COVID -19 သံသယလူနာေတြ႕ လို႔ ေနျပည္ေတာ္ ပညာေရး ဝန္ႀကီးဌာန႐ုံးေတြကို ပိတ္

 ေနျပည္ေတာ္မွာ သံသယလူနာေတြ႕
(Zawgyi)⤵⤵⤵
COVID -19 သံသယလူနာ ေတြ႕ရွိရ လို႔ ေနျပည္ေတာ္က ပညာေရး ဝန္ႀကီးဌာန ႐ုံး ၂ ခုျဖစ္တဲ့ ႐ုံးအ မွတ္ ၁၃ နဲ႔ ႐ုံးအမွတ္၂၁ တို႔ကို ဧၿပီ ၇ ရက္က စၿပီး ယာယီ ပိတ္ထားလိုက္ၿပီ ျဖစ္တယ္လို႔ အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း က ဘီဘီစီကိုေျပာပါတယ္။

"Lockdown လုပ္ထားတာ ဟုတ္ပါတယ္။ ႐ုံးအမွတ္ ၁၃ ကဧၿပီ ၇ ရက္ မနက္၁၀ နာရီ ၁၅ ေလာက္ထဲကပါ၊ ဝန္ထမ္းေတြက ေတာ့ အိမ္ကေန လုပ္ၾကပါတယ္ ။ဗီဒီယိုကြန္ဖရန႔္နဲ႔လည္းအလုပ္ေတြဆက္လုပ္ေနၾကပါတယ္ ၊ ႐ုံးအမွတ္ ၁၃ က ဝန္ထမ္းေတြကိုလည္း ဘယ္မွ မထြက္ခိုင္းဘဲ အိမ္မွာပဲ ေနခိုင္းထားပါတယ္၊ ႐ုံးအမွတ္ ၂၁ ကေတာ့ ၅၀ ရာခိုင္ႏႈန္းပဲ Lockdown လုပ္ပါတယ္ "လို႔ ဘီဘီစီကိုေျပာပါတယ္။

Lockdown လုပ္ထားတဲ့ ႐ုံးအမွတ္ ၁၃ ထဲမွာ ဝန္ႀကီးမ်ား႐ုံး၊ပညာေရးသုေတသနနဲ႔ အေျခခံပညာဉီးစီးဌာန ေတြပါဝင္ပါေၾကာင္း ပညာေရးဝန္ထမ္းတစ္ဉီးက ေျပာပါတယ္။

COVID -19 သံသယလူနာဟာ ႐ုံး အမွတ္ ၁၃ က ေန႔စား သန႔္ရွင္းေရးဝန္ထမ္းတေယာက္ျဖစ္ၿပီးေတာ့ ယခင္ ေရာဂါ အခံေတြလည္းရွိတယ္ လို႔လည္း ေနျပည္ေတာ္ ပညာေရးဝန္ထမ္းေတြထံကေန သိရပါတယ္။

တိုက္ခန္းကိုလည္း ယာယီပိတ္

ႀကိဳတင္ ကာကြယ္လိုတဲ့ အေနနဲ႔ ဝန္ႀကီးဌာန႐ုံး ၂ ႐ုံးကို ပိတ္ထားလိုက္ တာျဖစ္ၿပီး ဝန္ႀကီးဌာန ရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔လည္းသူကရွင္းျပပါတယ္၊ သံသယလူနာ ေနထိုင္တဲ့ တိုက္ခန္းကိုလည္း ယာယီပိတ္ ထားလိုက္ၿပီျဖစ္ တယ္လို႔လည္းဦးကိုေလးဝင္း ကေျပာပါတယ္။

COVID -19 သံသယ လူနာ ပညာေရးဝန္ထမ္းဟာ ေနျပည္ေတာ္ ကုတင္တစ္ေထာင္မွာ တက္ေရာက္ ကုသမႈခံေနၿပီးေတာ့ ေဆးစစ္ခ်က္ကို ရန္ကုန္ၿမိဳ႕ကို ပို႔ထားတယ္ လို႔ လည္းသူကေျပာပါတယ္။

ေနျပည္ေတာ္မွာ သံသယျဖစ္လို႔ ေဆးစစ္ထားတဲ့ ေဒသခံေတြရွိေပမယ့္၊ ေဆးစစ္ခ်က္ အေျဖ ေတြမွာ COVID -19 ပိုး အတည္ျပဳလူနာ မေတြ႕ရေသးဘူးလို႔လည္း ေနျပည္ေတာ္ေဒသခံတစ္ဉီးကေျပာပါတယ္။

