ကန႔္သတ္တာေတြ ေျဖေလွ်ာ့တာေစာသြားရင္ 'အႀကီးအက်ယ္ျပန္တက္လာႏိုင္တယ္' လို႔ WHO သတိေပး

စပိန္မွာ အီစတာပြဲမလုပ္ေတာ့
ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားတာ တားဆီးဖို႔ ပိတ္ဆို႔ကန႔္သတ္တဲ့အေရးယူ ေဆာင္႐ြက္မႈေတြကို အခ်ိန္မတန္ဘဲ ခပ္ေစာေစာကတည္းက ေလွ်ာ့ခ်လိုက္ရင္ ေရာဂါျဖစ္တာ "အႀကီးအက်ယ္ ျပန္ၿပီးတက္လာႏိုင္တယ္" လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲက သတိေပးလိုက္ပါတယ္။

ေဒါက္တာ တက္ဒ႐ို ဆန္ဒႏြန္ ဂက္ဘရီရီးဆပ္ က ႏိုင္ငံေတြအေနနဲ႔ စီးပြားေရးဆိုင္ရာ ႐ုန္းကန္ရမယ့္အေျခအေနေတြနဲ႔ ႀကဳံေနရခ်ိန္မွာေတာင္ ကန႔္သတ္မႈေတြ ေလွ်ာ့ပစ္တာကို သတိထားသင့္တယ္လို႔ ေျပာပါတယ္။

ဥေရာပမွာ အဆိုးဆုံးထိခိုက္ခံေနရတဲ့ စပိန္နဲ႔ အီတလီႏိုင္ငံေတြမွာ အသြားအလာ အဝင္အထြက္ ပိတ္ဆို႔တဲ့ အစီအမံေတြ ဆက္ထားထားေသးေပမယ့္ တင္းက်ပ္ထားတဲ့ စည္းမ်ဥ္းတခ်ိဳ႕ကို ေလွ်ာ့ခ်ေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ေနသူေပါင္း ကမာၻတလႊားမွာ တသန္း ေျခာက္သိန္း ရွိေနၿပီး လူေပါင္း တသိန္းနဲ႔ တေထာင္ ေသဆုံးခဲ့ပါၿပီ။

ဂ်နီဗာကေန ဗီဒီယိုလိုင္းကတဆင့္ လုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ေဒါက္တာ တက္ဒ႐ိုက တခ်ိဳ႕ ဥေရာပႏိုင္ငံေတြမွာ ကပ္ေရာဂါျပန႔္ပြားမႈက "ႀကိဳဆိုစရာေကာင္းတဲ့ ေႏွးေကြးလာတာမ်ိဳး" ေတြ႕ရတယ္လို႔ ေျပာပါတယ္။

ကန႔္သတ္စည္းမ်ဥ္းေတြကို ေလွ်ာ့ခ်ဖို႔အတြက္ ဗ်ဴဟာေတြေရးဆြဲဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ဟာ ႏိုင္ငံအစိုးရေတြနဲ႔ အတူေဆာင္႐ြက္ေနတယ္၊ ဒါေပမဲ့ စည္းမ်ဥ္းေတြကို ေဆာေဆာလ်င္လ်င္ ေလွ်ာ့ခ်လို႔ မသင့္ဘူးလို႔ သူက ဆိုပါတယ္။

သူက "ကန႔္သတ္မႈေတြကို အျမန္ေလွ်ာ့ခ်လိုက္တာကေန အႀကီးအက်ယ္ေရာဂါ ျပန္ျဖစ္လာတာကို ျဖစ္သြားႏိုင္တယ္" လို႔ ေျပာပါတယ္။

"စီမံခန႔္ခြဲတာကို ေသေသခ်ာခ်ာမလုပ္ရင္ အရင္က ျဖစ္ခဲ့သလို အႏၲရာယ္ေတြက ေရွ႕မွာလည္း ျဖစ္ႏိုင္တယ္" လို႔လည္း သူက ေျပာပါတယ္။

