COVID-19 ကာကြယ္ေရး ပိုးသတ္ခန္း ျမန္မာႏိုင္ငံကေက်ာင္းသားေတြစုေပါင္းတီထြင္

 ေျမာက္ဥကၠလာေဆး႐ုံႀကီးမွာ စမ္းသပ္အသုံးျပဳေနစဥ္
(Zawgyi)⤵⤵⤵

နည္းပညာေက်ာင္းသားေတြနဲ႔ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသား ေတြ စုေပါင္းတီထြင္ထားတဲ့ ပိုးသတ္ခန္း( Disinfection chamber)ကို စမ္းသပ္တီထြင္ရာ ေအာင္ျမင္ခဲ့တဲ့ အတြက္ ဧၿပီ ၆ ရက္ေန႔က ေျမာက္ဥကၠလာပ အေထြေထြေရာဂါကုေဆး႐ုံႀကီးကို သြားေရာက္လႉဒါန္းခဲ့တယ္လို႔ ဒီအစီအစဥ္ကို စတင္အေကာင္အထည္ေဖာ္ဖို႔ႀကိဳးစားခဲ့တဲ့ ေက်ာင္းသားတစ္ဦးျဖစ္တဲ့ ရန္ကုန္အေနာက္ပိုင္း နည္းပညာ တကၠသိုလ္ ((WYTU) ပၪၥမႏွစ္ ေက်ာင္းသား ျဖစ္သူ ကိုဟိန္းထက္က ဘီဘီစီကိုေျပာပါတယ္။

အဆိုပါ ပိုးသတ္ခန္းကို ရန္ကုန္၊မႏၲေလးနဲ႔လြိဳင္ေကာ္ၿမိဳ႕ေတြက နည္းပညာတကၠသိုလ္ေက်ာင္းသားေတြနဲ႔ ကြန္ျပဴတာတကၠသိုလ္ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း ၁၀ ဦးက စုေပါင္းၿပီး တီထြင္ခဲ့တာျဖစ္ပါတယ္။

'' ကြၽန္ေတာ္တို႔ ေက်ာင္းေတြကလည္းပိတ္ေတာ့ အအားမေနတတ္ေတာ့ ဒါကို တီထြင္ဖို႔ အႀကံရလိုက္ တယ္။ က်န္တဲ့သူေတြကလည္း ပါမယ္ဆိုတာနဲ႔ အကုန္စုေပါင္းၿပီး လုပ္ခဲ့ၾကတာပါ။ ဗီယက္နမ္မွာ လုပ္တာကိုၾကည့္ၿပီး ငါတို႔လည္း လုပ္လို႔ရႏိုင္တယ္ဆိုၿပီး ဝိုင္းလုပ္ခဲ့ၾကတာ''လို႔ ကိုဟိန္းထက္ကေျပာျပပါတယ္။
ပထမဆုံးတီထြင္ခဲ့တဲ့ ပိုးသတ္ခန္းကို ေျမာက္ဥကၠလာပေဆး႐ုံကိုလႉဒါန္းခဲ့

ေက်ာင္းသူေက်ာင္းသားေတြ စုေပါင္းတီထြင္မႈကို အမ်ားျပည္သူကလည္း လိုအပ္တဲ့ေငြေၾကးကို ဝိုင္းဝန္း ေထာက္ပံ့ခဲ့တဲ့အတြက္ တစ္ပတ္အတြင္းမွာ ပိုးသတ္ခန္းကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့တယ္လို႔ ပါဝင္သူ ေက်ာင္းသားတစ္ဦးျဖစ္တဲ့ မႏၲေလးနည္းပညာတကၠသိုလ္ စတုတၳႏွစ္ေက်ာင္းသားတစ္ဦးျဖစ္တဲ့ ကိုျပည့္ ထူးခန႔္က ဘီဘီစီကိုေျပာျပပါတယ္။

