လူနာအမွတ္ ၂၄ ကေန ထိေတြ႕ကူးစက္သူေပါင္း ၅၂ ဦး ရွိ

ဓာတ္ပုံ မူပိုင္ Myanmar CDC
Image caption အစိုးရရဲ႕ တရားဝင္ စာရင္းဇယားနဲ႔ ထုတ္ျပန္ခ်က္မွာ လူနာ နံပါတ္ ၂၄ နဲ႔ တိုက္႐ိုက္၊တစ္ဆင့္ခံ ထိေတြ႕မႈေတြျပထားပါတယ္။

(Zawgyi)⤵⤵⤵

ရန္ကုန္မွာ လက္ရွိ အုပ္စုလိုက္ကူးစက္မႈႏႈန္းအျမင့္ဆုံး ျဖစ္ခဲ့တဲ့ ၈ မိုင္နဲ႔ အင္းစိန္အုပ္စုႏွစ္ခုက ကူးစက္သူေပါင္း ၅၂ ဦးရွိၿပီး သူတို႔ဟာ လူနာနံပါတ္ ၂၄ နဲ႔ ထိေတြ႕ဆက္စပ္မႈရွိခဲ့သူေတြျဖစ္ပါတယ္။

ျပည္သူ႔က်န္းမာေရးဦးစီးဌာနရဲ႕ ဧၿပီ ၁၈ ရက္ေန႔ မွာ ထုတ္ျပန္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ အေျချပဳအစီရင္ခံစာမွာ လူနာနံပါတ္ ၂၄ နဲ႔ ထိေတြ႕ရာကေန ကူးစက္သူေတြကို ဇယား႐ုပ္ပုံနဲ႔ေဖာ္ျပထားခ်က္ကေန ခုလို ေတြ႕ရွိရတာျဖစ္ပါတယ္။

အဲဒီဇယားမွာ ထိေတြ႕ဆက္စပ္မႈကို ေဖာ္ျပထားရာမွာ ၈ မိုင္အုပ္စုနဲ႔ အင္းစိန္အုပ္စုဆိုၿပီး ႏွစ္ခုပါေနၿပီး လူနာအမွတ္ ၂၄ နဲ႔ တိုက္႐ိုက္ထိေတြ႕သူ၊ တစ္ဆင့္ခံထိေတြ႕တာကတစ္ဆင့္ ကူးစက္သူ ၄၄ ဦးကို ႐ုပ္ပုံေတြနဲ႔ေဖာ္ျပထားတာျဖစ္ပါတယ္။

ဒါေပမဲ့ အဲဒီဇယားမွာ ဧၿပီ ၁၉ ရက္ေန႔ ထပ္မံထုတ္ျပန္တဲ့ ပိုးေတြ႕လူနာ ၁၃ ဦးထဲက လူနာနံပါတ္ ၂၄ တက္ေရာက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားနဲ႔ ဆက္စပ္သူေတြေတာ့ ပါဝင္ထားျခင္း မရွိေသးတာေတြ႕ရပါတယ္။

ဒါေၾကာင့္ မေန႔က ပိုးေတြ႕လူနာေတြထဲက ဘာသာေရးအခမ္းအနားနဲ႔ ဆက္စပ္သူ ၇ ဦးနဲ႔ ဧၿပီ ၁၉ ရက္ ညပိုင္း ထပ္မံထုတ္ျပန္တဲ့ ပိုးေတြ႕လူနာ ေလးဦးထဲက တစ္ဦးတို႔ကို ထပ္မံ ထည့္သြင္းလိုက္တဲ့အခါ ဒီေန႔ ဧၿပီ ၂၀ ရက္ မနက္ကိုးနာရီအထိ စုစုေပါင္း ကူးစက္ခံရသူ ၅၂ ဦး ရွိေနတာျဖစ္ပါတယ္။

အစိုးရတရားဝင္ထုတ္ျပန္ထားတဲ့ ဇယားအရ လူနာနံပါတ္ ၂၄ ကေန လူနာနံပါတ္ ၄၂ ကေန ၅၂ အထိ ၁၁ ဦး၊ ၆၉၊ ၇၀၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၈၄၊ ၈၉၊၉၀၊ ၉၁၊ ၉၄ အထိ ၁၁ ဦး အဲဒီအုပ္စုႏွစ္ခုကို ၈ မိုင္အဖြဲ႕လို႔ ေဖာ္ျပထားပါတယ္။

