ကမၻာတ၀န္း COVID-19 ကူးစက္ခံ ၂ ဒသမ ၃ သန္းထိ ေရာက္ရွိ

နယူးေယာက္ၿမိဳ႕တြင္ အစားအစာႏွင့္ ႏွာေခါင္းစည္းမ်ား ရယူရန္ တန္းစီေစာင့္ဆုိင္းေနသူမ်ား။ (ဧၿပီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီကေန႔မနက္အေစာပိုင္း ေနာက္ဆံုးရ သတင္းေတြအရ တကမၻာလံုးမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေပါင္း ၂ ဒသမ ၃ သန္းထိ ျမင့္တက္လာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကူးစက္မႈက တျဖည္းျဖည္း တိုးလာေနဆဲ ရွိေနပါတယ္။ ဒါေပမယ့္ ႏုိင္ငံတခ်ိဳ႕မွာ ကူးစက္မႈႏႈန္း ျပန္က်လာတာ ရွိပါတယ္။

John Hopkins ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာရဲ႕ စာရင္းအရ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ေသဆံုးသူေပါင္း ၄၀,၀၀၀ နီးပါးနဲ႔ ေရာဂါကူးစက္ခံထားရသူ ၇၄၃,၀၀၀ ရွိၿပီး ကမၻာေပၚမွာ ဒီေရာဂါကူးစက္မႈ အမ်ားဆံုးႏုိင္ငံအျဖစ္ ရွိေနပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈ စတင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ တနဂၤေႏြ စာရင္းအရ ေနာက္ထပ္ အသစ္ကူးစက္ခံရသူေပါင္း ၁၆ ေယာက္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ ၈ ေယာက္ ရွိခဲ့ပါတယ္။ ေတာင္ကိုရီးယားအေနနဲ႔ လအနည္းငယ္အတြင္း ပထမဆံုးအႀကိမ္ ကူးစက္မႈအသစ္ အေရအတြက္ ဆယ္ဂဏန္းေအာက္ ရွိခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ႏုိင္ငံတခ်ဳိ႕မွာေတာ့ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ လူတဦးနဲ႔တဦး အနီးကပ္မေနဖို႔ တင္းက်ပ္တဲ့ ညႊန္ၾကားခ်က္ေတြကို စတင္ၿပီး ေျဖေလ်ာ့လာပါတယ္။ အခုလို လူတဦးနဲ႔တဦး လံုေလာက္တဲ့ အကြာအေ၀းရွိဖို႔ဆိုတဲ့ ကန္႔သတ္ခ်က္ေတြကို ေျဖေလ်ာ့မယ့္ အစီအစဥ္ေတြကို WHO အေနနဲ႔ အားေပးတယ္ဆိုေပမယ့္ အခ်ိန္ယူၿပီး ျဖည္းျဖည္းခ်င္း ေဆာင္ရြက္ရမယ့္ကိစၥျဖစ္ၿပီး ကူးစက္ေရာဂါႀကီး ေပ်ာက္သြားၿပီဆိုတာမ်ဳိး မျမင္ၾကဖို႔ WHO ကမၻာ့က်န္းမာေရးအဖဲြ႔ ေခါင္းေဆာင္ ေဒါက္တာ Tedros Adhanom Ghebreyesus က တနဂၤေႏြေန႔က သတိေပး ေျပာၾကားခဲ့ပါတယ္။

ဒီအေတာအတြင္း ကမၻာတ၀ွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြနဲ႔ ေသဆံုးမႈေတြ ဆက္ရွိေနတာနဲ႔အမွ် စီးပြားေရးအေပၚ ႐ိုက္ခတ္မႈေတြ နည္းပါးေစေရး ကမၻာ့ႏုိင္ငံေတြအားလံုး ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ႏုိင္ငံတခ်ိဳ႕က တိုက္တြန္းလိုက္ပါတယ္။

လူ႔အသက္ေတြနဲ႔ လူေတြရဲ႕ အသက္ေမြး၀မ္းေၾကာင္း လုပ္ငန္းေတြ ဆက္ၿပီး မထိခိုက္ရေအာင္ ကယ္တင္ႏိုင္ဖို႔အတြက္ အားလံုး လက္တြဲေဆာင္ရြက္ဖုိ႔ အေရးႀကီးတဲ့အေၾကာင္း ၿဗိတိန္၊ အင္ဒိုနီးရွား၊ ဂ်ာမနီ၊ စင္ကာပူ၊ တူရကီ၊ ကေနဒါ၊ အီတလီ၊ ျပင္သစ္၊ ေတာင္ကိုရီးယား အပါအ၀င္ ႏုိင္ငံေပါင္း ၁၃ ႏုိင္ငံက စေနေန႔က ပူးတြဲ ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းလိုက္တာပါ။