စက္ကို ဘယ္လိုအသုံးျပဳမလဲ

ဗီယက္နမ္ႏိုင္ငံမွာ အသုံးျပဳတဲ့စက္ကို ၾကည့္ၿပီး အတုယူဖန္တီးခဲ့တာျဖစ္ေပမယ့္ လူအဝင္အထြက္ ကို လက္နဲ႔ကိုင္ပါက ပိုးျပန္လည္ျဖန႔္ျဖဴးတာမ်ိဳးမျဖစ္ရေအာင္ အဝင္အထြက္ကို ေျခေထာက္နဲ႔နင္းၿပီး ဖြင့္ဝင္ လို႔ရမယ့္ ပုံစံကို ေျပာင္းလဲအသုံးျပဳထားသလို စက္တစ္ခုလုံးကို သုံးမယ့္သူက ဘာမွထိေတြ႕စရာမလိုဘဲ ခလုတ္ႏွိပ္ၿပီး သုံးလို႔ရမယ့္ auto စနစ္ကို အသုံးျပဳထားတယ္လို႔လည္း ကိုျပည့္ထူးခန႔္က ရွင္းျပပါတယ္။

'' ကြၽန္ေတာ္တို႔က ေဆးပညာကြၽမ္းက်င္သူေတြမဟုတ္လို႔ ဖ်န္းမယ့္ေဆးမွာ အႏၲရာယ္ျဖစ္မွာစိုးလို႔ ဆရာဝန္ေတြနဲ႔လည္း တိုင္ပင္ပါတယ္။ အမ်ားျပည္သူအတြက္ရည္႐ြယ္ၿပီး လုပ္ခဲ့ေပမယ့္ ေဆးနဲ႔မတည့္တာ တစ္ခုခုျဖစ္မွာစိုးလို႔ ေဆး႐ုံမွာ သံသယလူနာတို႔ ပိုးေတြ႕လူနာတို႔ကို ၾကည့္မယ့္ ဆရာဝန္ေတြကို PPE ဝတ္စုံဝတ္ၿပီး ၾကည့္ၿပီးရင္ မခြၽတ္ခင္မွာ ဝတ္စုံနဲ႔ ဒီအခန္းထဲဝင္ၿပီးပိုးသတ္လိုက္ရင္ရၿပီ။ အဲလိုသုံးမယ္လို႔ ေတာ့ သိရတယ္။''လို႔ ကိုျပည့္ထူးခန႔္က ေျပာျပပါတယ္။

ဧၿပီ ၆ ရက္ေန႔က ေျမာက္ဥကၠလာေဆး႐ုံကို သြားေရာက္လႉဒါန္းရာမွာ အသုံးျပဳပုံျပဳနည္းေတြကို ရွင္းျပခဲ့ သလို ဆရာဝန္ေတြကိုယ္တိုင္ ပိုးသတ္တာကို စမ္းသပ္အသုံးျပဳၿပီးအဆင္ေျပတယ္လို႔လည္း သူကေျပာ ပါတယ္။

တီထြင္သူလူငယ္ေတြကို သြားေရာက္အားေပးခဲ့တဲ့ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး

ပိုးသတ္ခန္းကို အေရအတြက္မ်ားမ်ားနဲ႔ထုတ္ႏိုင္ၿပီလား

အလႉရွင္ေတြရဲ႕ လႉဒါန္းတဲ့ေငြနဲ႔ ပစၥည္းအေကာင္းေတြကိုသာ အသုံးျပဳၿပီး ျပဳလုပ္ခဲ့တဲ့အတြက္ ပထမဆုံးတီထြင္ခဲ့တဲ့ ဒီပိုးသတ္ခန္းရဲ႕ကုန္က်စရိတ္ဟာ က်ပ္၇သိန္းခြဲဝန္းက်င္ရွိခဲ့ၿပီး ကနဦးျဖစ္တဲ့အတြက္ ပိုမိုကုန္က်ခဲ့တာေတြလည္းရွိခဲ့တယ္လို႔ ေက်ာင္းသားေတြက ေျပာျပပါတယ္။

