COVID-19 ေၾကာင့္ ဗီယက္နမ္မွာ အျပင္မထြက္ရအမိန္႔ထုတ္


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ဟန္႔တားတဲ့အေနနဲ႔ လူဉီးေရ သန္း ၁၀၀ နီးပါးရွိတဲ့ ဗီယက္နမ္ ႏိုင္ငံမွာ လိုအပ္တဲ့ အစားအေသာက္ နဲ႔ ေဆး၀ါးဝယ္ယူဖို႔ ထြက္တာကလြဲလို႔ တနိုင္ငံလုံး အိမ္ျပင္မထြက္ရ အမိန္႔ထုတ္လိုက္ပါတယ္။

မျဖစ္မေန အျပင္ထြက္တဲ့အခါမွာ လည္း တဦးနဲ႔တဦး ၂ မီတာ အကြာေနဖို႔နဲ႔ လူ ၂ ဦးထက္ ပို စုမေနၾကဖို႔လည္း ပါဝင္ပါတယ္။ ၿမိဳ႕ေတာ္ Hanoi မွာရွိတဲ့ Bach Mai ေဆး႐ုံႀကီးမွာ ေနာက္ထပ္ လူ ၁၂ ဦးေက်ာ္ COVID-19 ေရာဂါပိုး ထပ္မံကူးစက္တာကို ေတြ႕ရွိ ရၿပီး မၾကာခင္မွာပဲ အခုလို ျပင္းျပင္း ထန္ထန္ ပိတ္ပင္လိုက္တာပါ။

ဧၿပီလလယ္အထိ ၁၅ ရက္ၾကာ အိမ္ျပင္မထြက္ရ အမိန္႔ကို ဗီယက္နမ္ ၀န္ႀကီးခ်ဳပ္ Nguyen Xuan Phuc က အဂၤါေန႔ က လက္မွတ္ေရးထိုးခဲ့ၿပီး ဒီကေန႔ ဗုဒၶဟူးေန႔က စၿပီး အသက္ဝင္မွာျဖစ္ပါတယ္။ ဒီအမိန္႔အရ မရွိမျဖစ္ လုပ္ငန္းေတြက လြဲလို႔ စီးပြားေရး လုပ္ငန္းေတြ ရပ္ဆိုင္း ထားရမွာျဖစ္ပါတယ္။ အိမ္တိုင္း၊ ရြာတိုင္း၊ ရပ္ကြက္တိုင္း၊ ၿမိဳ႕နယ္၊ ျပည္နယ္တိုင္း ဒီအမိန္႔ကို လိုက္နာၾကဖို႔ လည္း ဗီယက္နမ္အစိုးရ website မွာ တိုက္တြန္းထား တာပါ။

အခုလို အျပင္မထြက္ရ အမိန္႔မေၾကညာခင္ကတည္းက ေရာဂါထိန္းခ်ဳပ္ကိုင္တြယ္ပုံနဲ႔ ပတ္သက္လို႔ ဖြံ႔ၿဖိဳးဆဲနိုင္ငံတခုျဖစ္တဲ့ ဗီယက္နမ္နိုင္ငံကို နိုင္ငံတကာ က ခ်ီးက်ဴးခဲ့ပါတယ္။ ေရာဂါျဖစ္ပြားသူေတြကို အာဏာပိုင္ေတြက အလၽွင္အျမန္ သီးျခားခြဲထား နိုင္ခဲ့သလို ေရာဂါရွိသူနဲ႔ ဆက္သြယ္ခဲ့ သူေတြကိုလည္း အခ်ိန္မီ ေဖာ္ထုတ္ခဲ့ပါတယ္။

ဗီယက္နမ္မွာ ၿပီးခဲ့တဲ့ ဇန္န၀ါရီလက စလို႔ ပထမဆုံးေရာဂါ ကူးစက္ခံရသူရွိခဲ့တာျဖစ္ၿပီး ျပင္ပကကူးစက္မႈစစခ်င္း ပထမအဆင့္မွာပဲ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြ လုပ္ခဲ့ပါတယ္။ တနလၤာေန႔အထိ ႏိုင္ငံတြင္း ကူးစက္သူ ၂၀၄ ဉီးနဲ႔ ေသဆုံးသူ မရွိေသးပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
........................

