ကိုဗစ္၁၉- ဗိုင္းရပ္စ္ေၾကာင့္ အသြားအလာကန႔္သတ္မႈေတြၾကား အမ်ိဳးသားေတြ ေဈးဝယ္ထြက္လာ

အိမ္ကမွာတဲ့ေဈးစာရင္းအတိုင္း ၾကည့္ၿပီး ဝယ္ေပးၾကရတဲ့သူေတြလည္းရွိ
(Zawgyi)⤵⤵⤵
ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ၿခိမ္းေျခာက္မႈကို ခုခံႏိုင္ဖို႔ ႏိုင္ငံအသီးသီးက ကိုယ့္ႏိုင္ငံအေျခအေနေပၚမူတည္ၿပီး သီးသန႔္ခြဲေနထိုင္ဖို႔၊ လူေတြခပ္ခြာခြာေနဖို႔နဲ႔ အျပင္မထြက္ဖို႔ စတဲ့ ကန႔္သတ္ခ်က္ေတြကို လုပ္ေနၾကပါတယ္။

တခ်ိဳ႕ႏိုင္ငံေတြမွာဆို အဝင္အထြက္ကန႔္သတ္တာေတြ၊ ညမထြက္ရအမိန႔္ေတြလည္း ထုတ္ျပန္လာခဲ့ပါတယ္။

အေရးႀကီးတဲ့ စားေသာက္ကုန္နဲ႔ ကုန္စည္ေတြေရာင္းခ်မႈကိုေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ခြင့္ျပဳထားပါတယ္။

အိမ္ထဲက အိမ္ျပင္တက္ႏိုင္သမွ် မထြက္ဖို႔ သတိေပးတဲ့အစိုးရေတြရွိသလို လုံးဝမထြက္ဖို႔ အမိန႔္နဲ႔ ကန႔္သတ္တဲ့အစိုးရေတြလည္း ရွိေနပါတယ္။

ဒီလိုကန႔္သတ္မႈေတြေၾကာင့္ပဲ ေဈးေတြ၊ စားေသာက္ကုန္ဆိုင္ေတြမွာ အၿမဲလိုလို ေတြ႕ရတတ္တဲ့ ေဈးဝယ္သူ အိမ္ရွင္မ အမ်ိဳးသမီးေတြေနရာမွာ အမ်ိဳးသားေတြကို ေတြ႕လာရပါတယ္။

အေတာ္မ်ားမ်ားရဲ႕ လက္ထဲမွာလည္း အိမ္ကေန မွာလိုက္တဲ့ ေဈးစာရင္းလို စာ႐ြက္ေတြကို ကိုင္ထားတာ၊ ဒါမွမဟုတ္ ဖုန္းဆက္ၿပီး အိမ္ကို ျပန္ေမးၿပီး ေဈးဝယ္ယူေနတာ စတဲ့ သတင္းဓာတ္ပုံေတြလည္း တက္လာခဲ့ပါတယ္။

"အိမ္မွာက ကေလးေတြလည္းရွိတယ္။ တစ္ခုခုဆို ႏွစ္ေယာက္လုံး ကူးစက္ခံရမွာစိတ္ပူတယ္။ ကိုယ္တစ္ေယာက္တည္းလည္းအရင္လို အိမ္အတြက္ လိုတာေတြထြက္မဝယ္ရဲေတာ့ဘူး။ အထူးသျဖင့္ ေဈးဝယ္စင္တာေတြဆို မသြားရဲေတာ့ဘူး။ ရပ္ကြက္ေဈးလည္း အရင္ႏွစ္ရက္တစ္ခါကေန အခု တစ္ပတ္စာ ဝယ္ထားတာေပါ့ေနာ္။ ဘယ္ကေန ကူးလာမယ္မွန္းမသိႏိုင္ေတာ့ စိတ္ပူလို႔ပါ။ ဒါေၾကာင့္ အမ်ိဳးသားက ႐ုံးတက္ေနရတုန္းဆိုေတာ့ သူ႐ုံးအျပန္ေတြမွာ ကေလးမုန႔္တို႔၊ ႏို႔ဆီ၊ သၾကား၊ ဝက္အူေခ်ာင္း အဲဒီလို စားေသာက္ကုန္ေလးေတြ ဝင္ဝယ္ဖို႔ မွာျဖစ္ပါတယ္" လို႔ ဗိုတေထာင္ၿမိဳ႕နယ္က အိမ္ရွင္မတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

