ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္မွာ ေထာင္၀င္စာ လာေရာက္ေတြ႕ဆံုသူ မ်ားျပားေန

(Zawgyi)⤵⤵⤵
ရန္ကုန္၊ မတ္ ၃၁

ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္အက်ဥ္းေထာင္ေရွ႕မွာ မတ္လ ၃၀ ရက္ေန႔နဲ႔ ၃၁ ရက္ေန႔ေတြမွာ ေထာင္၀င္စာ လာေရာက္ေတြ႕ဆံုသူေတြဟာ ယခင္္ရက္ေတြထက္ မ်ားျပားေနတယ္လုိ႔ သိရပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံ အပါအ၀င္ ကမာၻ႔ႏိုင္ငံ အသီးသီးမွာ ကူးစက္ျပန္႔ပြားေနတဲ့ Covid -19 ဗိုင္းရပ္စ္ေရာ ဂါ ျဖစ္ပြားေနမႈေၾကာင့္ အက်ဥ္းေထာင္အတြင္း ေရာက္ရွိေနတဲ့ အက်ဥ္းသားေတြရဲ႕ က်န္းမာေရး အေျခအေန ကို မိသားစု၀င္ေတြက စိုးရိမ္ေနၾကပါတယ္။


“ အျပင္မွာလဲ Covid- 19 ေရာဂါ ကာကြယ္မႈေတြ လုပ္ေနေပမယ့္ ေထာင္ထဲမွာ ေရာက္ေနတဲ့ သူေတြ အ တြက္ ေရာဂါကာကြယ္ေပးဖို႔ ဘာေတြလုပ္ထားလဲ မသိဘူး။ အေမဆိုေတာ့ စိုးရိမ္တာေပါ့ သားေလးေလ၊ အခု လဲ အက်ဥ္းသားေတြကို မိသားစု၀င္ တစ္ဦးပဲ ေတြ႕ခြင့္ရမယ္ ေျပာတယ္” လို႔ ေထာင္၀င္စာ လာေရာက္ေတြ႕ ဆံုသူ အက်ဥ္းသား မိသားစု၀င္ ေဒၚစိန္ႏုက ေျပာပါတယ္။

လက္ရွိ Covid- 19 ဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္တားဆီးႏုိင္ဖို႔ ျမန္မာအစိုးရက အဆင့္ဆင့္ လုပ္ ေဆာင္မႈေတြ ရွိေနေပမယ့္ ႏိုင္ငံအႏွံ႔ ျဖစ္ပြားမႈႏႈန္း တိုးျမင့္လာတဲ့အျပင္ ေသဆုံးမႈေတြပါ ျမင့္တက္ေနတဲ့အ တြက္ ျပည္သူေတြ အေနနဲ႔ စိုးရိမ္မႈေတြ ရွိေနၾကတာပါ။

“ တို႔ေတြ အျပင္မွာေတာင္ ကာကြယ္ဖို႔ခက္တာ ေထာင္ထဲမွာဆို ပိုဆိုးမွာေပါ့။ ေယာက္က်ာၤးအတြက္ အရမ္းစိုး ရိမ္တယ္။ ေထာင္ထဲမွာ ေရာဂါပိုးနဲ႔ ေသမွာ စိုးရိမ္မိတယ္။

အကာအကြယ္ ေရာလုပ္ေပးပါ့မလား၊ အဓိကေတာ့ ေထာင္ထဲေရာက္ေနတဲ့ သူေတြအတြက္ ရဲေတြမွာ အဓိက တာ၀န္ရွိတာေပါ့။ သူတို႔ လုပ္ေပးမွရမွာေလ ကြ်န္မ တို႔ေတာ့ ဘာမွ မတတ္ႏိုင္ဘူး “ လို႔ ေထာင္၀င္စာ လာေရာက္ေတြ႕ဆံုသူ အက်ဥ္းသား မိသားစု၀င္ မ၀င္းမာက ေျပာပါတယ္။

လက္ရွိမွာ ေထာင္၀င္စာ ေတြ႕ဆံုခြင့္မ်ားကို လာမယ့္ သႀကၤန္ကာလအတြင္း ရပ္နားထားမွာျဖစ္ၿပီး အက်ဥ္း သား ေတြ႕ဆုံခြင့္ကိုေတာ့ အက်ဥ္းသားတစ္ဦးကို မိသားစု၀င္ တစ္ဦးကိုသာ ေတြ႕ဆုံခြင့္ ေပးထားတယ္လို႔ အ က်ဥ္းဦးစီးဌာနမွ ၀န္ထမ္းတစ္ဦးက ေျပာပါတယ္။

