ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေျခခံပညာစာေမးပြဲ ေအာင္စာရင္း အသင့္မျဖစ္ေသး

၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္ အေျခခံပညာေက်ာင္းေတြရဲ႕ စာေမးပြဲေအာင္စာရင္းေတြ မထုတ္ျပန္ေသးပါဘူး။ ေနာက္ထပ္စာသင္ႏွစ္ကိုလည္း ဘယ္အခ်ိန္မွာ ဖြင့္လွစ္မယ္ဆိုတာကလည္း မေသခ်ာေသးပါဘူး။

ပုံမွန္ ဧၿပီလ သၾကၤန္အၿပီးမွာ အေျခခံပညာအတန္းေတြရဲ႕ေအာင္စာရင္းေတြ ထြက္ေပမယ့္ ဒီႏွစ္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေအာင္စာရင္း မထြက္ႏိုင္ျဖစ္ေနတာပါ။

အေျခခံပညာအတန္းေတြထဲမွာ စတုတၳတန္း၊ အဌမတန္းနဲ႔  တကၠသိုလ္ဝင္တန္းေတြက အစိုးရစစ္ စာေမးပြဲျဖစ္ၿပီး က်န္တဲ့အတန္းေတြကေတာ့ ေက်ာင္းတြင္းစစ္တဲ့ စာေမးပြဲေတြျဖစ္ပါတယ္။

အေျဖလႊာေတြကို စစ္ေဆးေနခ်ိန္မွာပဲ ရပ္ထားလိုက္ရတာမို႔ စစ္လို႔မၿပီးေသးတဲ့အတြက္ ေအာင္စာရင္းထြက္ဖို႔ ေနာက္ဆုတ္ထားတယ္လို႔ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

ေက်ာင္းတြင္းစစ္ စာေမးပြဲေတြအတြက္ စစ္ေဆးတာေတြၿပီးၿပီျဖစ္ေပမယ့္ အစိုးရစစ္အတန္းေတြျဖစ္တဲ့ စတုတၳတန္း၊ အဌမတန္း ေအာင္စာရင္းမရေသးတာေၾကာင့္ စာရင္းမထြက္ႏိုင္ျဖစ္ေနတာပါ။

ဧၿပီ ၂၆ ရက္ေန႔မွာ ေအာင္စာရင္းေၾကညာမယ္လို႔ နဂိုကစီစဥ္ထားခဲ့တာလို႔ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ေက်ာက္ေမွာ္ အထက အထက္တန္းျပဆရာ ဦးေဝၿဖိဳးေအာင္က ေျပာပါတယ္။

ေအာင္စာရင္း ထြက္မယ္၊ မထြက္ဘူး ဘာမွကို မသိရဘူးလို႔ ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕နယ္က စတုတၳတန္း ေက်ာင္းသား မိဘ ေဒၚစန္းေအးက ဆိုပါတယ္။

ေရာဂါထိန္းခ်ဳပ္ႏိုင္မႈ အေျခအေနေပၚမူတည္ၿပီး လာမယ့္ ဇြန္လမွာေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ဖို႔ဆိုတာကလည္း မေသခ်ာတဲ့ အေျခအေနမွာရွိေနပါတယ္။

ေက်ာင္းသားေတြအကုန္ ေက်ာင္းတစ္ႏွစ္ေအာက္လိုက္ရႏိုင္တယ္လို႔ သုံးသပ္သူက အေျခခံပညာ ပညာေရး လုပ္သားမ်ားသမဂၢ ဗဟိုအႀကံေပးေကာ္မတီက ကိုေအာင္ေအာင္ေက်ာ္ပါ။

တကၠသိုလ္ဝင္တန္း အေျဖလႊာေတြကိုလည္း မစစ္ေဆးႏိုင္ေသးတာေၾကာင့္ ေအာင္စာရင္းထြက္ဖို႔  ေနာက္က်မယ္လို႔ အေျခခံပညာဦးစီးဌာနက ေျပာပါတယ္။