စပိန္နဲ႔ အီတလီမွာ အကန႔္အသတ္ေတြကို ဘယ္လိုေလွ်ာ့ခ်ေနလဲ

စပိန္အစိုးရက ေဆာက္လုပ္ေရးလုပ္ငန္းေတြ၊ ကုန္ထုတ္လုပ္ေရး လုပ္ငန္းေတြ အပါအဝင္ အခုအခ်ိန္မွာ မရွိမျဖစ္ လိုအပ္ေနတာမ်ိဳး မဟုတ္တဲ့ အလုပ္သမားေတြ လုပ္ကိုင္ေနတဲ့ တခ်ိဳ႕ အလုပ္ေတြကို တနလၤာေန႔ကစၿပီး ျပန္လုပ္ၾကေစဖို႔ စီစဥ္ေနပါတယ္။

စပိန္မွာ ေသာၾကာေန႔က လူေပါင္း ၆၀၅ ေယာက္ ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးခဲ့ၿပီး ဒါဟာ ရက္ေပါင္း ၁၇ ရက္အတြင္း တရက္အတြင္းေသႏႈန္း အနိမ့္ဆုံးပါ။ ေနာက္ဆုံးရတဲ့ စာရင္းေတြအရ ဗိုင္းရပ္စ္ေၾကာင့္ စပိန္မွာ ေသဆုံးသူ စုစုေပါင္း ၁၅,၈၄၃ ေယာက္ရွိပါတယ္။

ဒါေပမဲ့ အစိုးရက လူေတြခပ္ခြာခြာေနၾကဖို႔ (Social Distancing)စည္းမ်ဥ္းကို အီစတာ အားလပ္ရက္ေတြအတြင္း ဆက္လက္လိုက္နာၾကဖို႔ လူထုကို တိုက္တြန္းပါတယ္။

အီတလီမွာေတာ့ ဝန္ႀကီးခ်ဳပ္ ဂ်ိဳဇက္ေပ ကြန္ေတက အခုေလာေလာဆယ္ အခ်ိန္ထိ ေအာင္ျမင္ေအာင္လုပ္လာႏိုင္ခဲ့တာေတြ ျပန္မဆုံးရႈံးသြားေအာင္ သတိေပးရင္း တႏိုင္ငံလုံး ပိတ္ဆို႔ခ်ထားတာကို ေမလ ၃ ရက္ ေန႔အထိ တိုးျမႇင့္သတ္မွတ္လိုက္ပါတယ္။

ဒါေပမဲ့ မတ္လ ၁၂ ရက္ေန႔ကတည္းကပိတ္ပင္ထားခဲ့တဲ့ တခ်ိဳ႕စီးပြားေရး လုပ္ငန္းေတြကို လာမယ့္ အဂၤါေန႔က်ရင္ ျပန္ခြင့္ေပးလိုက္ပါတယ္။

မစၥတာကြန္ေတက စာအုပ္ဆိုင္ေတြ၊ ကေလးအဝတ္အစားဆိုင္ေတြလို႔ ေျပာေပမယ့္ အဝတ္ေလွ်ာ္ဆိုင္ေတြနဲ႔ တျခားဆိုင္ေတြလည္း ပါေနတယ္လို႔ မီဒီယာေတြမွာ ေဖာ္ျပေနပါတယ္။

အီတလီမွာ ၾကာသပေတးေန႔တုန္းက ဗိုင္းရပ္စ္ေရာဂါေၾကာင့္ေသဆုံးသူ ၆၁၀ ရွိခဲ့ၿပီး ေသာၾကာေန႔မွာေတာ့ ၅၇၀ ရွိခဲ့ပါတယ္။

