ကို႐ိုနာဗိုင္းရပ္စ္ - ဗိုင္းရပ္စ္စစ္တာ ဘာလို႔အေရးႀကီးတာလဲ

 ဗိုင္းရပ္စ္ပိုးပမာဏ အထိုက္အေလ်ာက္ နည္းေနခ်ိန္မ်ိဳးမွာ ပိုးရွိတာကို မေတြ႕ႏိုင္ပါဘူး
(Zawgyi)⤵⤵⤵
ယူေကႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ရွိမရွိ စစ္ေဆးမႈေတြကို ဧၿပီလကုန္ မတိုင္ခင္ တစ္ေန႔ကို လူတစ္သိန္းအထိ လုပ္သြားႏိုင္ဖို႔ အစိုးရက ႀကိဳးစားေနပါတယ္။

စစ္ေဆးမႈေတြ ပိုျမန္ျမန္ တိုးျမႇင့္ မလုပ္ႏိုင္တဲ့အတြက္ အစိုးရအေနနဲ႔ ေဝဖန္ခံေနရတာပါ။

ဘယ္လိုစစ္ေဆးနည္းေတြ လုပ္ေနလဲ

ယူေကႏိုင္ငံက ေဆး႐ုံေတြမွာ လက္ရွိအသုံးျပဳေနတဲ့ စစ္ေဆးနည္းေတြက လူတစ္ေယာက္မွာေလာေလာဆယ္ ကိုဗစ္-၁၉ ေရာဂါရွိမရွိဆိုတာကို သိဖို႔ ျဖစ္ပါတယ္။

အဲဒီလူရဲ႕ ႏွာေခါင္း ဒါမွမဟုတ္ လည္ေခ်ာင္းက နမူနာ အရည္ကို ယူၿပီး ဗိုင္းရပ္စ္ပိုး မ်ိဳးဗီဇ လကၡဏာရွိမရွိ ဆိုတာကို ဓာတ္ခြဲခန္းမွာ စစ္ေဆးပါတယ္။

အစိုးရ လုပ္ခ်င္တဲ့ ေနာက္တစ္နည္းကေတာ့ ခႏၶာကိုယ္ရဲ႕ခုခံႏိုင္စြမ္း ပဋိပစၥည္းကို ေသြးစစ္စမ္းသပ္တဲ့နည္းပါ။ ဒါက လူတစ္ေယာက္မွာ ဗိုင္းရပ္စ္ပိုး ရွိထားၿပီးသားလား ဆိုတာကိုသိဖို႔ပါ။

ကိုယ္ဝန္ရွိမရွိ စမ္းတဲ့ ကိရိယာလို ပစၥည္းမ်ိဳးနဲ႔ အဲဒီလူရဲ႕ေသြးထဲက ေရာဂါ ခုခံႏိုင္စြမ္း လကၡဏာကို စမ္းသပ္ရွာေဖြတာပါ။
လည္ေခ်ာင္းကနမူနာ တို႔ဖတ္ရယူစဥ္

ဒီစစ္ေဆးမႈေတြက ဘယ္ေလာက္ တိက်သလဲ

ေဆး႐ုံေတြမွာ သုံးေနတဲ့ ေရာဂါရွာေဖြ စစ္ေဆးနည္းေတြက သိပ္ကို စိတ္ခ်ရပါတယ္။

ဒါေပမဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ရွိသူ အေယာက္တိုင္းကို စစ္ေဆးေတြ႕ရွိႏိုင္မယ့္သေဘာေတာ့ မဟုတ္ပါဘူး။ေရာဂါ စကူးစက္ ခံရရခ်င္းအခ်ိန္ ဒါမွမဟုတ္ ဗိုင္းရပ္စ္ပိုးပမာဏ အထိုက္အေလ်ာက္ နည္းေနခ်ိန္မ်ိဳးမွာ ဆိုရင္ ေရာဂါမရွိဘူးလို႔ အေျဖထြက္ပါလိမ့္မယ္။

ဒါ့အျပင္ လည္ေခ်ာင္းမွာ ဗိုင္းရပ္စ္ပိုး အလုံအေလာက္ ရွိမေနဘူးဆိုရင္လည္း နမူနာအရည္မွာ ေရာဂါမရွိဘူးလို႔ပဲ အေျဖ ထြက္လာႏိုင္ပါတယ္။

