ၿမိတ္ၿမိဳ႕တြင္ လူမႈကြန္ယက္စာမ်က္ႏွာ၌ မဟုတ္မမွန္ သတင္းေရးသားသူအား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဉပေဒျဖင့္ အေရးယူလ်က္ရွိ


ၿမိတ္  ၁၆  ဧၿပီ

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ ကိုဗစ္ - ၁၉ ႏွင့္ပတ္သက္၍ ဧၿပီ ၁၆ ရက္ နံနက္ပိုင္းက ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစမည့္ မဟုတ္မမွန္သတင္းကို လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားတင္ျပခဲ့သူအား ၿမိတ္ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဉပေဒျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ၿမိတ္ၿမိဳ႕ ကန္ႀကီးရပ္ကြက္ ဘုရားႀကီးလမ္း မွ ေက်ာ္ေက်ာ္ခန႔္သည္ Myeik Mission Facebook Account ျဖင့္ “ Eleven Myanmar က 15 ရက္ 8:30 ၌ ၿမိတ္ေဆး႐ုံႀကီးမွာ ဝူဟန္ဗိုင္းရပ္ပိုးရွိသူတစ္ေယာက္ ေတြ႕ရွိပါတယ္လို႔ 100% မွန္ကန္မႈႏွင့္ သတိေပးေၾကညာခဲ့ပါတယ္ ခင္ဗ်ား” ဟု အမ်ားျပည္သူ အထိတ္တလန႔္ျဖစ္ေအာင္ ေရးသား တင္ျပခဲ့ေၾကာင္း သိရသည္။

ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစမည့္ မဟုတ္မမွန္သတင္းကို လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားတင္ျပခဲ့သည့္ ေက်ာ္ေက်ာ္ခန႔္အား ၿမိတ္ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲမႈ ဉပေဒျဖင့္ အမႈဖြင့္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ခိုင္ထူး ( ၿမိတ္ ျပန္/ဆက္ )
-----------------------------------------
မြိတ်မြို့တွင် လူမှုကွန်ယက်စာမျက်နှာ၌ မဟုတ်မမှန် သတင်းရေးသားသူအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေဖြင့် အရေးယူလျက်ရှိ

မြိတ်  ၁၆  ဧပြီ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ် - ၁၉ နှင့်ပတ်သက်၍ ဧပြီ ၁၆ ရက် နံနက်ပိုင်းက ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့် မဟုတ်မမှန်သတင်းကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားတင်ပြခဲ့သူအား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြိတ်မြို့ ကန်ကြီးရပ်ကွက် ဘုရားကြီးလမ်း မှ ကျော်ကျော်ခန့်သည် Myeik Mission Facebook Account ဖြင့် “ Eleven Myanmar က 15 ရက် 8:30 ၌ မြိတ်ဆေးရုံကြီးမှာ ဝူဟန်ဗိုင်းရပ်ပိုးရှိသူတစ်ယောက် တွေ့ရှိပါတယ်လို့ 100% မှန်ကန်မှုနှင့် သတိပေးကြေညာခဲ့ပါတယ် ခင်ဗျား” ဟု အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ရေးသား တင်ပြခဲ့ကြောင်း သိရသည်။

ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့် မဟုတ်မမှန်သတင်းကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားတင်ပြခဲ့သည့် ကျော်ကျော်ခန့်အား မြိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဉပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )
http://www.mdn.gov.mm/index.php/my/home

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား