စက္႐ံုေတြ ပိတ္သိမ္း ေလွ်ာ့ခ်မယ့္အေရး ရတက္မေအးျဖစ္ေနၾက


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ ျမန္မာ့စီးပြားေရးမွာ ထိခိုက္မႈေတြ ရွိလာႏိုင္တယ္ဆိုတာနဲ႔ပတ္သက္ၿပီး ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကမာၻ႔ကပ္ ေရာဂါျဖစ္ေနတာေၾကာင့္ ကမာၻမွာ စီးပြားေရး က်ဆင္းလာႏိုင္တဲ့ အေနအထားမွာပဲ ျမန္မာ့စီးပြားေရးအေပၚမွာလည္း ႐ိုက္ခတ္မႈေတြ ရွိလာႏိုင္တယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားတာပါ။ ဒီလို အေနအထားမွာ စက္႐ုံ၊ အလုပ္႐ုံေတြမွာလည္း ထိခိုက္မႈေတြ ရွိလာရင္ အလုပ္သမားေတြကို ေလွ်ာ့ခ်တာမ်ိဳး ျဖစ္ေကာင္းျဖစ္လာႏိုင္တယ္လို႔ လုပ္ငန္းရွင္ေတြက ယူဆေနၾကပါတယ္။

တစ္ကမာၻလုံးမွာ COVID-19 ကပ္ေရာဂါေၾကာင့္ စက္႐ုံေတြ ပိတ္သိမ္းတာ လုပ္သားအင္အား ေလွ်ာ့ခ်တာေတြ ရွိလာေနတာပါ။ ဒီလို အေျခအေန ေတြေၾကာင့္ ျမန္မာႏုိင္ငံမွာလည္း လုပ္ငန္းလည္ပတ္ႏိုင္မႈေတြ ထိခိုက္လာႏိုင္ၿပီး လုပ္သားေလွ်ာ့ခ်တာ စက္႐ုံပိတ္သိမ္းတာေတြ လုပ္လာႏိုင္ေခ် ရွိေနတယ္လို႔ ေ႐ႊလင္ဗန္း စက္မႈဇုန္ ဥကၠ႒ ဦးေအးေသာင္းက အခုလို ေျပာျပပါတယ္။

“ေအာ္ဒါရွိတဲ့ စက္႐ုံေတြကေတာ့ ဆက္ဖြင့္ဖို႔ သြားေနတယ္။ ေအာ္ဒါမရွိတဲ့ စက္႐ုံေတြကေတာ့ လုပ္သားေလွ်ာခ်ဖို႔ လုပ္မယ္။ လုံးဝ ေအာ္ဒါမရွိတဲ့သူေတြက ပိတ္ဖို႔ စဥ္းစားရေတာ့မယ္။ ဒီလို ကိစၥမွာ အားလုံးက ျဖတ္သန္းရမွာ ဒါေတြကေတာ့ ျဖစ္တတ္တဲ့ သဘာဝပဲေလ။ အဲ့ဒီထဲမွာ ကိုယ္က ေလွ်ာခ် ခံရတဲ့ အထဲမွာ မပါခ်င္ဘူးဆိုရင္ေတာ့ အလုပ္ႀကိဳးစားၾကေပါ့။ ဘယ္စက္႐ုံက ဘယ္ေတာ့ လာမလဲဆိုတာ မသိဘူး။ တရားဝင္ေတာ့ ဖြင့္မယ္ဆိုရင္လဲ တရားဝင္ခု စာရင္းယူေနၿပီ၊ လူေလွ်ာ့မယ္ဆိုရင္လဲ စာရင္းေပးရတယ္။ လုံးဝပိတ္မယ္ဆိုလဲ အေၾကာင္းၾကားရတယ္ ဆိုတဲ့ခါက်ေတာ့ အားလုံးႏိုင္ငံေတာ္က ေၾကညာတာမွန္သမွ် အတည္ပါပဲ။ က်ေနာ္တို႔ကေတာ့ စက္႐ုံမပိတ္မခ်င္း လူေလွ်ာ့မယ္၊ မေလွ်ာ့ဘူးဆိုတာ ေျပာလို႔မရပါဘူး။”

