COVID-19 ကပ္ေရာဂါကုိ အခြင့္ေကာင္းယူၿပီး ပင္လယ္ျပင္မွာ တရုတ္ အင္အားခ်ဲ႕ေန

တ႐ုတ္သေဘၤာ Haiyang Dizhi ( Photo by the China Geological Survey)
(Zawgyi/Unicode)

အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ ပင္လယ္အတြင္း ဗီယက္နမ္နိုင္ငံက ပိုင္ဆိုင္တယ္လို႔ ေၾကညာထားတဲ့ ေရျပင္မွာ ဧၿပီလအေစာပိုင္းက ဗီယက္နမ္ ငါးဖမ္းေလွတစ္စင္းကို တိုက္ၿပီး ႏွစ္ျမႇုပ္ခဲ့တဲ့ တ႐ုတ္သေဘၤာ Haiyang Dizhi အဲဒီ ေရျပင္ထဲ ျပန္ေရာက္လာခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ တ႐ုတ္နိုင္ငံဟာ COVID-19 ကပ္ေရာဂါကို လူေတြ အာ႐ုံစိုက္ေနတာကို အခြင့္အေကာင္းယူၿပီး ပင္လယ္ျပင္မွာ အင္အား ခ်ဲ႕ထြင္ေနတာေတြ လုပ္ေနမွာကို စိုးရိမ္ပူပန္စိတ္ေတြ ျပန္ၿပီး ထြက္ေပၚလာေစခဲ့ပါတယ္။

Haiyang Dizhi သေဘၤာဟာ ဗီယက္နမ္ရဲ႕ အထူး စီးပြားေရး ေရပိုင္နက္ဇုံထဲ အဂၤါေန႔ ညေနပိုင္းက ျပန္ေရာက္လာတာ ျဖစ္တယ္လို႔ Maritime Traffic အဖြဲ႕က ေျပာပါတယ္။

အခုလို ျပန္ေရာက္လာတာေၾကာင့္ ဧၿပီလ ၂ ရက္ေန႔က ငါးဖမ္း သေဘၤာ ႏွစ္ျမႇုပ္ခံရတဲ့ ဗီယက္နမ္ ႏိုင္ငံနဲ႔ တ႐ုတ္နိုင္ငံအၾကား တင္းမာ မႈေတြ ျပန္ၿပီး ျမင့္တက္လာေစမယ့္ အႏၲရာယ္ ပိုမ်ား လာေစပါတယ္။ Haiyang Dizhi သေဘၤာတိုက္လို႔ နစ္ျမဳပ္သြားတဲ့ ဗီယက္နမ္း ငါးဖမ္း သေဘၤာမွာ ငါးဖမ္းသမား ၆ ေယာက္ပါရွိေပမဲ့ အားလုံး အသက္မေသဘဲ လြတ္ေျမာက္ခဲ့တာပါ။

အဲဒီ အျဖစ္အပ်က္ေၾကာင့္ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus က ေၾကညာခ်က္ထုတ္ျပန္ၿပီး တ႐ုတ္နိုင္ငံဟာ COVID-19 ကိစၥက ေန အာ႐ုံလႊဲေျပာင္းဖို႔ ႀကိဳးစားေနတယ္လို႔ စြပ္စြဲခဲ့ပါေသးတယ္။

COVID-19 ေၾကာင့္ တ႐ုတ္နိုင္ငံသားေတြ ေသဆုံးရတာေတြ၊ စီးပြားေရး က်ဆင္းတာေတြနဲ႔ ဂုဏ္သတင္း ထိခိုက္တာေတြ ရွိေနေပမဲ့ တ႐ုတ္နိုင္ငံဟာ သူ႔ရဲ႕ အင္အား ေတာင့္တင္းခိုင္မာတာကို ျပသခ်င္ ေနတယ္လို႔ ေလ့လာအကဲျဖတ္သူေတြက သုံးသပ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
---------------------------------------------------

COVID-19 ကပ်ရောဂါကို အခွင့်ကောင်းယူပြီး ပင်လယ်ပြင်မှာ တရုတ် အင်အားချဲ့နေ

(Unicode)

အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်အတွင်း ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ရေပြင်မှာ ဧပြီလအစောပိုင်းက ဗီယက်နမ် ငါးဖမ်းလှေတစ်စင်းကို တိုက်ပြီး နှစ်မြှုပ်ခဲ့တဲ့ တရုတ်သင်္ဘော Haiyang Dizhi အဲဒီ ရေပြင်ထဲ ပြန်ရောက်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ COVID-19 ကပ်ရောဂါကို လူတွေ အာရုံစိုက်နေတာကို အခွင့်အကောင်းယူပြီး ပင်လယ်ပြင်မှာ အင်အား ချဲ့ထွင်နေတာတွေ လုပ်နေမှာကို စိုးရိမ်ပူပန်စိတ်တွေ ပြန်ပြီး ထွက်ပေါ်လာစေခဲ့ပါတယ်။

Haiyang Dizhi သင်္ဘောဟာ ဗီယက်နမ်ရဲ့ အထူး စီးပွားရေး ရေပိုင်နက်ဇုံထဲ အင်္ဂါနေ့ ညနေပိုင်းက ပြန်ရောက်လာတာ ဖြစ်တယ်လို့ Maritime Traffic အဖွဲ့က ပြောပါတယ်။

အခုလို ပြန်ရောက်လာတာကြောင့် ဧပြီလ ၂ ရက်နေ့က ငါးဖမ်း သင်္ဘော နှစ်မြှုပ်ခံရတဲ့ ဗီယက်နမ် နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား တင်းမာ မှုတွေ ပြန်ပြီး မြင့်တက်လာစေမယ့် အန္တရာယ် ပိုများ လာစေပါတယ်။ Haiyang Dizhi သင်္ဘောတိုက်လို့ နစ်မြုပ်သွားတဲ့ ဗီယက်နမ်း ငါးဖမ်း သင်္ဘောမှာ ငါးဖမ်းသမား ၆ ယောက်ပါရှိပေမဲ့ အားလုံး အသက်မသေဘဲ လွတ်မြောက်ခဲ့တာပါ။

အဲဒီ အဖြစ်အပျက်ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက်ထုတ်ပြန်ပြီး တရုတ်နိုင်ငံဟာ COVID-19 ကိစ္စက နေ အာရုံလွှဲပြောင်းဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။

COVID-19 ကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးရတာတွေ၊ စီးပွားရေး ကျဆင်းတာတွေနဲ့ ဂုဏ်သတင်း ထိခိုက်တာတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ အင်အား တောင့်တင်းခိုင်မာတာကို ပြသချင် နေတယ်လို့ လေ့လာအကဲဖြတ်သူတွေက သုံးသပ်ပါတယ် ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-south-china-sea-/5373668.html
COVID-19 ကပ္ေရာဂါကုိ အခြင့္ေကာင္းယူၿပီး ပင္လယ္ျပင္မွာ တရုတ္ အင္အားခ်ဲ႕ေန COVID-19 ကပ္ေရာဂါကုိ အခြင့္ေကာင္းယူၿပီး ပင္လယ္ျပင္မွာ တရုတ္ အင္အားခ်ဲ႕ေန Reviewed by THITHTOOLWIN on 05:04 Rating: 5
Powered by Blogger.