ထိခိုက္မႈနည္းၿပီး ျပန္လည္ နာလန္ထူလာႏိုင္ေရး ႀကိဳးပမ္းမႈေတြ ခိုင္မာအားေကာင္းေစဖုိ႔အတြက္ လူထုက်န္းမာေရး၊ ခရီးသြားလာေရး၊ ကုန္သြယ္ေရး၊ စီးပြားေရးနဲ႔ ေငြေၾကးက်ားကန္မႈ အစီအစဥ္ စသျဖင့္ လုပ္ငန္းေတြ ခ်မွတ္ေဆာင္ရြြက္ရာမွာ အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္သြားဖုိ႔ကိုလည္း ဒီႏုိင္ငံေတြက ကတိျပဳထားၾကပါတယ္။

-----------------------------------

(Unicode)

ကမ္ဘာတဝန်း COVID-19 ကူးစက်ခံ ၂ ဒသမ ၃ သန်းထိ ရောက်ရှိ

ဒီကနေ့မနက်အစောပိုင်း နောက်ဆုံးရ သတင်းတွေအရ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၂ ဒသမ ၃ သန်းထိ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်မှုက တဖြည်းဖြည်း တိုးလာနေဆဲ ရှိနေပါတယ်။ ဒါပေမယ့် နိုင်ငံတချို့မှာ ကူးစက်မှုနှုန်း ပြန်ကျလာတာ ရှိပါတယ်။

John Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာရဲ့ စာရင်းအရ အမေရိကန်ပြည်ထောင်စုမှာတော့ သေဆုံးသူပေါင်း ၄၀,၀၀၀ နီးပါးနဲ့ ရောဂါကူးစက်ခံထားရသူ ၇၄၃,၀၀၀ ရှိပြီး ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ တနင်္ဂနွေ စာရင်းအရ နောက်ထပ် အသစ်ကူးစက်ခံရသူပေါင်း ၁၆ ယောက်နဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့၈ ယောက် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားအနေနဲ့ လအနည်းငယ်အတွင်း ပထမဆုံးအကြိမ် ကူးစက်မှုအသစ် အရေအတွက် ဆယ်ဂဏန်းအောက် ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတချို့မှာတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့အနေနဲ့ လူတဦးနဲ့တဦး အနီးကပ်မနေဖို့ တင်းကျပ်တဲ့ ညွှန်ကြားချက်တွေကို စတင်ပြီး ဖြေလျော့လာပါတယ်။ အခုလို လူတဦးနဲ့တဦး လုံလောက်တဲ့ အကွာအဝေးရှိဖို့ဆိုတဲ့ ကန့်သတ်ချက်တွေကိုဖြေလျော့မယ့် အစီအစဉ်တွေကို WHO အနေနဲ့ အားပေးတယ်ဆိုပေမယ့် အချိန်ယူပြီး ဖြည်းဖြည်းချင်း ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပြီး ကူးစက်ရောဂါကြီး ပျောက်သွားပြီဆိုတာမျိုး မမြင်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ Tedros Adhanom Ghebreyesus က တနင်္ဂနွေနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ ဆက်ရှိနေတာနဲ့အမျှ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ နည်းပါးစေရေး ကမ္ဘာ့နိုင်ငံတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတချို့က တိုက်တွန်းလိုက်ပါတယ်။

လူ့အသက်တွေနဲ့ လူတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆက်ပြီး မထိခိုက်ရအောင် ကယ်တင်နိုင်ဖို့အတွက် အားလုံး လက်တွဲဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ဗြိတိန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ စင်ကာပူ၊ တူရကီ၊ ကနေဒါ၊ အီတလီ၊ ပြင်သစ်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက စနေနေ့က ပူးတွဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ထိခိုက်မှုနည်းပြီး ပြန်လည် နာလန်ထူလာနိုင်ရေး ကြိုးပမ်းမှုတွေ ခိုင်မာအားကောင်းစေဖို့အတွက် လူထုကျန်းမာရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ငွေကြေးကျားကန်မှု အစီအစဉ် စသဖြင့် လုပ်ငန်းတွေ ချမှတ်ဆောင်ရွက်ရာမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဒီနိုင်ငံတွေက ကတိပြုထားကြပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid19-infected-world-wide/5379366.html
ကမၻာတ၀န္း COVID-19 ကူးစက္ခံ ၂ ဒသမ ၃ သန္းထိ ေရာက္ရွိ ကမၻာတ၀န္း COVID-19 ကူးစက္ခံ ၂ ဒသမ ၃ သန္းထိ ေရာက္ရွိ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.