ကိုဗစ္-၁၉ ပိုးေတြ႕သူ ထက္ဝက္နီးပါးက လူနာနံပါတ္ ၂၄ ကတဆင့္ ကူးစက္ခဲ့၊ စစ္ေဆးမႈေတြ လုပ္ေနဆဲျဖစ္

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ကာကြယ္ေရး ရန္ကုန္မွာ ပိုးသတ္ေဆးဖ်န္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာဟာ ဧၿပီလ ၂၃ ရက္ေန႔ မနက္ပိုင္းအထိ က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ၁၂၇ ဦးအထိ ရွိလာၿပီ ျဖစ္ၿပီး ဒီထဲက ထက္ဝက္နီးပါးေလာက္ဟာ စကၤာပူကျပန္လာတဲ့ လူနာနံပါတ္ ၂၄ နဲ႔ ဆက္စပ္ၿပီး ထိေတြ႕ကူးစက္သူေတြ ျဖစ္ပါတယ္။

“လူနာနံပါတ္ ၂၄ နဲ႔ ဆက္ႏႊယ္သူေတြက အမ်ားႀကီးပဲဗ်၊ တခ်ိဳ႕ဆို ၃ ဆင့္၊ ၄ ဆင့္ေလာက္ ျဖစ္တယ္၊ သာေကတက လူနာဆို ၄ ဆင့္ေလာက္ ခံၿပီး ကူးတာ၊ တိုက္႐ိုက္ထိေတြ႕တာ မဟုတ္ဘူး၊ ဒီကေန႔ ေတြ႕တဲ့ လူနာ နံပါတ္ ၁၂၅ ဆိုလည္း ထပ္ဆင့္ ထပ္ဆင့္ ကူးတာ” လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန တာဝန္ရွိသူ တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဧၿပီ ၂၀ ရက္ေန႔အထိ ထုတ္ျပန္ခ်က္အရ လူနာနံပါတ္ ၂၄ နဲ႔ ဆက္စပ္ၿပီး ထိေတြ႕ကူးစက္သူက ၅၂ ေယာက္ရွိခဲ့ေပမဲ့ ဧၿပီ ၂၂ ရက္ေန႔မွာ ထပ္ဆင့္ ကူးစက္သူ ၂ ေယာက္၊ ၂၃ ရက္ေန႔မွာ ထပ္ဆင့္ ကူးစက္သူ ၃ ေယာက္ ရွိခဲ့တာေၾကာင့္ စုစုေပါင္း ကူးစက္သူက ၅၇ ဦးထိ ရွိေနၿပီ ျဖစ္ပါတယ္။

“ေျပာရရင္ေတာ့ အင္းစိန္ဘာသာေရးအဖြဲ႕ကေန ကူးစက္သူေတြေပါ့၊ အင္းစိန္က အခမ္းအနားလို ျဖစ္သြားတာေပါ့၊ ကူးစက္တာက တႀကိမ္တည္းမွာတင္ ေတာ္ေတာ္မ်ားသြားတာ” လို႔ က်န္းမာေရးအသိပညာျမႇင့္တင္ေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုး က ေျပာပါတယ္။

လူနာနံပါတ္ ၂၄ ဟာ မရမ္းကုန္းၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ၿပီး သူဟာ စင္ကာပူႏိုင္ငံမွာ အလုပ္လုပ္ကိုင္ၿပီး ျမန္မာျပည္ကို မတ္လ ၁၉ ရက္ေန႔က ျပန္လာခဲ့တာ ျဖစ္ပါတယ္။

ျပန္ေရာက္လာၿပီးတဲ့ေနာက္ သူဟာ ဘာသာေရးအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့ပါတယ္။
 ျမန္မာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ေတြ႕တာ တစ္လျပည့္ခ်ိန္ဝန္းက်င္ ရန္ကုန္ၿမိဳ႕လမ္းေတြမွာ ပိုးသတ္ေဆးေတြဖ်န္းထား
က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဧၿပီ ၁၃ ရက္ေန႔ ထုတ္ျပန္ခ်က္မွာေတာ့ လူနာနံပါတ္ ၂၄ ဟာ အင္းစိန္ၿမိဳ႕နယ္ထဲက လူနာနံပါတ္ ၄၁၊ ၃၄၊ ၃၅၊ ၃၆ နဲ႔ ၃၇ တို႔ တက္ေရာက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားကို တက္ေရာက္ခဲ့တဲ့ ရာဇဝင္ရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ လူနာနံပါတ္ ၄၂ ကေန ၅၂ အထိ ပိုးေတြ႕လူနာ ၁၁ ဦးဟာ လူနာနံပါတ္ ၂၄ နဲ႔ ထိေတြ႕မႈ၊ လူနာနံပါတ္၂၆ ရဲ႕ ခင္ပြန္းနဲ႔ ထိေတြ႕မႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ လူနာနံပါတ္ ၆၂ နဲ႔ ၆၃ ကလည္း ထိေတြ႕သူ စာရင္းထဲမွာပါပါတယ္။

“လူနာနံပါတ္ ၂၄ ကေန စတဲ့ ေက့စ္က အေယာက္ ၆၀ ဝန္းက်င္ ရွိေနၿပီ၊ ထပ္ၿပီးေတာ့ ဆက္ႏႊယ္သူေတြ လိုက္ရွာေနပါတယ္၊ အဲ့ဒီလူေတြကို စစ္တယ္၊ အဲ့ဒီလူေတြကေန ထပ္ေတြ႕တဲ့သူေတြကို စစ္တယ္၊ ကြင္းဆက္ေတြကို လိုက္ရတာကိုး၊ အခုထပ္ေတြ႕တဲ့သူကိုလည္း ထပ္ၿပီး လိုက္ရမွာေပါ့” လို႔ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုး က ေျပာပါတယ္။

အင္းစိန္ကကူးစက္မႈေတြလို လူတစ္ေယာက္တည္းကေန အမ်ားႀကီးကို ကူးစက္မႈေတြ ထပ္ျဖစ္လာၿပီး ကူးစက္သူေတြ ထပ္မမ်ားလာဖို႔ကိုေတာ့ “ကြၽန္ေတာ္တို႔ ႀကိဳတင္ျပင္ဆင္ထားတယ္၊ ေက့စ္တိုင္းကို လိုက္လည္း လိုက္ေနတယ္၊ လိုက္ႏိုင္ေအာင္လည္း ႀကိဳးစားေနတယ္၊ တဖက္ကလည္း ေဆး႐ုံနဲ႔ ပတ္သက္တဲ့ ကုသမႈအပိုင္းေတြကို လုပ္ထားတယ္၊ တဖက္ကလည္း ႏိုင္ငံေတာ္အဆင့္က ေဆာင္႐ြက္ေနတယ္” လို႔ ေဒါက္တာသန္းႏိုင္စိုး က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ပိုးေတြ႕တာ ဧၿပီ ၂၃ ရက္ေန႔မွာ ၁ လ ျပည့္တာျဖစ္ၿပီး အခုဆိုရင္ ပိုးေတြ႕လူနာက ၁၂၇ ဦးနဲ႔ ေသဆုံးသူက ၅ ဦး ရွိေနၿပီ ျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ကိုဗစ္-၁၉ ပိုးေတြ႕လူနာစာရင္းကို ေန႔စဥ္ထုတ္ျပန္ေနေပမဲ့ ႏိုင္ငံတြင္းမွာ ပိုးေတြ႕လူနာ ဘယ္ေလာက္အထိ မ်ားႏိုင္မယ္၊ တကယ္လို႔ ပိုမ်ားလာရင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ လုံလုံေလာက္ ေပးႏိုင္ပါ့မလားလို႔ ဘီဘီစီက ေမးရာမွာေတာ့ ေဒါက္တာသန္းႏိုင္စိုးက “အခုက အစလို႔ပဲ ေျပာရမွာေပါ့၊ အစမွာပဲ အကုန္လုံး ဆက္ႏႊယ္မႈေတြ မိသြားရင္ေတာ့ ဝပ္သြားမွာေပါ့၊ မမိေသးဘူးဆိုရင္လည္း တက္လာမွာေပါ့၊ ေျပာရေတာ့ ခက္တာေပါ့ေနာ္” လို႔ ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

BBC Burmese
-------------------------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ပိုးတွေ့သူ ထက်ဝက်နီးပါးက လူနာနံပါတ် ၂၄ ကတဆင့် ကူးစက်ခဲ့၊ စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဟာ ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းအထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ၁၂၇ ဦးအထိ ရှိလာပြီ ဖြစ်ပြီး ဒီထဲက ထက်ဝက်နီးပါးလောက်ဟာ စင်္ကာပူကပြန်လာတဲ့ လူနာနံပါတ် ၂၄ နဲ့ ဆက်စပ်ပြီး ထိတွေ့ကူးစက်သူတွေ ဖြစ်ပါတယ်။

“လူနာနံပါတ် ၂၄ နဲ့ ဆက်နွှယ်သူတွေက အများကြီးပဲဗျ၊ တချို့ဆို ၃ ဆင့်၊ ၄ ဆင့်လောက် ဖြစ်တယ်၊ သာကေတက လူနာဆို ၄ ဆင့်လောက် ခံပြီး ကူးတာ၊ တိုက်ရိုက်ထိတွေ့တာ မဟုတ်ဘူး၊ ဒီကနေ့ တွေ့တဲ့ လူနာ နံပါတ် ၁၂၅ ဆိုလည်း ထပ်ဆင့် ထပ်ဆင့် ကူးတာ” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၂၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ လူနာနံပါတ် ၂၄ နဲ့ ဆက်စပ်ပြီး ထိတွေ့ကူးစက်သူက ၅၂ ယောက်ရှိခဲ့ပေမဲ့ ဧပြီ ၂၂ ရက်နေ့မှာ ထပ်ဆင့် ကူးစက်သူ ၂ ယောက်၊ ၂၃ ရက်နေ့မှာ ထပ်ဆင့် ကူးစက်သူ ၃ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူက ၅၇ ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