' ' အကုန္လုံးတိုင္ပင္ၾကတယ္။ အခက္အခဲက ဆိုင္ေတြပိတ္ထားေတာ့ ပစၥည္းေတြကဝယ္မရဘူး။ အားလုံး ဒီဇိုင္းဆြဲလို႔ အဆင္ေျပၿပီဆိုမွ အားလုံး ရန္ကုန္ဆင္းလာၿပီး ဆုံၾက။ လုပ္ၾကရတာ။ အခုေတာ့ အကုန္လုံး နယ္ေတြျပန္ကုန္ၾကေတာ့ လူအင္အားကေတာ့ နည္းေနၿပီ။ ဒီလူေတြနဲ႔ မ်ားမ်ားထုတ္ဖု႔ိေတာ့ မလြယ္ဘူး ။''လို႔ နည္းပညာတကၠသိုလ္ေက်ာင္းသူတစ္ဦးျဖစ္တဲ့ မေမျပည့္စုံေက်ာ္ကရွင္းျပပါတယ္။

ေျမာက္ဥကၠႅလာပ ေဆး႐ုံနည္းတူ ေနာက္ထပ္ ပိုးသတ္ခန္းတစ္ခုကို မႏၲေလးကန္ေတာ္နဒီေဆး႐ုံအတြက္ ထပ္မံတည္ေဆာက္ေပးဖို႔ရွိတယ္လို႔လည္း အဆိုပါေက်ာင္းသားေတြကေျပာပါ တယ္။

' 'ေလာေလာဆယ္ ကိုဗစ္ ေၾကာင့္ မိဘေတြကလည္း သြားဖို႔လာဖို႔ကို သေဘာမတူေတာ့ အားလုံးစုၿပီး ထပ္လုပ္ဖို႔ေတာ့မလြယ္ဘူး။ ဒါေပမယ့္ကြၽန္ေတာ္တို႔ လုပ္ထားတာကို research paper ထုတ္သြားဖို႔ ရွိတယ္။ တျခားလုပ္မယ့္သူေတြရွိရင္ ကြၽန္ေတာ္တို႔ ဆြဲထားၿပီးသားဒီဇိုင္းကိုယူၿပီး လုပ္လို႔လည္းရႏိုင္တယ္''လို႔ ကိုျပည့္ထူးခန႔္ကေျပာပါတယ္။

ကမာၻ႔ႏိုင္ငံအသီးသီးမွာ COVID-19ေၾကာင့္ လူေသဆုံးမႈေတြထဲ က်န္းမာေရးဝန္ထမ္းေတြ ေသဆုံးမႈ ေတြလည္းရွိေနပါတယ္။

က်န္းမာေရးဝန္ထမ္းေတြအတြက္ အခုလို ပိုးသတ္ခန္းေတြရွိလာပါက ေရာဂါကာကြယ္ေရးဝတ္စုံေတြကို မခြၽတ္ခင္မွာ ပိုးသန႔္စင္ႏိုင္တဲ့အတြက္ ေရာဂါကူးစက္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္တယ္လို႔လည္း ေက်ာင္းသား ေက်ာင္းသူေတြကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52198357
-------------
(Unicode)⤵⤵⤵
COVID-19 ကာကွယ်ရေး ပိုးသတ်ခန်း မြန်မာနိုင်ငံကကျောင်းသားတွေစုပေါင်းတီထွင်

ဓာတ်ပုံ မူပိုင် WINTHANDARPHYU'FACEBOOK
Image caption မြောက်ဥက္ကလာဆေးရုံကြီးမှာ စမ်းသပ်အသုံးပြုနေစဉ်

နည်းပညာကျောင်းသားတွေနဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား တွေ စုပေါင်းတီထွင်ထားတဲ့ ပိုးသတ်ခန်း( Disinfection chamber)ကို စမ်းသပ်တီထွင်ရာ အောင်မြင်ခဲ့တဲ့ အတွက် ဧပြီ ၆ ရက်နေ့က မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ဒီအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ((WYTU) ပဉ္စမနှစ် ကျောင်းသား ဖြစ်သူ ကိုဟိန်းထက်က ဘီဘီစီကိုပြောပါတယ်။

