သတင္းသမားေတြ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ ၿခိမ္းေျခာက္ခံေနရ

Voice of Myanmar သတင္းဌာန တည္ေထာင္သူ ကိုေနမ်ိဳးလင္း ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ရဲက ၂၀၂၀ မတ္ ၃၁ ရက္ေန႔က ဖမ္းဆီးစဥ္
ဓာတ္ပုံ - ေခမဏီဝင္း/ RFA
(Zawgyi)⤵⤵⤵
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကပ္ေရာဂါလို႔ သတ္မွတ္ထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ကမာၻ႔တစ္ဝန္း စိုးရိမ္ထိတ္လန႔္ေနရခ်ိန္မွာ ျမန္မာျပည္တြင္းမွာေတာ့ သတင္းသမားေတြ ဖမ္းဆီးခံရတာနဲ႔ ေနအိမ္ေတြ၊ ႐ုံးခန္းေတြမွာ ဝင္ေရာက္ရွာေဖြခံေနရပါတယ္။

ဒီအေျခအေနနဲ႔ပတ္သက္လို႔ ျပန္ၾကားေရးဝန္ႀကီးေဟာင္း၊ ဥပေဒပညာရွင္၊ လူ႔အခြင့္အေရး ေဆာင္႐ြက္ေနသူေတြရဲ႕ ေထာက္ျပခ်က္ေတြကို RFA သတင္းေထာက္ မေဝမာထြန္းက စုစည္းတင္ျပပါလိမ့္မယ္။

ကမာၻ႔တစ္ဝန္းက လူေပါင္းသိန္းနဲ႔ခ်ီ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရၿပီး ေသာင္းနဲ႔ခ်ီ အသက္ဆုံးရႈံးေနခ်ိန္မွာ အက်ဥ္းေထာင္ေတြထဲက သတင္းသမားေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔ နယူးေယာက္ၿမိဳ႕မွာ အေျခစိုက္တဲ့ “သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတီ CPJ” က မတ္လ ၃၀ ရက္ေန႔က ေတာင္းဆိုထားေပမယ့္ ျမန္မာျပည္တြင္းမွာေတာ့ ႏွစ္ရက္အတြင္း သတင္းသမားတခ်ိဳ႕ ဖမ္းဆီး စစ္ေဆးေမးျမန္းခံေနရပါတယ္။

ဖမ္းဆီးစစ္ေဆးခံရတဲ့ သတင္းသမားတခ်ိဳ႕ဟာ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းအထိ က်ခံရႏိုင္တဲ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မေတြရဲ႕ ၿခိမ္းေျခာက္မႈကို ခံေနရတာပါ။

ဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ေနတဲ့ ဒီလိုအေျခအေနမ်ိဳးမွာ ဥပေဒအရ ၿငိစြန္းမႈေတြရွိတယ္လို႔ ယူဆရင္ေတာင္ သတင္းေထာက္ေတြကို ဖမ္းဆီးသြားတာထက္ သတင္းမီဒီယာေကာင္စီကေန တစ္ဆင့္ ညႇိႏႈိင္းေဆာင္႐ြက္သင့္တယ္လို႔ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္ က မွတ္ခ်က္ေပးပါတယ္။

“အခုအခ်ိန္မွာက ကိုဗစ္ ၁၉ မွာက ျပည္သူလူထုကို သတင္းအခ်က္အလက္အမွန္ေတြ ျဖန႔္ေဝေပးဖို႔ အေရးႀကီးဆုံးအခ်ိန္ကို ေရာက္ေနတာေပါ့။ ဒီလိုအေျခအေနမ်ိဳးမွာ အစိုးရနဲ႔ မီဒီယာေတြၾကားမွာ ဆက္ဆံေရးေကာင္းလို႔ရွိရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္ ပိုၿပီးအက်ိဳးရွိတာေပါ့ဗ်ာ။ တကယ္လို႔ အခုေရးသားခ်က္က ျပစ္မႈနဲ႔ ၿငိစြန္းတယ္လို႔ သူတို႔ယူဆရင္ေတာင္ ကြၽန္ေတာ္အယူအဆ ေျပာရရင္ သတင္းမီဒီယာေကာင္စီကေန စၿပီး ခ်ဥ္းကပ္ေျပာဆိုတာမ်ိဳးက ပိုၿပီးေတာ့ ေကာင္းမယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။”

