ႏွာေခါင္းစည္း အေဟာင္းေတြကို ပိုးသတ္တဲ့စက္ ထိုင္းမွာ တီထြင္အသံုးျပဳ

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ ကာကြယ္ႏုိင္ေရး ႏွာေခါင္းစည္းမ်ား တပ္ဆင္ထားသည့္ ထုိင္းဝန္ႀကီးခ်ဳပ္ႏွင့္ ဘန္ေကာက္ၿမိဳ႕ Rajavithi ေဆး႐ုံမွ သူနာျပဳမ်ား။ (မတ္ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ထုိင္းႏုိင္ငံမွာ က်န္းမာေရး၀န္ထမ္းေတြ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြ ျပန္သုံးလို႔ရေအာင္ ပိုးသတ္တဲ့စက္ကို ထုိင္းသုေတသီေတြ တီထြင္လိုက္ၾကပါတယ္။ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြ အလုံအေလာက္ မရတာေၾကာင့္ အခုလို တီထြင္လိုက္တာျဖစ္ၿပီး ကို႐ုိနာဗုိင္းရပ္စ္ေရာဂါ ကုသေပးေနတဲ့ ေဆး႐ုံအားလုံးကို အခမဲ့ ေပးသြားမွာျဖစ္တယ္လို႔ ဆုိပါတယ္။ ႐ုိက္တာသတင္းဌာနရဲ႕ ေဆာင္းပါးကို အေျခခံၿပီး ကိုရန္ႏုိင္က တင္ျပေပးထားပါတယ္။

ထုိင္းႏုိင္ငံက သုေတသီေတြနဲ႔ ပရဟိတပါလုပ္တဲ့ စီးပြားေရးကုမၸဏီတုိ႔ ေပါင္းၿပီး ထုိင္းႏုိင္ငံက က်န္းမာေရး၀န္ထမ္းေတြအတြက္ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြကို ပိုးသတ္တဲ့စက္ကို တီထြင္ထုတ္လုပ္ခဲ့ၾကပါတယ္။ ဒီစက္မွာ ခရမ္းလြန္ေရာင္ျခည္ နည္းပညာကို သုံးထားၿပီး ဒါက Novel ကုိ႐ိုနာဗုိင္းရပ္စ္ရဲ႕ ပ႐ုိတိန္းနဲ႔ ဘက္တီးရီးယားေတြကို ေသေစႏုိင္တဲ့အတြက္ က်န္းမာေရး၀န္ထမ္းေတြအေနနဲ႔ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြကို ျပန္သုံးႏုိင္မွာျဖစ္ပါတယ္။ ထုိင္းႏုိင္ငံ အပါအ၀င္ ကမာၻတ၀ွမ္းမွာ ဗုိင္းရပ္စ္ကို ကာကြယ္ႏုိင္ဖို႔အတြက္ ႏွာေခါင္းစီး အပါအ၀င္ ေရာဂါကာကြယ္ေရးပစၥည္းေတြ အမ်ားအျပား လိုအပ္ေနတာ ျဖစ္ပါတယ္။

Nimit Prasitdumron ဟာ SOS COVID-19 တုိက္ဖ်က္ေရးစီမံကိန္း စတင္လုပ္ေဆာင္သူ ျဖစ္ပါတယ္။

“၂၅၀ နာႏုိမီတာ အကြာကေန ခရမ္းလြန္ေရာင္ျခည္ကို သုံးၿပီး ဗုိင္းရပ္စ္ရဲ႕ ပ႐ုိတိန္းနဲ႔ ဘက္တီးရီးယားကို သတ္ပစ္တာပါ။ အဲဒါကို ဒီစက္မွာ က်ေနာ္တုိ႔ သုံးထားပါတယ္။ က်ေနာ္တုိ႔ ေလ့လာေတြ႔ရွိခ်က္အရ အခုံးပုံစံ ႏွားေခါင္းစည္းေတြ၊ ႐ုိး႐ုိးႏွာေခါင္းစည္းေတြနဲ႔ နည္းနည္း ထုထည္ရွိတဲ့ ထူတဲ့ ႏွာေခါင္းစည္းေတြဆုိရင္ ၅ မိနစ္ေလာက္ ၾကာပါတယ္။”

SOS COVID-19 တုိက္ဖ်က္ေရး စီမံကိန္းလို႔ နာမည္ေပးထားတဲ့ ဒီစီမံကိန္းက ထုိင္းႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ဖို႔ လိုအပ္တဲ့ ႏွာေခါင္းစည္း မ်က္ႏွာဖုံး ပိုးသတ္တဲ့စက္ေတြ ပထမအသုတ္ကို ဧၿပီလ ၁၅ ရက္ေန႔က ထုတ္လုပ္လိုက္ပါတယ္။

