစ္ေၾကာင္းတစ္ခုမွ ဖမ္းဆီးထားသည့္ အမ္းၿမိဳ႕နယ္၊ ဒါးလက္အုပ္စုမွ အလယ္ကၽြန္းမွ ေက်းရြာသား ၁၅ ဦးအပါအဝင္ လူေပါင္း ၂၆ ဦး ယေန႔ ညေန ၃ နာရီ အခ်ိန္ခန္႔တြင္ ျပန္လည္လြတ္ေျမာက္လာသည္ဟု ေဒသခံမ်ားက နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။

ေမလ ၁၇ ရက္ေန႔က ငါးရွာရင္း အဖမ္းခံခဲ့ရသည့္ အလယ္ကၽြန္းေက်းရြာမွ လြတ္ေျမာက္လာသူ ကိုငွက္ေပ်ာႀကီးက “ က်ေနာ္ကေတာ့ အဲဒီမွာ ၅ ရက္ေလာက္ အဖမ္းခံခဲ့ရတယ္။ သူတို႔က က်ေနာ္တို႔ကို ရြာထဲမွာ AA ရွိလားဆိုၿပီးေတာ့ ေမးတယ္။ အဓိက အဲဒါကုိဘဲ ဦးတည္ၿပီးေမးပါတယ္။ တျခားေထြေထြထူးထူး ေမးျမန္းမႈေတြေတာ့ မရွိဘူး” ဟု ေျပာသည္။

အမ္းၿမိဳ႕နယ္၊ ဒါးလက္အုပ္စု၊ အလယ္ကၽြန္းေက်းရြာမွ ကိုငွက္ေပ်ာႀကီးသည္ ေမလ ၁၇ ရက္ေန႔ လယ္က ေလွတစ္စီးျဖင့္ ငါးဖမ္းရန္ ထြက္လာစဥ္ စစ္ေၾကာင္း တစ္ခု၏ ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။ ေမလ ၁၈ ရက္ေန႔တြင္ သူ႔ကို လိုက္ရွာသူ ရြာသား ၁၄ ဦးလည္း ၎စစ္ေၾကာင္းက ထပ္မံ ဖမ္းဆီးျခင္းခံခဲ့ရသည္။

အလယ္ကၽြန္းေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ဝင္းက “ က်ေနာ့္အေနနဲ႔ ဝမ္းသာပါတယ္။ သူတို႔ေတြကို ရိုက္ႏွက္ျခင္းေတြမရွိဘဲ ေအးေအးေဆးေဆး ျပန္လႊတ္ေပးလိုက္တယ္လို႔ သိရတဲ့အတြက္ က်ေနာ့္အေနနဲ႔ ဝမ္းသာပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔ေတြကို ညႇဥ္းပန္းႏွိပ္စက္တာေတြကို က်ေနာ္တို႔ မေတြ႕ရပါဘူး။ အဲဒါေၾကာင့္ အခုလို သူတို႔ ျပန္ေရာက္လာတဲ့အခ်ိန္မွာ က်ေနာ္လည္း အထူးဝမ္းသာမိပါတယ္” ဟု ေျပာသည္။

ျပန္လည္လြတ္ေျမာက္လာေသာ ေက်းရြာသားမ်ားမွာ အလယ္ကၽြန္းေက်းရြာမွ အမ်ိဳးသား ၁၅ ဦး၊ ဇရကြင္း ေက်းရြာမွ အမ်ိဳးသားသုံးဦး၊ ၿပိဳင္ကုန္းေက်းရြာမွ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး၊ အေနာက္ရြာေက်းရြာမွ အမ်ိဳးသားႏွစ္ဦး၊ ရွမ္းကုန္းေက်းရြာမွ အမ်ိဳးသားႏွစ္ဦး၊ လိပ္ကုန္းေက်းရြာမွ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦးတို႔ ျဖစ္ေၾကာင္း ဦးခင္ေမာင္ဝင္းက ေျပာဆိုသည္။

အလယ္ကၽြန္းေက်းရြာမွ လြတ္ေျမာက္လာသူ ဦးေက်ာ္ေမာင္က “က်ေနာ္တို႔ကို ရြာမွာ ရခိုင္တပ္ရွိလားဆိုၿပီးေတာ့ ေမးတယ္။ AA အတြက္ ပိုက္ဆံေကာက္တာေတြရွိလာဆိုၿပီးေတာ့ ေမးတယ္။ ေနာက္ၿပီးေတာ့ သူတို႔ ရွိတဲ့  ဒီနားကို ရြာသားေတြကို မလာၾကပါနဲ႔ဆိုၿပီးေတာ့ က်ေနာ္တို႔ကို တားပါတယ္” ဟုေျပာသည္။

အမ္းၿမိဳ႕နယ္ ဒါးလက္ေခ်ာင္းဖ်ားတြင္ မၾကာခဏ တိုက္ပြဲမ်ားျဖစ္ေလ့ရွိၿပီး ေက်းရြာမ်ား အနီးတြင္ လက္နက္ႀကီးမ်ား က်ေရာက္ေပါက္ကြဲသျဖင့္ ဒါးလက္တို္က္နယ္မွ ေက်းရြာသားအမ်ားအျပားမွာ အမ္းႏွင့္ ကမ္းေထာင္းႀကီးၿမိဳ႕ စစ္ေရွာင္စခန္းမ်ားသုိ႔ ခိုလႈံေနၾကရသည္ဟု သိရသည္။

ထြန္းခိုင္ (ေတာင္ရင္းကၽြန္း)/Narinjara
https://burmese.narinjara.com/news/detail/5ec92eab347ce06a3e75112a
အမ်းဒါးလက်- အလယ်ကျွန်းမှ ဖမ်းဆီးခံထားရသူ ၁၅ ဦးအပါအဝင် ကျေးရွာသား၂၆ ဦး ပြန်လွတ်မြောက်လာ အမ်းဒါးလက်- အလယ်ကျွန်းမှ ဖမ်းဆီးခံထားရသူ ၁၅ ဦးအပါအဝင် ကျေးရွာသား၂၆ ဦး ပြန်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.