Quarantine ရက္ျပည့္ၿပီးျပန္လာသည့္ သားအဖႏွစ္ဦးတြင္ Covid-19 ေရာဂါ သံသယလကၡဏာေပၚလာ၍ မလႈိင္ျပည္သူ႔ေဆး႐ုံတင္ထားရ


(Zawgyi)⤵⤵⤵
မႏၲေလးကေန Quarantine ရက္ျပည့္ၿပီး မလႈိင္ၿမိဳ႕နယ္၊ ကံတြင္းေက်း႐ြာကိုျပန္လာတဲ့ သားအဖႏွစ္ဦးမွာ Covid-19 ေရာဂါ သံသယ လကၡဏာေတြေပၚလာခဲ့တာေၾကာင့္ ဧၿပီ(၁၃)ရက္က မလႈိင္ျပည္သူ႔ေဆး႐ုံကို အေရးေပၚတင္ခဲ့ ကာ ေစာင့္ၾကပ္စစ္ေဆးမႈေတြျပဳလုပ္ထားတယ္လို႔ ဆရာဝန္ႀကီး ေဒါက္တာ ေနမင္းမ်ိဳးထြန္းကေျပာပါတယ္။

 အဲဒီအသက္(၃၄)ႏွစ္အ႐ြယ္ လူနာအမ်ိဳးသားဟာ မႏၲေလးၿမိဳ႕က အင္းဝ small river စားေသာက္ဆိုင္မွာ အလုပ္ လုပ္သူျဖစ္ၿပီး မတ္(၁၅)ရက္က အတည္ျပဳလူနာအမွတ္(၈)နဲ႔ အဲဒီဆိုင္မွာပဲ ဆုံေတြ႕ခဲ့ဖူးသူျဖစ္တယ္လို႔ မလႈိင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုး ကေျပာပါတယ္။

 အဲဒါေၾကာင့္ မႏၲေလးမွာ Home Quarantine အျဖစ္ မတ္(၁၅)ရက္ကေန (၂၈)ရက္အထိေနထိုင္ခဲ့ၿပီးေနာက္ မတ္(၃၀)ရက္မွာ ကံတြင္း ေက်း႐ြာကို ျပန္လာခဲ့တာပါ။

အဲဒီေနာက္ ဧၿပီ(၁၃)ရက္မွာ သူနဲ႔အတူ အသက္(၁၀)ႏွစ္ အ႐ြယ္ သမီးျဖစ္သူပါ လည္ပင္းနာၿပီး ဖ်ားလာတာေၾကာင့္ Hospital Quarantine လုပ္ၿပီး လိုအပ္တဲ့စစ္ေဆးမႈ ေတြလုပ္ဖို႔ မလႈိင္ေဆး႐ုံကိုေခၚထားခဲ့တာျဖစ္တယ္လို႔လည္း ေဒါက္တာ ေနမင္းမ်ိဳးထြန္းကေျပာပါတယ္။

 အတည္ျပဳလူနာ အမွတ္(၈)ဟာ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္က အသက္(၆၀)ႏွစ္အ႐ြယ္ ဧည့္လမ္းၫႊန္ အမ်ိဳးသမီး တစ္ဦးျဖစ္ၿပီး မတ္(၂၈)ရက္မွာ က်န္းမာေရးဝန္ႀကီးဌာနက COVID-19 ေရာဂါပိုးေတြ႕လူနာအျဖစ္ အတည္ျပဳ ထုတ္ျပန္ထားခဲ့တာျဖစ္ပါတယ္။

သတင္း-ဘိုဘို(မလႈိင္)
One News Myanmar
-------------------------------------------
(Unicode)⤵⤵⤵
Quarantine ရက်ပြည့်ပြီးပြန်လာသည့် သားအဖနှစ်ဦးတွင် Covid-19 ရောဂါ သံသယလက္ခဏာပေါ်လာ၍ မလှိုင်ပြည်သူ့ဆေးရုံတင်ထားရ

မန္တလေးကနေ Quarantine ရက်ပြည့်ပြီး မလှိုင်မြို့နယ်၊ ကံတွင်းကျေးရွာကိုပြန်လာတဲ့ သားအဖနှစ်ဦးမှာ Covid-19 ရောဂါ သံသယ လက္ခဏာတွေပေါ်လာခဲ့တာကြောင့် ဧပြီ(၁၃)ရက်က မလှိုင်ပြည်သူ့ဆေးရုံကို အရေးပေါ်တင်ခဲ့ ကာ စောင့်ကြပ်စစ်ဆေးမှုတွေပြုလုပ်ထားတယ်လို့ ဆရာဝန်ကြီး ဒေါက်တာ နေမင်းမျိုးထွန်းကပြောပါတယ်။

 အဲဒီအသက်(၃၄)နှစ်အရွယ် လူနာအမျိုးသားဟာ မန္တလေးမြို့က အင်းဝ small river စားသောက်ဆိုင်မှာ အလုပ် လုပ်သူဖြစ်ပြီး မတ်(၁၅)ရက်က အတည်ပြုလူနာအမှတ်(၈)နဲ့ အဲဒီဆိုင်မှာပဲ ဆုံတွေ့ခဲ့ဖူးသူဖြစ်တယ်လို့ မလှိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ကပြောပါတယ်။

 အဲဒါကြောင့် မန္တလေးမှာ Home Quarantine အဖြစ် မတ်(၁၅)ရက်ကနေ (၂၈)ရက်အထိနေထိုင်ခဲ့ပြီးနောက် မတ်(၃၀)ရက်မှာ ကံတွင်း ကျေးရွာကို ပြန်လာခဲ့တာပါ။

အဲဒီနောက် ဧပြီ(၁၃)ရက်မှာ သူနဲ့အတူ အသက်(၁၀)နှစ် အရွယ် သမီးဖြစ်သူပါ လည်ပင်းနာပြီး ဖျားလာတာကြောင့် Hospital Quarantine လုပ်ပြီး လိုအပ်တဲ့စစ်ဆေးမှု တွေလုပ်ဖို့ မလှိုင်ဆေးရုံကိုခေါ်ထားခဲ့တာဖြစ်တယ်လို့လည်း ဒေါက်တာ နေမင်းမျိုးထွန်းကပြောပါတယ်။

 အတည်ပြုလူနာ အမှတ်(၈)ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်က အသက်(၆၀)နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးဖြစ်ပြီး မတ်(၂၈)ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ရောဂါပိုးတွေ့လူနာအဖြစ် အတည်ပြု ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

သတင်း-ဘိုဘို(မလှိုင်)
One News Myanmar
https://www.facebook.com/onenewsmyan/
Quarantine ရက္ျပည့္ၿပီးျပန္လာသည့္ သားအဖႏွစ္ဦးတြင္ Covid-19 ေရာဂါ သံသယလကၡဏာေပၚလာ၍ မလႈိင္ျပည္သူ႔ေဆး႐ုံတင္ထားရ Quarantine ရက္ျပည့္ၿပီးျပန္လာသည့္ သားအဖႏွစ္ဦးတြင္ Covid-19 ေရာဂါ သံသယလကၡဏာေပၚလာ၍ မလႈိင္ျပည္သူ႔ေဆး႐ုံတင္ထားရ Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.