တစ္ခါ လူနာနံပါတ္ ၆၂၊ လႈိင္သာယာက လူနာနံပါတ္ ၆၃ နဲ႔ ဇနီး လူနာနံပါတ္ ၂၆ အထိ ၃ ဦး ဘယ္အုပ္စုနဲ႔မွမေရာဘဲ သီးသန႔္ျပထားတာျဖစ္ပါတယ္။

တစ္ခါ အင္းစိန္အုပ္စုအျဖစ္ လူနာ နံပါတ္ ၂၄ ကို တိုက္႐ိုက္ထိေတြ႕တဲ့အထဲ လူနာနံပါတ္ ၃၆ နဲ႔ ၄၁ တို႔ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ အဲဒီထဲက လူနာနံပါတ္ ၃၆ ကေန ၃၄၊ ၃၅၊ ၃၇ စုစုေပါင္း သုံးဦး၊ အဲဒီသုံးဦးကေန လူနာနံပါတ္ ၅၄ ကေန ၆၁ အထိ ၈ ဦး၊ ၆၄၊ ၈၀၊ ၈၁ နဲ႔ အဲဒီအုပ္စုနဲ႔ ထိေတြ႕တာကေန လူနာနံပါတ္ ၇၃နဲ႔ သူ႔မိသားစုဝင္ ၇၂ တို႔ ကူးစက္ေၾကာင္း ျပထားပါတယ္။ ဒါ့ျပင္ အင္းစိန္အုပ္စုထဲမွာ ကြယ္လြန္သြားတဲ့ လူနာနံပါတ္ ၈၆ ကိုလည္း ထည့္သြင္းထားပါတယ္။

ဒါ့အျပင္ ဧၿပီ ၁၉ ရက္မနက္ပိုင္း ပိုးေတြ႕လူနာ ၁၃ ဦးထုတ္ျပန္ခဲ့ရာမွာ မရမ္းကုန္းက ၂ ဦး၊ ေျမာက္ဒဂုံက ၂ ဦး၊ ေဒါပုံ၊ ေတာင္ဥကၠလာ၊ မဂၤလာဒုံက တစ္ဦးစီ စုစုေပါင္း ၇ ဦးဟာ ဘာသာေရးပြဲနဲ႔ဆက္စပ္ေၾကာင္း သက္ဆိုင္ရာေဒသခံအမတ္ေတြက ေျပာၾကားထားပါတယ္။

ဒါေၾကာင့္ လူနာနံပါတ္ ၂၄ ကေန တိုက္႐ိုက္နဲ႔ တစ္ဆင့္ခံ ထိေတြ႕မႈေတြကေန ကူးစက္သူေပါင္း ၅၁ ဦးထိ ရွိေနတာျဖစ္ပါတယ္။

လူနာနံပါတ္ ၂၄ ဟာ အသက္ ၃၂ႏွစ္ အမ်ိဳးသားဟာ မရမ္းကုန္းၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ၿပီး စင္ကာပူႏိုင္ငံမွာ အလုပ္လုပ္ကိုင္သူျဖစ္ပါတယ္။ မတ္လ ၁၉ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို Silk Air ေလေၾကာင္းလိုင္းနဲ႔ ျပန္လည္ေရာက္ရွိလာခဲ့တယ္လို႔ အစိုးရထုတ္ျပန္ခ်က္က ဆိုပါတယ္။

ရန္ကုန္ကိုျပန္ေရာက္ၿပီးတဲ့ေနာက္ ၆ မိုင္ခြဲကေဈးဝယ္စင္တာကို ငါးႀကိမ္ခန႔္ သြားေရာက္ခဲ့တယ္လို႔ အဲဒိထုတ္ျပန္ခ်က္မွာ ဆိုထားပါတယ္။

