

ပုလဲ ဧပြီ ၁၁







--------------------------------------------------
မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်၍ နေအိမ် ၃၇ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွား

ပုလဲ ဧပြီ ၁၁

ဧပြီ ၁၁ ရက် နံက် ၃ နာရီ အချိန်က စစ်ကိုင်တိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်းကြင်းစု ကျေးရွာအုပ်စု ကိုင်းတွင်းကျေးရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ကိုင်းတွင်းကျေးရွာ နေ အိမ်ရှင်ဖြစ်သူ ဦးရွှေမင်း နေအိမ်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ရာသို့ ပုလဲမြို့နယ် မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးကျော်ဇင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၄၆ ဦး နှင့် မီးသတ်ယာဉ် ၄ စီး ရေသယ်ယာဉ် ၁ စီး ယင်းမာပင်ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး ယင်းမာပင်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး ဆားလင်းကြီးမြို့ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး စုစုပေါင်း မီးသတ်ယာဉ်
၈ စီး ရေသယ်ယာဉ် ၁ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ယင်းမာပင်ခရိုင် ခရိုင်ရဲစခန်းမှ ဒုရဲမှူးကြီး စိုးမင်းနှင့် အုပ်ချုပ်ရေးမှူးဦး တင်နုတို့လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၃၇ လုံး တဲ ၂ လုံး ဝက် ၆ ကောင် ကြက်သွန် ၂၂၄၁၀ ပိဿာ ဆန်အိတ် ၅၀ ကုလားပဲ ၁၅ တင်း စပါး ၂၀၀ တင်း နေကြာ ၃၀ တင်း နှမ်း ၂ တင်း တို့ ဆုံးရှုံးခဲ့ပြီး အမျိုးသား ၈၆ ဦး အမျိုးသမီး ၉၁ ဦး စုစုပေါင်း ၁၇၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပုလဲမြို့မရဲစခန်းက ဦးရွှေမင်းအား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးငယ် (ဆားလင်းကြီး ) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်၍ နေအိမ် ၃၇ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွား မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်၍ နေအိမ် ၃၇ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 06:01 Rating: 5
Powered by Blogger.