အိမ္အတြက္လိုအပ္တဲ့ မီးဖိုေခ်ာင္ပစၥည္းေတြကအစ စားေသာက္ကုန္နဲ႔ လူသုံးကုန္အဆုံး လိုတာေတြကို အိမ္ရွင္မေတြကသာ အဓိက ဝယ္ယူၾကေလ့ရွိ တာပါ။ ခုေတာ့ အမ်ိဳးသားေတြ ေဈးဝယ္ထြက္လာၾကပါၿပီ။ ဒါဟာ ဗိုင္းရပ္စ္က ေျပာင္းလဲေပးလိုက္တဲ့ လူမႈဘဝပုံစံလို႔လည္း ေျပာႏိုင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္၁၉ နဲ႔ပတ္သက္လို႔ တိုင္းျပည္ကို ဒုတိယအႀကိမ္အစီရင္ခံတဲ့မိန႔္ခြန္းမွာ ေဈးဝယ္ထြက္ရင္ မိသားစုထဲကေန တစ္ဦးပဲ တာဝန္ယူ အျပင္ထြက္ဝယ္ျခမ္းဖို႔ အႀကံျပဳတိုက္တြန္းထားတာပါ။

ပီ႐ူးမွာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ လူေတြကို အိမ္ထဲက အိမ္ျပင္မထြက္ဖို႔ကို က်ားမအလိုက္ ေန႔ရက္ေတြသတ္မွတ္ခြဲျခားၿပီး ထြက္ခြင့္ျပဳ ထားပါတယ္။

တနလၤာ၊ ဗုဒၶဟူးနဲ႔ ေသာၾကာေန႔ေတြမွာ အမ်ိဳးသားေတြအျပင္ကို ထြက္ႏိုင္ၿပီး ဒါေပမဲ့ ဒီလို ထြက္လာရင္လည္း မရွိမျဖစ္လိုအပ္တဲ့ ပစၥည္းေတြ ဝယ္ယူဖို႔အတြက္သာျဖစ္ရမယ္လို႔ ပီ႐ူးသမၼတ မာတင္ဗစ္ဇ္ကာရာက မိန႔္ခြန္းထဲမွာ ေျပာၾကားသြားပါတယ္။

အဲဒီလို ဘယ္သူမွ အျပင္ထြက္ခြင့္မရွိတဲ့အခ်ိန္ အမ်ိဳးသမီးေတြကေတာ့ တနဂၤေႏြတစ္ရက္ကလြဲလို႔ တျခားရက္ေတြမွာ အိမ္ထဲက အိမ္ျပင္ထြက္ႏိုင္မွာ ျဖစ္ပါတယ္။

ဒီကန႔္သတ္ခ်က္ဟာ အနည္းဆုံး ဧၿပီ ၁၂ ရက္အထိ ျဖစ္မယ္လို႔ ဆိုပါတယ္။
တခ်ိဳ႕ႏိုင္ငံေတြက က်ားမ ခြဲျခားၿပီး ေန႔အလိုက္ အျပင္ထြက္ဖို႔ ကန႔္သတ္ပါတယ္။
ပနားမားမွာလည္း အလားတူ က်ားမ ခြဲျခားၿပီး ေန႔အလိုက္ အျပင္ထြက္ဖို႔ ကန႔္သတ္မႈေတြကို ၿပီးခဲ့တဲ့သတင္းပတ္မွာ စတင္ခဲ့ပါတယ္။

