လူပျောက်ရှာတဲ့ အလယ်ကျွန်းရွာသားတွေဖမ်းဆီးခံရ


(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်၊ အလယ်ပိုင်း အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အလယ်ကျွန်းကျေးရွာသား ၁၅ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက မေလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဖမ်းဆီးသွားပြီး အခုထိ သူတို့ ပြန်မလွတ်သေးဘူးလို့ မိသားစုတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူအပါအဝင် သူ့ကို လိုက်ရှာဖွေသူ ၁၅ ဦး စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးတာဖြစ်ပြီး ရှာဖွေသူတွေထဲက တစ်ဦးက ထွက်ပြေးလွတ်မြောက်လာလို့ အခုလက်ရှိ ၁၅ ဦးဖမ်းဆီးခံနေရပါတယ်။

မေလ ၁၆ ရက်နေ့မှာ အလယ်ကျွန်းကျေးရွာသား ကိုငပျော့ ခေါ် ကိုမျိုးလှိုင်ဟာ ငါးရှာထွက်သွားရာကနေ နေအိမ်ကို ပြန်လည်မရောက်လာတဲ့အတွက် ၁၇ ရက်နေ့မှာ ရွာသားတွေ စုပေါင်းပြီး သူငါးရှာတဲ့ချောင်းအတွင်းကို လိုက်ရှာကြစဉ်မှာ တပ်မတော်စစ်ကြောင်းက အဲ့ဒီရွာသားတွေကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အလယ်ကျွန်းကျေးရွာ ဆရာတော်က မိန့်ကြားပါတယ်။

ပျောက်ဆုံးနေသူကို နောက်နေ့ မနက်ပိုင်းမှာ ကျေးရွာသား ၁၅ ဦးက နှစ်ဖွဲ့ခွဲပြီး လှေနဲ့ ၈ ဦး၊ ကုန်းပေါ်က ၇ ဦး လိုက်ရှာနေချိန် မှာ တပ်မတော်စစ်ကြောင်းနဲ့တွေ့ပြီး ခေါ်ဆောင်ခြင်းခံလိုက်ရတာဖြစ်တယ်လို့ လှေနဲ့လိုက်ရှာနေတဲ့အဖွဲ့က ထွက်ပြေးလွတ် မြောက်လာခဲ့တဲ့ ရွာသားတစ်ဦးရဲ့ ပြောပြချက်အရ သိရတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

အလယ်ကျွန်းကျေးရွာသားတွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပျောက်သွားသူကို လိုက်ရှာရာကနေ သားဖြစ်သူ ဖမ်းဆီးခံလိုက်ရပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတဲ့အတွက် စိုးရိမ်ကြောင့်နေရတယ်လို့ ဖမ်းဆီးခံရသူတစ်ဦရဲ့ မိခင် ဒေါ်လင်းသူဇာက ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ အလယ်ကျွန်းကျေးရွာသား ၁၅ ဦးအနက် လေးဦး ကိုတော့ မေလ ၂၀ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပြီး ညနေပိုင်းပြန်လာကြဖို့နဲ့ ကျန်တဲ့လူတွေကိုပါ တပါတည်း လွှတ်ပေး မယ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် အဲ့ဒီစစ်ကြောင်းရှိတဲ့နေရာကို ပြန်သွားခဲ့ကြရာက ဒီနေ့အထိ ၁၅ ဦးစလုံး ဆက်လက်ဖမ်း ဆီးခံထားရဆဲဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အမ်းမြို့နယ်ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့မြို့နယ်ဖြစ်ပြီး အလယ်ကျွန်းကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၁၇ ရက်နေ့ကနေ ဖမ်းဆီးခံလိုက်ရပြီး ၂၀ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရွာသားလေးဦးတို့ကတော့ သူတို့ကို စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ထားတာဖြစ်ပြီး ရိုက်နှက်တာတွေမလုပ်ဘူးလို့ ပြောဆိုခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အချိန်ကနေ အရပ်သားတွေဖမ်းဆီးစစ်ဆေးခံရပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၀၅ မှုအထိရှိနေတယ်လို့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက်အစည်းအဝေးမှာ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောဆိုသွားခဲ့ပါတယ်။

BBC Burmese
-----------------------------------------------
(Zawgyi)⤵⤵⤵
လူေပ်ာက္ရွာတဲ့ အလယ္ကြၽန္း႐ြာသားေတြဖမ္းဆီးခံရ

ရခိုင္ျပည္နယ္၊ အလယ္ပိုင္း အမ္းၿမိဳ႕နယ္အတြင္းမွာရွိတဲ့ အလယ္ကြၽန္းေက်း႐ြာသား ၁၅ ဦးကို တပ္မေတာ္ စစ္ေၾကာင္းတစ္ခုက ေမလ ၁၆ ရက္နဲ႔ ၁၇ ရက္ေန႔ေတြမွာ ဖမ္းဆီးသြားၿပီး အခုထိ သူတို႔ ျပန္မလြတ္ေသးဘူးလို႔ မိသားစုေတြက ေျပာပါတယ္။

ေပ်ာက္ဆုံးေနသူအပါအဝင္ သူ႔ကို လိုက္ရွာေဖြသူ ၁၅ ဦး စုစုေပါင္း ၁၆ ဦးကို ဖမ္းဆီးတာျဖစ္ၿပီး ရွာေဖြသူေတြထဲက တစ္ဦးက ထြက္ေျပးလြတ္ေျမာက္လာလို႔ အခုလက္ရွိ ၁၅ ဦးဖမ္းဆီးခံေနရပါတယ္။