ခုခ်ိန္ထိေတာ့ ေသြးစစ္ၿပီး စမ္းသပ္နည္းေတြက သိပ္စိတ္မခ်ရေသးပါဘူး။အေကာင္းဆုံးဆိုတဲ့ အဲဒီနည္း စမ္းသပ္မႈေတြထဲက ၁၅ ခုကို လုပ္ခဲ့ေပမဲ့ သိပ္မေကာင္းလွဘူးလို႔ ၿဗိတိန္ က်န္းမာေရးဝန္ႀကီး မက္တ္ ဟန္ေကာ့ခ္ က ၿပီးခဲ့တဲ့သီတင္းပတ္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံကေန ဝယ္ခဲ့တဲ့ ဒီစမ္းသပ္နည္းေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါနဲ႔ အသည္းအသန္ ေနမေကာင္းျဖစ္ေနသူ လူနာေတြမွာသာ ေရာဂါပိုး ရွာေဖြႏိုင္ခဲ့ၿပီး ေရာဂါသိပ္မျပင္းတဲ့သူေတြမွာေတာ့ ေရာဂါပိုး မစမ္းသပ္ႏိုင္ခဲ့ဘူးလို႔ ဒီစမ္းသပ္မႈေတြကို ႀကီးၾကပ္ေဆာင္႐ြက္ခဲ့သူ ပါေမာကၡ ဂြၽန္ န်ဴတန္ က The Times သတင္းစာကိုေျပာျပပါတယ္။

လူဘယ္ႏွစ္ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ရွိေနသလဲ ဆိုတာ သိႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ယူေကအစိုးရကအဲဒီ ေသြးစစ္ စမ္းသပ္နည္း ၃ သန္းခြဲကို ဝယ္ခဲ့တာပါ။ ဒါေပမဲ့ တကယ္တမ္း အလုပ္ျဖစ္တယ္ ဆိုတာမေသခ်ာမခ်င္းေတာ့ ဒီနည္းေတြကို အသုံးမျပဳခ်င္ေသးပါဘူး။

 PA Media

ေရာဂါ စစ္ေဆးဖို႔က ဘာ့ေၾကာင့္အေရးႀကီးတာလဲ

အဓိက အေၾကာင္းရင္းႏွစ္ခု ရွိပါတယ္။ တစ္ခုက လူတစ္ေယာက္ခ်င္းစီမွာ ေရာဂါ ရွိမရွိ စစ္ေဆး ေဖာ္ထုတ္ဖို႔ ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ဗိုင္းရပ္စ္ပိုး ဘယ္ေလာက္အထိ ျပန႔္ပြားေနသလဲဆိုတာ သိရဖို႔ ျဖစ္ပါတယ္။

ဒုတိယ အခ်က္ကို သိရရင္ က်န္းမာေရးဝန္ေဆာင္မႈဌာနအေနနဲ႔ အထူးၾကပ္မတ္ေဆာင္ေတြ အပါအဝင္ ေနာက္ထပ္ လိုအပ္လာခ်က္ေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားႏိုင္မွာ ျဖစ္ပါတယ္။ဒီစစ္ေဆးမႈေတြအရ လူေတြအခ်င္းခ်င္း နီးနီးကပ္ကပ္ မေနၾကဖို႔လို ၫႊန္ၾကားခ်က္မ်ိဳးေတြ ထုတ္ႏိုင္မွာ ျဖစ္ပါတယ္။ဥပမာ တကယ္လို႔ လူအမ်ားႀကီး ေရာဂါကူးစက္ ခံထားရၿပီးသား ဆိုရင္ လူေတြကို လုံးဝအျပင္ေပးမထြက္တာမ်ိဳးေတြ လုပ္ဖို႔ သိပ္လိုအပ္မွာ မဟုတ္ေတာ့ပါဘူး။

