အဂၤါၿဂိဳလ္ စူးစမ္းေလ့လာေရးယာဥ္ကို NASA သိပၸံ ပညာရွင္ေတြ အိမ္ကေန ေမာင္းႏွင္

Credit: NASA/JPL-Caltech

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ ကမၻာတလႊား အလုပ္လုပ္ေနၾကသူ ေတာ္ေတာ္မ်ားမ်ား အိမ္ကေန အလုပ္လုပ္ေနၾကသလိုပါပဲ အေမရိကန္ အာကာသ စူးစမ္းေလ့လာေရး ေအဂ်င္စီ NASA က ဝန္ထမ္းေတြကလည္း ေလာေလာဆယ္ အဂၤါၿဂိဳလ္ ေပၚကို ေရာက္ေနတဲ့ Curiosity ၿဂိလ္တုကို သူတို႔ရဲ႕ အိမ္ေတြကေန ထိန္းခ်ဳပ္ ေမာင္းႏွင္ေနၾကပါတယ္။

ပုံမွန္ ကယ္လီဖိုးနီးယား ေတာင္ပိုင္းက နာဆာရဲ႕ Jet Propulsion စမ္းသပ္စခန္းမွာအလုပ္လုပ္တဲ့ ဒီ သိပၸံပညာရွင္အဖြဲ႕ဟာ ၿပီးခဲ့တဲ့ မတ္လ ၂၀ ရက္ေန႔က စၿပီးေတာ့ အိမ္ကေနအလုပ္လုပ္ ခဲ့ရတာပါ။ ဒါေၾကာင့္ Curiosity လို႔အမည္ေပးထားတဲ့ အဂၤါၿဂိဳလ္ စူးစမ္းေလ့လာေရး ယာဥ္ငယ္ကို သူတို႔ေနအိမ္အသီးသီးကပဲေနၿပီး သီးျခားတာဝန္ခြဲ ထိန္းခ်ဳပ္ေမာင္းႏွင္ေနၾကတာျဖစ္ပါတယ္။ ဒီလို လက္ေတြ႕မွာ ဒီယာဥ္ကို ကြန္ျပဴတာနဲ႔ ညႊန္ၾကား ထိန္းခ်ဳပ္ေမာင္းႏွင္ဖို႔လူ ၂၀ တစုတေဝးထဲရွိဖို႔ လိုအပ္ၿပီး ေနာက္ထပ္ ဒါဇင္နဲ႔ခ်ီတဲ့ အဖြဲ႕ေတြက ေနာက္ တေနရာကေန ကြပ္ကဲ ညႊန္ၾကားရတာပါ။

Curiosity ယာဥ္ငယ္ရဲ႕ စူးစမ္းေလ့လာေရး လုပ္ငန္းေတြကို အိမ္ေတြကေန ထိန္းခ်ဳပ္ လုပ္ကိုင္ နိုင္ဖို႔အတြက္ သိပၸံပညာရွင္အဖြဲ႕ အေနနဲ႔ လိုအပ္တဲ့ ပစၥည္း ကိရိယာေတြကို ႀကိဳတင္ ျပင္ဆင္ခဲ့ၾကရသလို ၾကဳံလာတဲ့ အေျခအေနေပၚမူတည္ ေဆာင္ရြက္ၾကရတာလည္း ရွိပါတယ္။ အဂၤါၿဂိဳလ္ေပၚက ယာဥ္ကို ထိန္းခ်ဳပ္ ေမာင္းႏွင္ဖို႔က အထူးျပဳလုပ္ ထားတဲ့ သုံးဖက္ျမင္ ႐ုပ္ႂကြဖန္သားမ်က္ႏွာျပင္ႀကီးေတြလိုအပ္တာပါ။

ဒါေပမဲ့ အခုေတာ့ သိပၸံပညာရွင္ေတြဟာ အိမ္ေတြကေန အလုပ္လုပ္ၾက ရလို႔ 3D ႐ုပ္ရွင္႐ုံေတြကလိုပဲ သာမန္ ၃ ဖက္ျမင္ ႐ုပ္ပုံေတြကို ၾကည့္ၿပီး JPL လက္ေတာ့ပ္ ကြန္ျပဴတာကေန အဲဒီယာဥ္ကို ထိန္းခ်ဳပ္ေနရတာပါ။ အဖြဲ႕တြင္း ဗီြဒီယိုကတဆင့္ အႀကိမ္ႀကိမ္ဆက္သြယ္စကားေျပာ၊ ဖုန္းကတဆင့္ သတင္းေပးပို႔ တာမ်ိဳးေတြ ခ်ိတ္ဆက္ ဆက္သြယ္ေဆာင္ရြက္ခဲ့ၿပီး အခ်ိန္ ၂ ရက္အၾကာမွာ အဂၤါၿဂိဳလ္ေပၚကေန ေက်ာက္တုံး နမူနာ ၁ ခုရယူဖို႔ ဒီယာဥ္ငယ္ကို ထိန္းခ်ဳပ္ ညႊန္ၾကားနိုင္ခဲ့ပါတယ္။


..............

အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေးယာဉ်ကို NASA သိပ္ပံ ပညာရှင်တွေ အိမ်ကနေ မောင်းနှင်

(Unicode)

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အလုပ်လုပ်နေကြသူ တော်တော်များများ အိမ်ကနေ အလုပ်လုပ်နေကြသလိုပါပဲ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ NASA က ဝန်ထမ်းတွေကလည်း လောလောဆယ် အင်္ဂါဂြိုလ် ပေါ်ကို ရောက်နေတဲ့ Curiosity ဂြိလ်တုကို သူတို့ရဲ့ အိမ်တွေကနေ ထိန်းချုပ် မောင်းနှင်နေကြပါတယ်။

ပုံမှန် ကယ်လီဖိုးနီးယား တောင်ပိုင်းက နာဆာရဲ့ Jet Propulsion စမ်းသပ်စခန်းမှာအလုပ်လုပ်တဲ့ ဒီ သိပ္ပံပညာရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က စပြီးတော့ အိမ်ကနေအလုပ်လုပ် ခဲ့ရတာပါ။ ဒါကြောင့် Curiosity လို့အမည်ပေးထားတဲ့ အင်္ဂါဂြိုလ် စူးစမ်းလေ့လာရေး ယာဉ်ငယ်ကို သူတို့နေအိမ်အသီးသီးကပဲနေပြီး သီးခြားတာဝန်ခွဲ ထိန်းချုပ်မောင်းနှင်နေကြတာဖြစ်ပါတယ်။ ဒီလို လက်တွေ့မှာ ဒီယာဉ်ကို ကွန်ပြူတာနဲ့ ညွှန်ကြား ထိန်းချုပ်မောင်းနှင်ဖို့လူ ၂၀ တစုတဝေးထဲရှိဖို့ လိုအပ်ပြီး နောက်ထပ် ဒါဇင်နဲ့ချီတဲ့ အဖွဲ့တွေက နောက် တနေရာကနေ ကွပ်ကဲ ညွှန်ကြားရတာပါ။

Curiosity ယာဉ်ငယ်ရဲ့ စူးစမ်းလေ့လာရေး လုပ်ငန်းတွေကို အိမ်တွေကနေ ထိန်းချုပ် လုပ်ကိုင် နိုင်ဖို့အတွက် သိပ္ပံပညာရှင်အဖွဲ့ အနေနဲ့ လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေကို ကြိုတင် ပြင်ဆင်ခဲ့ကြရသလို ကြုံလာတဲ့ အခြေအနေပေါ်မူတည် ဆောင်ရွက်ကြရတာလည်း ရှိပါတယ်။ အင်္ဂါဂြိုလ်ပေါ်က ယာဉ်ကို ထိန်းချုပ် မောင်းနှင်ဖို့က အထူးပြုလုပ် ထားတဲ့ သုံးဖက်မြင် ရုပ်ကြွဖန်သားမျက်နှာပြင်ကြီးတွေလိုအပ်တာပါ။

ဒါပေမဲ့ အခုတော့ သိပ္ပံပညာရှင်တွေဟာ အိမ်တွေကနေ အလုပ်လုပ်ကြ ရလို့ 3D ရုပ်ရှင်ရုံတွေကလိုပဲ သာမန် ၃ ဖက်မြင် ရုပ်ပုံတွေကို ကြည့်ပြီး JPL လက်တော့ပ် ကွန်ပြူတာကနေ အဲဒီယာဉ်ကို ထိန်းချုပ်နေရတာပါ။ အဖွဲ့တွင်း ဗွီဒီယိုကတဆင့် အကြိမ်ကြိမ်ဆက်သွယ်စကားပြော၊ ဖုန်းကတဆင့် သတင်းပေးပို့ တာမျိုးတွေ ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အချိန် ၂ ရက်အကြာမှာ အင်္ဂါဂြိုလ်ပေါ်ကနေ ကျောက်တုံး နမူနာ ၁ ခုရယူဖို့ ဒီယာဉ်ငယ်ကို ထိန်းချုပ် ညွှန်ကြားနိုင်ခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/nasa-covid-work-from-home-/5373687.htmla
အဂၤါၿဂိဳလ္ စူးစမ္းေလ့လာေရးယာဥ္ကို NASA သိပၸံ ပညာရွင္ေတြ အိမ္ကေန ေမာင္းႏွင္ အဂၤါၿဂိဳလ္ စူးစမ္းေလ့လာေရးယာဥ္ကို NASA သိပၸံ ပညာရွင္ေတြ အိမ္ကေန ေမာင္းႏွင္ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.