ကေနဒါပစ္ခတ္မႈ ရဲတပ္ဖြဲ႔၀င္တဦး အပါအ၀င္ အနည္းဆံုး ၁၀ ဦး ေသဆံုး

ပစ္ခတ္မႈျဖစ္ပြားရာ ေနရာတဝုိက္ ေစာင့္ၾကပ္ ၾကည့္႐ႈေနသည့္ ရဲတပ္ဖြဲ႕ကားမ်ားႏွင့္ မီးသတ္ယာဥ္။ (ဧၿပီ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကေနဒါႏုိင္ငံ Nova Scotia ျပည္နယ္မွာ တနဂၤေႏြေန႔က အသက္ ၅၁ ႏွစ္အရြယ္ အမ်ိဳးသားတဦးက ေသနတ္နဲ႔ ရမ္းကား ပစ္ခတ္တာေၾကာင့္ အမ်ိဳးသမီး ရဲတပ္ဖြဲ႔၀င္တဦး အပါအ၀င္ အနည္းဆံုး လူ ၁၀ ဦး ေသဆံုးခဲ့ပါတယ္။

ေသနတ္သမားလည္း ေသဆံုးေၾကာင္း အစိုးရ တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။

ေသနတ္သမားက Gabriel Wortman ဆိုသူျဖစ္ၿပီး ဒီအမ်ိဳးသားက ရဲတပ္ဖြဲ႔၀င္ ၀တ္စံု၀တ္၊ ေနာက္ ကားကိုလည္း ကေနဒါရဲကားနဲ႔တူေအာင္ တုပ ဟန္ေဆာင္ခဲ့တယ္လို႔လည္း အာဏာပိုင္တို႔က ေျပာပါတယ္။

ေသနတ္သမားကိုေတာ့ Nova Scotia ျပည္နယ္ Enfield က ဓာတ္ဆီဆိုင္တခုမွာ ရဲက ဖမ္းဆီးရမိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေသနတ္သမား ေသဆံုးသြားၿပီလို႔ ရဲတပ္ဖြဲ႔က ေၾကညာခဲ့ပါတယ္။ ေသဆံုးသူေတြ ထပ္တိုးႏုိင္တယ္လို႔လည္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ပစ္ခတ္ခံရမႈအတြင္း ေသဆံုးခဲ့ရသူ အမ်ိဳးသမီး ရဲတပ္ဖြဲ႔၀င္ကေတာ့ အသက္ ၂၃ ႏွစ္အရြယ္ Heidi Stevenson ျဖစ္ၿပီး ကေလး ၂ ေယာက္မိခင္ ျဖစ္ပါတယ္။

ေသနတ္နဲ႔ ပစ္ခတ္ရတဲ့ အေၾကာင္းရင္းကိုေတာ့ ရဲတပ္ဖြဲ႔က ထုတ္ေဖာ္ေျပာဆိုတာ မရွိေသးပါဘူး။

-------------------------------------

(Unicode)

ကနေဒါပစ်ခတ်မှု ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံး

ကနေဒါနိုင်ငံ Nova Scotia ပြည်နယ်မှာ တနင်္ဂနွေနေ့က အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦးက သေနတ်နဲ့ ရမ်းကား ပစ်ခတ်တာကြောင့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

သေနတ်သမားလည်း သေဆုံးကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

သေနတ်သမားက Gabriel Wortman ဆိုသူဖြစ်ပြီး ဒီအမျိုးသားက ရဲတပ်ဖွဲ့ဝင် ဝတ်စုံဝတ်၊ နောက် ကားကိုလည်း ကနေဒါရဲကားနဲ့တူအောင် တုပ ဟန်ဆောင်ခဲ့တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။

သေနတ်သမားကိုတော့ Nova Scotia ပြည်နယ် Enfield က ဓာတ်ဆီဆိုင်တခုမှာ ရဲက ဖမ်းဆီးရမိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သေနတ်သမား သေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ သေဆုံးသူတွေ ထပ်တိုးနိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်ခံရမှုအတွင်း သေဆုံးခဲ့ရသူ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်ကတော့ အသက် ၂၃ နှစ်အရွယ် Heidi Stevenson ဖြစ်ပြီး ကလေး ၂ ယောက်မိခင် ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

VOA (Burmese)
https://burmese.voanews.com/a/canada-shooting/5379369.html
ကေနဒါပစ္ခတ္မႈ ရဲတပ္ဖြဲ႔၀င္တဦး အပါအ၀င္ အနည္းဆံုး ၁၀ ဦး ေသဆံုး ကေနဒါပစ္ခတ္မႈ ရဲတပ္ဖြဲ႔၀င္တဦး အပါအ၀င္ အနည္းဆံုး ၁၀ ဦး ေသဆံုး Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.