တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အားလုံးရွိ ေတာင္သူမ်ား အေနျဖင့္ ထြန္ယက္၊ စိုက္ပ်ိဳး၊ ရိတ္သိမ္း၊ ေႁခြေလွ႔ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရန္ စက္မ်ားလိုအပ္ပါက အကူအညီေတာင္းခံႏိုင္

စပါးရိတ္သိမ္းေနသည့္ ေတာင္သူတစ္ခ်ိဳ႕အားေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဧၿပီ ၃ ရက္ (ဆင္ဟြာ)

    တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အားလုံးရွိ ေတာင္သူလယ္သမားဦးႀကီးမ်ား အေနျဖင့္ COVID-19 ကာလ တြင္ စက္ကိရိယာမ်ားအသုံးျပဳ၍ ထြန္ယက္၊ စိုက္ပ်ိဳး၊ ရိတ္သိမ္း၊ ေႁခြေလွ႔ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရန္ စက္မႈလယ္ယာဦးစီးဌာနသို႔ ယခုမွစတင္၍ ဆက္သြယ္အကူအညီေတာင္းႏိုင္ေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ၊စက္မႈလယ္ယာ ဦးစီးဌာန က ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးစိုးလွႈိင္က ဆင္ဟြာကို ဧၿပီ ၃ ရက္တြင္ေျပာသည္။

ဦးစိုးလႈိင္က “COVID-19 ျဖစ္ပြားေနတဲ့ကာလ မွာ လူစုလူေဝး မလုပ္ဖို႔ Home stay ေနလာၾကေတာ့ လုပ္သားရွားပါးလာတယ္။ အရင္က ေတာင္သူေတြ က လူအင္အားနဲ႔ လုပ္ၾကတယ္။ေနာက္ၿပီး  ပုဂၢလိက စက္ေတြ နဲ႔ ငွားၿပီးလုပ္ၾကတာေတြရွိတယ္။ အခုပုဂၢလိကလုပ္ငန္းေတြ လည္း ပိတ္ေနၿပီဆိုေတာ့ အခက္အခဲ ရွိရင္ ကြၽန္ေတာ္တို႔ ကိုဆက္သြယ္ပါ။ စက္မႈလယ္ယာဦးစီးဌာနက စခန္းေတြအားလုံးကို Stand by ကူညီဖို႔အတြက္ ၫႊန္ၾကားထားပါတယ္။’’ ဟုေျပာသည္။

စက္တင္မက စက္ေမာင္းသူပါ ကူညီေပးသြားမည္ျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံးတြင္ ဌာန အေနျဖင့္  စက္ ၂၀၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

ဦးစိုးလႈိင္က “အရင္ အကူအညီေတာင္းသူ ကို အရင္ ကူညီေပးသြားမွာပါ။ အကူအညီေတာင္းသူေတြ ရဲ႕ အနီးအနားမွာ ရွိတဲ့ တစ္ျခားေသာ ေတာင္သူေတြက အကူအညီလိုအပ္ရင္လည္း တစ္ခါတည္း အကူအညီေပးသြားမွာပါ’’ ဟုေျပာသည္။

ထြန္ယက္၊ စိုက္ပ်ိဳး၊ ရိတ္သိမ္း၊ ေႁခြေလွ႔ရန္ အကူအညီလိုအပ္ပါက ၀၆၇-၃၄၃၁၂၁၀၊ ၀၆၇-၃၄၃၁၂၁၂၊ ၀၆၇-၃၄၃၁၂၃၄၊ ၀၆၇-၃၄၃၁၂၁၈ သို႔ ဆက္သြယ္အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ တောင်သူများ အနေဖြင့် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ရေးလုပ်ငန်းများ ဆောင်ရွက် ရန် စက်များလိုအပ်ပါက အကူအညီတောင်းခံနိုင်

စပါးရိတ်သိမ်းနေသည့် တောင်သူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

    ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

    တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ တောင်သူလယ်သမားဦးကြီးများ အနေဖြင့် COVID-19 ကာလ တွင် စက်ကိရိယာများအသုံးပြု၍ ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ရေးလုပ်ငန်းများ ဆောင်ရွက် ရန် စက်မှုလယ်ယာဦးစီးဌာနသို့ ယခုမှစတင်၍ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊စက်မှုလယ်ယာ ဦးစီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှှိုင်က ဆင်ဟွာကို ဧပြီ ၃ ရက်တွင်ပြောသည်။

ဦးစိုးလှိုင်က “COVID-19 ဖြစ်ပွားနေတဲ့ကာလ မှာ လူစုလူဝေး မလုပ်ဖို့ Home stay နေလာကြတော့ လုပ်သားရှားပါးလာတယ်။ အရင်က တောင်သူတွေ က လူအင်အားနဲ့ လုပ်ကြတယ်။နောက်ပြီး  ပုဂ္ဂလိက စက်တွေ နဲ့ ငှားပြီးလုပ်ကြတာတွေရှိတယ်။ အခုပုဂ္ဂလိကလုပ်ငန်းတွေ လည်း ပိတ်နေပြီဆိုတော့ အခက်အခဲ ရှိရင် ကျွန်တော်တို့ ကိုဆက်သွယ်ပါ။ စက်မှုလယ်ယာဦးစီးဌာနက စခန်းတွေအားလုံးကို Stand by ကူညီဖို့အတွက် ညွှန်ကြားထားပါတယ်။’’ ဟုပြောသည်။

စက်တင်မက စက်မောင်းသူပါ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ဌာန အနေဖြင့်  စက် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဦးစိုးလှိုင်က “အရင် အကူအညီတောင်းသူ ကို အရင် ကူညီပေးသွားမှာပါ။ အကူအညီတောင်းသူတွေ ရဲ့ အနီးအနားမှာ ရှိတဲ့ တစ်ခြားသော တောင်သူတွေက အကူအညီလိုအပ်ရင်လည်း တစ်ခါတည်း အကူအညီပေးသွားမှာပါ’’ ဟုပြောသည်။

ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့ရန် အကူအညီလိုအပ်ပါက ၀၆၇-၃၄၃၁၂၁၀၊ ၀၆၇-၃၄၃၁၂၁၂၊ ၀၆၇-၃၄၃၁၂၃၄၊ ၀၆၇-၃၄၃၁၂၁၈ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အားလုံးရွိ ေတာင္သူမ်ား အေနျဖင့္ ထြန္ယက္၊ စိုက္ပ်ိဳး၊ ရိတ္သိမ္း၊ ေႁခြေလွ႔ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရန္ စက္မ်ားလိုအပ္ပါက အကူအညီေတာင္းခံႏိုင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အားလုံးရွိ ေတာင္သူမ်ား အေနျဖင့္ ထြန္ယက္၊ စိုက္ပ်ိဳး၊ ရိတ္သိမ္း၊ ေႁခြေလွ႔ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရန္ စက္မ်ားလိုအပ္ပါက အကူအညီေတာင္းခံႏိုင္ Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.