ကို႐ိုနာဗိုင္းရပ္စ္ - ရန္ကုန္က ၿမိဳ႕နယ္ခုနစ္ခုမွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့လူနာ ၆၀ ေက်ာ္ရွိေန

 ဧၿပီ ၁၈ ရက္ ညေန ၃ နာရီအထိ ရန္ကုန္က ၿမိဳ႕နယ္ခုနစ္ခုမွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့လူနာ ၆၂ ဦး ရွိေနပါတယ္။
ကိုဗစ္၁၉ ကူးစက္ေရာဂါပ်ံ႕ႏွံ႔မႈကို ပိုမိုထိေရာက္စြာထိန္းခ်ဳပ္ႏိုင္ဖို႔ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕ကို အသြားအလာကန႔္သတ္မယ့္အမိန႔္ကို အစိုးရက ဧၿပီ ၁၈ ရက္ေန႔လယ္ပိုင္းမွာ ေၾကညာခဲ့ပါတယ္။

အဲဒီၿမိဳ႕နယ္ေတြကေတာ့ ပန္းဘဲတန္း၊ ဗဟန္း၊ မရမ္းကုန္း၊ အင္းစိန္၊ ေတာင္ဥကၠလာ၊ ေ႐ႊျပည္သာနဲ႔ လႈိင္သာယာၿမိဳ႕နယ္တို႔ ျဖစ္ပါတယ္။

အဲဒီၿမိဳ႕နယ္ေတြဟာ ေလာေလာဆယ္အထိ အစိုးရထုတ္ျပန္တဲ့ စာရင္းအရ ကိုဗစ္-၁၉ လူနာအမ်ားဆုံးေတြ႕ရွိထားတဲ့ ၿမိဳ႕နယ္ ၇ ခု ျဖစ္ေနတာ ေတြ႕ရပါတယ္။

က်န္းမာေရးဝန္ႀကီးက ထုတ္ျပန္တဲ့ အမိန္႔ထဲမွာ ေဖာ္ျပပါ ၿမိဳ႕နယ္ေတြက ျပည္သူေတြအေနနဲ႔ ကိုယ့္အိမ္မွာပဲ ကိုယ္ေနၾကဖို႔ (Stay at Home) လိုအပ္ၿပီး ထုတ္ျပန္ထားတဲ့စည္းကမ္းခ်က္ေတြကို လိုက္နာရမယ္ လို႔လည္း ပါရွိပါတယ္။

စည္းကမ္းခ်က္ေတြကေတာ့ အစိုးရဌာန၊ အဖြဲ႕အစည္းေတြ ၊ ကုမၼဏီ၊ စက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္းေဆာင္သူေတြကလြဲၿပီး က်န္သူေတြအားလုံး ကိုယ့္အိမ္မွာပဲကိုယ္ ေနထိုင္ရမွာျဖစ္ပါတယ္။
အလုပ္သြားအလုပ္ျပန္သူေတြကလြဲလို႔ ရပ္ကြက္တြင္း အဝင္အထြက္ေတြကို ပိတ္ထားမွာျဖစ္ပါတယ္။
မျဖစ္မေန ေဈးဝယ္ထြက္မယ္ဆိုရင္ တစ္အိမ္ တစ္ေယာက္ပဲ သြားေရာက္ရမွာျဖစ္ပါတယ္။ ေဆး႐ုံေဆးခန္းသြားမယ္ဆိုရင္ တစ္အိမ္ကိုႏွစ္ဦးပဲ ထြက္ခြင့္ရွိမွာျဖစ္ၿပီး အျပင္ထြက္ရင္ ပါးစပ္ႏွာေခါင္းစည္း တပ္ရမွာျဖစ္ပါတယ္။ ဝန္ထမ္းႀကိဳပို႔ယာဥ္ေတြနဲ႔ ျဖတ္သန္းခြင့္ျပဳထားတဲ့ ယာဥ္ေတြကို ရပ္ကြက္ေတြကို ေက်ာ္လြန္ၿပီး သြားလာခြင့္ျပဳထားပါတယ္။ ေဈးသြားတာနဲ႔ ေဆး႐ုံေဆးခန္းသြားတဲ့အခါ ေမာ္ေတာ္ယာဥ္သုံးမယ္ဆိုရင္ ေဈးသြားရင္ ယာဥ္ေမာင္းအပါအဝင္ ႏွစ္ဦးနဲ႔ ေဆး႐ုံေဆးခန္းဆိုရင္ ယာဥ္ေမာင္းအပါအဝင္ သုံးဦးပဲ ခြင့္ျပဳထားပါတယ္။