ဒါ့အျပင္ ပိုက်ယ္က်ယ္ျပန႔္ျပန႔္ စစ္ေဆးတာမ်ိဳးမလုပ္ရင္ က်န္းမာေရးဝန္ထမ္းေတြ အပါအဝင္ လူအေတာ္မ်ားမ်ား ကိုယ့္မွာ ေရာဂါ ရွိတယ္ ထင္ၿပီး အိမ္ထဲက အိမ္ျပင္မထြက္ဘဲေနေနတာဟာ အဓိပၸာယ္မရွိ ျဖစ္သြားပါလိမ့္မယ္။
ေရာဂါရွိမရွိ စစ္ေဆးခံခ်င္ရင္ လူတိုင္းစစ္ေဆးခံခြင့္ရွိသလား

လူအမ်ားစုအတြက္ေတာ့ လုပ္မေပးေသးပါဘူး။

ေလာေလာဆယ္မွာ စစ္ေဆးမႈ အမ်ားစုကို ေဆး႐ုံေရာက္ေနတဲ့ ေရာဂါသည္းတဲ့ လူနာေတြအတြက္ပဲသီးသန႔္ထားထားပါတယ္။

အဲဒီအတြက္ ေရာဂါလကၡဏာ ျပတဲ့ လူအမ်ားစုအေနနဲ႔ သူတို႔မွာ ကို႐ိုနာဗိုင္းရပ္စ္ ရွိေနသလားဆိုတာသိရမွာ မဟုတ္ပါဘူး။

အခုအခါမွာေတာ့ ေရာဂါလကၡဏာ ျပတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ ဒါမွမဟုတ္ သူတို႔နဲ႔အတူေနသူေတြကေတာ့ စစ္ေဆးခံခြင့္ ရၾကပါတယ္။ တျခား က်န္းမာေရး ဝန္ထမ္းေတြနဲ႔ လူနာေစာင့္ေတြ လည္း မၾကာခင္ စစ္ေဆးခံခြင့္ရၾကေတာ့မွာပါ။

က်န္းမာေရးဝန္ေဆာင္မႈဌာနက ဝန္ထမ္း ၆၅၀၀ နဲ႔ သူတို႔ရဲ႕မိသားစုဝင္ေတြကို ေရာဂါပိုးစစ္ေဆးေပးခဲ့ၿပီးၿပီလို႔ ယူေက က်န္းမာေရးနဲ႔ လူမႈ ေစာင့္ေရွာက္ေရးဌာနက ေျပာပါတယ္။

ၿခဳံေျပာရမယ္ဆိုရင္ ယူေကမွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔အထိ လူေပါင္း ၁၉၅၅၂၄ ဦးကို ေရာဂါရွိမရွိ စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။
ယူေကမွာ ေရာဂါ စစ္ေဆးမႈ ဘာ့ေၾကာင့္ ပိုမလုပ္တာလဲ

ယူေကမွာက လူေတြအမ်ားႀကီးကို စစ္ေဆးႏိုင္ဖို႔ အရင္းအျမစ္ မရွိထားပါဘူး။

"ကြၽန္ေတာ္တို႔မွာ ကမာၻ႔အေကာင္းဆုံး ဓာတ္ခြဲစမ္းသပ္ခန္းေတြ ရွိပါတယ္၊ ဒါေပမဲ့ ပမာဏ မ်ားမ်ားမရွိပါဘူး၊ ဥပမာ ဂ်ာမနီ ႏိုင္ငံဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာႀကီး စျဖစ္ခ်ိန္မွာ ဓာတ္ခြဲခန္း ၁၀၀ ကို အဆင္သင့္ျပင္ထားႏိုင္ပါတယ္"လို႔ ယူေက က်န္းမာေရးဝန္ႀကီး မက္တ္ ဟန္ေကာ့ခ္ က ေျပာပါတယ္။

