
(Zawgyi)⤵⤵⤵
ရန်ကုန် ဧပြီ ၅



မြမြဝင်း(ပြန်/ဆက်)
--------------
(Unicode)⤵⤵⤵
 မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လမ်းဝ ဂုံးကျော်တံတားပေါ်မှ YBS ယာဉ်(၁) စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွား

ရန်ကုန် ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လမ်းဝဂုံးကျော်တံတားပေါ်မှ ယနေ့ ညနေ ၄ နာရီ ၄၀မိနစ်က လှိုင်သာယာမှ မြောက်ဥက္ကလာပသို့ ပြေးဆွဲနေသည့် YBS (၁၆) ယာဉ်(၁)စီး ထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်၍ မီးသတ်ယာဉ်(၃)စီး၊ သူနာတင်ယာဉ်(၂)စီး၊ Towing Vehicle (၁)စီး၊ Lifting Vehicle (၁)စီး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၈) ဦး ၊ အမျိုးသမီး(၁၄)ဦး စုစုပေါင်း(၂၂) ဦး အား မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တာဝန်ရှိသူများက ပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)
https://www.facebook.com/MOIWebportalMyanmar/
မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လမ်းဝ ဂုံးကျော်တံတားပေါ်မှ YBS ယာဉ်(၁) စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွား  မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လမ်းဝ ဂုံးကျော်တံတားပေါ်မှ YBS ယာဉ်(၁) စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:12 Rating: 5
Powered by Blogger.