လိုအပ္လို႔ လူအေရအတြက္ ဒီထက္ပိုမ်ားတဲ့ကိစၥေဆာင္႐ြက္ဖို႔ရွိလာရင္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ကို သတင္းပို႔ၿပီး ခြင့္ျပဳခ်က္နဲ႔ သြားလာရမွာ ျဖစ္ပါတယ္။

သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕ဟာ အလုပ္သြားအလုပ္ျပန္နဲ႔ တာဝန္ရွိသူကလြဲလို႔ ရပ္ကြက္အတြင္း ဝင္ထြက္သြားလာခြင့္မျပဳရန္လို႔လည္း ပါရွိပါတယ္။

အခုအမိန႔္ကို လိုက္နာဖို႔ပ်က္ကြက္ရင္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရးဥပေဒအရ အေရးယူမယ္လို႔ ေဖာ္ျပထားၿပီး ဒီအမိန႔္ဟာ ဧၿပီ ၁၈ ရက္ညေနကစၿပီး သက္ေရာက္တာျဖစ္ပါတယ္။

ၿမိဳ႕နယ္အလိုက္ကိုဗစ္လူနာေတြ႕ရွိမႈအေျခအေန

အခုထုတ္ျပန္လိုက္တဲ့ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ထဲမွာ အင္းစိန္ၿမိဳ႕နယ္ဟာ ကိုဗစ္-၁၉ လူနာ ေတြ႕ရွိမႈ ၁၉ ဦးနဲ႔အမ်ားဆုံး ျဖစ္ပါတယ္။

လူနာအမွတ္ ၃၊ ၆၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၄၀၊ ၅၄၊ ၅၅၊ ၅၆၊ ၅၈၊ ၅၉၊ ၆၁၊ ၇၂၊ ၇၃၊ ၈၄၊ ၉၃၊ ၉၄ တို႔က အင္းစိန္ကျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဝက္ဘ္ဆိုက္မွာ ဧၿပီ ၁၈ ရက္မြန္းလြဲပိုင္းထိ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

ဒုတိယအမ်ားဆုံးၿမိဳ႕နယ္ကေတာ့ ဗဟန္းနဲ႔ ေတာင္ဥကၠလာတို႔ ျဖစ္ပါတယ္။ ႏွစ္ၿမိဳ႕နယ္လုံးမွာ လူနာ ၁၂ ဦးေတြ႕ရွိထားပါတယ္။

ဗဟန္းမွာ ျပင္သစ္ဧည့္လမ္းၫႊန္ျဖစ္တဲ့ လူနာနံပါတ္ ၈၊ နာမည္ႀကီး ေရာ့ခ္အဆိုေတာ္တို႔ဇနီးေမာင္ႏွံ အပါအဝင္ နံပါတ္ ၁၁၊ ၁၂၊ ၁၃၊ ၁၅၊ ၂၅၊ ၂၈၊ ၄၁၊ ၄၂၊ ၄၆၊ ၇၁ နဲ႔ ၇၉ တို႔ ျဖစ္ပါတယ္။