COVID-19 ကြောင့် ဗီယက်နမ်မှာ အပြင်မထွက်ရအမိန့်ထုတ်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားတဲ့အနေနဲ့ လူဉီးရေ သန်း ၁၀၀ နီးပါးရှိတဲ့ ဗီယက်နမ် နိုင်ငံမှာ လိုအပ်တဲ့ အစားအသောက် နဲ့ ဆေးဝါးဝယ်ယူဖို့ ထွက်တာကလွဲလို့ တနိုင်ငံလုံး အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်ပါတယ်။

မဖြစ်မနေ အပြင်ထွက်တဲ့အခါမှာ လည်း တဦးနဲ့တဦး ၂ မီတာ အကွာနေဖို့နဲ့ လူ ၂ ဦးထက် ပို စုမနေကြဖို့လည်း ပါဝင်ပါတယ်။ မြို့တော် Hanoi မှာရှိတဲ့ Bach Mai ဆေးရုံကြီးမှာ နောက်ထပ် လူ ၁၂ ဦးကျော် COVID-19ရောဂါပိုး ထပ်မံကူးစက်တာကို တွေ့ရှိ ရပြီး မကြာခင်မှာပဲ အခုလို ပြင်းပြင်း ထန်ထန် ပိတ်ပင်လိုက်တာပါ။

ဧပြီလလယ်အထိ ၁၅ ရက်ကြာ အိမ်ပြင်မထွက်ရ အမိန့်ကို ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc က အင်္ဂါနေ့ က လက်မှတ်ရေးထိုးခဲ့ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့က စပြီး အသက်ဝင်မှာဖြစ်ပါတယ်။ ဒီအမိန့်အရ မရှိမဖြစ် လုပ်ငန်းတွေက လွဲလို့ စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်း ထားရမှာဖြစ်ပါတယ်။ အိမ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်၊ ပြည်နယ်တိုင်း ဒီအမိန့်ကို လိုက်နာကြဖို့ လည်း ဗီယက်နမ်အစိုးရ website မှာ တိုက်တွန်းထား တာပါ။

အခုလို အပြင်မထွက်ရ အမိန့်မကြေညာခင်ကတည်းက ရောဂါထိန်းချုပ်ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို နိုင်ငံတကာ က ချီးကျူးခဲ့ပါတယ်။ ရောဂါဖြစ်ပွားသူတွေကို အာဏာပိုင်တွေက အလျှင်အမြန် သီးခြားခွဲထား နိုင်ခဲ့သလို ရောဂါရှိသူနဲ့ ဆက်သွယ်ခဲ့ သူတွေကိုလည်း အချိန်မီ ဖော်ထုတ်ခဲ့ပါတယ်။

ဗီယက်နမ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စလို့ ပထမဆုံးရောဂါ ကူးစက်ခံရသူရှိခဲ့တာဖြစ်ပြီး ပြင်ပကကူးစက်မှုစစချင်း ပထမအဆင့်မှာပဲ ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ခဲ့ပါတယ်။ တနင်္လာနေ့အထိ နိုင်ငံတွင်း ကူးစက်သူ ၂၀၄ ဉီးနဲ့ သေဆုံးသူ မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/vietnam-covid-19-stay-home-order/5354087.html
COVID-19 ေၾကာင့္ ဗီယက္နမ္မွာ အျပင္မထြက္ရအမိန္႔ထုတ္ COVID-19 ေၾကာင့္ ဗီယက္နမ္မွာ အျပင္မထြက္ရအမိန္႔ထုတ္ Reviewed by THITHTOOLWIN on 02:51 Rating: 5
Powered by Blogger.