ေရာဂါျဖစ္သူ အသစ္ေတြ႕တာကလည္း ၄၂၀၄ ေယာက္ကေန ၃၉၅၁ ေယာက္ထိ က်ခဲ့ပါတယ္။

တျခားႏိုင္ငံေတြမွာ -

အိုင္ယာလန္ဝန္ႀကီးခ်ဳပ္ လီယို ဗာရက္ကာက သူ႔ႏိုင္ငံမွာ ပိတ္ဆို႔ထားတာကို ေမလ ၅ ရက္ေန႔ထိတိုးမယ္လို႔ ေၾကညာပါတယ္။

တူရကီမွာေတာ့ အီစတန္ဘူလ္ နဲ႔ အန္ကာရာ အပါအဝင္ ၿမိဳ႕ ၃၁ ၿမိဳ႕ကို ၄၈ နာရီ ကာဖ်ဴးမိန႔္ထုတ္လိုက္ပါတယ္။

ေၾကညာခ်က္က ကာဖ်ဴးမိန႔္အသက္မဝင္ခင္ ၂ နာရီ အလိုမွာ ထုတ္တာျဖစ္တဲ့အတြက္ လူေတြ အလန႔္တၾကားေဈးဝယ္ရတာေတြ ျဖစ္ခဲ့ပါတယ္။

ေပၚတူဂီ သမၼတ မာဆယ္လို ရီဘဲလ္လို ဒီ ေဆာဆာ က ႏိုင္ငံအေရးေပၚ ေၾကညာထားတာ ေမလ ၁ ရက္ေန႔ထိလို႔ သတ္မွတ္ေၾကာင္း ေျပာပါတယ္။

ၿဗိတိန္မွာ အစိုးရ အေနနဲ႔ ဘယ္ေတာ့ ကန႔္သတ္မႈေတြကို ဖယ္ရွားေပးမွာလဲ ဆိုတဲ့ အေမးကို ေျဖေပးဖို႔ ဖိအားေတြ ရင္ဆိုင္ေနရေပမယ့္ ထိခိုက္မႈႏႈန္းေတြ ထိပ္ဆုံးကို ေရာက္တဲ့အေျခအေန ေက်ာ္လြန္သြားတာေတာင္ ပိတ္ဆို႔ခ်ထားတာေတြ ဆက္ထားသြားဦးမယ္လို႔ ေျပာပါတယ္။

ေတာင္အာဖရိကႏိုင္ငံ သမၼတ ဆီေရးလ္ ရာမာဖိုးဆားက ႏိုင္ငံကို ၂၁ ရက္ ပိတ္ဆို႔ခ်ထားတာ ကို ေနာက္ထပ္ သီတင္းပတ္ ၂ ပတ္ တိုးသြားမယ္လို႔ ၾကာသပေတးေန႔က ဆိုပါတယ္။

ေသာၾကာေန႔က ျပင္သစ္မွာ ကိုဗစ္ - ၁၉ ေၾကာင့္ ေသဆုံးတဲ့လူအေရအတြက္က ၁၀၀၀ နီးပါးျဖစ္ခဲ့ၿပီး စုစုေပါင္း ၁၃,၁၉၇ ေယာက္ အသက္ဆုံးပါးခဲ့ရပါၿပီ။

ဒါေပမဲ့ အထူးၾကပ္မတ္ကုသေဆာင္မွာ လက္ခံကုသေပးေနရတဲ့ လူနာအေရအတြက္က ၂ ရက္ဆက္တိုက္ အနည္းငယ္စီ က်ဆင္းလာေနပါတယ္။

"ျဖစ္ႏႈန္း ျမင့္ေနေသးေပမယ့္ တက္ႏႈန္း ေအးေဆးလာပုံရတယ္" လို႔ က်န္းမာေရး ဌာန ဒါ႐ိုက္တာ ဂ်႐ုမ္း ေဆာ္လမြန္က ေျပာပါတယ္။

