အာဆာစခန္း ျမန္မာတပ္ဖြဲ႕ သိမ္းဆည္း


(Zawgyi)⤵⤵⤵
 ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္ ခေမာင္းဆိပ္႐ြာက မီတာ ၂၅၀၀ ေလာက္အကြာမွာရွိတဲ့ အာဆာစခန္းကေန လက္နက္ခဲယမ္း၊ ရိကၡာနဲ႔ ဝတ္စုံေတြကို ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ သိမ္းဆည္းရမိတယ္လို႔ တပ္မေတာ္က ဒီလ ၉ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

တဲႏွစ္လုံးကေန အခုလ ၈ ရက္ေန႔က သိမ္းဆည္းရမိတာျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဆက္ဘဇားဒုကၡသည္စခန္းမွာ ေနထိုင္ခြင့္ျပဳထားတဲ့ UNHCR ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးက ထုတ္ေပးထားတဲ့ အသိအမွတ္ျပဳကတ္ျပားနဲ႔ အစၥလာမ္က်မ္းစာအုပ္ တစ္အုပ္လည္း သိမ္းဆည္းရမိတယ္လို႔ ေဖာ္ျပပါတယ္။ ရိကၡာထုပ္မွာ WFP ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ လိုဂိုအမွတ္အသားပါတယ္လို႔ ေျပာပါတယ္။

ဒီေဒသမွာပဲ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အာဆာစခန္း သုံးခုကို ျမန္မာတပ္ဖြဲ႕ဝင္ေတြ သိမ္းပိုက္ခဲ့ပါတယ္။

RFA Burmese
---------------------------------------------
(Unicode)⤵⤵⤵
အာဆာစခန်း မြန်မာတပ်ဖွဲ့ သိမ်းဆည်း

 ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ခမောင်းဆိပ်ရွာက မီတာ ၂၅၀၀ လောက်အကွာမှာရှိတဲ့ အာဆာစခန်းကနေ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဝတ်စုံတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော်က ဒီလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တဲနှစ်လုံးကနေ အခုလ ၈ ရက်နေ့က သိမ်းဆည်းရမိတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်ခွင့်ပြုထားတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုကတ်ပြားနဲ့ အစ္စလာမ်ကျမ်းစာအုပ် တစ်အုပ်လည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ ရိက္ခာထုပ်မှာ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် လိုဂိုအမှတ်အသားပါတယ်လို့ ပြောပါတယ်။

ဒီဒေသမှာပဲ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အာဆာစခန်း သုံးခုကို မြန်မာတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အာဆာစခန္း ျမန္မာတပ္ဖြဲ႕ သိမ္းဆည္း အာဆာစခန္း ျမန္မာတပ္ဖြဲ႕ သိမ္းဆည္း Reviewed by THITHTOOLWIN on 10:37 Rating: 5
Powered by Blogger.