အိႏၵိယႏိုင္ငံ၌ COVID-19 လူနာမ်ား သီးသန႔္ထားရန္ ရထားတြဲ ၂၀,၀၀၀ ျပင္ဆင္ေဆာင္႐ြက္

အိႏၵိယႏိုင္ငံ၌ COVID-19 သီးသန႔္လူနာမ်ားထားရွိမည့္ ရထားတြဲမ်ားအားေတြ႕ရစဥ္( ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    နယူးေဒလီ ၊ ဧၿပီ ၁ ရက္(ဆင္ဟြာ)

    အိႏၵိယႏိုင္ငံ၌ COVID-19 ေစာင့္ၾကည့္လူနာမ်ားအတြက္ facility quarantine ေနရာမ်ားတိုးခ်ဲ႕ရန္ ရထားတြဲေပါင္း ၂၀,၀၀၀ ကို ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္း အိႏၵိယႏိုင္ငံရထားပို႔ေဆာင္ေရးဌာနက မတ္ ၃၁ ရက္တြင္ေျပာၾကားခဲ့သည္။

ေစာင့္ၾကည့္လူနာ(သို႔မဟုတ္) သီးသန႔္လူနာမ်ား ထားရွိရန္ ဇုံ ၅ ခုကို အသင့္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ရထားဌာနက ဆိုသည္။“ ဒီရထားတြဲေပါင္း ၂၀,၀၀၀ က သီးသန႔္လူနာေတြအတြက္ ကုတင္ေပါင္း ၃၂၀,၀၀၀ ေလာက္ထည့္ႏိုင္ပါလိမ့္မယ္ ။ ေစာင့္ၾကည့္လူနာ သို႔မဟုတ္ သီးသန႔္လူနာေတြအတြက္ ရထားတြဲေပါင္း ၅,၀၀၀ မွာ လုပ္ငန္းေတြ စတင္ေနပါၿပီ ” ဟူ၍လည္း ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာန၏ ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

“ ဒီရထားတြဲ ၅,၀၀၀ ေပၚမွာ လူနာကုတင္ ၈၀,၀၀၀ ဝင္ဆံ့ပါတယ္” ဟု တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ၿပီး ရထားတစ္တြဲလွ်င္ သီးသန႔္လူနာ ကုတင္ ၁၆ လုံးဝင္ဆံ့ေၾကာင္း ၎ကဆက္လက္ေျပာၾကားခဲ့သည္။COVID-19 ေၾကာင့္ ေသဆုံးသူ ၃၂ ဦးထိ ျမင့္တက္လာခဲ့ၿပီး လက္ရွိတြင္ ေရာဂါကူးစက္ခံထားရသူေပါင္း ၁,၂၅၁ ဦးရွိေၾကာင္း အိႏၵိယႏိုင္ငံ၌ ျပည္ေထာင္စု က်န္းမာေရးဝန္ႀကီးဌာနက မတ္ ၃၁ တြင္ ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံတြင္ ကူးစက္ေရာဂါျပန႔္ႏွံ႔မႈအားထိန္းခ်ဳပ္ႏိုင္ရန္ တစ္ႏိုင္ငံလုံးအား ၂၁ ရက္ပိတ္ဆို႔မႈ(lockdown) ျပဳလုပ္ထားသည္။ ထို႔ျပင္အာဏာပိုင္မ်ားက ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ရန္ ညမထြက္ရအမိန႔္ကဲ့သို႔ေသာ ကန႔္သတ္ခ်က္မ်ားကို ထုတ္ျပန္ထားေၾကာင္း ၊ ႏိုင္ငံအတြင္း မရွိမျဖစ္လိုအပ္ေသာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားမွ လြဲ၍ ရထား ၊ ကား ႏွင့္ ေလေၾကာင္း ပို႔ေဆာင္ေရးလုပ္ငန္းမ်ားကို ရပ္ဆိုင္းထားေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/26931-covid-43
---------------
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံ၌ COVID-19 လူနာများ သီးသန့်ထားရန် ရထားတွဲ ၂၀,၀၀၀ ပြင်ဆင်ဆောင်ရွက်

အိန္ဒိယနိုင်ငံ၌ COVID-19 သီးသန့်လူနာများထားရှိမည့် ရထားတွဲများအားတွေ့ရစဉ်( ဆင်ဟွာ)

    နယူးဒေလီ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ၌ COVID-19 စောင့်ကြည့်လူနာများအတွက် facility quarantine နေရာများတိုးချဲ့ရန် ရထားတွဲပေါင်း ၂၀,၀၀၀ ကို ပြင်ဆင်ဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံရထားပို့ဆောင်ရေးဌာနက မတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။

စောင့်ကြည့်လူနာ(သို့မဟုတ်) သီးသန့်လူနာများ ထားရှိရန် ဇုံ ၅ ခုကို အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရထားဌာနက ဆိုသည်။“ ဒီရထားတွဲပေါင်း ၂၀,၀၀၀ က သီးသန့်လူနာတွေအတွက် ကုတင်ပေါင်း ၃၂၀,၀၀၀ လောက်ထည့်နိုင်ပါလိမ့်မယ် ။ စောင့်ကြည့်လူနာ သို့မဟုတ် သီးသန့်လူနာတွေအတွက် ရထားတွဲပေါင်း ၅,၀၀၀ မှာ လုပ်ငန်းတွေ စတင်နေပါပြီ ” ဟူ၍လည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။


“ ဒီရထားတွဲ ၅,၀၀၀ ပေါ်မှာ လူနာကုတင် ၈၀,၀၀၀ ဝင်ဆံ့ပါတယ်” ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ရထားတစ်တွဲလျှင် သီးသန့်လူနာ ကုတင် ၁၆ လုံးဝင်ဆံ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။COVID-19 ကြောင့် သေဆုံးသူ ၃၂ ဦးထိ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် ရောဂါကူးစက်ခံထားရသူပေါင်း ၁,၂၅၁ ဦးရှိကြောင်း အိန္ဒိယနိုင်ငံ၌ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက မတ် ၃၁ တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကူးစက်ရောဂါပြန့်နှံ့မှုအားထိန်းချုပ်နိုင်ရန် တစ်နိုင်ငံလုံးအား ၂၁ ရက်ပိတ်ဆို့မှု(lockdown) ပြုလုပ်ထားသည်။ ထို့ပြင်အာဏာပိုင်များက ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ညမထွက်ရအမိန့်ကဲ့သို့သော ကန့်သတ်ချက်များကို ထုတ်ပြန်ထားကြောင်း ၊ နိုင်ငံအတွင်း မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများမှ လွဲ၍ ရထား ၊ ကား နှင့် လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/26931-covid-43
အိႏၵိယႏိုင္ငံ၌ COVID-19 လူနာမ်ား သီးသန႔္ထားရန္ ရထားတြဲ ၂၀,၀၀၀ ျပင္ဆင္ေဆာင္႐ြက္ အိႏၵိယႏိုင္ငံ၌ COVID-19 လူနာမ်ား သီးသန႔္ထားရန္ ရထားတြဲ ၂၀,၀၀၀ ျပင္ဆင္ေဆာင္႐ြက္ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.