မတ္လ ၃၀ ရက္ေန႔က မႏၲေလးၿမိဳ႕အေျခစိုက္ Voice of Myanmar သတင္းဌာနတည္ေထာင္သူ ကိုေနမ်ိဳးလင္းကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။

အစိုးရက အၾကမ္းဖက္အဖြဲ႕အစည္းလို႔ ေၾကညာထားတဲ့ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ ကို သတင္းကိစၥဆက္သြယ္ေမးျမန္းခဲ့လို႔ဆိုၿပီး ကိုေနမ်ိဳးလင္းကို ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းနဲ႔ ႏွစ္ရွည္ေထာင္ဒဏ္ေတြ က်ခံရႏိုင္တဲ့ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္ ၅၀ (က)၊ ၅၂ (က) တို႔နဲ႔  မႏၲေလးတိုင္း သတင္းရဲတပ္ဖြဲ႕ က အမႈဖြင့္လိုက္တာပါ။

မတ္လ ၃၁ရက္ မေန႔ညကလည္း ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အေျခစိုက္ နိရၪၥရာ သတင္းဌာန ႐ုံးခန္းကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ ရွာေဖြၿပီး သတင္းသမား သုံးဦးကို ေခၚယူစစ္ေဆးခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာလည္း ရန္ကုန္အေျခစိုက္ ေခတ္သစ္မီဒီယာက အယ္ဒီတာခ်ဳပ္ ကိုသာလြန္ေဇာင္းထက္ရဲ႕ ေနအိမ္ကို မေန႔ညက ရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးခဲ့ပါတယ္။

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒဆိုတာ သတင္းသမားေတြကို စြဲဆိုသင့္တဲ့ ဥပေဒမ်ိဳးမဟုတ္ဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ က ေျပာပါတယ္။

“တိုင္းျပည္နယ္တကြ ျပည္သူလူထုႀကီး တစ္ရပ္လုံးကို ေဆာက္တည္ရာမရေအာင္ အၾကမ္းဖက္မႈ အမ်ိဳးမ်ိဳးကို နည္းမ်ိဳးစုံနဲ႔ လုပ္လာတဲ့ ကိစၥရပ္ေတြမွာ ဟန႔္တားဖို႔အတြက္ ျပဌာန္းတယ္လို႔ ကြၽန္ေတာ္တို႔က ယုံၾကည္တယ္။ သတင္းသမားေတြက သတင္းမီဒီယာေကာင္စီ ဥပေဒအရ သတင္းယူတယ္။ စုေဆာင္းတယ္။ ျဖန႔္ခ်ီတယ္။ ဒီဥပေဒပုဒ္မ အႀကီးႀကီးနဲ႔ တပ္လိုက္တဲ့အခါမွာ သတင္းမီဒီယာေလာကမွာလည္း တုန္လႈပ္ေျခာက္ျခားသြားရသလို ျပည္သူလူထုၾကားမွာလည္း စိုးရိမ္မႈေတြ ျမင့္တက္လာတယ္။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ အာဏာပိုင္ေတြက အခ်ိန္မလင့္မွီမွာ စဥ္းစားပါလို႔ပဲ ေမတၱာရပ္ခံခ်င္တယ္။”

ကပ္ေရာဂါ ျဖစ္ေနတဲ့ ဒီလိုအခ်ိန္မွာ တရားဝင္ သတင္းဌာနေတြနဲ႔ ပူးေပါင္းတိုက္ဖ်က္ရမယ့္အစား ဒီမိုကေရစီ အသြင္ကူးေျပာင္းကာလနဲ႔ မဆီေလ်ာ္တဲ့ ေဆာင္႐ြက္ခ်က္ေတြကို လုပ္ေဆာင္ေနတယ္လို႔ သတင္းမီဒီယာေကာင္စီက မတ္ ၃၁ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

သတင္းသမားေတြကို ဘယ္အဖြဲ႕အစည္းက တရားစြဲဆိုသည္ျဖစ္ပါေစ အစိုးရဆီ ခြင့္ျပဳခ်က္ ေတာင္းခံၿပီးမွ လုပ္ေဆာင္ရတာျဖစ္လို႔ VOM သတင္းဌာနက အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္းကို အၾကမ္းဖက္ ဥပေဒနဲ႔ တရားစြဲဆိုတာဟာ အစိုးရက ခြင့္ျပဳလို႔သာ ျဖစ္တယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။

