




RFA Burmese
----------------------------------------------
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ ရိုဟင်ဂျာစခန်းတွေ အဝင်အထွက်ပိတ်

 အိမ်နီးချင်းမြန်မာနိုင်ငံကနေ သန်းနဲ့ချီရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိနေတဲ့ ကော့ဆက်ဇ်ဘဇားခရိုင်ကို ဗုဒ္ဓဟူးညကစလို့ အဝင်အထွက် လုံးဝပိတ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက မနေ့က ပြောကြားလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တာ ရပ်ဆိုင်းသွားအောင် အခြေအနေ မကောင်းသေးသမျှ လုံးဝပိတ်ထားမယ်လို့ ပြောပါတယ်။

ညစ်ထေးနေတဲ့ လမ်းကြိုလမ်းကြားတွေထဲ ဝါးတဲတွေ၊ ရွက်ဖျင်တဲတွေနဲ့ ကျပ်သိပ်အောင်နေရတဲ့ ဒုက္ခသည်တွေဆီ ကိုရိုနာဗိုင်းရပ်စ် အမြန်ကူးစက်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ခုချိန်ထိ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူမရှိသေးပေမဲ့ အနီးနားကနေရာမှာ လူတယောက် ကူးစက်ခံထားရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ ရိုဟင်ဂျာစခန်းတွေ အဝင်အထွက်ပိတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ ရိုဟင်ဂျာစခန်းတွေ အဝင်အထွက်ပိတ် Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.