လုပ္ငန္းရပ္ဆိုင္းတာ၊ လုပ္သားအင္အား ေလွ်ာ့ခ်တာေတြကို တခ်ိဳ႕စက္႐ုံေတြက လုပ္ဖို႔ စီစဥ္ေနတာေတြ ရွိေနေပမဲ့ စားေသာက္ကုန္၊ ေဆးဝါး စတာေတြနဲ႔ ပတ္သက္တဲ့ စက္႐ုံေတြကေတာ့ လုပ္ငန္းလည္ပတ္မႈ ပိုေကာင္းလာေနတယ္လို႔ ဆိုပါတယ္။

စက္႐ုံမွာ ရွိၾကတဲ့ အလုပ္သမားအင္အားက မ်ားတာေၾကာင့္ လူခ်င္း ခပ္ခြာခြာေနဖို႔ႏွင့္ တျခားလိုအပ္တဲ့ က်န္းမာေရးအတြက္ ေဆာင္ရန္ေရွာင္ရန္ ကိစၥေတြကို ေဆာင္႐ြက္တဲ့အခါ ေနရာလုံေလာက္မႈမရွိတဲ့အတြက္ အလုပ္ခ်ိန္ကို ႏွစ္ပိုင္းခြဲၿပီး အုပ္စုႏွစ္စု တလွည့္စီ အလုပ္ဆင္းတာမ်ိဳး ဒါမွမဟုတ္ လုပ္သားအင္အား ေလွ်ာ့ခ်ရတာေတြ လုပ္လာႏိုင္တယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနတဲ့ အနာဂတ္ အလင္းတန္းဆုံမွတ္က ေဒၚသက္သက္ေအာင္က ေျပာပါတယ္။

လုပ္သားအင္အား ေလွ်ာ့ခ်တယ္ဆုိရင္ အလုပ္သမားေတြအေနနဲ႔ ဒီလိုကာလမွာ အခက္အခဲေတြ အမ်ားႀကီးရွိလာႏိုင္တဲ့ အတြက္ ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေအာင္ အဓိကအားျဖင့္ မလိုအပ္တဲ့ စက္႐ုံတခ်ိဳ႕ကို ယာယီပိတ္သိမ္းထားၿပီး ဒီကာလတိုကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းကို ရွာေဖြတာက အလုပ္သမားေတြအတြက္ ပိုၿပီး ထိေရာက္ အဆင္ေျပႏိုင္တယ္လို႔ ေဒၚသက္သက္ေအာင္က ဆိုပါတယ္။

“လုပ္သားအင္အား ေလွ်ာ့ခ်တာပဲ ျဖစ္ျဖစ္ အလုပ္ေတြ ျပဳတ္သြားၿပီဆိုရင္ က်မတို႔ လုပ္သားေတြအတြက္က အင္မတန္မွ က်ေရာက္ႏိုင္တဲ့ Impact ကႀကီးတယ္။ ဒီစက္မႈဇုန္ေတြမွာ အလုပ္လုပ္တဲ့ သူေတြ ေတာ္ေတာ္မ်ားမ်ားက ျပည္တြင္းေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္တယ္။ အေဆာင္မွာ ေနၾကရတယ္။ လကုန္လို႔မွ အေဆာင္လခ မေပးႏိုင္ရင္ အေဆာင္က ဆင္းရေတာ့မယ္။ ဒါက တကယ့္ ျပႆနာ ၿပီးရင္ ေနဖို႔အတြက္ စားဖို႔ အတြက္ အဆင္မေျပေတာ့ဘူးဆိုလို႔ရွိရင္ ဒီလူေတြအတြက္ အႏၲရာယ္ရွိတယ္ေပါ့။ အဲ့ဒါေၾကာင့္ ကာလတိုေပါ့ေႏွာ္၊ သူတို႔ကို ေရာဂါကာကြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဒီစက္႐ုံေတြကို ယာယီ ခဏ ပိတ္သိမ္းေပးပါ။ ၿပီးရင္ အနည္းဆုံး အခေၾကးေငြကို သူတို႔ကို ရေအာင္ေပးေပးပါလို႔ က်ကမတို႔က statement ေတြထုတ္ၿပီး ေတာင္းဆိုထားတာရွိသလို ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံစဥ္မွာလည္း က်မတို႔ ေဆြးေႏြးတိုင္ပင္ၿပီး တင္ျပထားတာ ရွိပါတယ္။”