ဒီစီမံကိန္းရဲ႕ရည္ရြယ္ခ်က္က N95 နဲ႔ ခဲြစိတ္ခန္းသုံး ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြ နည္းေနတာေၾကာင့္ ဗုိင္းရပ္စ္အႏၱရာယ္ ရင္ဆုိင္ေနရတဲ့ ေဆး၀န္ထမ္းေတြကို ကူညီဖို႔အတြက္ျဖစ္တယ္လို႔ ဒီအစီအစဥ္ကို စတင္လုပ္ေဆာင္လိုက္တဲ့ Nimit Prasitdumrong ကေျပာပါတယ္။

“အခုရက္ပိုင္းေတြအတြင္း က်ေနာ္တုိ႔ ရင္ဆုိင္ေနရတဲ့ အေျခအေနေတြက အသစ္ေတြပါ။ က်ေနာ္တုိ႔ႏုိင္ငံမွာ ႏွာေခါင္းစည္း မ်က္ႏွာဖုံးက ၁ လကို ၁ သန္း၊ တရက္ကို ၃ ေသာင္းေလာက္ ေန႔စဥ္လိုေနတာေၾကာင့္ က်ေနာ္တုိ႔အေနနဲ႔ ႏွာေခါင္းစည္းေတြကို ျပန္သုံးဖို႔ လိုေနပါတယ္။ ျပႆနာက အခုတေလာမွာ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြကို အလုံအေလာက္ မရတာနဲ႔ လာလွဴတဲ့ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြကလည္း က်န္းမာေရး၀န္ထမ္းေတြ အသုံးျပဳရေလာက္ေအာင္ အရည္အေသြး မျပည့္မီၾကပါဘူး။ ဒါေၾကာင့္ ဆရာ၀န္ေတြအေနနဲ႔ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြကို မလႊင့္ပစ္ၾကပါနဲ႔။ ျပန္သုံးလို႔ရေအာင္ က်ေနာ္တုိ႔ လုပ္ထားပါတယ္။”

SOS COVID-19 တုိက္ဖ်က္ေရး စီမံကိန္းက ဒီစက္ေတြကို အစိုးရေဆး႐ုံေတြကိုေရာ ပုဂၢလိက ေဆး႐ုံေတြကိုပါ ေငြေၾကးနဲ႔မယူဘဲ အလကားေပးသြားဖို႔ စီစဥ္ေနၿပီး ေဆး႐ုံ ၃၀၀ ေက်ာ္က စာရင္းေပးထားပါတယ္။

“COVID-19 ေရာဂါ ကူးစက္ခံထားရတဲ့ လူနာေတြ တက္ေရာက္ကုသေနတဲ့ ျပည္သူ႔ေဆး႐ုံေတြနဲ႔ ပုဂၢလိကေဆး႐ုံ အားလုံးကို အလကားေပးသြားဖို႔အတြက္ ဒီစက္ေတြကို က်ေနာ္တုိ႔ တီထြင္ခဲ့တာျဖစ္ပါတယ္။”

ထုိင္းႏုိင္ငံရဲ႕ လူထုက်န္းမာေရး၀န္ႀကီးကေတာ့ ဗုဒၶဟူးေန႔က ႏွာေခါင္းစည္း မ်က္ႏွာဖုံး ပုိးသတ္တဲ့စက္ ၃၅ လုံးကို လက္ခံရရွိခဲ့ပါတယ္။

ထုိင္းႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဇန္န၀ါရီလက စတင္ျဖစ္ပြားခဲ့ၿပီး ေရာဂါပိုးကူးစက္ခံရသူ ၂၆၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၄၆ ေယာက္ထက္မနည္း ရွိပါတယ္။


------------------------------

(Unicode)

နှာခေါင်းစည်း အဟောင်းတွေကို ပိုးသတ်တဲ့စက် ထိုင်းမှာ တီထွင်အသုံးပြု

ထိုင်းနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ နှာခေါင်းစည်း မျက်နှာဖုံးတွေ ပြန်သုံးလို့ရအောင် ပိုးသတ်တဲ့စက်ကို ထိုင်းသုတေသီတွေ တီထွင်လိုက်ကြပါတယ်။ နှာခေါင်းစည်း မျက်နှာဖုံးတွေ အလုံအလောက် မရတာကြောင့် အခုလို တီထွင်လိုက်တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသပေးနေတဲ့ ဆေးရုံအားလုံးကို အခမဲ့ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံက သုတေသီတွေနဲ့ ပရဟိတပါလုပ်တဲ့ စီးပွားရေးကုမ္ပဏီတို့ ပေါင်းပြီး ထိုင်းနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေအတွက် နှာခေါင်းစည်း မျက်နှာဖုံးတွေကို ပိုးသတ်တဲ့စက်ကို တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။ ဒီစက်မှာ ခရမ်းလွန်ရောင်ခြည် နည်းပညာကို သုံးထားပြီး ဒါက Novel ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေကို ပြန်သုံးနိုင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် နှာခေါင်းစီး အပါအဝင် ရောဂါကာကွယ်ရေးပစ္စည်းတွေ အများအပြား လိုအပ်နေတာ ဖြစ်ပါတယ်။