လက္ရွိမွာ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း (AAPP) က အက်ဥ္းေထာင္ ၊ အက်ဥ္းစ ခန္း၊ အခ်ဴပ္ခန္းေတြမွာ Covid-19 ကူးစက္ေရာဂါကို ႀကိဳတင္ကာကြယ္ဖို႔ မတ္လ ၁၈ ရက္ေန႔က အႀကံျပဳ တိုက္တြန္းထားပါတယ္။

ဆုသီရိစံ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာ လာရောက်တွေ့ဆုံသူ များပြားနေ

ရန်ကုန်၊ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်ရှေ့မှာ မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေမှာ ထောင်ဝင်စာ လာရောက်တွေ့ဆုံသူတွေဟာ ယခင်ရက်တွေထက် များပြားနေတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကူးစက်ပြန့်ပွားနေတဲ့ Covid -19 ဗိုင်းရပ်စ်ရော ဂါ ဖြစ်ပွားနေမှုကြောင့် အကျဉ်းထောင်အတွင်း ရောက်ရှိနေတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ ကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

“ အပြင်မှာလဲ Covid- 19 ရောဂါ ကာကွယ်မှုတွေ လုပ်နေပေမယ့် ထောင်ထဲမှာ ရောက်နေတဲ့ သူတွေ အ တွက် ရောဂါကာကွယ်ပေးဖို့ ဘာတွေလုပ်ထားလဲ မသိဘူး။ အမေဆိုတော့ စိုးရိမ်တာပေါ့ သားလေးလေ၊ အခု လဲ အကျဉ်းသားတွေကို မိသားစုဝင် တစ်ဦးပဲ တွေ့ခွင့်ရမယ် ပြောတယ်” လို့ ထောင်ဝင်စာ လာရောက်တွေ့ ဆုံသူ အကျဉ်းသား မိသားစုဝင် ဒေါ်စိန်နုက ပြောပါတယ်။

လက်ရှိ Covid- 19 ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တားဆီးနိုင်ဖို့ မြန်မာအစိုးရက အဆင့်ဆင့် လုပ် ဆောင်မှုတွေ ရှိနေပေမယ့် နိုင်ငံအနှံ့ ဖြစ်ပွားမှုနှုန်း တိုးမြင့်လာတဲ့အပြင် သေဆုံးမှုတွေပါ မြင့်တက်နေတဲ့အ တွက် ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြတာပါ။

“ တို့တွေ အပြင်မှာတောင် ကာကွယ်ဖို့ခက်တာ ထောင်ထဲမှာဆို ပိုဆိုးမှာပေါ့။ ယောက်ကျာၤးအတွက် အရမ်းစိုး ရိမ်တယ်။ ထောင်ထဲမှာ ရောဂါပိုးနဲ့ သေမှာ စိုးရိမ်မိတယ်။

အကာအကွယ် ရောလုပ်ပေးပါ့မလား၊ အဓိကတော့ ထောင်ထဲရောက်နေတဲ့ သူတွေအတွက် ရဲတွေမှာ အဓိက တာဝန်ရှိတာပေါ့။ သူတို့ လုပ်ပေးမှရမှာလေ ကျွန်မ တို့တော့ ဘာမှ မတတ်နိုင်ဘူး “ လို့ ထောင်ဝင်စာ လာရောက်တွေ့ဆုံသူ အကျဉ်းသား မိသားစုဝင် မဝင်းမာက ပြောပါတယ်။

လက်ရှိမှာ ထောင်ဝင်စာ တွေ့ဆုံခွင့်များကို လာမယ့် သင်္ကြန်ကာလအတွင်း ရပ်နားထားမှာဖြစ်ပြီး အကျဉ်း သား တွေ့ဆုံခွင့်ကိုတော့ အကျဉ်းသားတစ်ဦးကို မိသားစုဝင် တစ်ဦးကိုသာ တွေ့ဆုံခွင့် ပေးထားတယ်လို့ အ ကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က အကျဉ်းထောင် ၊ အကျဉ်းစ ခန်း၊ အချူပ်ခန်းတွေမှာ Covid-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်ဖို့ မတ်လ ၁၈ ရက်နေ့က အကြံပြု တိုက်တွန်းထားပါတယ်။

ဆုသီရိစံ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္မွာ ေထာင္၀င္စာ လာေရာက္ေတြ႕ဆံုသူ မ်ားျပားေန ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္မွာ ေထာင္၀င္စာ လာေရာက္ေတြ႕ဆံုသူ မ်ားျပားေန Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.