COVID- 19 အတည္ျပဳလူနာ ဆြစ္ဇာလန္ ႏိုင္ငံသူမွာလည္း ပိုးထပ္ေတြ႕ျခင္း မရွိေတာ့ လို႔ ေဆး႐ုံက ဆင္းခိုင္း ဖို႔စီစဥ္ေနတယ္ လို႔ သိရွိရပါတယ္။
 ေနျပည္ေတာ္ ကုတင္ တစ္ေထာင္ေဆး႐ုံ

ကိုဗစ္ ၁၉ ေၾကာင့္ ေသသူ ၃ ဉီးရွိၿပီ

ကိုဗစ္ ၁၉ ေၾကာင့္ ေနာက္ထပ္ လူနာ နံပတ္ ၁၆ နဲ႔ လူနာနံပတ္ ၁၇ ႏွစ္ဦး ဒီမနက္ေသ ဆုံးခဲ့ ပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ကူးစက္သူ ၂၂ ရွိၿပီး ေသဆုံးသူ ၃ ဦးရွိသြားပါၿပီ။

ေသဆုံးသူႏွစ္ ေယာက္ထဲက အမ်ိဳးသမီးဟာ အသက္ ၆၃ ခုႏွစ္ရွိၿပီး အဆုတ္ေရာဂါ နဲ႔ ဆီးခ်ိဳေရာ ဂါအခံရွိတယ္လို႔ သိရတယ္။ ဒါေပမဲ့ ေနာက္ထပ္ေသဆုံးသူအမ်ိဳးသားျဖစ္တဲ့ ေပါက္ေခါင္း ဒုအုပ္ခ်ဳပ္ေရး မႉးကေတာ့ အသက္ ၄၇ ခုႏွစ္ပဲရွိပါ တယ္။ ေဆး႐ုံတင္ ထားတာ ရက္ပိုင္းအတြင္းမွာပဲ အခုလို ေသဆုံးတာလို႔ က်န္းမာေရးဝန္ႀကီးဌာန ကေျပာပါတယ္။

အဲ့ဒီလူနာရဲ႕အမ်ိဳးသမီးကလည္း အထူးၾကပ္မတ္ကုသမႈ ေဆာင္မွာ ထားထားရပါတယ္။

ေနျပည္ေတာ္မွာေတာ့ ျပည္တြင္းကူးစက္ခံရသူ မရွိေသးဘဲ ယူအန္ဝန္ထမ္းတစ္ဉီးသာ ေရာဂါပိုးေတြရွိထားပါတယ္။

"႐ုံးအမွတ္(၁၃)မွာ DG တစ္ခ်ိဳ႕လည္း ႐ုံးတက္ေနတုန္း ျဖစ္ပါတယ္။ စိတ္ခ်ရေအာင္လို႔နဲ႔ ႐ုံးပိတ္ရက္ နီးကပ္ေနတာ ျဖစ္တဲ့အတြက္ မရွိမျဖစ္ ဝန္ထမ္းကလြဲလို႔ က်န္တဲ့ ဝန္ထမ္းေတြကို Home Stay ေနခိုင္းထားေၾကာင္း သိရွိရပါတယ္။ NHL က ဓါတ္ခြဲအေျဖ ထြက္ရွိမႈေပၚ မူတည္ၿပီး ဆက္လက္ ေဆာင္႐ြက္ဖို႔ ရွိပါတယ္ "လို႔ သမၼတ႐ုံးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌး ကေျပာပါတယ္။

အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း ကေတာ့ Lockdown လုပ္ထားတာ ဘယ္ေလာက္ၾကာမယ္ မေျပာႏိုင္ေသးေၾကာင္းနဲ႔ သံသယလူနာ ရဲ႕ ဓာတ္ခြဲ ရလဒ္ေတြေပၚမူတည္တယ္လို႔ လည္း ဘီဘီစီ ကိုေျပာပါတယ္။

ဧၿပီ လ ၇ရက္ေန႔ ကေနျပည္ေတာ္ ကသံသယလူနာ ရဲ႕အေျဖကိုေတာ့ ဧၿပီ လ ၈ ရက္ ေန႔ ေလာက္မွာ မွာသိရမွာျဖစ္တယ္လို႔တာဝန္ရွိတဲ့သူေတြကေျပာပါတယ္။