“ပြောရရင်တော့ အင်းစိန်ဘာသာရေးအဖွဲ့ကနေ ကူးစက်သူတွေပေါ့၊ အင်းစိန်က အခမ်းအနားလို ဖြစ်သွားတာပေါ့၊ ကူးစက်တာက တကြိမ်တည်းမှာတင် တော်တော်များသွားတာ” လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။

လူနာနံပါတ် ၂၄ ဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်ကို မတ်လ ၁၉ ရက်နေ့က ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ပြန်ရောက်လာပြီးတဲ့နောက် သူဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဧပြီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လူနာနံပါတ် ၂၄ ဟာ အင်းစိန်မြို့နယ်ထဲက လူနာနံပါတ် ၄၁၊ ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တို့ တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ ပိုးတွေ့လူနာ ၁၁ ဦးဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှု၊ လူနာနံပါတ်၂၆ ရဲ့ ခင်ပွန်းနဲ့ ထိတွေ့မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူနာနံပါတ် ၆၂ နဲ့ ၆၃ ကလည်း ထိတွေ့သူ စာရင်းထဲမှာပါပါတယ်။

“လူနာနံပါတ် ၂၄ ကနေ စတဲ့ ကေ့စ်က အယောက် ၆၀ ဝန်းကျင် ရှိနေပြီ၊ ထပ်ပြီးတော့ ဆက်နွှယ်သူတွေ လိုက်ရှာနေပါတယ်၊ အဲ့ဒီလူတွေကို စစ်တယ်၊ အဲ့ဒီလူတွေကနေ ထပ်တွေ့တဲ့သူတွေကို စစ်တယ်၊ ကွင်းဆက်တွေကို လိုက်ရတာကိုး၊ အခုထပ်တွေ့တဲ့သူကိုလည်း ထပ်ပြီး လိုက်ရမှာပေါ့” လို့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။

အင်းစိန်ကကူးစက်မှုတွေလို လူတစ်ယောက်တည်းကနေ အများကြီးကို ကူးစက်မှုတွေ ထပ်ဖြစ်လာပြီး ကူးစက်သူတွေ ထပ်မများလာဖို့ကိုတော့ “ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတယ်၊ ကေ့စ်တိုင်းကို လိုက်လည်း လိုက်နေတယ်၊ လိုက်နိုင်အောင်လည်း ကြိုးစားနေတယ်၊ တဖက်ကလည်း ဆေးရုံနဲ့ ပတ်သက်တဲ့ ကုသမှုအပိုင်းတွေကို လုပ်ထားတယ်၊ တဖက်ကလည်း နိုင်ငံတော်အဆင့်က ဆောင်ရွက်နေတယ်” လို့ ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့တာ ဧပြီ ၂၃ ရက်နေ့မှာ ၁ လ ပြည့်တာဖြစ်ပြီး အခုဆိုရင် ပိုးတွေ့လူနာက ၁၂၇ ဦးနဲ့ သေဆုံးသူက ၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းကို နေ့စဉ်ထုတ်ပြန်နေပေမဲ့ နိုင်ငံတွင်းမှာ ပိုးတွေ့လူနာ ဘယ်လောက်အထိ များနိုင်မယ်၊ တကယ်လို့ ပိုများလာရင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလုံလောက် ပေးနိုင်ပါ့မလားလို့ ဘီဘီစီက မေးရာမှာတော့ ဒေါက်တာသန်းနိုင်စိုးက “အခုက အစလို့ပဲ ပြောရမှာပေါ့၊ အစမှာပဲ အကုန်လုံး ဆက်နွှယ်မှုတွေ မိသွားရင်တော့ ဝပ်သွားမှာပေါ့၊ မမိသေးဘူးဆိုရင်လည်း တက်လာမှာပေါ့၊ ပြောရတော့ ခက်တာပေါ့နော်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52395699
ကိုဗစ္-၁၉ ပိုးေတြ႕သူ ထက္ဝက္နီးပါးက လူနာနံပါတ္ ၂၄ ကတဆင့္ ကူးစက္ခဲ့၊ စစ္ေဆးမႈေတြ လုပ္ေနဆဲျဖစ္ ကိုဗစ္-၁၉ ပိုးေတြ႕သူ ထက္ဝက္နီးပါးက လူနာနံပါတ္ ၂၄ ကတဆင့္ ကူးစက္ခဲ့၊ စစ္ေဆးမႈေတြ လုပ္ေနဆဲျဖစ္ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.