အကအဖြဲ႕ကိုဓားနဲ႔ တိုက္ခိုက္သူ ေဆာ္ဒီမွာ ေသဒဏ္စီရင္ခံရ

က်ားမစုံတြဲေဖ်ာ္ေျဖမႈကို အခုအခါျပန္လည္ခြင့္ျပဳလိုက္ပါၿပီ
(Zawgyi)⤵⤵⤵
ေဆာ္ဒီအာေရးဗ်မွာ ကျပေဖ်ာ္ေျဖေနတဲ့ စပိန္အကသမား အနည္းဆုံး ၃ ေယာက္ကို ဓားနဲ႔ထိုးသတ္ခဲ့သူ အမ်ိဳးသားတဦးကို အစိုးရက ေသဒဏ္စီရင္လိုက္ပါတယ္။

ၾကာသပေတးေန႔က သူ႔ကို ၿမိဳ႕ေတာ္ရီးယာ့ဒ္မွာ ေသဒဏ္စီရင္ခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုဝင္ဘာလတုန္းက ၿမိဳ႕ေတာ္ ရီးယာ့ဒ္က ကပြဲတခုမွာ စပိန္အကအဖြဲ႕ ကျပေဖ်ာ္ေျဖေနစဥ္ ဝင္ေရာက္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာပါ။

အသက္ ၃၃ ႏွစ္ရွိ ယီမင္ႏိုင္ငံသား အီမတ္အယ္လ္မန္ဆူရီဟာ အယ္ခိုင္းဒါး အဖြဲ႕ဝင္လို႔ အစိုးရမီဒီယာက ထုတ္ျပန္ေျပာဆိုပါတယ္။

ေဆာ္ဒီအာေရဗ်မွာ ေဖ်ာ္ေျဖမႈေတြကို ေရွး႐ိုးဘာသာေရးသမားေတြက ႏွစ္ေပါင္းမ်ားစြာ ကန္႔သတ္တားျမစ္ထားခဲ့ရာကေန စတင္ေလ်ာ့ေပါ့ေပးခ်ိန္မွာ အခုျဖစ္ရပ္ျဖစ္ခဲ့တာပါ။

တိုက္ခိုက္မႈဟာ ႏိုဝင္ဘာလ၁၁ရက္ေန႔မွာ ျဖစ္ပြားခဲ့ပါတယ္။ ေဆာ္ဒီအာေရဗ် ၿမိဳ႕ေတာ္ရီးယာ့ဒ္ရွိ ဘုရင္အဗၺဒူလာဥယ်ာဥ္ထဲက ကဇာတ္႐ုံမွာ လူတေယာက္က အတင္းဝင္ေရာက္လာၿပီး အကအဖြဲ႕သားေတြကို ဓားနဲ႔ဝင္ထိုးခဲ့တာ ျဖစ္ပါတယ္။

ဓားနဲ႔ထိုးတဲ့ အယ္လ္မန္ဆူရီကို စြဲခ်က္အမ်ိဳးမ်ိဳးတင္ တရားစြဲခဲ့ၿပီး အျပစ္ရွိေၾကာင္း အထူးတရား႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။ စြဲခ်က္ေတြထဲမွာ ယီမင္ အယ္လ္ခိုင္းဒါးအဖြဲ႕ဝင္ အျဖစ္စြပ္စြဲခ်က္လည္း တခုအပါအဝင္ ျဖစ္ပါတယ္။

အယ္လ္ခိုင္းဒါးအဖြဲ႕ကေတာ့ အခုတိုက္ခိုက္မႈကို သူတို႔လုပ္တယ္လို႔ မဆိုပါဘူး။
ရီးယာ့ဒ္မွာက်င္းပခဲ့တဲ့ လွ်ပ္စစ္အကပြဲေတာ္ဟာ အႀကီးက်ယ္ဆုံးေဖ်ာ္ေျဖပြဲတခုျဖစ္
ေနာက္ထပ္လူတေယာက္ကိုေတာ့ အထူးရာဇဝတ္တရား႐ုံးက ေထာင္ဒဏ္ ၁၂ ႏွစ္ခြဲ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

အယ္လ္မန္ဆူရီဟာ ေဆာ္ဒီမွာ ေဖ်ာ္ေျဖေရးလုပ္ငန္းဆိုင္ရာ အာဏာပိုင္အဖြဲ႕အသစ္ဖြဲ႕စည္းတာနဲ႔ပတ္သက္ၿပီး ဆန္႔က်င္ေၾကာင္းလည္း သူ႔ကိုယ္သူ ဗီဒီယို႐ိုက္ၿပီး ဆိုရွယ္မီဒီယာေပၚျဖန္႔ခဲ့တယ္လို႔ ေဆာ္ဒီအစိုးရ တာဝန္ရွိသူေတြက ဆိုပါတယ္။