လက္ရွိသံသယလူနာအျဖစ္ေဆး႐ုံတင္ထားတဲ့ဝန္ထမ္းဟာ ဝန္ႀကီးဌာနမွာရွိတဲ့ ေနရာေတာ္ေတာ္မ်ားမ်ားကို ဝင္ထြက္ၿပီးသန႔္ရွင္းေရးနဲ႔ဆိုင္တဲ့လုပ္ငန္းေတြလုပ္ကိုင္ရတဲ့သူျဖစ္ပါတယ္။

BBC Burmese
------------------------------------------------
(Unicode)⤵⤵⤵
COVID -19 သံသယလူနာတွေ့ လို့ နေပြည်တော် ပညာရေး ဝန်ကြီးဌာနရုံးတွေကို ပိတ်

COVID -19 သံသယလူနာ တွေ့ရှိရ လို့ နေပြည်တော်က ပညာရေး ဝန်ကြီးဌာန ရုံး ၂ ခုဖြစ်တဲ့ ရုံးအ မှတ် ၁၃ နဲ့ ရုံးအမှတ်၂၁ တို့ကို ဧပြီ ၇ ရက်က စပြီး ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်တယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ဘီဘီစီကိုပြောပါတယ်။

"Lockdown လုပ်ထားတာ ဟုတ်ပါတယ်။ ရုံးအမှတ် ၁၃ ကဧပြီ ၇ ရက် မနက်၁၀ နာရီ ၁၅ လောက်ထဲကပါ၊ ဝန်ထမ်းတွေက တော့ အိမ်ကနေ လုပ်ကြပါတယ် ။ဗီဒီယိုကွန်ဖရန့်နဲ့လည်းအလုပ်တွေဆက်လုပ်နေကြပါတယ် ၊ ရုံးအမှတ် ၁၃ က ဝန်ထမ်းတွေကိုလည်း ဘယ်မှ မထွက်ခိုင်းဘဲ အိမ်မှာပဲ နေခိုင်းထားပါတယ်၊ ရုံးအမှတ် ၂၁ ကတော့ ၅၀ ရာခိုင်နှုန်းပဲ Lockdown လုပ်ပါတယ် "လို့ ဘီဘီစီကိုပြောပါတယ်။

Lockdown လုပ်ထားတဲ့ ရုံးအမှတ် ၁၃ ထဲမှာ ဝန်ကြီးများရုံး၊ပညာရေးသုတေသနနဲ့ အခြေခံပညာဉီးစီးဌာန တွေပါဝင်ပါကြောင်း ပညာရေးဝန်ထမ်းတစ်ဉီးက ပြောပါတယ်။

COVID -19 သံသယလူနာဟာ ရုံး အမှတ် ၁၃ က နေ့စား သန့်ရှင်းရေးဝန်ထမ်းတယောက်ဖြစ်ပြီးတော့ ယခင် ရောဂါ အခံတွေလည်းရှိတယ် လို့လည်း နေပြည်တော် ပညာရေးဝန်ထမ်းတွေထံကနေ သိရပါတယ်။

တိုက်ခန်းကိုလည်း ယာယီပိတ်

ကြိုတင် ကာကွယ်လိုတဲ့ အနေနဲ့ ဝန်ကြီးဌာနရုံး ၂ ရုံးကို ပိတ်ထားလိုက် တာဖြစ်ပြီး ဝန်ကြီးဌာန ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်းသူကရှင်းပြပါတယ်၊ သံသယလူနာ နေထိုင်တဲ့ တိုက်ခန်းကိုလည်း ယာယီပိတ် ထားလိုက်ပြီဖြစ် တယ်လို့လည်းဦးကိုလေးဝင်း ကပြောပါတယ်။

COVID -19 သံသယ လူနာ ပညာရေးဝန်ထမ်းဟာ နေပြည်တော် ကုတင်တစ်ထောင်မှာ တက်ရောက် ကုသမှုခံနေပြီးတော့ ဆေးစစ်ချက်ကို ရန်ကုန်မြို့ကို ပို့ထားတယ် လို့ လည်းသူကပြောပါတယ်။

နေပြည်တော်မှာ သံသယဖြစ်လို့ ဆေးစစ်ထားတဲ့ ဒေသခံတွေရှိပေမယ့်၊ ဆေးစစ်ချက် အဖြေ တွေမှာ COVID -19 ပိုး အတည်ပြုလူနာ မတွေ့ရသေးဘူးလို့လည်း နေပြည်တော်ဒေသခံတစ်ဉီးကပြောပါတယ်။