ယူေက အစိုးရက ဧၿပီလမကုန္ခင္ အဂၤလန္မွာ တစ္ေန႔ လူတစ္သိန္း ေရာဂါ စစ္ေဆးႏိုင္ဖို႔ ရည္မွန္းထားပါတယ္။ ဧၿပီလ ၅ ရက္ေန႔အထိေတာ့ တစ္ေန႔ကို လူ ၁၂၀၀၀ ေလာက္အထိ စစ္ေဆးႏိုင္ခဲ့ပါတယ္။ စစ္ေဆးကိရိယာေတြ၊ နမူနာ အရည္ယူဖို႔ ဂြမ္းစေတြ၊ ဓာတ္ခြဲခန္းသုံးပစၥည္းေတြ ရႏိုင္ဖို႔ စတဲ့ အခက္အခဲေတြကို ဓာတ္ခြဲခန္းေတြမွာ လုပ္ေနတဲ့ သိပၸံပညာရွင္ေတြ ႀကဳံေနရတယ္လို႔ သတင္းေတြက ဆိုပါတယ္။


အဲဒီထဲက ဓာတ္ခြဲခန္းသုံး ပစၥည္းတမ်ိဳးဆိုရင္ ဗိုင္းရပ္စ္ အေၾကာင္းအလြယ္တကူ ေလ့လာဖို႔အတြက္ ဗိုင္းရပ္စ္ရဲ႕ မ်ိဳးဗီဇ ခြဲထုတ္ရာမွာသုံးရတဲ့ပစၥည္းျဖစ္ပါတယ္။ ေလာေလာဆယ္ တကမာၻလုံးက အႀကီးအက်ယ္ လိုေနၾကတဲ့အတြက္လည္း ဒီပစၥည္းက ရဖို႔ ခက္ေနတာ ျဖစ္ပါတယ္။

အစပိုင္းမွာေတာ့ အဂၤလန္ ျပည္သူ႔က်န္းမာေရးဌာနက သူတို႔ ကိုယ္ပိုင္ဓာတ္ခြဲခန္း ၈ ခုကိုပဲ သုံးေနတာပါ။ အဲဒီကေန NHS ယူေက က်န္းမာေရးဝန္ေဆာင္မႈဌာနႀကီးရဲ႕ ဓာတ္ခြဲခန္း ၄၀ ကိုပါ အသုံးျပဳခဲ့တဲ့အတြက္ အခုအခါ စုစုေပါင္း ဓာတ္ခြဲခန္း ၄၈ ခုကို သုံးေနပါၿပီ။

အခုအခါ တကၠသိုလ္ေတြနဲ႔ သုေတသနအဖြဲ႕ေတြမွာ ရွိတဲ့ ဓာတ္ခြဲခန္းေတြကိုပါ အသုံးျပဳဖို႔ စီစဥ္ေနတယ္လို႔ အစိုးရက ေျပာပါတယ္။ အဲဒီဓာတ္ခြဲခန္းေတြကို က်န္းမာေရးဝန္ေဆာင္မႈဝန္ထမ္းေတြကို စစ္ေဆးရာမွာ သုံးမွာ ျဖစ္ပါတယ္။

ယူေကႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စစ္ေဆးေဖာ္ထုတ္ႏိုင္အား တိုးျမႇင့္ႏိုင္ဖို႔အတြက္ Boots နဲ႔Amazonတို႔လို စီးပြားေရးဖက္စပ္ကုမၸဏီေတြနဲ႔ေရာ ေဆးကုမၸဏီႀကီးေတြနဲ႔ပါ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ထုတ္ေဖာ္ေၾကညာထားပါတယ္။

က်န္တဲ့ကမာၻ႔ႏိုင္ငံေတြမွာေရာ ဘယ္လိုအေျခအေန ရွိသလဲ

ယူေကႏိုင္ငံထက္ ပိုက်ယ္က်ယ္ျပန႔္ျပန႔္ စစ္ေဆးမႈေတြ လုပ္ခဲ့တဲ့ ေတာင္ကိုရီးယားႏိုင္ငံဆိုရင္ စစ္ေဆးကိရိယာေတြ ထုတ္လုပ္မႈကို အလ်င္အျမန္ အတည္ျပဳေပးခဲ့ၿပီး စစ္ေဆးကိရိယာေတြ အမ်ားႀကီးစုေဆာင္း ထားရွိခြင့္ရခဲ့ပါတယ္။

ယူေကထက္ လူဦးေရ နည္းနည္းေလး ပိုနည္းေပမဲ့ ေတာင္ကိုရီးယားမွာ ဓာတ္ခြဲခန္း ၂ ဆ ပိုမ်ားၿပီး သီတင္းပတ္ႏႈန္း စစ္ေဆးႏိုင္မႈအားကလည္း ၂ ဆခြဲေလာက္ပိုမ်ားပါတယ္။