ေတာင္ဥကၠလာၿမိဳ႕နယ္ကလည္း လူနာ ၁၂ ဦး ေတြ႕ရွိထားပါတယ္။ အဲဒီထဲမွာ နာမည္ေက်ာ္ တရားေဟာဆရာတစ္ဦး အပါအဝင္ လူနာနံပါတ္ ၂၁၊ ၂၂၊ ၄၄၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၈၉၊ ၉၀ နဲ႔ ၉၁ တို႔ ျဖစ္ပါတယ္။

မရမ္းကုန္းက ခုနစ္ဦး ေတြ႕ရွိထားၿပီး ေတးသံသြင္းပိုင္ရွင္တစ္ဦးအပါအဝင္ လူနာနံပါတ္ ၂၄၊ ၄၃၊ ၄၅၊ ၆၂၊ ၆၃၊ ၇၀ နဲ႔ ၈၆ တို႔ျဖစ္ပါတယ္။

ပန္းဘဲတန္းကေတာ့ ငါးဦး ျဖစ္ၿပီး လူနာနံပါတ္ ၃၉(ကြယ္လြန္)၊ ၆၅၊ ၆၆၊ ၆၇ နဲ႔ ၆၈ တို႔ ျဖစ္ပါတယ္။

ေ႐ႊျပည္သာၿမိဳ႕နယ္က သုံးဦးရွိၿပီး လူနာနံပါတ္ ၃၃၊ ၅၇ နဲ႔ ၆၀ တို႔ ျဖစ္ပါတယ္။
 ျပင္သစ္ႏိုင္ငံသား ၃ ဦးအပါအဝင္ ရန္ကုန္က လူနာအားလုံးကို ေဝဘာဂီမွာ ကုသေပးေနပါတယ္။
လႈိင္သာယာမွာေတာ့ ေလးဦးျဖစ္ၿပီး လူနာနံပါတ္ ၂၆ နဲ႔ ၆၃ တို႔ဟာ ဇနီးေမာင္ႏွံေတြျဖစ္ၾကပါတယ္။ က်န္လူနာႏွစ္ဦးကေတာ့ နံပါတ္ ၈၀ နဲ႔ ၈၁ တို႔ ျဖစ္ၾကပါတယ္။

ဧၿပီ ၁၈ ရက္ ညေန ၃ နာရီအထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြေပၚမူတည္ၿပီး တြက္ခ်က္တဲ့အခါ ဒီၿမိဳ႕နယ္ ခုနစ္ၿမိဳ႕နယ္မွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ လူနာေပါင္း ၆၂ ဦး ရွိေနတာျဖစ္ပါတယ္။

ဒီ ၆၂ ဦး အပါအဝင္ရန္ကုန္က လူနာအားလုံးကို ေဝဘာဂီေဆး႐ုံမွာ ကုသေပးေနၿပီး အထူးၾကပ္မတ္ေဆာင္မွာ ကုသေပးေနရသူ ၂ ဦးရွိတယ္လို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ပိုးေတြ႕လူနာနဲ႔ ေသဆုံးသူအေရအတြက္က ရန္ကုန္က အမ်ားဆုံးျဖစ္ေနၿပီး ေရာဂါျဖစ္ပြားတဲ့ ဗဟိုခ်က္လိုျဖစ္လာမွာစိုးရိမ္သူေတြလည္း ရွိလာေနပါတယ္။

BBC Burmese
-------------------------------------------------
ကိုရိုနာဗိုင်းရပ်စ် - ရန်ကုန်က မြို့နယ်ခုနစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာ ၆၀ ကျော်ရှိနေ

ကိုဗစ်၁၉ ကူးစက်ရောဂါပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ကို အသွားအလာကန့်သတ်မယ့်အမိန့်ကို အစိုးရက ဧပြီ ၁၈ ရက်နေ့လယ်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

အဲဒီမြို့နယ်တွေကတော့ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ တောင်ဥက္ကလာ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တို့ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေဟာ လောလောဆယ်အထိ အစိုးရထုတ်ပြန်တဲ့ စာရင်းအရ ကိုဗစ်-၁၉ လူနာအများဆုံးတွေ့ရှိထားတဲ့ မြို့နယ် ၇ ခု ဖြစ်နေတာ တွေ့ရပါတယ်။

ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်တဲ့ အမိန့်ထဲမှာ ဖော်ပြပါ မြို့နယ်တွေက ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြဖို့ (Stay at Home) လိုအပ်ပြီး ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာရမယ် လို့လည်း ပါရှိပါတယ်။

စည်းကမ်းချက်တွေကတော့ အစိုးရဌာန၊ အဖွဲ့အစည်းတွေ ၊ ကုမ္မဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်သူတွေကလွဲပြီး ကျန်သူတွေအားလုံး ကိုယ့်အိမ်မှာပဲကိုယ် နေထိုင်ရမှာဖြစ်ပါတယ်။

မဖြစ်မနေ ဈေးဝယ်ထွက်မယ်ဆိုရင် တစ်အိမ် တစ်ယောက်ပဲ သွားရောက်ရမှာဖြစ်ပါတယ်။ ဆေးရုံဆေးခန်းသွားမယ်ဆိုရင် တစ်အိမ်ကိုနှစ်ဦးပဲ ထွက်ခွင့်ရှိမှာဖြစ်ပြီး အပြင်ထွက်ရင် ပါးစပ်နှာခေါင်းစည်း တပ်ရမှာဖြစ်ပါတယ်။ ဝန်ထမ်းကြိုပို့ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကို ရပ်ကွက်တွေကို ကျော်လွန်ပြီး သွားလာခွင့်ပြုထားပါတယ်။ ဈေးသွားတာနဲ့ ဆေးရုံဆေးခန်းသွားတဲ့အခါ မော်တော်ယာဉ်သုံးမယ်ဆိုရင် ဈေးသွားရင် ယာဉ်မောင်းအပါအဝင် နှစ်ဦးနဲ့ ဆေးရုံဆေးခန်းဆိုရင် ယာဉ်မောင်းအပါအဝင် သုံးဦးပဲ ခွင့်ပြုထားပါတယ်။

လိုအပ်လို့ လူအရေအတွက် ဒီထက်ပိုများတဲ့ကိစ္စဆောင်ရွက်ဖို့ရှိလာရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီး ခွင့်ပြုချက်နဲ့ သွားလာရမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဟာ အလုပ်သွားအလုပ်ပြန်နဲ့ တာဝန်ရှိသူကလွဲလို့ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာခွင့်မပြုရန်လို့လည်း ပါရှိပါတယ်။

အခုအမိန့်ကို လိုက်နာဖို့ပျက်ကွက်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပြီး ဒီအမိန့်ဟာ ဧပြီ ၁၈ ရက်ညနေကစပြီး သက်ရောက်တာဖြစ်ပါတယ်။

မြို့နယ်အလိုက်ကိုဗစ်လူနာတွေ့ရှိမှုအခြေအနေ

အခုထုတ်ပြန်လိုက်တဲ့ မြို့နယ် ၇ မြို့နယ်ထဲမှာ အင်းစိန်မြို့နယ်ဟာ ကိုဗစ်-၁၉ လူနာ တွေ့ရှိမှု ၁၉ ဦးနဲ့အများဆုံး ဖြစ်ပါတယ်။

လူနာအမှတ် ၃၊ ၆၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၄၀၊ ၅၄၊ ၅၅၊ ၅၆၊ ၅၈၊ ၅၉၊ ၆၁၊ ၇၂၊ ၇၃၊ ၈၄၊ ၉၃၊ ၉၄ တို့က အင်းစိန်ကဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဧပြီ ၁၈ ရက်မွန်းလွဲပိုင်းထိ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒုတိယအများဆုံးမြို့နယ်ကတော့ ဗဟန်းနဲ့ တောင်ဥက္ကလာတို့ ဖြစ်ပါတယ်။ နှစ်မြို့နယ်လုံးမှာ လူနာ ၁၂ ဦးတွေ့ရှိထားပါတယ်။