COVID- 19 အတည်ပြုလူနာ ဆွစ်ဇာလန် နိုင်ငံသူမှာလည်း ပိုးထပ်တွေ့ခြင်း မရှိတော့ လို့ ဆေးရုံက ဆင်းခိုင်း ဖို့စီစဉ်နေတယ် လို့ သိရှိရပါတယ်။

ကိုဗစ် ၁၉ ကြောင့် သေသူ ၃ ဉီးရှိပြီ

ကိုဗစ် ၁၉ ကြောင့် နောက်ထပ် လူနာ နံပတ် ၁၆ နဲ့ လူနာနံပတ် ၁၇ နှစ်ဦး ဒီမနက်သေ ဆုံးခဲ့ ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်သူ ၂၂ ရှိပြီး သေဆုံးသူ ၃ ဦးရှိသွားပါပြီ။

သေဆုံးသူနှစ် ယောက်ထဲက အမျိုးသမီးဟာ အသက် ၆၃ ခုနှစ်ရှိပြီး အဆုတ်ရောဂါ နဲ့ ဆီးချိုရော ဂါအခံရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ နောက်ထပ်သေဆုံးသူအမျိုးသားဖြစ်တဲ့ ပေါက်ခေါင်း ဒုအုပ်ချုပ်ရေး မှူးကတော့ အသက် ၄၇ ခုနှစ်ပဲရှိပါ တယ်။ ဆေးရုံတင် ထားတာ ရက်ပိုင်းအတွင်းမှာပဲ အခုလို သေဆုံးတာလို့ ကျန်းမာရေးဝန်ကြီးဌာန ကပြောပါတယ်။

အဲ့ဒီလူနာရဲ့အမျိုးသမီးကလည်း အထူးကြပ်မတ်ကုသမှု ဆောင်မှာ ထားထားရပါတယ်။

နေပြည်တော်မှာတော့ ပြည်တွင်းကူးစက်ခံရသူ မရှိသေးဘဲ ယူအန်ဝန်ထမ်းတစ်ဉီးသာ ရောဂါပိုးတွေရှိထားပါတယ်။

"ရုံးအမှတ်(၁၃)မှာ DG တစ်ချို့လည်း ရုံးတက်နေတုန်း ဖြစ်ပါတယ်။ စိတ်ချရအောင်လို့နဲ့ ရုံးပိတ်ရက် နီးကပ်နေတာ ဖြစ်တဲ့အတွက် မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကျန်တဲ့ ဝန်ထမ်းတွေကို Home Stay နေခိုင်းထားကြောင်း သိရှိရပါတယ်။ NHL က ဓါတ်ခွဲအဖြေ ထွက်ရှိမှုပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်ဖို့ ရှိပါတယ် "လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကပြောပါတယ်။

အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကတော့ Lockdown လုပ်ထားတာ ဘယ်လောက်ကြာမယ် မပြောနိုင်သေးကြောင်းနဲ့ သံသယလူနာ ရဲ့ ဓာတ်ခွဲ ရလဒ်တွေပေါ်မူတည်တယ်လို့ လည်း ဘီဘီစီ ကိုပြောပါတယ်။

ဧပြီ လ ၇ရက်နေ့ ကနေပြည်တော် ကသံသယလူနာ ရဲ့အဖြေကိုတော့ ဧပြီ လ ၈ ရက် နေ့ လောက်မှာ မှာသိရမှာဖြစ်တယ်လို့တာဝန်ရှိတဲ့သူတွေကပြောပါတယ်။

လက်ရှိသံသယလူနာအဖြစ်ဆေးရုံတင်ထားတဲ့ဝန်ထမ်းဟာ ဝန်ကြီးဌာနမှာရှိတဲ့ နေရာတော်တော်များများကို ဝင်ထွက်ပြီးသန့်ရှင်းရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်ကိုင်ရတဲ့သူဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52216147
COVID -19 သံသယလူနာေတြ႕ လို႔ ေနျပည္ေတာ္ ပညာေရး ဝန္ႀကီးဌာန႐ုံးေတြကို ပိတ္ COVID -19 သံသယလူနာေတြ႕ လို႔ ေနျပည္ေတာ္ ပညာေရး ဝန္ႀကီးဌာန႐ုံးေတြကို ပိတ္ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.