ဂ်ာမနီႏိုင္ငံဟာ ယူေကႏိုင္ငံထက္ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးမႈ ၃ ဆ ပိုလုပ္ခဲ့ပါတယ္။

မတ္လ၂၇ ရက္မတိုင္ခင္ ဂ်ာမနီႏိုင္ငံသား တစ္သိန္းမွာ ၁၀၉၆ ေယာက္ စစ္ေဆးခံခဲ့ရေပမဲ့ ယူေကမွာေတာ့ ဧၿပီလ၁ ရက္ေန႔အထိ လူတစ္သိန္းမွာ ၃၄၈ ဦးပဲ စစ္ေဆးခံခဲ့ရပါတယ္။

အီတလီမွာေတာ့ လူတစ္သိန္းမွာ ၈၉၅ ဦး၊ ေတာင္ကိုရီးယားမွာ လူတစ္သိန္းမွာ ၈၄၂ ဦး၊ အေမရိကန္ျပည္ေထာင္စုမွာ လူတစ္သိန္းမွာ ၃၄၈ ဦး၊ ဂ်ပန္မွာ လူတစ္သိန္းမွာ ၂၇ ဦး သာ စစ္ေဆးခံခဲ့ရပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52199507
-----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - ဗိုင်းရပ်စ်စစ်တာ ဘာလို့အရေးကြီးတာလဲ

ဓာတ်ပုံ မူပိုင် PA Media
Image caption ဗိုင်းရပ်စ်ပိုးပမာဏ အထိုက်အလျောက် နည်းနေချိန်မျိုးမှာ ပိုးရှိတာကို မတွေ့နိုင်ပါဘူး

ယူကေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုတွေကို ဧပြီလကုန် မတိုင်ခင် တစ်နေ့ကို လူတစ်သိန်းအထိ လုပ်သွားနိုင်ဖို့ အစိုးရက ကြိုးစားနေပါတယ်။

စစ်ဆေးမှုတွေ ပိုမြန်မြန် တိုးမြှင့် မလုပ်နိုင်တဲ့အတွက် အစိုးရအနေနဲ့ ဝေဖန်ခံနေရတာပါ။
ဘယ်လိုစစ်ဆေးနည်းတွေ လုပ်နေလဲ

ယူကေနိုင်ငံက ဆေးရုံတွေမှာ လက်ရှိအသုံးပြုနေတဲ့ စစ်ဆေးနည်းတွေက လူတစ်ယောက်မှာလောလောဆယ် ကိုဗစ်-၁၉ ရောဂါရှိမရှိဆိုတာကို သိဖို့ ဖြစ်ပါတယ်။

အဲဒီလူရဲ့ နှာခေါင်း ဒါမှမဟုတ် လည်ချောင်းက နမူနာ အရည်ကို ယူပြီး ဗိုင်းရပ်စ်ပိုး မျိုးဗီဇ လက္ခဏာရှိမရှိ ဆိုတာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပါတယ်။

အစိုးရ လုပ်ချင်တဲ့ နောက်တစ်နည်းကတော့ ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်း ပဋိပစ္စည်းကို သွေးစစ်စမ်းသပ်တဲ့နည်းပါ။ ဒါက လူတစ်ယောက်မှာ ဗိုင်းရပ်စ်ပိုး ရှိထားပြီးသားလား ဆိုတာကိုသိဖို့ပါ။

ကိုယ်ဝန်ရှိမရှိ စမ်းတဲ့ ကိရိယာလို ပစ္စည်းမျိုးနဲ့ အဲဒီလူရဲ့သွေးထဲက ရောဂါ ခုခံနိုင်စွမ်း လက္ခဏာကို စမ်းသပ်ရှာဖွေတာပါ။
ဓာတ်ပုံ မူပိုင် Getty Images
Image caption လည်ချောင်းကနမူနာ တို့ဖတ်ရယူစဉ်
ဒီစစ်ဆေးမှုတွေက ဘယ်လောက် တိကျသလဲ