အခု လက္ရွိမွာေတာ့ COVID-19 ေရာဂါ အေျခအေနေၾကာင့္ ရပ္နားထားရတဲ့ စက္႐ုံေတြ ျပန္ဖြင့္ႏိုင္ဖို႔ အတြက္ သက္ဆိုင္ရာ အစိုးရဌာနေတြက ကြင္းဆင္းစစ္ေဆးတာေတြ ေဆာင္႐ြက္ေနၾကပါတယ္။ ဒါေပမဲ့ စိစစ္ေနဆဲ ကာလမွာပဲ တခ်ိဳ႕စက္႐ုံေတြက လုပ္ငန္းေတြလည္ပတ္ေနတာေတြရွိေနတာပါ။ ဒီလို အေျခအေနနဲ႔ ပတ္သက္လို႔ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ေဆာင္႐ြက္ခ်က္ေတြ စက္႐ုံေတြက လုပ္မေပးထားဘူးဆိုရင္ အလုပ္သမားေတြအေနနဲ႔ ဒီလကုန္ေလာက္အထိ အလုပ္မဆင္းၾကဖို႔နဲ႔ အလုပ္ရွင္ေတြက ၿခိမ္းေျခာက္ၿပီး အလုပ္ဆင္းခိုင္းတာေတြ လုပ္ရင္ နီးစပ္ရာ အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာနေတြမွာ တိုင္ၾကားႏိုင္ၾကတယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္တြင္းျပည္ပ အလုပ္သမားေရးရာ ေကာ္မတီ ဥကၠ႒ ဦးေက်ာ္ေထြးက ေျပာပါတယ္။

“၁၉ ရက္ေန႔က ထုတ္တဲ့ ေၾကညာခ်က္ႏွင့္ပ တ္သက္ၿပီးေတာ့ အလုပ္ရွင္ေတြဘက္က လိုက္နာဖို႔ လိုတယ္။ ဒီလိုပဲ အလုပ္သမားေတြဘက္ကလည္း ဒီေၾကညာခ်က္ကို ရွင္းရွင္းလင္းလင္း သိဖို႔လိုပါတယ္။ ျပႆနာက ဘာလဲဆိုေတာ့ အလုပ္သမားေတြက အလုပ္မဆင္းရဲၾကဘူး။ အဲ့ေတာ့ အလုပ္ရွင္ေတြက အလုပ္မဆင္းရင္ အလုပ္ျဖဳတ္မယ္တို႔ လခမေပးဘူးတို႔ ၿခိမ္းေျခာက္တာမ်ိဳးေတြရွိတယ္လို႔ ၾကားတယ္။ အဲ့ဒါကေတာ့ ခုဖြင့္ထားတဲ့ စက္႐ုံအမ်ားစုေပါ့ဗ်ာ၊ လုပ္သားေတြကလည္း မဆင္းဘဲ ေနခြင့္ရွိတယ္။ အဲ့ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အလုပ္ျဖဳတ္မယ္ ၿခိမ္းေျခာက္လာလို႔ရွိရင္ နီးစပ္ရာ အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာနလို႔ ရွိတယ္၊ ၿမိဳ႕နယ္တိုင္းလိုလိုမွာေလ သူတို႔ကို ရဲရဲ ဝံ့ဝံ့ သြားတိုင္ၾကားဖို႔လိုတယ္။ တိုင္ၾကားတဲ့ အခါမွာ သူတို႔ကလည္း ေသေသခ်ာခ်ာ ဥပေဒနဲ႔ အညီ ေဆာင္႐ြက္ေပးဖို႔ လိုပါတယ္။ မေဆာင္႐ြက္ေပးတဲ့ အခါက်ရင္ သူ႔အထက္္အဆင့္ အႀကီးအကဲေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တိုင္ၾကားပါ၊ အဲ့ဒါကေတာ့ ပိုအခရာ က်ပါတယ္။”