ဆက္သြယ္ေမးျမန္း႐ုံနဲ႔ ျပင္းထန္တဲ့ ပုဒ္မေတြနဲ႔ တရားစြဲဆိုတဲ့ အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို နားမလည္ႏိုင္ဘူးလို႔ လူ႔အခြင့္အေရးလႈပ္ရွားေနတဲ့ Generation Wave အဖြဲ႕က ကိုမိုဃ္းေသြးက ေျပာပါတယ္။

“အင္တာဗ်ဴးလုပ္႐ုံ၊ အင္တာဗ်ဴးလုပ္လို႔ ဖုန္းနံပါတ္ရွိ႐ုံနဲ႔ပဲ တပ္လိုက္တဲ့ဟာကလည္း အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒတဲ့ ဒါႏိုင္ငံတစ္ႏိုင္ငံမွာ အျပင္းဆုံးပဲ။ ႏိုင္ငံေတာ္ပုန္ကန္မႈနဲ႔ တန္းတူျဖစ္ေနတယ္။ ဒီဥပေဒနဲ႔ လုပ္တယ္ဆိုတာ အင္မတန္မွ ႐ုပ္ဆိုးလြန္းတယ္ဗ်။ ရွက္စရာလည္း ေကာင္းတယ္။ ဒီလိုအေျခအေနမွာ တစ္ကမာၻလုံးက ကပ္ေဘးကို တုံ႔ျပန္ေနတဲ့အခ်ိန္မွာ ဒီႏိုင္ငံမွာ သတင္းသမားေတြကို ဒီလိုဥပေဒနဲ႔ လိုက္ၿပီးအေရးယူေနတယ္ဆိုတာ အစိုးရက ဘယ္လိုအေတြးနဲ႔ လုပ္လိုက္လည္းဆိုတာ ကြၽန္ေတာ္တို႔ နားေတာင္မလည္ဘူးလို႔ ေျပာခ်င္တယ္။"

မတ္လ ၃၀ ရက္ေန႔က “သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတီ CPJ” က အာဏာပိုင္ေတြကို တိုက္တြန္းထားတဲ့အထဲမွာ သတင္းသမားေတြ အက်ဥ္းက်ေနတဲ့ ႏိုင္ငံေတြမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ျဖစ္ပြားေနတာမို႔ သူတို႔ျပန္လည္ လြတ္ေျမာက္ေရးဟာ ေသေရးရွင္ေရး ျဖစ္ေနၿပီလို႔ ေထာက္ျပထားပါတယ္။

ႏိုင္ငံအသီးသီးမွာ အက်ဥ္းက်ေနတဲ့ သတင္းသမား ၂၅၀ ေက်ာ္ရွိေနၿပီး သူတို႔ကို ႁခြင္းခ်က္မရွိ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ကိုလည္း CPJ က ေတာင္းဆိုထားတာပါ။

ျမန္မာျပည္တြင္းမွာေတာ့ အစိုးရက ရကၡိဳင့္တပ္ေတာ္ AA ကို အၾကမ္းဖက္အဖြဲ႕အစည္းလို႔ ေၾကညာၿပီးေနာက္ပိုင္း AA ကို ဆက္သြယ္သတင္းေမးျမန္းခဲ့တဲ့ သတင္းမီဒီယာေတြ၊ သတင္းသမားေတြကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲဆိုအေရးယူမယ္ဆိုတဲ့ သတင္းစကားေတြေၾကာင့္ စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/myanmar-reporters-are-threatened-04012020080359.html
----------------
(Unicode)⤵⤵⤵
သတင်းသမားတွေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ခြိမ်းခြောက်ခံနေရ

Voice of Myanmar သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်း ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲက ၂၀၂၀ မတ် ၃၁ ရက်နေ့က ဖမ်းဆီးစဉ်
Voice of Myanmar သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်း ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲက ၂၀၂၀ မတ် ၃၁ ရက်နေ့က ဖမ်းဆီးစဉ်
ဓာတ်ပုံ - ခေမဏီဝင်း/ RFA

