ေမာင္ေတာၿမိဳ႕နယ္၌ ဆြဲမိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ ၂ဦးေသ ၊ ၃ဦး ဒဏ္ရာရရွိ


(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)

    ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၌ မတ္ ၃၀ရက္ နံနက္ပိုင္းက ဆြဲမိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး ေသဆုံးကာ သုံးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္ေက်း႐ြာႏွင့္ မဂၤလာၫြန႔္ေက်း႐ြာေန ဒိုင္းနက္လူမ်ိဳး ႐ြာသား ၁၂ ဦးသည္ ယင္းေန႔နံနက္ ၈ နာရီခန႔္တြင္ အမဲလိုက္ရန္ ခေမာင္းဆိပ္ေက်း႐ြာမွ ေမာ္ေတာ္ဆိုင္ကယ္ေလးစီးျဖင့္ ထြက္ခြာခဲ့ရာ ခေမာင္းဆိပ္-ေအာင္ဇူကားလမ္းေဘး၌ ေမာ္ေတာ္ဆိုင္ကယ္မ်ားကိုရပ္တန႔္၍ လမ္းေလွ်ာက္သြားစဥ္ လႈိင္သီေခ်ာင္း တံတားႏွင့္ ေပ ၂၀ ခန႔္အကြာသို႔အေရာက္၌ မိုင္းတစ္လုံးေပါက္ကြဲခဲ့သျဖင့္ ႐ြာသားႏွစ္ဦးေသဆုံးၿပီး သုံးဦးမိုင္းစ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္သည္။

၎မိုင္းထိလူနာမ်ားသည္ ခေမာင္းဆိပ္ေက်း႐ြာရွိ နယ္ေျမခံတပ္သို႔ေရာက္ရွိလာရာ တပ္မေတာ္သားမ်ားက လိုအပ္ သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးၿပီး ေမာင္ေတာၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။ မိုင္းေပါက္ကြဲမႈျဖစ္ပြားေသာေနရာ တစ္ဝိုက္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြစစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ေပါက္ကြဲမႈေၾကာင့္ အက်ယ္ ၁၀ ေပ၊ အနက္ ၈ ေပခန႔္ရွိ က်င္းတစ္က်င္း၊ အရွည္ေပ ၅၀ ခန႔္ရွိ ဝိုင္ယာ ႀကိဳး တစ္ေခ်ာင္း၊ တံတားေအာက္မွ က်ည္ခြံ သုံးခု၊ က်ည္တစ္ေတာင့္ႏွင့္ မီးေလာင္ထားေသာ ဆိုင္ကယ္ ေလးစီး တို႔ကို ေတြ႕ရွိရၿပီး နယ္ေျမလုံၿခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

(Xinhua)
--------------------------------------------------------
(Unicode)⤵⤵⤵

မောင်တောမြို့နယ်၌ ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ၂ဦးသေ ၊ ၃ဦး ဒဏ်ရာရရှိ

    ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၃၀ရက် နံနက်ပိုင်းက ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာနေ ဒိုင်းနက်လူမျိုး ရွာသား ၁၂ ဦးသည် ယင်းနေ့နံနက် ၈ နာရီခန့်တွင် အမဲလိုက်ရန် ခမောင်းဆိပ်ကျေးရွာမှ မော်တော်ဆိုင်ကယ်လေးစီးဖြင့် ထွက်ခွာခဲ့ရာ ခမောင်းဆိပ်-အောင်ဇူကားလမ်းဘေး၌ မော်တော်ဆိုင်ကယ်များကိုရပ်တန့်၍ လမ်းလျှောက်သွားစဉ် လှိုင်သီချောင်း တံတားနှင့် ပေ ၂၀ ခန့်အကွာသို့အရောက်၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရွာသားနှစ်ဦးသေဆုံးပြီး သုံးဦးမိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းမိုင်းထိလူနာများသည် ခမောင်းဆိပ်ကျေးရွာရှိ နယ်မြေခံတပ်သို့ရောက်ရှိလာရာ တပ်မတော်သားများက လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားသောနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် အကျယ် ၁၀ ပေ၊ အနက် ၈ ပေခန့်ရှိ ကျင်းတစ်ကျင်း၊ အရှည်ပေ ၅၀ ခန့်ရှိ ဝိုင်ယာ ကြိုး တစ်ချောင်း၊ တံတားအောက်မှ ကျည်ခွံ သုံးခု၊ ကျည်တစ်တောင့်နှင့် မီးလောင်ထားသော ဆိုင်ကယ် လေးစီး တို့ကို တွေ့ရှိရပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/myanmar/politics-law-military/26928-2020-03-31-08-23-08

ေမာင္ေတာၿမိဳ႕နယ္၌ ဆြဲမိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ ၂ဦးေသ ၊ ၃ဦး ဒဏ္ရာရရွိ ေမာင္ေတာၿမိဳ႕နယ္၌ ဆြဲမိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ ၂ဦးေသ ၊ ၃ဦး ဒဏ္ရာရရွိ Reviewed by THITHTOOLWIN on 02:56 Rating: 5
Powered by Blogger.