ရန္ကုန္တိုင္း တခုထဲမွာတင္ စက္႐ုံ အလုပ္႐ုံစုစုေပါင္းက ၆,၀၀၀ ေက်ာ္ရွိၿပီး လုပ္သားအင္အား ၆၀၀,၀၀၀ ေက်ာ္ရွိပါတယ္။ ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕မွာေတာ့ ဧၿပီလ ၂၁ ရက္ေန႔ကစၿပီး အထည္ခ်ဳပ္ စက္႐ုံေတြကို ရပ္နားထားပါတယ္။

စက္႐ံုေတြ ပိတ္ထားဖို႔ ေၾကညာခ်က္ထုတ္ျပန္တဲ့ထဲမွာ ပဲခူးတိုင္းစက္မႈဇုန္ စီမံခန႔္ခြဲေရးကအေစာဆုံး ျဖစ္ၿပီး COVID-19 ေရာဂါကာကြယ္ႏိုင္ဖို႔ ႏိုင္ငံေတာ္ရဲ႕ လိုအပ္ခ်က္အရ လည္ပတ္ေနရတဲ့ စက္႐ုံေတြက လြဲၿပီး က်န္တာေတြအားလုံးကို ဧၿပီ ၃၀ အထိ ပိတ္ထားရမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

အိမ့္သႏၲာထြန္း / VOA (Burmese)
---------------------------------------------
[Unicode Version]

စက်ရုံတွေ ပိတ်သိမ်း လျှော့ချမယ့်အရေး ရတက်မအေးဖြစ်နေကြ

COVID-19 ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကမ္ဘာ့ကပ် ရောဂါဖြစ်နေတာကြောင့် ကမ္ဘာမှာ စီးပွားရေး ကျဆင်းလာနိုင်တဲ့ အနေအထားမှာပဲ မြန်မာ့စီးပွားရေးအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာပါ။ ဒီလို အနေအထားမှာ စက်ရုံ၊ အလုပ်ရုံတွေမှာလည်း ထိခိုက်မှုတွေ ရှိလာရင် အလုပ်သမားတွေကို လျှော့ချတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ယူဆနေကြပါတယ်။

တစ်ကမ္ဘာလုံးမှာ COVID-19 ကပ်ရောဂါကြောင့် စက်ရုံတွေ ပိတ်သိမ်းတာ လုပ်သားအင်အား လျှော့ချတာတွေ ရှိလာနေတာပါ။ ဒီလို အခြေအနေ တွေကြောင့် မြန်မာနိုင်ငံမှာလည်း လုပ်ငန်းလည်ပတ်နိုင်မှုတွေ ထိခိုက်လာနိုင်ပြီး လုပ်သားလျှော့ချတာ စက်ရုံပိတ်သိမ်းတာတွေ လုပ်လာနိုင်ချေ ရှိနေတယ်လို့ ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက အခုလို ပြောပြပါတယ်။

“အော်ဒါရှိတဲ့ စက်ရုံတွေကတော့ ဆက်ဖွင့်ဖို့ သွားနေတယ်။ အော်ဒါမရှိတဲ့ စက်ရုံတွေကတော့ လုပ်သားလျှောချဖို့ လုပ်မယ်။ လုံးဝ အော်ဒါမရှိတဲ့သူတွေက ပိတ်ဖို့ စဉ်းစားရတော့မယ်။ ဒီလို ကိစ္စမှာ အားလုံးက ဖြတ်သန်းရမှာ ဒါတွေကတော့ ဖြစ်တတ်တဲ့ သဘာဝပဲလေ။ အဲ့ဒီထဲမှာ ကိုယ်က လျှောချ ခံရတဲ့ အထဲမှာ မပါချင်ဘူးဆိုရင်တော့ အလုပ်ကြိုးစားကြပေါ့။ ဘယ်စက်ရုံက ဘယ်တော့ လာမလဲဆိုတာ မသိဘူး။ တရားဝင်တော့ ဖွင့်မယ်ဆိုရင်လဲ တရားဝင်ခု စာရင်းယူနေပြီ၊ လူလျှော့မယ်ဆိုရင်လဲ စာရင်းပေးရတယ်။ လုံးဝပိတ်မယ်ဆိုလဲ အကြောင်းကြားရတယ် ဆိုတဲ့ခါကျတော့ အားလုံးနိုင်ငံတော်က ကြေညာတာမှန်သမျှ အတည်ပါပဲ။ ကျနော်တို့ကတော့ စက်ရုံမပိတ်မချင်း လူလျှော့မယ်၊ မလျှော့ဘူးဆိုတာ ပြောလို့မရပါဘူး။”