Nimit Prasitdumron ဟာ SOS COVID-19 တိုက်ဖျက်ရေးစီမံကိန်း စတင်လုပ်ဆောင်သူ ဖြစ်ပါတယ်။

“၂၅၀ နာနိုမီတာ အကွာကနေ ခရမ်းလွန်ရောင်ခြည်ကို သုံးပြီး ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းနဲ့ ဘက်တီးရီးယားကို သတ်ပစ်တာပါ။ အဲဒါကို ဒီစက်မှာ ကျနော်တို့ သုံးထားပါတယ်။ ကျနော်တို့ လေ့လာတွေ့ရှိချက်အရ အခုံးပုံစံ နှားခေါင်းစည်းတွေ၊ ရိုးရိုးနှာခေါင်းစည်းတွေနဲ့ နည်းနည်း ထုထည်ရှိတဲ့ ထူတဲ့ နှာခေါင်းစည်းတွေဆိုရင် ၅ မိနစ်လောက် ကြာပါတယ်။”

SOS COVID-19 တိုက်ဖျက်ရေး စီမံကိန်းလို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းက ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ လိုအပ်တဲ့ နှာခေါင်းစည်း မျက်နှာဖုံး ပိုးသတ်တဲ့စက်တွေ ပထမအသုတ်ကို ဧပြီလ ၁၅ ရက်နေ့က ထုတ်လုပ်လိုက်ပါတယ်။

ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်က N95 နဲ့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း မျက်နှာဖုံးတွေ နည်းနေတာကြောင့် ဗိုင်းရပ်စ်အန္တရာယ် ရင်ဆိုင်နေရတဲ့ ဆေးဝန်ထမ်းတွေကို ကူညီဖို့အတွက်ဖြစ်တယ်လို့ ဒီအစီအစဉ်ကို စတင်လုပ်ဆောင်လိုက်တဲ့ Nimit Prasitdumrong ကပြောပါတယ်။

“အခုရက်ပိုင်းတွေအတွင်း ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက အသစ်တွေပါ။ ကျနော်တို့နိုင်ငံမှာ နှာခေါင်းစည်း မျက်နှာဖုံးက ၁ လကို ၁ သန်း၊ တရက်ကို ၃ သောင်းလောက် နေ့စဉ်လိုနေတာကြောင့် ကျနော်တို့အနေနဲ့ နှာခေါင်းစည်းတွေကို ပြန်သုံးဖို့ လိုနေပါတယ်။ ပြဿနာက အခုတလောမှာ နှာခေါင်းစည်း မျက်နှာဖုံးတွေကို အလုံအလောက် မရတာနဲ့ လာလှူတဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေကလည်း ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုရလောက်အောင် အရည်အသွေး မပြည့်မီကြပါဘူး။ ဒါကြောင့် ဆရာဝန်တွေအနေနဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေကို မလွှင့်ပစ်ကြပါနဲ့။ ပြန်သုံးလို့ရအောင် ကျနော်တို့ လုပ်ထားပါတယ်။”

SOS COVID-19 တိုက်ဖျက်ရေး စီမံကိန်းက ဒီစက်တွေကို အစိုးရဆေးရုံတွေကိုရော ပုဂ္ဂလိက ဆေးရုံတွေကိုပါ ငွေကြေးနဲ့မယူဘဲ အလကားပေးသွားဖို့ စီစဉ်နေပြီး ဆေးရုံ ၃၀၀ ကျော်က စာရင်းပေးထားပါတယ်။

“COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ လူနာတွေ တက်ရောက်ကုသနေတဲ့ ပြည်သူ့ဆေးရုံတွေနဲ့ ပုဂ္ဂလိကဆေးရုံ အားလုံးကို အလကားပေးသွားဖို့အတွက် ဒီစက်တွေကို ကျနော်တို့ တီထွင်ခဲ့တာဖြစ်ပါတယ်။”

ထိုင်းနိုင်ငံရဲ့ လူထုကျန်းမာရေးဝန်ကြီးကတော့ ဗုဒ္ဓဟူးနေ့က နှာခေါင်းစည်း မျက်နှာဖုံး ပိုးသတ်တဲ့စက် ၃၅ လုံးကို လက်ခံရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၂၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၆ ယောက်ထက်မနည်း ရှိပါတယ်။

ရန္ႏိုင္/VOA (Burmese)
https://burmese.voanews.com/a/thailand-covid19-sterilize-machine/5379381.html
ႏွာေခါင္းစည္း အေဟာင္းေတြကို ပိုးသတ္တဲ့စက္ ထိုင္းမွာ တီထြင္အသံုးျပဳ ႏွာေခါင္းစည္း အေဟာင္းေတြကို ပိုးသတ္တဲ့စက္ ထိုင္းမွာ တီထြင္အသံုးျပဳ Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.