ဧၿပီ၁ ရက္ကစလို႔ ဖ်ားၿပီး ေမာပန္းတာခံစားခဲ့ရေပမယ့္ ေဆး႐ုံေဆးခန္းမျပခဲ့ဘဲ သက္သာသြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ ဧၿပီ ၆ ရက္မွာ လည္ေခ်ာင္းနာၿပီး ေခ်ာင္းဆိုးတဲ့အတြက္ ဧၿပီ ၈ ရက္မွာ မရမ္းကုန္းၿမိဳ႕နယ္ ေဒသႏၲရက်န္းမာေရးဌာနကို သြားေရာက္ျပသခဲ့ၿပီးေနာက္ ကိုဗစ္၁၉ အတည္ျပဳလူနာအျဖစ္ ေဆးစစ္ခ်က္ထြက္ခဲ့တာျဖစ္ပါတယ္။ သူနဲ႔ အတူ ရန္ကုန္ေနအိမ္မွာ အတူေန မိသားစုဝင္ ၄ ဦး၊ အလုပ္သမား ၃ ဦးတို႔ ရွိၿပီး အားလုံးကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္ခဲ့ပါတယ္။ အခုေတာ့ သူတို႔ထဲကတခ်ိဳ႕မွာလည္း ဗိုင္းရပ္စ္ ပိုးေတြ႕ရွိေၾကာင္း ေဆးစစ္ခ်က္ထြက္ရွိထားပါတယ္။

သူနဲ႔ပတ္သက္လို႔ ရင္းႏွီးသူတခ်ိဳ႕က သူဟာ စင္ကာပူက ျပန္ေရာက္တည္းက က်န္းမာၿပီး ေနေကာင္းေၾကာင္းနဲ႔ ဒီေရာက္မွ ကူးစက္ခံရတာလည္း ျဖစ္ႏိုင္ေၾကာင္း လူမႈကြန္ရက္မွာေရးသားတာေတြရွိေနပါတယ္။

ဒါ့အျပင္ သူတို႔အဖြဲ႕ထဲက တရားေဟာဆရာနဲ႔ တခ်ိဳ႕ဟာ ႏိုင္ငံျခားသားခံယူထားသူေတြျဖစ္လို႔ သူတို႔ဆီကေနလည္း စတင္ကူးစက္တာျဖစ္ႏိုင္ေၾကာင္း ေဝဖန္မႈေတြရွိလာပါတယ္။

ဒါေၾကာင့္ ဘီဘီစီက အဲဒီတရားေဟာဆရာနဲ႔ နီးစပ္သူ လက္ရွိ ကိုဗစ္၁၉ ကူးစက္ခံထားရၿပီးဘာသာေရးပြဲတက္ေရာက္ခဲ့သူတစ္ဦးကို ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းတဲ့အခါ တရားေဟာဆရာဟာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလကုန္းပိုင္းေလာက္က ျမန္မာႏိုင္ငံကိုေရာက္ရွိေနတာျဖစ္တယ္လို႔ ေျဖၾကားခဲ့ပါတယ္။

အဲဒီအုပ္စုႏွစ္ခုလုံးမွာ စုစုေပါင္း ထိေတြ႕သူ ၂၇၄ ဦးရွိတယ္လို႔လည္း အစိုးရ ကေဖာ္ျပထားပါတယ္။

ဒီအုပ္စုကေန ထပ္မံစစ္ေဆးခ်က္ေတြအရ ကူးစက္သူဦးေရတိုးလာႏိုင္ေျခရွိတယ္လို႔လည္း ေျပာၾကားမႈေတြရွိေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52349961
-------------
(Unicode)⤵⤵⤵

 လူနာအမှတ် ၂၄ ကနေ ထိတွေ့ကူးစက်သူပေါင်း ၅၂ ဦး ရှိ

ရန်ကုန်မှာ လက်ရှိ အုပ်စုလိုက်ကူးစက်မှုနှုန်းအမြင့်ဆုံး ဖြစ်ခဲ့တဲ့ ၈ မိုင်နဲ့ အင်းစိန်အုပ်စုနှစ်ခုက ကူးစက်သူပေါင်း ၅၂ ဦးရှိပြီး သူတို့ဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူတွေဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဧပြီ ၁၈ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေပြုအစီရင်ခံစာမှာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့ရာကနေ ကူးစက်သူတွေကို ဇယားရုပ်ပုံနဲ့ဖော်ပြထားချက်ကနေ ခုလို တွေ့ရှိရတာဖြစ်ပါတယ်။