ဆေးရုံတွေမှာ သုံးနေတဲ့ ရောဂါရှာဖွေ စစ်ဆေးနည်းတွေက သိပ်ကို စိတ်ချရပါတယ်။

ဒါပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရှိသူ အယောက်တိုင်းကို စစ်ဆေးတွေ့ရှိနိုင်မယ့်သဘောတော့ မဟုတ်ပါဘူး။ရောဂါ စကူးစက် ခံရရချင်းအချိန် ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးပမာဏ အထိုက်အလျောက် နည်းနေချိန်မျိုးမှာ ဆိုရင် ရောဂါမရှိဘူးလို့ အဖြေထွက်ပါလိမ့်မယ်။

ဒါ့အပြင် လည်ချောင်းမှာ ဗိုင်းရပ်စ်ပိုး အလုံအလောက် ရှိမနေဘူးဆိုရင်လည်း နမူနာအရည်မှာ ရောဂါမရှိဘူးလို့ပဲ အဖြေ ထွက်လာနိုင်ပါတယ်။

ခုချိန်ထိတော့ သွေးစစ်ပြီး စမ်းသပ်နည်းတွေက သိပ်စိတ်မချရသေးပါဘူး။အကောင်းဆုံးဆိုတဲ့ အဲဒီနည်း စမ်းသပ်မှုတွေထဲက ၁၅ ခုကို လုပ်ခဲ့ပေမဲ့ သိပ်မကောင်းလှဘူးလို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်တ် ဟန်ကော့ခ် က ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

တရုတ်နိုင်ငံကနေ ဝယ်ခဲ့တဲ့ ဒီစမ်းသပ်နည်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ အသည်းအသန် နေမကောင်းဖြစ်နေသူ လူနာတွေမှာသာ ရောဂါပိုး ရှာဖွေနိုင်ခဲ့ပြီး ရောဂါသိပ်မပြင်းတဲ့သူတွေမှာတော့ ရောဂါပိုး မစမ်းသပ်နိုင်ခဲ့ဘူးလို့ ဒီစမ်းသပ်မှုတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့သူ ပါမောက္ခ ဂျွန် နျူတန် က The Times သတင်းစာကိုပြောပြပါတယ်။

လူဘယ်နှစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေသလဲ ဆိုတာ သိနိုင်ဖို့ မျှော်လင့်ချက်နဲ့ ယူကေအစိုးရကအဲဒီ သွေးစစ် စမ်းသပ်နည်း ၃ သန်းခွဲကို ဝယ်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း အလုပ်ဖြစ်တယ် ဆိုတာမသေချာမချင်းတော့ ဒီနည်းတွေကို အသုံးမပြုချင်သေးပါဘူး။
ဓာတ်ပုံ မူပိုင် PA Media
ရောဂါ စစ်ဆေးဖို့က ဘာ့ကြောင့်အရေးကြီးတာလဲ

အဓိက အကြောင်းရင်းနှစ်ခု ရှိပါတယ်။ တစ်ခုက လူတစ်ယောက်ချင်းစီမှာ ရောဂါ ရှိမရှိ စစ်ဆေး ဖော်ထုတ်ဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ ဗိုင်းရပ်စ်ပိုး ဘယ်လောက်အထိ ပြန့်ပွားနေသလဲဆိုတာ သိရဖို့ ဖြစ်ပါတယ်။

ဒုတိယ အချက်ကို သိရရင် ကျန်းမာရေးဝန်ဆောင်မှုဌာနအနေနဲ့ အထူးကြပ်မတ်ဆောင်တွေ အပါအဝင် နောက်ထပ် လိုအပ်လာချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ဒီစစ်ဆေးမှုတွေအရ လူတွေအချင်းချင်း နီးနီးကပ်ကပ် မနေကြဖို့လို ညွှန်ကြားချက်မျိုးတွေ ထုတ်နိုင်မှာ ဖြစ်ပါတယ်။ဥပမာ တကယ်လို့ လူအများကြီး ရောဂါကူးစက် ခံထားရပြီးသား ဆိုရင် လူတွေကို လုံးဝအပြင်ပေးမထွက်တာမျိုးတွေ လုပ်ဖို့ သိပ်လိုအပ်မှာ မဟုတ်တော့ပါဘူး။