အဆိုပါ ပိုးသတ်ခန်းကို ရန်ကုန်၊မန္တလေးနဲ့လွိုင်ကော်မြို့တွေက နည်းပညာတက္ကသိုလ်ကျောင်းသားတွေနဲ့ ကွန်ပြူတာတက္ကသိုလ်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀ ဦးက စုပေါင်းပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော်တို့ ကျောင်းတွေကလည်းပိတ်တော့ အအားမနေတတ်တော့ ဒါကို တီထွင်ဖို့ အကြံရလိုက် တယ်။ ကျန်တဲ့သူတွေကလည်း ပါမယ်ဆိုတာနဲ့ အကုန်စုပေါင်းပြီး လုပ်ခဲ့ကြတာပါ။ ဗီယက်နမ်မှာ လုပ်တာကိုကြည့်ပြီး ငါတို့လည်း လုပ်လို့ရနိုင်တယ်ဆိုပြီး ဝိုင်းလုပ်ခဲ့ကြတာ''လို့ ကိုဟိန်းထက်ကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် WINTHANDARPHYU'FACEBOOK
Image caption ပထမဆုံးတီထွင်ခဲ့တဲ့ ပိုးသတ်ခန်းကို မြောက်ဥက္ကလာပဆေးရုံကိုလှူဒါန်းခဲ့

ကျောင်းသူကျောင်းသားတွေ စုပေါင်းတီထွင်မှုကို အများပြည်သူကလည်း လိုအပ်တဲ့ငွေကြေးကို ဝိုင်းဝန်း ထောက်ပံ့ခဲ့တဲ့အတွက် တစ်ပတ်အတွင်းမှာ ပိုးသတ်ခန်းကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ပါဝင်သူ ကျောင်းသားတစ်ဦးဖြစ်တဲ့ မန္တလေးနည်းပညာတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုပြည့် ထူးခန့်က ဘီဘီစီကိုပြောပြပါတယ်။
စက်ကို ဘယ်လိုအသုံးပြုမလဲ

ဗီယက်နမ်နိုင်ငံမှာ အသုံးပြုတဲ့စက်ကို ကြည့်ပြီး အတုယူဖန်တီးခဲ့တာဖြစ်ပေမယ့် လူအဝင်အထွက် ကို လက်နဲ့ကိုင်ပါက ပိုးပြန်လည်ဖြန့်ဖြူးတာမျိုးမဖြစ်ရအောင် အဝင်အထွက်ကို ခြေထောက်နဲ့နင်းပြီး ဖွင့်ဝင် လို့ရမယ့် ပုံစံကို ပြောင်းလဲအသုံးပြုထားသလို စက်တစ်ခုလုံးကို သုံးမယ့်သူက ဘာမှထိတွေ့စရာမလိုဘဲ ခလုတ်နှိပ်ပြီး သုံးလို့ရမယ့် auto စနစ်ကို အသုံးပြုထားတယ်လို့လည်း ကိုပြည့်ထူးခန့်က ရှင်းပြပါတယ်။

'' ကျွန်တော်တို့က ဆေးပညာကျွမ်းကျင်သူတွေမဟုတ်လို့ ဖျန်းမယ့်ဆေးမှာ အန္တရာယ်ဖြစ်မှာစိုးလို့ ဆရာဝန်တွေနဲ့လည်း တိုင်ပင်ပါတယ်။ အများပြည်သူအတွက်ရည်ရွယ်ပြီး လုပ်ခဲ့ပေမယ့် ဆေးနဲ့မတည့်တာ တစ်ခုခုဖြစ်မှာစိုးလို့ ဆေးရုံမှာ သံသယလူနာတို့ ပိုးတွေ့လူနာတို့ကို ကြည့်မယ့် ဆရာဝန်တွေကို PPE ဝတ်စုံဝတ်ပြီး ကြည့်ပြီးရင် မချွတ်ခင်မှာ ဝတ်စုံနဲ့ ဒီအခန်းထဲဝင်ပြီးပိုးသတ်လိုက်ရင်ရပြီ။ အဲလိုသုံးမယ်လို့ တော့ သိရတယ်။''လို့ ကိုပြည့်ထူးခန့်က ပြောပြပါတယ်။