အိမ္ေရွ႕မင္းသား မိုဟမၼက္ ဘင္ေဆာ္လမန္က သူ႔ကို ၂၀၁၇ ခုႏွစ္မွာ အိမ္ေရွ႕စံ ခန္႔အပ္ၿပီးခ်ိန္ကစၿပီး သူ႔အေခၚ ဗားရွင္း ၂၀၃၀ လို႔ေခၚတဲ့ ေခတ္မီေရးျပဳျပင္ေျပာင္းလဲမႈ လုပ္မယ္လို႔ ကတိျပဳခဲ့ပါတယ္။

ဆယ္စုႏွစ္ေက်ာ္ၾကာေအာင္ ႐ုပ္ရွင္နဲ႔ က်ား၊မစုံတြဲေဖ်ာ္ေျဖမႈေတြ တားျမစ္ထားတာကို ႐ုပ္သိမ္းခဲ့ပါတယ္။ အခုအခါမွာ အမ်ိဳးသမီးေတြ ေဘာလုံးပြဲၾကည့္ခြင့္ရပါၿပီ။

ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ား ေဒၚလာဘီလ်ံနဲ႔ခ်ီ ျမႇဳပ္ႏွံဖို႔လည္း ကတိျပဳထားပါတယ္။ ႏိုင္ငံတကာ နာမည္ေက်ာ္ေတြ ျဖစ္ၾကတဲ့ ေကေပါ့၊ ဆရစ္ဒူဆိုေလး၊ မာရီယာကယ္ရီတို႔လည္း ေဆာ္ဒီမွာ ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

ဒါေပမဲ့ ျပဳျပင္ေျပာင္းလဲေရးေတြဟာ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားသူေတြကို ဖမ္းဆီးမႈ၊ သတင္းသမား ဂ်မားဟာေရွာ့ဂီ သတ္ျဖတ္မႈေတြေနာက္ပိုင္းမွာ ဆိုင္းငံ့ရပ္တန္႔သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ထဲမွာ ေဖ်ာ္ေျဖဖို႔စီစဥ္ထားတဲ့ နစ္ကီမနာ့ဂ္်ရဲ႕ အစီအစဥ္ကို ဖ်က္သိမ္းခဲ့ပါတယ္။ အမ်ိဳးသမီးေရးနဲ႔ လိင္တူခ်စ္သူေတြအတြက္ ရည္႐ြယ္ေဖ်ာ္ေျဖတဲ့ပြဲ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလထဲမွာလည္း ေဆာ္ဒီရက္ပ္အဖြဲ႕တဖြဲ႕ အဖမ္းခံခဲ့ရပါတယ္။

ႏိုဝင္ဘာလ တိုက္ခိုက္မႈဟာ ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ ေၾကညာၿပီးေနာက္ပိုင္းမွာ ပထမဆုံးျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈလို႔ ေဆာ္ဒီအာဏာပိုင္ေတြက ဆိုပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
အကအဖွဲ့ကိုဓားနဲ့ တိုက်ခိုက်သူ ဆော်ဒီမှာ သေဒဏ်စီရင်ခံရ

ဆော်ဒီအာရေးဗျမှာ ကပြဖျော်ဖြေနေတဲ့ စပိန်အကသမား အနည်းဆုံး ၃ ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့သူ အမျိုးသားတဦးကို အစိုးရက သေဒဏ်စီရင်လိုက်ပါတယ်။

ကြာသပတေးနေ့က သူ့ကို မြို့တော်ရီးယာ့ဒ်မှာ သေဒဏ်စီရင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလတုန်းက မြို့တော် ရီးယာ့ဒ်က ကပွဲတခုမှာ စပိန်အကအဖွဲ့ ကပြဖျော်ဖြေနေစဉ် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အသက် ၃၃ နှစ်ရှိ ယီမင်နိုင်ငံသား အီမတ်အယ်လ်မန်ဆူရီဟာ အယ်ခိုင်းဒါး အဖွဲ့ဝင်လို့ အစိုးရမီဒီယာက ထုတ်ပြန်ပြောဆိုပါတယ်။

ဆော်ဒီအာရေဗျမှာ ဖျော်ဖြေမှုတွေကို ရှေးရိုးဘာသာရေးသမားတွေက နှစ်ပေါင်းများစွာ ကန့်သတ်တားမြစ်ထားခဲ့ရာကနေ စတင်လျော့ပေါ့ပေးချိန်မှာ အခုဖြစ်ရပ်ဖြစ်ခဲ့တာပါ။