ပီ႐ူးကေတာ့ ေတာင္အေမရိကမွာ ပထမဆုံး ဒီလို အဝင္အထြက္ကန႔္သတ္တဲ့ႏိုင္ငံေတြထဲက တစ္ခုျဖစ္လာခဲ့ပါတယ္။

ပီ႐ူးမွာ ကိုဗစ္၁၉ ကူးစက္သူေပါင္း ၁၄၀၀ ေက်ာ္ရွိတယ္လို႔ အေမရိကန္ျပည္ေထာင္စု ဂြၽန္ေဟာ့ပ္စ္ကင္းတကၠသိုလ္ သုေတသနက ဆိုပါတယ္။

-----------------------------------

(Unicode)⤵⤵⤵
ကိုဗစ်၁၉- ဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်မှုတွေကြား အမျိုးသားတွေ ဈေးဝယ်ထွက်လာ

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကို ခုခံနိုင်ဖို့ နိုင်ငံအသီးသီးက ကိုယ့်နိုင်ငံအခြေအနေပေါ်မူတည်ပြီး သီးသန့်ခွဲနေထိုင်ဖို့၊ လူတွေခပ်ခွာခွာနေဖို့နဲ့ အပြင်မထွက်ဖို့ စတဲ့ ကန့်သတ်ချက်တွေကို လုပ်နေကြပါတယ်။

တချို့နိုင်ငံတွေမှာဆို အဝင်အထွက်ကန့်သတ်တာတွေ၊ ညမထွက်ရအမိန့်တွေလည်း ထုတ်ပြန်လာခဲ့ပါတယ်။

အရေးကြီးတဲ့ စားသောက်ကုန်နဲ့ ကုန်စည်တွေရောင်းချမှုကိုတော့ နိုင်ငံတော်တော်များများက ခွင့်ပြုထားပါတယ်။

အိမ်ထဲက အိမ်ပြင်တက်နိုင်သမျှ မထွက်ဖို့ သတိပေးတဲ့အစိုးရတွေရှိသလို လုံးဝမထွက်ဖို့ အမိန့်နဲ့ ကန့်သတ်တဲ့အစိုးရတွေလည်း ရှိနေပါတယ်။

ဒီလိုကန့်သတ်မှုတွေကြောင့်ပဲ ဈေးတွေ၊ စားသောက်ကုန်ဆိုင်တွေမှာ အမြဲလိုလို တွေ့ရတတ်တဲ့ ဈေးဝယ်သူ အိမ်ရှင်မ အမျိုးသမီးတွေနေရာမှာ အမျိုးသားတွေကို တွေ့လာရပါတယ်။

အတော်များများရဲ့ လက်ထဲမှာလည်း အိမ်ကနေ မှာလိုက်တဲ့ ဈေးစာရင်းလို စာရွက်တွေကို ကိုင်ထားတာ၊ ဒါမှမဟုတ် ဖုန်းဆက်ပြီး အိမ်ကို ပြန်မေးပြီး ဈေးဝယ်ယူနေတာ စတဲ့ သတင်းဓာတ်ပုံတွေလည်း တက်လာခဲ့ပါတယ်။