ဗိုင္းရပ္စ္ ျပန႔္ပြားႏႈန္းက ေႏွးလာပါသလား

ကမာၻ႔က်န္းမာေရးအဖြဲ႕ အႀကီးအကဲ ေဒါက္တာ တက္ဒ႐ိုအေနနဲ႔ ဥေရာပႏိုင္ငံတခ်ိဳ႕မွာ ေရာဂါျပန႔္ႏႈန္းေႏွးလာပုံရတာကို သိရွိႀကိဳဆိုလိုက္ေၾကာင္း ေသာၾကာေန႔တုန္းက ေျပာပါတယ္။

အေမရိကန္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားျဖစ္ေပၚမႈကို စၿပီးထိန္းႏိုင္ေအာင္ လုပ္ႏိုင္ေနပုံရၿပီလို႔ သက္ဆိုင္ရာ အစိုးရအရာရွိေတြက ေျပာေနပါတယ္။

အိမ္ျဖဴေတာ္ ကို႐ိုနာဗိုင္းရပ္စ္ အလုပ္အဖြဲ႕ရဲ႕ ညႇိႏႈိင္းေဆာင္႐ြက္ေရးမႉး ဒက္ဘရာ ဘာ့ဇ္ က အားတက္စရာလကၡဏာေတြ ေတြ႕လာေနရေပမယ့္ ျဖစ္ႏႈန္းက အျမင့္ဆုံးကို မေရာက္ေသးဘူးလို႔ ေသာၾကာေန႔တုန္းက ဆိုပါတယ္။

ဒီလိုအခ်ိန္ကာလအတြင္းမွာပဲ တခ်ိဳ႕ႏိုင္ငံေတြမွာ ဗိုင္းရပ္စ္က ျမန္ျမန္ဆန္ဆန္ ပ်ံ႕လာေနတာကို သတိေပးပါတယ္။

သူက အာဖရိကမွာ ဆိုတာကို ၫႊန္းဆိုၿပီး အဲဒီမွာ ေတာနယ္ေတြအထိ ဗိုင္းရပ္စ္ေရာက္ရွိေနတာကို ေထာက္ျပပါတယ္။

သူက "အာဖရိကတိုက္ ႏိုင္ငံ ၁၆ ႏိုင္ငံမွာ အစုလိုက္အၿပဳံလိုက္ ျဖစ္ေနတာေတြ၊ လူအုပ္စု အသိုင္းအဝိုင္းလိုက္ ေရာဂါကူးေနတာမ်ိဳးေတြ ကြၽန္ေတာ္တို႔ ေတြ႕လာေနရတယ္" လို႔ ဆိုသလို "အထူးသျဖင့္ ၿမိဳ႕ေတြေလာက္ က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ မျပည့္စုံတဲ့ ေက်းလက္ေဒသေတြမွာ က်န္းမာေရး ဝန္ထမ္းေတြအေနနဲ႔ ဝန္နဲ႔အား မမွ်ပဲျဖစ္လာမွာကိုစိုးတယ္" လို႔လည္း ဖြင့္ဟသြားပါတယ္။

BBC Burmese
-----------------------------------------------
ကန့်သတ်တာတွေ ဖြေလျှော့တာစောသွားရင် 'အကြီးအကျယ်ပြန်တက်လာနိုင်တယ်' လို့ WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာ တားဆီးဖို့ ပိတ်ဆို့ကန့်သတ်တဲ့အရေးယူ ဆောင်ရွက်မှုတွေကို အချိန်မတန်ဘဲ ခပ်စောစောကတည်းက လျှော့ချလိုက်ရင် ရောဂါဖြစ်တာ "အကြီးအကျယ် ပြန်ပြီးတက်လာနိုင်တယ်" လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။