လုပ်ငန်းရပ်ဆိုင်းတာ၊ လုပ်သားအင်အား လျှော့ချတာတွေကို တချို့စက်ရုံတွေက လုပ်ဖို့ စီစဉ်နေတာတွေ ရှိနေပေမဲ့ စားသောက်ကုန်၊ ဆေးဝါး စတာတွေနဲ့ ပတ်သက်တဲ့ စက်ရုံတွေကတော့ လုပ်ငန်းလည်ပတ်မှု ပိုကောင်းလာနေတယ်လို့ ဆိုပါတယ်။

စက်ရုံမှာ ရှိကြတဲ့ အလုပ်သမားအင်အားက များတာကြောင့် လူချင်း ခပ်ခွာခွာနေဖို့နှင့် တခြားလိုအပ်တဲ့ ကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန် ကိစ္စတွေကို ဆောင်ရွက်တဲ့အခါ နေရာလုံလောက်မှုမရှိတဲ့အတွက် အလုပ်ချိန်ကို နှစ်ပိုင်းခွဲပြီး အုပ်စုနှစ်စု တလှည့်စီ အလုပ်ဆင်းတာမျိုး ဒါမှမဟုတ် လုပ်သားအင်အား လျှော့ချရတာတွေ လုပ်လာနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အနာဂတ် အလင်းတန်းဆုံမှတ်က ဒေါ်သက်သက်အောင်က ပြောပါတယ်။

လုပ်သားအင်အား လျှော့ချတယ်ဆိုရင် အလုပ်သမားတွေအနေနဲ့ ဒီလိုကာလမှာ အခက်အခဲတွေ အများကြီးရှိလာနိုင်တဲ့ အတွက် ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်အောင် အဓိကအားဖြင့် မလိုအပ်တဲ့ စက်ရုံတချို့ကို ယာယီပိတ်သိမ်းထားပြီး ဒီကာလတိုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေတာက အလုပ်သမားတွေအတွက် ပိုပြီး ထိရောက် အဆင်ပြေနိုင်တယ်လို့ ဒေါ်သက်သက်အောင်က ဆိုပါတယ်။

“လုပ်သားအင်အား လျှော့ချတာပဲ ဖြစ်ဖြစ် အလုပ်တွေ ပြုတ်သွားပြီဆိုရင် ကျမတို့ လုပ်သားတွေအတွက်က အင်မတန်မှ ကျရောက်နိုင်တဲ့ Impact ကကြီးတယ်။ ဒီစက်မှုဇုန်တွေမှာ အလုပ်လုပ်တဲ့ သူတွေ တော်တော်များများက ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်။ အဆောင်မှာ နေကြရတယ်။ လကုန်လို့မှ အဆောင်လခ မပေးနိုင်ရင် အဆောင်က ဆင်းရတော့မယ်။ ဒါက တကယ့် ပြဿနာ ပြီးရင် နေဖို့အတွက် စားဖို့ အတွက် အဆင်မပြေတော့ဘူးဆိုလို့ရှိရင် ဒီလူတွေအတွက် အန္တရာယ်ရှိတယ်ပေါ့။ အဲ့ဒါကြောင့် ကာလတိုပေါ့နှော်၊ သူတို့ကို ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် ဒီစက်ရုံတွေကို ယာယီ ခဏ ပိတ်သိမ်းပေးပါ။ ပြီးရင် အနည်းဆုံး အခကြေးငွေကို သူတို့ကို ရအောင်ပေးပေးပါလို့ ကျကမတို့က statement တွေထုတ်ပြီး တောင်းဆိုထားတာရှိသလို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်မှာလည်း ကျမတို့ ဆွေးနွေးတိုင်ပင်ပြီး တင်ပြထားတာ ရှိပါတယ်။”