ဧၿပီ ၃၀ ရက္ေန႔အထိ ေရာဂါထိန္းခ်ဳပ္ႏိုင္မႈအေျခအေနကို ေစာင့္ၾကည့္ေနၿပီး  ေအာင္စာရင္းထြက္ဖို႔ ေၾကညာေပးမယ္လို႔ ဆိုပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
------------------------------------------------
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြေခံပညာစာမေးပွဲ အောင်စာရင်း အသင့်မဖြစ်သေး

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေ မထုတ်ပြန်သေးပါဘူး။ နောက်ထပ်စာသင်နှစ်ကိုလည်း ဘယ်အချိန်မှာ ဖွင့်လှစ်မယ်ဆိုတာကလည်း မသေချာသေးပါဘူး။

ပုံမှန် ဧပြီလ သင်္ကြန်အပြီးမှာ အခြေခံပညာအတန်းတွေရဲ့အောင်စာရင်းတွေ ထွက်ပေမယ့် ဒီနှစ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အောင်စာရင်း မထွက်နိုင်ဖြစ်နေတာပါ။

အခြေခံပညာအတန်းတွေထဲမှာ စတုတ္ထတန်း၊ အဌမတန်းနဲ့  တက္ကသိုလ်ဝင်တန်းတွေက အစိုးရစစ် စာမေးပွဲဖြစ်ပြီး ကျန်တဲ့အတန်းတွေကတော့ ကျောင်းတွင်းစစ်တဲ့ စာမေးပွဲတွေဖြစ်ပါတယ်။

အဖြေလွှာတွေကို စစ်ဆေးနေချိန်မှာပဲ ရပ်ထားလိုက်ရတာမို့ စစ်လို့မပြီးသေးတဲ့အတွက် အောင်စာရင်းထွက်ဖို့ နောက်ဆုတ်ထားတယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းတွင်းစစ် စာမေးပွဲတွေအတွက် စစ်ဆေးတာတွေပြီးပြီဖြစ်ပေမယ့် အစိုးရစစ်အတန်းတွေဖြစ်တဲ့ စတုတ္ထတန်း၊ အဌမတန်း အောင်စာရင်းမရသေးတာကြောင့် စာရင်းမထွက်နိုင်ဖြစ်နေတာပါ။

ဧပြီ ၂၆ ရက်နေ့မှာ အောင်စာရင်းကြေညာမယ်လို့ နဂိုကစီစဉ်ထားခဲ့တာလို့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျောက်မှော် အထက အထက်တန်းပြဆရာ ဦးဝေဖြိုးအောင်က ပြောပါတယ်။

အောင်စာရင်း ထွက်မယ်၊ မထွက်ဘူး ဘာမှကို မသိရဘူးလို့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က စတုတ္ထတန်း ကျောင်းသား မိဘ ဒေါ်စန်းအေးက ဆိုပါတယ်။

ရောဂါထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်ပြီး လာမယ့် ဇွန်လမှာကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ဆိုတာကလည်း မသေချာတဲ့ အခြေအနေမှာရှိနေပါတယ်။

ကျောင်းသားတွေအကုန် ကျောင်းတစ်နှစ်အောက်လိုက်ရနိုင်တယ်လို့ သုံးသပ်သူက အခြေခံပညာ ပညာရေး လုပ်သားများသမဂ္ဂ ဗဟိုအကြံပေးကော်မတီက ကိုအောင်အောင်ကျော်ပါ။

တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေကိုလည်း မစစ်ဆေးနိုင်သေးတာကြောင့် အောင်စာရင်းထွက်ဖို့  နောက်ကျမယ်လို့ အခြေခံပညာဦးစီးဌာနက ပြောပါတယ်။

ဧပြီ ၃၀ ရက်နေ့အထိ ရောဂါထိန်းချုပ်နိုင်မှုအခြေအနေကို စောင့်ကြည့်နေပြီး  အောင်စာရင်းထွက်ဖို့ ကြေညာပေးမယ်လို့ ဆိုပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/news/matriculation-exam-result-04232020044429.html
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေျခခံပညာစာေမးပြဲ ေအာင္စာရင္း အသင့္မျဖစ္ေသး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေျခခံပညာစာေမးပြဲ ေအာင္စာရင္း အသင့္မျဖစ္ေသး Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.