"အိမ်မှာက ကလေးတွေလည်းရှိတယ်။ တစ်ခုခုဆို နှစ်ယောက်လုံး ကူးစက်ခံရမှာစိတ်ပူတယ်။ ကိုယ်တစ်ယောက်တည်းလည်းအရင်လို အိမ်အတွက် လိုတာတွေထွက်မဝယ်ရဲတော့ဘူး။ အထူးသဖြင့် ဈေးဝယ်စင်တာတွေဆို မသွားရဲတော့ဘူး။ ရပ်ကွက်ဈေးလည်း အရင်နှစ်ရက်တစ်ခါကနေ အခု တစ်ပတ်စာ ဝယ်ထားတာပေါ့နော်။ ဘယ်ကနေ ကူးလာမယ်မှန်းမသိနိုင်တော့ စိတ်ပူလို့ပါ။ ဒါကြောင့် အမျိုးသားက ရုံးတက်နေရတုန်းဆိုတော့ သူရုံးအပြန်တွေမှာ ကလေးမုန့်တို့၊ နို့ဆီ၊ သကြား၊ ဝက်အူချောင်း အဲဒီလို စားသောက်ကုန်လေးတွေ ဝင်ဝယ်ဖို့ မှာဖြစ်ပါတယ်" လို့ ဗိုတထောင်မြို့နယ်က အိမ်ရှင်မတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အိမ်အတွက်လိုအပ်တဲ့ မီးဖိုချောင်ပစ္စည်းတွေကအစ စားသောက်ကုန်နဲ့ လူသုံးကုန်အဆုံး လိုတာတွေကို အိမ်ရှင်မတွေကသာ အဓိက ဝယ်ယူကြလေ့ရှိ တာပါ။ ခုတော့ အမျိုးသားတွေ ဈေးဝယ်ထွက်လာကြပါပြီ။ ဒါဟာ ဗိုင်းရပ်စ်က ပြောင်းလဲပေးလိုက်တဲ့ လူမှုဘဝပုံစံလို့လည်း ပြောနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်၁၉ နဲ့ပတ်သက်လို့ တိုင်းပြည်ကို ဒုတိယအကြိမ်အစီရင်ခံတဲ့မိန့်ခွန်းမှာ ဈေးဝယ်ထွက်ရင် မိသားစုထဲကနေ တစ်ဦးပဲ တာဝန်ယူ အပြင်ထွက်ဝယ်ခြမ်းဖို့ အကြံပြုတိုက်တွန်းထားတာပါ။

ပီရူးမှာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို လျှော့ချနိုင်ဖို့ လူတွေကို အိမ်ထဲက အိမ်ပြင်မထွက်ဖို့ကို ကျားမအလိုက် နေ့ရက်တွေသတ်မှတ်ခွဲခြားပြီး ထွက်ခွင့်ပြု ထားပါတယ်။

တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ အမျိုးသားတွေအပြင်ကို ထွက်နိုင်ပြီး ဒါပေမဲ့ ဒီလို ထွက်လာရင်လည်း မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူဖို့အတွက်သာဖြစ်ရမယ်လို့ ပီရူးသမ္မတ မာတင်ဗစ်ဇ်ကာရာက မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

အဲဒီလို ဘယ်သူမှ အပြင်ထွက်ခွင့်မရှိတဲ့အချိန် အမျိုးသမီးတွေကတော့ တနင်္ဂနွေတစ်ရက်ကလွဲလို့ တခြားရက်တွေမှာ အိမ်ထဲက အိမ်ပြင်ထွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်ဟာ အနည်းဆုံး ဧပြီ ၁၂ ရက်အထိ ဖြစ်မယ်လို့ ဆိုပါတယ်။

ပနားမားမှာလည်း အလားတူ ကျားမ ခွဲခြားပြီး နေ့အလိုက် အပြင်ထွက်ဖို့ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့သတင်းပတ်မှာ စတင်ခဲ့ပါတယ်။

ပီရူးကတော့ တောင်အမေရိကမှာ ပထမဆုံး ဒီလို အဝင်အထွက်ကန့်သတ်တဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

ပီရူးမှာ ကိုဗစ်၁၉ ကူးစက်သူပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ် သုတေသနက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52135218
ကိုဗစ္၁၉- ဗိုင္းရပ္စ္ေၾကာင့္ အသြားအလာကန႔္သတ္မႈေတြၾကား အမ်ိဳးသားေတြ ေဈးဝယ္ထြက္လာ ကိုဗစ္၁၉- ဗိုင္းရပ္စ္ေၾကာင့္ အသြားအလာကန႔္သတ္မႈေတြၾကား အမ်ိဳးသားေတြ ေဈးဝယ္ထြက္လာ Reviewed by THITHTOOLWIN on 03:23 Rating: 5
Powered by Blogger.