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာ့တစ်ဝန်း စိုးရိမ်ထိတ်လန့်နေရချိန်မှာ မြန်မာပြည်တွင်းမှာတော့ သတင်းသမားတွေ ဖမ်းဆီးခံရတာနဲ့ နေအိမ်တွေ၊ ရုံးခန်းတွေမှာ ဝင်ရောက်ရှာဖွေခံနေရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း၊ ဥပဒေပညာရှင်၊ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေရဲ့ ထောက်ပြချက်တွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြပါလိမ့်မယ်။

ကမ္ဘာ့တစ်ဝန်းက လူပေါင်းသိန်းနဲ့ချီ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး သောင်းနဲ့ချီ အသက်ဆုံးရှုံးနေချိန်မှာ အကျဉ်းထောင်တွေထဲက သတင်းသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ “သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ” က မတ်လ ၃၀ ရက်နေ့က တောင်းဆိုထားပေမယ့် မြန်မာပြည်တွင်းမှာတော့ နှစ်ရက်အတွင်း သတင်းသမားတချို့ ဖမ်းဆီး စစ်ဆေးမေးမြန်းခံနေရပါတယ်။

ဖမ်းဆီးစစ်ဆေးခံရတဲ့ သတင်းသမားတချို့ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတာပါ။

ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေတဲ့ ဒီလိုအခြေအနေမျိုးမှာ ဥပဒေအရ ငြိစွန်းမှုတွေရှိတယ်လို့ ယူဆရင်တောင် သတင်းထောက်တွေကို ဖမ်းဆီးသွားတာထက် သတင်းမီဒီယာကောင်စီကနေ တစ်ဆင့် ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က မှတ်ချက်ပေးပါတယ်။

“အခုအချိန်မှာက ကိုဗစ် ၁၉ မှာက ပြည်သူလူထုကို သတင်းအချက်အလက်အမှန်တွေ ဖြန့်ဝေပေးဖို့ အရေးကြီးဆုံးအချိန်ကို ရောက်နေတာပေါ့။ ဒီလိုအခြေအနေမျိုးမှာ အစိုးရနဲ့ မီဒီယာတွေကြားမှာ ဆက်ဆံရေးကောင်းလို့ရှိရင် ကျွန်တော်တို့ နိုင်ငံအတွက် ပိုပြီးအကျိုးရှိတာပေါ့ဗျာ။ တကယ်လို့ အခုရေးသားချက်က ပြစ်မှုနဲ့ ငြိစွန်းတယ်လို့ သူတို့ယူဆရင်တောင် ကျွန်တော်အယူအဆ ပြောရရင် သတင်းမီဒီယာကောင်စီကနေ စပြီး ချဉ်းကပ်ပြောဆိုတာမျိုးက ပိုပြီးတော့ ကောင်းမယ်လို့ ကျွန်တော် မြင်ပါတယ်။”

မတ်လ ၃၀ ရက်နေ့က မန္တလေးမြို့အခြေစိုက် Voice of Myanmar သတင်းဌာနတည်ထောင်သူ ကိုနေမျိုးလင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို သတင်းကိစ္စဆက်သွယ်မေးမြန်းခဲ့လို့ဆိုပြီး ကိုနေမျိုးလင်းကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရနိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀ (က)၊ ၅၂ (က) တို့နဲ့  မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ က အမှုဖွင့်လိုက်တာပါ။

မတ်လ ၃၁ရက် မနေ့ညကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် နိရဉ္စရာ သတင်းဌာန ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေပြီး သတင်းသမား သုံးဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်း ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာက အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်ရဲ့ နေအိမ်ကို မနေ့ညက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆိုတာ သတင်းသမားတွေကို စွဲဆိုသင့်တဲ့ ဥပဒေမျိုးမဟုတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