ေမလ ၁၆ ရက္ေန႔မွာ အလယ္ကြၽန္းေက်း႐ြာသား ကိုငေပ်ာ့ ေခၚ ကိုမ်ိဳးလႈိင္ဟာ ငါးရွာထြက္သြားရာကေန ေနအိမ္ကို ျပန္လည္မေရာက္လာတဲ့အတြက္ ၁၇ ရက္ေန႔မွာ ႐ြာသားေတြ စုေပါင္းၿပီး သူငါးရွာတဲ့ေခ်ာင္းအတြင္းကို လိုက္ရွာၾကစဥ္မွာ တပ္မေတာ္စစ္ေၾကာင္းက အဲ့ဒီ႐ြာသားေတြကို ဖမ္းဆီးလိုက္တာ ျဖစ္တယ္လို႔ အလယ္ကြၽန္းေက်း႐ြာ ဆရာေတာ္က မိန႔္ၾကားပါတယ္။

ေပ်ာက္ဆုံးေနသူကို ေနာက္ေန႔ မနက္ပိုင္းမွာ ေက်း႐ြာသား ၁၅ ဦးက ႏွစ္ဖြဲ႕ခြဲၿပီး ေလွနဲ႔ ၈ ဦး၊ ကုန္းေပၚက ၇ ဦး လိုက္ရွာေနခ်ိန္ မွာ တပ္မေတာ္စစ္ေၾကာင္းနဲ႔ေတြ႕ၿပီး ေခၚေဆာင္ျခင္းခံလိုက္ရတာျဖစ္တယ္လို႔ ေလွနဲ႔လိုက္ရွာေနတဲ့အဖြဲ႕က ထြက္ေျပးလြတ္ ေျမာက္လာခဲ့တဲ့ ႐ြာသားတစ္ဦးရဲ႕ ေျပာျပခ်က္အရ သိရတာလို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ဝင္းက ေျပာပါတယ္။

အလယ္ကြၽန္းေက်း႐ြာသားေတြကို ဖမ္းဆီးထားတာနဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ဘီဘီစီက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ေပ်ာက္သြားသူကို လိုက္ရွာရာကေန သားျဖစ္သူ ဖမ္းဆီးခံလိုက္ရၿပီး ျပန္လည္လြတ္ေျမာက္လာျခင္း မရွိေသးတဲ့အတြက္ စိုးရိမ္ေၾကာင့္ေနရတယ္လို႔ ဖမ္းဆီးခံရသူတစ္ဦရဲ႕ မိခင္ ေဒၚလင္းသူဇာက ေျပာပါတယ္။

ဖမ္းဆီးခံေနရတဲ့ အလယ္ကြၽန္းေက်း႐ြာသား ၁၅ ဦးအနက္ ေလးဦး ကိုေတာ့ ေမလ ၂၀ ရက္ေန႔မွာ ျပန္လည္လႊတ္ေပးခဲ့ၿပီး ညေနပိုင္းျပန္လာၾကဖို႔နဲ႔ က်န္တဲ့လူေတြကိုပါ တပါတည္း လႊတ္ေပး မယ္လို႔ ဖုန္းဆက္ေခၚတဲ့အတြက္ အဲ့ဒီစစ္ေၾကာင္းရွိတဲ့ေနရာကို ျပန္သြားခဲ့ၾကရာက ဒီေန႔အထိ ၁၅ ဦးစလုံး ဆက္လက္ဖမ္း ဆီးခံထားရဆဲျဖစ္တယ္လို႔ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

အမ္းၿမိဳ႕နယ္ဟာ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တည္ရွိတဲ့ၿမိဳ႕နယ္ျဖစ္ၿပီး အလယ္ကြၽန္းေက်း႐ြာအနီးဝန္းက်င္မွာ တိုက္ပြဲ ျဖစ္ပြားတာေတြမရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

၁၇ ရက္ေန႔ကေန ဖမ္းဆီးခံလိုက္ရၿပီး ၂၀ ရက္ေန႔မွာ ျပန္လည္လြတ္ေျမာက္လာခဲ့တဲ့ ႐ြာသားေလးဦးတို႔ကေတာ့ သူတို႔ကို စစ္ေၾကာင္းက ဖမ္းဆီးေခၚေဆာင္ထားတာျဖစ္ၿပီး ႐ိုက္ႏွက္တာေတြမလုပ္ဘူးလို႔ ေျပာဆိုခဲ့တယ္လို႔ ဆရာေတာ္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့တဲ့ အခ်ိန္ကေန အရပ္သားေတြဖမ္းဆီးစစ္ေဆးခံရၿပီး အၾကမ္းဖက္မႈနဲ႔ တရားစြဲဆိုထားတဲ့ အမႈေပါင္း ၁၀၅ မႈအထိရွိေနတယ္လို႔ ၿပီးခဲ့တဲ့ ၂၀ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ဒုတိယအႀကိမ္ရခိုင္ျပည္နယ္လႊတ္ေတာ္ ၁၃ ႀကိမ္ေျမာက္အစည္းအေဝးမွာ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္ ဦးေက်ာ္လွထြန္းက ေျပာဆိုသြားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52783976
လူပျောက်ရှာတဲ့ အလယ်ကျွန်းရွာသားတွေဖမ်းဆီးခံရ လူပျောက်ရှာတဲ့ အလယ်ကျွန်းရွာသားတွေဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 06:09 Rating: 5
Powered by Blogger.