ဒေါက်တာ တက်ဒရို ဆန်ဒနွန် ဂက်ဘရီရီးဆပ် က နိုင်ငံတွေအနေနဲ့ စီးပွားရေးဆိုင်ရာ ရုန်းကန်ရမယ့်အခြေအနေတွေနဲ့ ကြုံနေရချိန်မှာတောင် ကန့်သတ်မှုတွေ လျှော့ပစ်တာကို သတိထားသင့်တယ်လို့ ပြောပါတယ်။

ဥရောပမှာ အဆိုးဆုံးထိခိုက်ခံနေရတဲ့ စပိန်နဲ့ အီတလီနိုင်ငံတွေမှာ အသွားအလာ အဝင်အထွက် ပိတ်ဆို့တဲ့ အစီအမံတွေ ဆက်ထားထားသေးပေမယ့် တင်းကျပ်ထားတဲ့ စည်းမျဉ်းတချို့ကို လျှော့ချနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်နေသူပေါင်း ကမ္ဘာတလွှားမှာ တသန်း ခြောက်သိန်း ရှိနေပြီး လူပေါင်း တသိန်းနဲ့ တထောင် သေဆုံးခဲ့ပါပြီ။

ဂျနီဗာကနေ ဗီဒီယိုလိုင်းကတဆင့် လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ တက်ဒရိုက တချို့ ဥရောပနိုင်ငံတွေမှာ ကပ်ရောဂါပြန့်ပွားမှုက "ကြိုဆိုစရာကောင်းတဲ့ နှေးကွေးလာတာမျိုး" တွေ့ရတယ်လို့ ပြောပါတယ်။

ကန့်သတ်စည်းမျဉ်းတွေကို လျှော့ချဖို့အတွက် ဗျူဟာတွေရေးဆွဲဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နိုင်ငံအစိုးရတွေနဲ့ အတူဆောင်ရွက်နေတယ်၊ ဒါပေမဲ့ စည်းမျဉ်းတွေကို ဆောဆောလျင်လျင် လျှော့ချလို့ မသင့်ဘူးလို့ သူက ဆိုပါတယ်။

သူက "ကန့်သတ်မှုတွေကို အမြန်လျှော့ချလိုက်တာကနေ အကြီးအကျယ်ရောဂါ ပြန်ဖြစ်လာတာကို ဖြစ်သွားနိုင်တယ်" လို့ ပြောပါတယ်။

"စီမံခန့်ခွဲတာကို သေသေချာချာမလုပ်ရင် အရင်က ဖြစ်ခဲ့သလို အန္တရာယ်တွေက ရှေ့မှာလည်း ဖြစ်နိုင်တယ်" လို့လည်း သူက ပြောပါတယ်။

စပိန်နဲ့ အီတလီမှာ အကန့်အသတ်တွေကို ဘယ်လိုလျှော့ချနေလဲ

စပိန်အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ အပါအဝင် အခုအချိန်မှာ မရှိမဖြစ် လိုအပ်နေတာမျိုး မဟုတ်တဲ့ အလုပ်သမားတွေ လုပ်ကိုင်နေတဲ့ တချို့ အလုပ်တွေကို တနင်္လာနေ့ကစပြီး ပြန်လုပ်ကြစေဖို့ စီစဉ်နေပါတယ်။

စပိန်မှာ သောကြာနေ့က လူပေါင်း ၆၀၅ ယောက် ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့ပြီး ဒါဟာ ရက်ပေါင်း ၁၇ ရက်အတွင်း တရက်အတွင်းသေနှုန်း အနိမ့်ဆုံးပါ။ နောက်ဆုံးရတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် စပိန်မှာ သေဆုံးသူ စုစုပေါင်း ၁၅,၈၄၃ ယောက်ရှိပါတယ်။

ဒါပေမဲ့ အစိုးရက လူတွေခပ်ခွာခွာနေကြဖို့ (Social Distancing)စည်းမျဉ်းကို အီစတာ အားလပ်ရက်တွေအတွင်း ဆက်လက်လိုက်နာကြဖို့ လူထုကို တိုက်တွန်းပါတယ်။