“တိုင်းပြည်နယ်တကွ ပြည်သူလူထုကြီး တစ်ရပ်လုံးကို ဆောက်တည်ရာမရအောင် အကြမ်းဖက်မှု အမျိုးမျိုးကို နည်းမျိုးစုံနဲ့ လုပ်လာတဲ့ ကိစ္စရပ်တွေမှာ ဟန့်တားဖို့အတွက် ပြဌာန်းတယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ သတင်းသမားတွေက သတင်းမီဒီယာကောင်စီ ဥပဒေအရ သတင်းယူတယ်။ စုဆောင်းတယ်။ ဖြန့်ချီတယ်။ ဒီဥပဒေပုဒ်မ အကြီးကြီးနဲ့ တပ်လိုက်တဲ့အခါမှာ သတင်းမီဒီယာလောကမှာလည်း တုန်လှုပ်ခြောက်ခြားသွားရသလို ပြည်သူလူထုကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေက အချိန်မလင့်မှီမှာ စဉ်းစားပါလို့ပဲ မေတ္တာရပ်ခံချင်တယ်။”

ကပ်ရောဂါ ဖြစ်နေတဲ့ ဒီလိုအချိန်မှာ တရားဝင် သတင်းဌာနတွေနဲ့ ပူးပေါင်းတိုက်ဖျက်ရမယ့်အစား ဒီမိုကရေစီ အသွင်ကူးပြောင်းကာလနဲ့ မဆီလျော်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေတယ်လို့ သတင်းမီဒီယာကောင်စီက မတ် ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်းသမားတွေကို ဘယ်အဖွဲ့အစည်းက တရားစွဲဆိုသည်ဖြစ်ပါစေ အစိုးရဆီ ခွင့်ပြုချက် တောင်းခံပြီးမှ လုပ်ဆောင်ရတာဖြစ်လို့ VOM သတင်းဌာနက အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို အကြမ်းဖက် ဥပဒေနဲ့ တရားစွဲဆိုတာဟာ အစိုးရက ခွင့်ပြုလို့သာ ဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

ဆက်သွယ်မေးမြန်းရုံနဲ့ ပြင်းထန်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နားမလည်နိုင်ဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေးက ပြောပါတယ်။

“အင်တာဗျူးလုပ်ရုံ၊ အင်တာဗျူးလုပ်လို့ ဖုန်းနံပါတ်ရှိရုံနဲ့ပဲ တပ်လိုက်တဲ့ဟာကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတဲ့ ဒါနိုင်ငံတစ်နိုင်ငံမှာ အပြင်းဆုံးပဲ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ တန်းတူဖြစ်နေတယ်။ ဒီဥပဒေနဲ့ လုပ်တယ်ဆိုတာ အင်မတန်မှ ရုပ်ဆိုးလွန်းတယ်ဗျ။ ရှက်စရာလည်း ကောင်းတယ်။ ဒီလိုအခြေအနေမှာ တစ်ကမ္ဘာလုံးက ကပ်ဘေးကို တုံ့ပြန်နေတဲ့အချိန်မှာ ဒီနိုင်ငံမှာ သတင်းသမားတွေကို ဒီလိုဥပဒေနဲ့ လိုက်ပြီးအရေးယူနေတယ်ဆိုတာ အစိုးရက ဘယ်လိုအတွေးနဲ့ လုပ်လိုက်လည်းဆိုတာ ကျွန်တော်တို့ နားတောင်မလည်ဘူးလို့ ပြောချင်တယ်။"

မတ်လ ၃၀ ရက်နေ့က “သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ” က အာဏာပိုင်တွေကို တိုက်တွန်းထားတဲ့အထဲမှာ သတင်းသမားတွေ အကျဉ်းကျနေတဲ့ နိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားနေတာမို့ သူတို့ပြန်လည် လွတ်မြောက်ရေးဟာ သေရေးရှင်ရေး ဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။

နိုင်ငံအသီးသီးမှာ အကျဉ်းကျနေတဲ့ သတင်းသမား ၂၅၀ ကျော်ရှိနေပြီး သူတို့ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ကိုလည်း CPJ က တောင်းဆိုထားတာပါ။

မြန်မာပြည်တွင်းမှာတော့ အစိုးရက ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာပြီးနောက်ပိုင်း AA ကို ဆက်သွယ်သတင်းမေးမြန်းခဲ့တဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုအရေးယူမယ်ဆိုတဲ့ သတင်းစကားတွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/myanmar-reporters-are-threatened-04012020080359.html
သတင္းသမားေတြ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ ၿခိမ္းေျခာက္ခံေနရ သတင္းသမားေတြ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ ၿခိမ္းေျခာက္ခံေနရ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.