ဒါ့အပြင် ပိုကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးတာမျိုးမလုပ်ရင် ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် လူအတော်များများ ကိုယ့်မှာ ရောဂါ ရှိတယ် ထင်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ဘဲနေနေတာဟာ အဓိပ္ပာယ်မရှိ ဖြစ်သွားပါလိမ့်မယ်။
ရောဂါရှိမရှိ စစ်ဆေးခံချင်ရင် လူတိုင်းစစ်ဆေးခံခွင့်ရှိသလား

လူအများစုအတွက်တော့ လုပ်မပေးသေးပါဘူး။

လောလောဆယ်မှာ စစ်ဆေးမှု အများစုကို ဆေးရုံရောက်နေတဲ့ ရောဂါသည်းတဲ့ လူနာတွေအတွက်ပဲသီးသန့်ထားထားပါတယ်။

အဲဒီအတွက် ရောဂါလက္ခဏာ ပြတဲ့ လူအများစုအနေနဲ့ သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေသလားဆိုတာသိရမှာ မဟုတ်ပါဘူး။

အခုအခါမှာတော့ ရောဂါလက္ခဏာ ပြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ဒါမှမဟုတ် သူတို့နဲ့အတူနေသူတွေကတော့ စစ်ဆေးခံခွင့် ရကြပါတယ်။ တခြား ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူနာစောင့်တွေ လည်း မကြာခင် စစ်ဆေးခံခွင့်ရကြတော့မှာပါ။

ကျန်းမာရေးဝန်ဆောင်မှုဌာနက ဝန်ထမ်း ၆၅၀၀ နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ရောဂါပိုးစစ်ဆေးပေးခဲ့ပြီးပြီလို့ ယူကေ ကျန်းမာရေးနဲ့ လူမှု စောင့်ရှောက်ရေးဌာနက ပြောပါတယ်။

ခြုံပြောရမယ်ဆိုရင် ယူကေမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ လူပေါင်း ၁၉၅၅၂၄ ဦးကို ရောဂါရှိမရှိ စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
ယူကေမှာ ရောဂါ စစ်ဆေးမှု ဘာ့ကြောင့် ပိုမလုပ်တာလဲ

ယူကေမှာက လူတွေအများကြီးကို စစ်ဆေးနိုင်ဖို့ အရင်းအမြစ် မရှိထားပါဘူး။

"ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ဓာတ်ခွဲစမ်းသပ်ခန်းတွေ ရှိပါတယ်၊ ဒါပေမဲ့ ပမာဏ များများမရှိပါဘူး၊ ဥပမာ ဂျာမနီ နိုင်ငံဆိုရင် ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြီး စဖြစ်ချိန်မှာ ဓာတ်ခွဲခန်း ၁၀၀ ကို အဆင်သင့်ပြင်ထားနိုင်ပါတယ်"လို့ ယူကေ ကျန်းမာရေးဝန်ကြီး မက်တ် ဟန်ကော့ခ် က ပြောပါတယ်။

ယူကေ အစိုးရက ဧပြီလမကုန်ခင် အင်္ဂလန်မှာ တစ်နေ့ လူတစ်သိန်း ရောဂါ စစ်ဆေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဧပြီလ ၅ ရက်နေ့အထိတော့ တစ်နေ့ကို လူ ၁၂၀၀၀ လောက်အထိ စစ်ဆေးနိုင်ခဲ့ပါတယ်။ စစ်ဆေးကိရိယာတွေ၊ နမူနာ အရည်ယူဖို့ ဂွမ်းစတွေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ရနိုင်ဖို့ စတဲ့ အခက်အခဲတွေကို ဓာတ်ခွဲခန်းတွေမှာ လုပ်နေတဲ့ သိပ္ပံပညာရှင်တွေ ကြုံနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီထဲက ဓာတ်ခွဲခန်းသုံး ပစ္စည်းတမျိုးဆိုရင် ဗိုင်းရပ်စ် အကြောင်းအလွယ်တကူ လေ့လာဖို့အတွက် ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ခွဲထုတ်ရာမှာသုံးရတဲ့ပစ္စည်းဖြစ်ပါတယ်။ လောလောဆယ် တကမ္ဘာလုံးက အကြီးအကျယ် လိုနေကြတဲ့အတွက်လည်း ဒီပစ္စည်းက ရဖို့ ခက်နေတာ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာနက သူတို့ ကိုယ်ပိုင်ဓာတ်ခွဲခန်း ၈ ခုကိုပဲ သုံးနေတာပါ။ အဲဒီကနေ NHS ယူကေ ကျန်းမာရေးဝန်ဆောင်မှုဌာနကြီးရဲ့ ဓာတ်ခွဲခန်း ၄၀ ကိုပါ အသုံးပြုခဲ့တဲ့အတွက် အခုအခါ စုစုပေါင်း ဓာတ်ခွဲခန်း ၄၈ ခုကို သုံးနေပါပြီ။