ဗဟန်းမှာ ပြင်သစ်ဧည့်လမ်းညွှန်ဖြစ်တဲ့ လူနာနံပါတ် ၈၊ နာမည်ကြီး ရော့ခ်အဆိုတော်တို့ဇနီးမောင်နှံ အပါအဝင် နံပါတ် ၁၁၊ ၁၂၊ ၁၃၊ ၁၅၊ ၂၅၊ ၂၈၊ ၄၁၊ ၄၂၊ ၄၆၊ ၇၁ နဲ့ ၇၉ တို့ ဖြစ်ပါတယ်။

တောင်ဥက္ကလာမြို့နယ်ကလည်း လူနာ ၁၂ ဦး တွေ့ရှိထားပါတယ်။ အဲဒီထဲမှာ နာမည်ကျော် တရားဟောဆရာတစ်ဦး အပါအဝင် လူနာနံပါတ် ၂၁၊ ၂၂၊ ၄၄၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၈၉၊ ၉၀ နဲ့ ၉၁ တို့ ဖြစ်ပါတယ်။

မရမ်းကုန်းက ခုနစ်ဦး တွေ့ရှိထားပြီး တေးသံသွင်းပိုင်ရှင်တစ်ဦးအပါအဝင် လူနာနံပါတ် ၂၄၊ ၄၃၊ ၄၅၊ ၆၂၊ ၆၃၊ ၇၀ နဲ့ ၈၆ တို့ဖြစ်ပါတယ်။

ပန်းဘဲတန်းကတော့ ငါးဦး ဖြစ်ပြီး လူနာနံပါတ် ၃၉(ကွယ်လွန်)၊ ၆၅၊ ၆၆၊ ၆၇ နဲ့ ၆၈ တို့ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်က သုံးဦးရှိပြီး လူနာနံပါတ် ၃၃၊ ၅၇ နဲ့ ၆၀ တို့ ဖြစ်ပါတယ်။

လှိုင်သာယာမှာတော့ လေးဦးဖြစ်ပြီး လူနာနံပါတ် ၂၆ နဲ့ ၆၃ တို့ဟာ ဇနီးမောင်နှံတွေဖြစ်ကြပါတယ်။ ကျန်လူနာနှစ်ဦးကတော့ နံပါတ် ၈၀ နဲ့ ၈၁ တို့ ဖြစ်ကြပါတယ်။

ဧပြီ ၁၈ ရက် ညနေ ၃ နာရီအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး တွက်ချက်တဲ့အခါ ဒီမြို့နယ် ခုနစ်မြို့နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာပေါင်း ၆၂ ဦး ရှိနေတာဖြစ်ပါတယ်။

ဒီ ၆၂ ဦး အပါအဝင်ရန်ကုန်က လူနာအားလုံးကို ဝေဘာဂီဆေးရုံမှာ ကုသပေးနေပြီး အထူးကြပ်မတ်ဆောင်မှာ ကုသပေးနေရသူ ၂ ဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပိုးတွေ့လူနာနဲ့ သေဆုံးသူအရေအတွက်က ရန်ကုန်က အများဆုံးဖြစ်နေပြီး ရောဂါဖြစ်ပွားတဲ့ ဗဟိုချက်လိုဖြစ်လာမှာစိုးရိမ်သူတွေလည်း ရှိလာနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52322231
ကို႐ိုနာဗိုင္းရပ္စ္ - ရန္ကုန္က ၿမိဳ႕နယ္ခုနစ္ခုမွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့လူနာ ၆၀ ေက်ာ္ရွိေန ကို႐ိုနာဗိုင္းရပ္စ္ - ရန္ကုန္က ၿမိဳ႕နယ္ခုနစ္ခုမွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့လူနာ ၆၀ ေက်ာ္ရွိေန Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.