သုံးထပ်တိုက်ပေါ်ရှိ ‌ရေကန် ပြိုကျရာမှ ၁ ဦးသေ ၃ဦး ဒဏ်ရာရ


လှိုင်သာယာ၊ ဧပြီ ၁၃/၂၀၂၀

အုတ်ရေကန် ပြိုကျရာမှ ဘေးအိမ်တွင်း၌ အိပ်နေသူ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ လှိုင်းသာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ဗိုလ်တေဇပတ်လမ်း အမှတ် ၁၆၀၉(က)ရှိ ၂၀ ×၆၀ မြေကွက်အတွင်း ဆောက်လုပ်ထားသော အမြင့်ပေ (၄၀)ခန့် အာစီကွန်ကရစ်(၃)ထပ်တိုက် ပေါ်ရှိ ရေကန် ပြိုကျ ခဲ့မှု ဧပြီ ၁၃ရက်နေ့ နံနက် ၅နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပေါ်ရှိ အလျား ၈ ပေ၊ အနံ ၆ ပေ၊ အမြင့် ၅ ပေ၊ ခန့်ရှိအုတ်ရေကန်အတွင်းသို့ အိမ်ရှင်ဖြစ်သူ ဒေါ်နီလာစိုးမှ ယနေနံနက်ပိုင်း ရေဖြည့်‌နေစဉ် အုတ်ကန်မှာ ပဲ့ထွက် ပြိုကျပြီး နေအိမ်ခေါင်းရင်းရှိ အာစီ သွပ်မိုး(၂)ထပ်တိုက်ပေါ်သို့ အုတ်ကျိုးအုတ်ပဲ့ပြိုကျ သွားခြင်း ဖြစ်ကြောင်း သိရသည်။

အုတ်ရေကန်ပြိုကျခဲ့သည့် ၃ ထပ်တိုက်သည် ၂၀၁၉ နိုဝင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခု ၂၀၂၀ မတ်လကုန်တွင် ဆောက်လုပ်ပြီးစီးခဲ့သော အဆောက်အဦး ဖြစ်သည်။

အုတ်ရေကန် ပြိုကျမှုကြောင့် ၂ ထပ်တိုက်အတွင်း အိပ်နေကြသည့် မသူဇာလင်း ၃၄နှစ်တွင် ဝဲ/ယာ ခြေသလုံး စုတ်ပြဲဒဏ်ရာ၊ ခင်ပွန်းဖြစ်သူ ကိုချစ်ကို ၃၁နှစ်၌ ယာလက်ခုံဖူးရောင်ဒဏ်ရာ၊ တူမဖြစ်သူ မခိုင်သက်ဝေ(၄)တန်း(ဘက)ကျောင်းသူတွင် မျက်နှာပြင်ဖူးရောင်စုတ်ပြဲ၊ နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ တူဖြစ်သူ မောင်ဟိန်းခန့်(၁)နှစ် ၌ ဝဲပါးပြင်ပွန်းခြစ်ဒဏ်ရာ တို့ အသီးသီးရရှိခဲ့သဖြင့် လှိုင်သာယာ(အရှေပိုင်း)ပြည်သူ့ ဆေးရုံသို တင်ပို့ကုသနေစဉ် မခိုင်သက်ဝေ ၁၂ နှစ်မှာ ရရှိထားသော ဒဏ်ရာဖြင့် ယနေ့နံနက် ၈နာရီ ၂၀မိနစ်အချိန်ခန့် သေဆုံး ခဲ့ ကြောင်း စုံစမ်းသိရသည်။

ညီညီ(လှိုင်သာယာ)
Top Phoenix Media Group
-----------------------------------------------------
Unicode

သုံးထပ်တိုက်ပေါ်ရှိ ‌ရေကန် ပြိုကျရာမှ ၁ ဦးသေ ၃ဦး ဒဏ်ရာရ

လှိုင်သာယာ၊ ဧပြီ ၁၃/၂၀၂၀

အုတ်ရေကန် ပြိုကျရာမှ ဘေးအိမ်တွင်း၌ အိပ်နေသူ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ လှိုင်းသာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ဗိုလ်တေဇပတ်လမ်း အမှတ် ၁၆၀၉(က)ရှိ ၂၀ ×၆၀ မြေကွက်အတွင်း ဆောက်လုပ်ထားသော အမြင့်ပေ (၄၀)ခန့် အာစီကွန်ကရစ်(၃)ထပ်တိုက် ပေါ်ရှိ ရေကန် ပြိုကျ ခဲ့မှု ဧပြီ ၁၃ရက်နေ့ နံနက် ၅နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပေါ်ရှိ အလျား ၈ ပေ၊ အနံ ၆ ပေ၊ အမြင့် ၅ ပေ၊ ခန့်ရှိအုတ်ရေကန်အတွင်းသို့ အိမ်ရှင်ဖြစ်သူ ဒေါ်နီလာစိုးမှ ယနေနံနက်ပိုင်း ရေဖြည့်‌နေစဉ် အုတ်ကန်မှာ ပဲ့ထွက် ပြိုကျပြီး နေအိမ်ခေါင်းရင်းရှိ အာစီ သွပ်မိုး(၂)ထပ်တိုက်ပေါ်သို့ အုတ်ကျိုးအုတ်ပဲ့ပြိုကျ သွားခြင်း ဖြစ်ကြောင်း သိရသည်။

အုတ်ရေကန်ပြိုကျခဲ့သည့် ၃ ထပ်တိုက်သည် ၂၀၁၉ နိုဝင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခု ၂၀၂၀ မတ်လကုန်တွင် ဆောက်လုပ်ပြီးစီးခဲ့သော အဆောက်အဦး ဖြစ်သည်။

အုတ်ရေကန် ပြိုကျမှုကြောင့် ၂ ထပ်တိုက်အတွင်း အိပ်နေကြသည့် မသူဇာလင်း ၃၄နှစ်တွင် ဝဲ/ယာ ခြေသလုံး စုတ်ပြဲဒဏ်ရာ၊ ခင်ပွန်းဖြစ်သူ ကိုချစ်ကို ၃၁နှစ်၌ ယာလက်ခုံဖူးရောင်ဒဏ်ရာ၊ တူမဖြစ်သူ မခိုင်သက်ဝေ(၄)တန်း(ဘက)ကျောင်းသူတွင် မျက်နှာပြင်ဖူးရောင်စုတ်ပြဲ၊ နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ တူဖြစ်သူ မောင်ဟိန်းခန့်(၁)နှစ် ၌ ဝဲပါးပြင်ပွန်းခြစ်ဒဏ်ရာ တို့ အသီးသီးရရှိခဲ့သဖြင့် လှိုင်သာယာ(အရှေပိုင်း)ပြည်သူ့ ဆေးရုံသို တင်ပို့ကုသနေစဉ် မခိုင်သက်ဝေ ၁၂ နှစ်မှာ ရရှိထားသော ဒဏ်ရာဖြင့် ယနေ့နံနက် ၈နာရီ ၂၀မိနစ်အချိန်ခန့် သေဆုံး ခဲ့ ကြောင်း စုံစမ်းသိရသည်။

ညီညီ(လှိုင်သာယာ)
Top Phoenix Media Group
သုံးထပ်တိုက်ပေါ်ရှိ ‌ရေကန် ပြိုကျရာမှ ၁ ဦးသေ ၃ဦး ဒဏ်ရာရ သုံးထပ်တိုက်ပေါ်ရှိ ‌ရေကန် ပြိုကျရာမှ ၁ ဦးသေ ၃ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.