ဧပြီ ၆ ရက်နေ့က မြောက်ဥက္ကလာဆေးရုံကို သွားရောက်လှူဒါန်းရာမှာ အသုံးပြုပုံပြုနည်းတွေကို ရှင်းပြခဲ့ သလို ဆရာဝန်တွေကိုယ်တိုင် ပိုးသတ်တာကို စမ်းသပ်အသုံးပြုပြီးအဆင်ပြေတယ်လို့လည်း သူကပြော ပါတယ်။
ဓာတ်ပုံ မူပိုင် Naw Pann Thinzar Myo
Image caption တီထွင်သူလူငယ်တွေကို သွားရောက်အားပေးခဲ့တဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး
ပိုးသတ်ခန်းကို အရေအတွက်များများနဲ့ထုတ်နိုင်ပြီလား

အလှူရှင်တွေရဲ့ လှူဒါန်းတဲ့ငွေနဲ့ ပစ္စည်းအကောင်းတွေကိုသာ အသုံးပြုပြီး ပြုလုပ်ခဲ့တဲ့အတွက် ပထမဆုံးတီထွင်ခဲ့တဲ့ ဒီပိုးသတ်ခန်းရဲ့ကုန်ကျစရိတ်ဟာ ကျပ်၇သိန်းခွဲဝန်းကျင်ရှိခဲ့ပြီး ကနဦးဖြစ်တဲ့အတွက် ပိုမိုကုန်ကျခဲ့တာတွေလည်းရှိခဲ့တယ်လို့ ကျောင်းသားတွေက ပြောပြပါတယ်။

' ' အကုန်လုံးတိုင်ပင်ကြတယ်။ အခက်အခဲက ဆိုင်တွေပိတ်ထားတော့ ပစ္စည်းတွေကဝယ်မရဘူး။ အားလုံး ဒီဇိုင်းဆွဲလို့ အဆင်ပြေပြီဆိုမှ အားလုံး ရန်ကုန်ဆင်းလာပြီး ဆုံကြ။ လုပ်ကြရတာ။ အခုတော့ အကုန်လုံး နယ်တွေပြန်ကုန်ကြတော့ လူအင်အားကတော့ နည်းနေပြီ။ ဒီလူတွေနဲ့ များများထုတ်ဖု့ိတော့ မလွယ်ဘူး ။''လို့ နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ မမေပြည့်စုံကျော်ကရှင်းပြပါတယ်။

မြောက်ဥက္က္လလာပ ဆေးရုံနည်းတူ နောက်ထပ် ပိုးသတ်ခန်းတစ်ခုကို မန္တလေးကန်တော်နဒီဆေးရုံအတွက် ထပ်မံတည်ဆောက်ပေးဖို့ရှိတယ်လို့လည်း အဆိုပါကျောင်းသားတွေကပြောပါ တယ်။

    မြန်မာနိုင်ငံ မှာ ကိုရိုနာ ကပ်ရောဂါ ဖြစ်လာနိုင်သလား

' 'လောလောဆယ် ကိုဗစ် ကြောင့် မိဘတွေကလည်း သွားဖို့လာဖို့ကို သဘောမတူတော့ အားလုံးစုပြီး ထပ်လုပ်ဖို့တော့မလွယ်ဘူး။ ဒါပေမယ့်ကျွန်တော်တို့ လုပ်ထားတာကို research paper ထုတ်သွားဖို့ ရှိတယ်။ တခြားလုပ်မယ့်သူတွေရှိရင် ကျွန်တော်တို့ ဆွဲထားပြီးသားဒီဇိုင်းကိုယူပြီး လုပ်လို့လည်းရနိုင်တယ်''လို့ ကိုပြည့်ထူးခန့်ကပြောပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ COVID-19ကြောင့် လူသေဆုံးမှုတွေထဲ ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှု တွေလည်းရှိနေပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအတွက် အခုလို ပိုးသတ်ခန်းတွေရှိလာပါက ရောဂါကာကွယ်ရေးဝတ်စုံတွေကို မချွတ်ခင်မှာ ပိုးသန့်စင်နိုင်တဲ့အတွက် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ကျောင်းသား ကျောင်းသူတွေကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52198357
COVID-19 ကာကြယ္ေရး ပိုးသတ္ခန္း ျမန္မာႏိုင္ငံကေက်ာင္းသားေတြစုေပါင္းတီထြင္ COVID-19 ကာကြယ္ေရး ပိုးသတ္ခန္း ျမန္မာႏိုင္ငံကေက်ာင္းသားေတြစုေပါင္းတီထြင္ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.