အီတလီမှာတော့ ဝန်ကြီးချုပ် ဂျိုဇက်ပေ ကွန်တေက အခုလောလောဆယ် အချိန်ထိ အောင်မြင်အောင်လုပ်လာနိုင်ခဲ့တာတွေ ပြန်မဆုံးရှုံးသွားအောင် သတိပေးရင်း တနိုင်ငံလုံး ပိတ်ဆို့ချထားတာကို မေလ ၃ ရက် နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ မတ်လ ၁၂ ရက်နေ့ကတည်းကပိတ်ပင်ထားခဲ့တဲ့ တချို့စီးပွားရေး လုပ်ငန်းတွေကို လာမယ့် အင်္ဂါနေ့ကျရင် ပြန်ခွင့်ပေးလိုက်ပါတယ်။

မစ္စတာကွန်တေက စာအုပ်ဆိုင်တွေ၊ ကလေးအဝတ်အစားဆိုင်တွေလို့ ပြောပေမယ့် အဝတ်လျှော်ဆိုင်တွေနဲ့ တခြားဆိုင်တွေလည်း ပါနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

အီတလီမှာ ကြာသပတေးနေ့တုန်းက ဗိုင်းရပ်စ်ရောဂါကြောင့်သေဆုံးသူ ၆၁၀ ရှိခဲ့ပြီး သောကြာနေ့မှာတော့ ၅၇၀ ရှိခဲ့ပါတယ်။

ရောဂါဖြစ်သူ အသစ်တွေ့တာကလည်း ၄၂၀၄ ယောက်ကနေ ၃၉၅၁ ယောက်ထိ ကျခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာ -

အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရက်ကာက သူ့နိုင်ငံမှာ ပိတ်ဆို့ထားတာကို မေလ ၅ ရက်နေ့ထိတိုးမယ်လို့ ကြေညာပါတယ်။

တူရကီမှာတော့ အီစတန်ဘူလ် နဲ့ အန်ကာရာ အပါအဝင် မြို့ ၃၁ မြို့ကို ၄၈ နာရီ ကာဖျူးမိန့်ထုတ်လိုက်ပါတယ်။

ကြေညာချက်က ကာဖျူးမိန့်အသက်မဝင်ခင် ၂ နာရီ အလိုမှာ ထုတ်တာဖြစ်တဲ့အတွက် လူတွေ အလန့်တကြားဈေးဝယ်ရတာတွေ ဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီ သမ္မတ မာဆယ်လို ရီဘဲလ်လို ဒီ ဆောဆာ က နိုင်ငံအရေးပေါ် ကြေညာထားတာ မေလ ၁ ရက်နေ့ထိလို့ သတ်မှတ်ကြောင်း ပြောပါတယ်။

ဗြိတိန်မှာ အစိုးရ အနေနဲ့ ဘယ်တော့ ကန့်သတ်မှုတွေကို ဖယ်ရှားပေးမှာလဲ ဆိုတဲ့ အမေးကို ဖြေပေးဖို့ ဖိအားတွေ ရင်ဆိုင်နေရပေမယ့် ထိခိုက်မှုနှုန်းတွေ ထိပ်ဆုံးကို ရောက်တဲ့အခြေအနေ ကျော်လွန်သွားတာတောင် ပိတ်ဆို့ချထားတာတွေ ဆက်ထားသွားဦးမယ်လို့ ပြောပါတယ်။

တောင်အာဖရိကနိုင်ငံ သမ္မတ ဆီရေးလ် ရာမာဖိုးဆားက နိုင်ငံကို ၂၁ ရက် ပိတ်ဆို့ချထားတာ ကို နောက်ထပ် သီတင်းပတ် ၂ ပတ် တိုးသွားမယ်လို့ ကြာသပတေးနေ့က ဆိုပါတယ်။