အဲဒီဇယားမှာ ထိတွေ့ဆက်စပ်မှုကို ဖော်ပြထားရာမှာ ၈ မိုင်အုပ်စုနဲ့ အင်းစိန်အုပ်စုဆိုပြီး နှစ်ခုပါနေပြီး လူနာအမှတ် ၂၄ နဲ့ တိုက်ရိုက်ထိတွေ့သူ၊ တစ်ဆင့်ခံထိတွေ့တာကတစ်ဆင့် ကူးစက်သူ ၄၄ ဦးကို ရုပ်ပုံတွေနဲ့ဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီဇယားမှာ ဧပြီ ၁၉ ရက်နေ့ ထပ်မံထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၁၃ ဦးထဲက လူနာနံပါတ် ၂၄ တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားနဲ့ ဆက်စပ်သူတွေတော့ ပါဝင်ထားခြင်း မရှိသေးတာတွေ့ရပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar CDC
Image caption အစိုးရရဲ့ တရားဝင် စာရင်းဇယားနဲ့ ထုတ်ပြန်ချက်မှာ လူနာ နံပါတ် ၂၄ နဲ့ တိုက်ရိုက်၊တစ်ဆင့်ခံ ထိတွေ့မှုတွေပြထားပါတယ်။

ဒါကြောင့် မနေ့က ပိုးတွေ့လူနာတွေထဲက ဘာသာရေးအခမ်းအနားနဲ့ ဆက်စပ်သူ ၇ ဦးနဲ့ ဧပြီ ၁၉ ရက် ညပိုင်း ထပ်မံထုတ်ပြန်တဲ့ ပိုးတွေ့လူနာ လေးဦးထဲက တစ်ဦးတို့ကို ထပ်မံ ထည့်သွင်းလိုက်တဲ့အခါ ဒီနေ့ ဧပြီ ၂၀ ရက် မနက်ကိုးနာရီအထိ စုစုပေါင်း ကူးစက်ခံရသူ ၅၂ ဦး ရှိနေတာဖြစ်ပါတယ်။

အစိုးရတရားဝင်ထုတ်ပြန်ထားတဲ့ ဇယားအရ လူနာနံပါတ် ၂၄ ကနေ လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ ၁၁ ဦး၊ ၆၉၊ ၇၀၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၈၄၊ ၈၉၊၉၀၊ ၉၁၊ ၉၄ အထိ ၁၁ ဦး အဲဒီအုပ်စုနှစ်ခုကို ၈ မိုင်အဖွဲ့လို့ ဖော်ပြထားပါတယ်။

တစ်ခါ လူနာနံပါတ် ၆၂၊ လှိုင်သာယာက လူနာနံပါတ် ၆၃ နဲ့ ဇနီး လူနာနံပါတ် ၂၆ အထိ ၃ ဦး ဘယ်အုပ်စုနဲ့မှမရောဘဲ သီးသန့်ပြထားတာဖြစ်ပါတယ်။

တစ်ခါ အင်းစိန်အုပ်စုအဖြစ် လူနာ နံပါတ် ၂၄ ကို တိုက်ရိုက်ထိတွေ့တဲ့အထဲ လူနာနံပါတ် ၃၆ နဲ့ ၄၁ တို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီထဲက လူနာနံပါတ် ၃၆ ကနေ ၃၄၊ ၃၅၊ ၃၇ စုစုပေါင်း သုံးဦး၊ အဲဒီသုံးဦးကနေ လူနာနံပါတ် ၅၄ ကနေ ၆၁ အထိ ၈ ဦး၊ ၆၄၊ ၈၀၊ ၈၁ နဲ့ အဲဒီအုပ်စုနဲ့ ထိတွေ့တာကနေ လူနာနံပါတ် ၇၃နဲ့ သူ့မိသားစုဝင် ၇၂ တို့ ကူးစက်ကြောင်း ပြထားပါတယ်။ ဒါ့ပြင် အင်းစိန်အုပ်စုထဲမှာ ကွယ်လွန်သွားတဲ့ လူနာနံပါတ် ၈၆ ကိုလည်း ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ဧပြီ ၁၉ ရက်မနက်ပိုင်း ပိုးတွေ့လူနာ ၁၃ ဦးထုတ်ပြန်ခဲ့ရာမှာ မရမ်းကုန်းက ၂ ဦး၊ မြောက်ဒဂုံက ၂ ဦး၊ ဒေါပုံ၊ တောင်ဥက္ကလာ၊ မင်္ဂလာဒုံက တစ်ဦးစီ စုစုပေါင်း ၇ ဦးဟာ ဘာသာရေးပွဲနဲ့ဆက်စပ်ကြောင်း သက်ဆိုင်ရာဒေသခံအမတ်တွေက ပြောကြားထားပါတယ်။