အခု လက်ရှိမှာတော့ COVID-19 ရောဂါ အခြေအနေကြောင့် ရပ်နားထားရတဲ့ စက်ရုံတွေ ပြန်ဖွင့်နိုင်ဖို့ အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေက ကွင်းဆင်းစစ်ဆေးတာတွေ ဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ စိစစ်နေဆဲ ကာလမှာပဲ တချို့စက်ရုံတွေက လုပ်ငန်းတွေလည်ပတ်နေတာတွေရှိနေတာပါ။ ဒီလို အခြေအနေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ စက်ရုံတွေက လုပ်မပေးထားဘူးဆိုရင် အလုပ်သမားတွေအနေနဲ့ ဒီလကုန်လောက်အထိ အလုပ်မဆင်းကြဖို့နဲ့ အလုပ်ရှင်တွေက ခြိမ်းခြောက်ပြီး အလုပ်ဆင်းခိုင်းတာတွေ လုပ်ရင် နီးစပ်ရာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတွေမှာ တိုင်ကြားနိုင်ကြတယ်လို့ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။

“၁၉ ရက်နေ့က ထုတ်တဲ့ ကြေညာချက်နှင့်ပ တ်သက်ပြီးတော့ အလုပ်ရှင်တွေဘက်က လိုက်နာဖို့ လိုတယ်။ ဒီလိုပဲ အလုပ်သမားတွေဘက်ကလည်း ဒီကြေညာချက်ကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ပြဿနာက ဘာလဲဆိုတော့ အလုပ်သမားတွေက အလုပ်မဆင်းရဲကြဘူး။ အဲ့တော့ အလုပ်ရှင်တွေက အလုပ်မဆင်းရင် အလုပ်ဖြုတ်မယ်တို့ လခမပေးဘူးတို့ ခြိမ်းခြောက်တာမျိုးတွေရှိတယ်လို့ ကြားတယ်။ အဲ့ဒါကတော့ ခုဖွင့်ထားတဲ့ စက်ရုံအများစုပေါ့ဗျာ၊ လုပ်သားတွေကလည်း မဆင်းဘဲ နေခွင့်ရှိတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အလုပ်ဖြုတ်မယ် ခြိမ်းခြောက်လာလို့ရှိရင် နီးစပ်ရာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနလို့ ရှိတယ်၊ မြို့နယ်တိုင်းလိုလိုမှာလေ သူတို့ကို ရဲရဲ ဝံ့ဝံ့ သွားတိုင်ကြားဖို့လိုတယ်။ တိုင်ကြားတဲ့ အခါမှာ သူတို့ကလည်း သေသေချာချာ ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ မဆောင်ရွက်ပေးတဲ့ အခါကျရင် သူ့အထက်အဆင့် အကြီးအကဲတွေ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားပါ၊ အဲ့ဒါကတော့ ပိုအခရာ ကျပါတယ်။”

ရန်ကုန်တိုင်း တခုထဲမှာတင် စက်ရုံ အလုပ်ရုံစုစုပေါင်းက ၆,၀၀၀ ကျော်ရှိပြီး လုပ်သားအင်အား ၆၀၀,၀၀၀ ကျော်ရှိပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာတော့ ဧပြီလ ၂၁ ရက်နေ့ကစပြီး အထည်ချုပ် စက်ရုံတွေကို ရပ်နားထားပါတယ်။

စက်ရုံတွေ ပိတ်ထားဖို့ ကြေညာချက်ထုတ်ပြန်တဲ့ထဲမှာ ပဲခူးတိုင်းစက်မှုဇုန် စီမံခန့်ခွဲရေးကအစောဆုံး ဖြစ်ပြီး COVID-19 ရောဂါကာကွယ်နိုင်ဖို့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ လည်ပတ်နေရတဲ့ စက်ရုံတွေက လွဲပြီး ကျန်တာတွေအားလုံးကို ဧပြီ ၃၀ အထိ ပိတ်ထားရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အိမ့်သန္တာထွန်း / VOA (Burmese)
https://burmese.voanews.com/a/myanmar-covid-economy/5388286.html
စက္႐ံုေတြ ပိတ္သိမ္း ေလွ်ာ့ခ်မယ့္အေရး ရတက္မေအးျဖစ္ေနၾက စက္႐ံုေတြ ပိတ္သိမ္း ေလွ်ာ့ခ်မယ့္အေရး ရတက္မေအးျဖစ္ေနၾက Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.