တိုက်ခိုက်မှုဟာ နိုဝင်ဘာလ၁၁ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆော်ဒီအာရေဗျ မြို့တော်ရီးယာ့ဒ်ရှိ ဘုရင်အဗ္ဗဒူလာဥယျာဉ်ထဲက ကဇာတ်ရုံမှာ လူတယောက်က အတင်းဝင်ရောက်လာပြီး အကအဖွဲ့သားတွေကို ဓားနဲ့ဝင်ထိုးခဲ့တာ ဖြစ်ပါတယ်။

ဓားနဲ့ထိုးတဲ့ အယ်လ်မန်ဆူရီကို စွဲချက်အမျိုးမျိုးတင် တရားစွဲခဲ့ပြီး အပြစ်ရှိကြောင်း အထူးတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ စွဲချက်တွေထဲမှာ ယီမင် အယ်လ်ခိုင်းဒါးအဖွဲ့ဝင် အဖြစ်စွပ်စွဲချက်လည်း တခုအပါအဝင် ဖြစ်ပါတယ်။

အယ်လ်ခိုင်းဒါးအဖွဲ့ကတော့ အခုတိုက်ခိုက်မှုကို သူတို့လုပ်တယ်လို့ မဆိုပါဘူး။

နောက်ထပ်လူတယောက်ကိုတော့ အထူးရာဇဝတ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အယ်လ်မန်ဆူရီဟာ ဆော်ဒီမှာ ဖျော်ဖြေရေးလုပ်ငန်းဆိုင်ရာ အာဏာပိုင်အဖွဲ့အသစ်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကြောင်းလည်း သူ့ကိုယ်သူ ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်ဖြန့်ခဲ့တယ်လို့ ဆော်ဒီအစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။

အိမ်ရှေ့မင်းသား မိုဟမ္မက် ဘင်ဆော်လမန်က သူ့ကို ၂၀၁၇ ခုနှစ်မှာ အိမ်ရှေ့စံ ခန့်အပ်ပြီးချိန်ကစပြီး သူ့အခေါ် ဗားရှင်း ၂၀၃၀ လို့ခေါ်တဲ့ ခေတ်မီရေးပြုပြင်ပြောင်းလဲမှု လုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။

ဆယ်စုနှစ်ကျော်ကြာအောင် ရုပ်ရှင်နဲ့ ကျား၊မစုံတွဲဖျော်ဖြေမှုတွေ တားမြစ်ထားတာကို ရုပ်သိမ်းခဲ့ပါတယ်။ အခုအခါမှာ အမျိုးသမီးတွေ ဘောလုံးပွဲကြည့်ခွင့်ရပါပြီ။

ဖျော်ဖြေရေးလုပ်ငန်းများ ဒေါ်လာဘီလျံနဲ့ချီ မြှုပ်နှံဖို့လည်း ကတိပြုထားပါတယ်။ နိုင်ငံတကာ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ကေပေါ့၊ ဆရစ်ဒူဆိုလေး၊ မာရီယာကယ်ရီတို့လည်း ဆော်ဒီမှာ ဖျော်ဖြေခဲ့ကြပါတယ်။

ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှု၊ သတင်းသမား ဂျမားဟာရှော့ဂီ သတ်ဖြတ်မှုတွေနောက်ပိုင်းမှာ ဆိုင်းငံ့ရပ်တန့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ ဖျော်ဖြေဖို့စီစဉ်ထားတဲ့ နစ်ကီမနာ့ဂ်ျရဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အမျိုးသမီးရေးနဲ့ လိင်တူချစ်သူတွေအတွက် ရည်ရွယ်ဖျော်ဖြေတဲ့ပွဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလထဲမှာလည်း ဆော်ဒီရက်ပ်အဖွဲ့တဖွဲ့ အဖမ်းခံခဲ့ရပါတယ်။

နိုဝင်ဘာလ တိုက်ခိုက်မှုဟာ ပြုပြင်ပြောင်းလဲရေး အစီအစဉ် ကြေညာပြီးနောက်ပိုင်းမှာ ပထမဆုံးဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ဆော်ဒီအာဏာပိုင်တွေက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52331685
အကအဖြဲ႕ကိုဓားနဲ႔ တိုက္ခိုက္သူ ေဆာ္ဒီမွာ ေသဒဏ္စီရင္ခံရ အကအဖြဲ႕ကိုဓားနဲ႔ တိုက္ခိုက္သူ ေဆာ္ဒီမွာ ေသဒဏ္စီရင္ခံရ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.