သောကြာနေ့က ပြင်သစ်မှာ ကိုဗစ် - ၁၉ ကြောင့် သေဆုံးတဲ့လူအရေအတွက်က ၁၀၀၀ နီးပါးဖြစ်ခဲ့ပြီး စုစုပေါင်း ၁၃,၁၉၇ ယောက် အသက်ဆုံးပါးခဲ့ရပါပြီ။

ဒါပေမဲ့ အထူးကြပ်မတ်ကုသဆောင်မှာ လက်ခံကုသပေးနေရတဲ့ လူနာအရေအတွက်က ၂ ရက်ဆက်တိုက် အနည်းငယ်စီ ကျဆင်းလာနေပါတယ်။

"ဖြစ်နှုန်း မြင့်နေသေးပေမယ့် တက်နှုန်း အေးဆေးလာပုံရတယ်" လို့ ကျန်းမာရေး ဌာန ဒါရိုက်တာ ဂျရုမ်း ဆော်လမွန်က ပြောပါတယ်။

ဗိုင်းရပ်စ် ပြန့်ပွားနှုန်းက နှေးလာပါသလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ တက်ဒရိုအနေနဲ့ ဥရောပနိုင်ငံတချို့မှာ ရောဂါပြန့်နှုန်းနှေးလာပုံရတာကို သိရှိကြိုဆိုလိုက်ကြောင်း သောကြာနေ့တုန်းက ပြောပါတယ်။

အမေရိကန်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားဖြစ်ပေါ်မှုကို စပြီးထိန်းနိုင်အောင် လုပ်နိုင်နေပုံရပြီလို့ သက်ဆိုင်ရာ အစိုးရအရာရှိတွေက ပြောနေပါတယ်။

အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် အလုပ်အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒက်ဘရာ ဘာ့ဇ် က အားတက်စရာလက္ခဏာတွေ တွေ့လာနေရပေမယ့် ဖြစ်နှုန်းက အမြင့်ဆုံးကို မရောက်သေးဘူးလို့ သောကြာနေ့တုန်းက ဆိုပါတယ်။

ဒီလိုအချိန်ကာလအတွင်းမှာပဲ တချို့နိုင်ငံတွေမှာ ဗိုင်းရပ်စ်က မြန်မြန်ဆန်ဆန် ပျံ့လာနေတာကို သတိပေးပါတယ်။

သူက အာဖရိကမှာ ဆိုတာကို ညွှန်းဆိုပြီး အဲဒီမှာ တောနယ်တွေအထိ ဗိုင်းရပ်စ်ရောက်ရှိနေတာကို ထောက်ပြပါတယ်။

သူက "အာဖရိကတိုက် နိုင်ငံ ၁၆ နိုင်ငံမှာ အစုလိုက်အပြုံလိုက် ဖြစ်နေတာတွေ၊ လူအုပ်စု အသိုင်းအဝိုင်းလိုက် ရောဂါကူးနေတာမျိုးတွေ ကျွန်တော်တို့ တွေ့လာနေရတယ်" လို့ ဆိုသလို "အထူးသဖြင့် မြို့တွေလောက် ကျန်းမာရေးစောင့်ရှောက်မှု စနစ် မပြည့်စုံတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဝန်နဲ့အား မမျှပဲဖြစ်လာမှာကိုစိုးတယ်" လို့လည်း ဖွင့်ဟသွားပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52256375
ကန႔္သတ္တာေတြ ေျဖေလွ်ာ့တာေစာသြားရင္ 'အႀကီးအက်ယ္ျပန္တက္လာႏိုင္တယ္' လို႔ WHO သတိေပး ကန႔္သတ္တာေတြ ေျဖေလွ်ာ့တာေစာသြားရင္ 'အႀကီးအက်ယ္ျပန္တက္လာႏိုင္တယ္' လို႔ WHO သတိေပး Reviewed by THITHTOOLWIN on 05:07 Rating: 5
Powered by Blogger.