ဒါကြောင့် လူနာနံပါတ် ၂၄ ကနေ တိုက်ရိုက်နဲ့ တစ်ဆင့်ခံ ထိတွေ့မှုတွေကနေ ကူးစက်သူပေါင်း ၅၁ ဦးထိ ရှိနေတာဖြစ်ပါတယ်။

လူနာနံပါတ် ၂၄ ဟာ အသက် ၃၂နှစ် အမျိုးသားဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို Silk Air လေကြောင်းလိုင်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။

ရန်ကုန်ကိုပြန်ရောက်ပြီးတဲ့နောက် ၆ မိုင်ခွဲကဈေးဝယ်စင်တာကို ငါးကြိမ်ခန့် သွားရောက်ခဲ့တယ်လို့ အဲဒိထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဧပြီ၁ ရက်ကစလို့ ဖျားပြီး မောပန်းတာခံစားခဲ့ရပေမယ့် ဆေးရုံဆေးခန်းမပြခဲ့ဘဲ သက်သာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဧပြီ ၆ ရက်မှာ လည်ချောင်းနာပြီး ချောင်းဆိုးတဲ့အတွက် ဧပြီ ၈ ရက်မှာ မရမ်းကုန်းမြို့နယ် ဒေသန္တရကျန်းမာရေးဌာနကို သွားရောက်ပြသခဲ့ပြီးနောက် ကိုဗစ်၁၉ အတည်ပြုလူနာအဖြစ် ဆေးစစ်ချက်ထွက်ခဲ့တာဖြစ်ပါတယ်။ သူနဲ့ အတူ ရန်ကုန်နေအိမ်မှာ အတူနေ မိသားစုဝင် ၄ ဦး၊ အလုပ်သမား ၃ ဦးတို့ ရှိပြီး အားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပါတယ်။ အခုတော့ သူတို့ထဲကတချို့မှာလည်း ဗိုင်းရပ်စ် ပိုးတွေ့ရှိကြောင်း ဆေးစစ်ချက်ထွက်ရှိထားပါတယ်။

သူနဲ့ပတ်သက်လို့ ရင်းနှီးသူတချို့က သူဟာ စင်ကာပူက ပြန်ရောက်တည်းက ကျန်းမာပြီး နေကောင်းကြောင်းနဲ့ ဒီရောက်မှ ကူးစက်ခံရတာလည်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်မှာရေးသားတာတွေရှိနေပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့ထဲက တရားဟောဆရာနဲ့ တချို့ဟာ နိုင်ငံခြားသားခံယူထားသူတွေဖြစ်လို့ သူတို့ဆီကနေလည်း စတင်ကူးစက်တာဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေရှိလာပါတယ်။

ဒါကြောင့် ဘီဘီစီက အဲဒီတရားဟောဆရာနဲ့ နီးစပ်သူ လက်ရှိ ကိုဗစ်၁၉ ကူးစက်ခံထားရပြီးဘာသာရေးပွဲတက်ရောက်ခဲ့သူတစ်ဦးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ တရားဟောဆရာဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်းပိုင်းလောက်က မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီအုပ်စုနှစ်ခုလုံးမှာ စုစုပေါင်း ထိတွေ့သူ ၂၇၄ ဦးရှိတယ်လို့လည်း အစိုးရ ကဖော်ပြထားပါတယ်။

ဒီအုပ်စုကနေ ထပ်မံစစ်ဆေးချက်တွေအရ ကူးစက်သူဦးရေတိုးလာနိုင်ခြေရှိတယ်လို့လည်း ပြောကြားမှုတွေရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52349961
လူနာအမွတ္ ၂၄ ကေန ထိေတြ႕ကူးစက္သူေပါင္း ၅၂ ဦး ရွိ လူနာအမွတ္ ၂၄ ကေန ထိေတြ႕ကူးစက္သူေပါင္း ၅၂ ဦး ရွိ Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.