အခုအခါ တက္ကသိုလ်တွေနဲ့ သုတေသနအဖွဲ့တွေမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေကိုပါ အသုံးပြုဖို့ စီစဉ်နေတယ်လို့ အစိုးရက ပြောပါတယ်။ အဲဒီဓာတ်ခွဲခန်းတွေကို ကျန်းမာရေးဝန်ဆောင်မှုဝန်ထမ်းတွေကို စစ်ဆေးရာမှာ သုံးမှာ ဖြစ်ပါတယ်။

ယူကေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးဖော်ထုတ်နိုင်အား တိုးမြှင့်နိုင်ဖို့အတွက် Boots နဲ့Amazonတို့လို စီးပွားရေးဖက်စပ်ကုမ္ပဏီတွေနဲ့ရော ဆေးကုမ္ပဏီကြီးတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။
ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေမှာရော ဘယ်လိုအခြေအနေ ရှိသလဲ

ယူကေနိုင်ငံထက် ပိုကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံဆိုရင် စစ်ဆေးကိရိယာတွေ ထုတ်လုပ်မှုကို အလျင်အမြန် အတည်ပြုပေးခဲ့ပြီး စစ်ဆေးကိရိယာတွေ အများကြီးစုဆောင်း ထားရှိခွင့်ရခဲ့ပါတယ်။

ယူကေထက် လူဦးရေ နည်းနည်းလေး ပိုနည်းပေမဲ့ တောင်ကိုရီးယားမှာ ဓာတ်ခွဲခန်း ၂ ဆ ပိုများပြီး သီတင်းပတ်နှုန်း စစ်ဆေးနိုင်မှုအားကလည်း ၂ ဆခွဲလောက်ပိုများပါတယ်။

ဂျာမနီနိုင်ငံဟာ ယူကေနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု ၃ ဆ ပိုလုပ်ခဲ့ပါတယ်။

မတ်လ၂၇ ရက်မတိုင်ခင် ဂျာမနီနိုင်ငံသား တစ်သိန်းမှာ ၁၀၉၆ ယောက် စစ်ဆေးခံခဲ့ရပေမဲ့ ယူကေမှာတော့ ဧပြီလ၁ ရက်နေ့အထိ လူတစ်သိန်းမှာ ၃၄၈ ဦးပဲ စစ်ဆေးခံခဲ့ရပါတယ်။

အီတလီမှာတော့ လူတစ်သိန်းမှာ ၈၉၅ ဦး၊ တောင်ကိုရီးယားမှာ လူတစ်သိန်းမှာ ၈၄၂ ဦး၊ အမေရိကန်ပြည်ထောင်စုမှာ လူတစ်သိန်းမှာ ၃၄၈ ဦး၊ ဂျပန်မှာ လူတစ်သိန်းမှာ ၂၇ ဦး သာ စစ်ဆေးခံခဲ့ရပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52199507
ကို႐ိုနာဗိုင္းရပ္စ္ - ဗိုင္းရပ္စ္စစ္တာ ဘာလို႔အေရးႀကီးတာလဲ ကို႐ိုနာဗိုင္းရပ္စ္ - ဗိုင္းရပ္စ္စစ္တာ ဘာလို႔အေရးႀကီးတာလဲ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.