ဆန္တန္ ငါးေသာင္းနဲ႔ ဆီတန္ တစ္ေသာင္းေက်ာ္ အစိုးရက အရန္ရိကၡာ အျဖစ္ဝယ္မယ္

အေျခခံ လူတန္းစားအိမ္ေထာင္စုတစ္စုအတြက္ ဆန္ ၈ ျပည္၊ ဆီ ၅၀ က်ပ္သား၊ ၾကက္သြန္နီ ၁ပိႆာ၊ ကုလားပဲ ၁ ပိႆာ၊ ဆား ၅၀ က်ပ္သား အစိုးရကေထာက္ပံ့
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ေရာဂါကူးစက္မႈေတြရွိေနခ်ိန္မွာ ျမန္မာႏိုင္ငံအတြင္း ျပည္တြင္း ရိကၡာ ဖူလုံေရး အတြက္ ဆန္ နဲ႔ ဆီ ေတြကို အစိုးရက အရန္ရိကၡာ အျဖစ္ ဝယ္ယူမွာျဖစ္တယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ဘီဘီစီကို ေျပာပါတယ္။

ဒီဆန္ေတြကို လာမယ့္ ဧၿပီလ၂၇ ရက္ေန႔ ကစၿပီး ျပည္ပတင္ပို႔ခြင့္ျပဳသူေတြဆီကေန ၁ဝရာခိုင္ႏႈန္း ကို ခြဲတမ္းအျဖစ္ သတ္မွတ္ကာ အရန္ဆန္ အတြက္ ေရာင္းေပးဖို႔ သတ္မွတ္ထားတယ္လို႔လည္း သူက ေျပာပါတယ္။

ႏိုင္ငံအေရးေပၚ ရိကၡာအတြက္ ဆန္နဲ႔ ဆီ က်ပ္ ၃၈ ဘီလ်ံဖိုး ဝယ္ယူသိုေလွာင္ဖို႔ စီစဥ္ေန ၿပီး သမၼတ အေရးေပၚရန္ပုံေငြကေန ထုတ္ယူသုံးစြဲခြင့္ ရရွိၿပီးျဖစ္တယ္လို႔လည္း ဦးခင္ေမာင္လြင္က ဘီဘီစီကို ေျပာပါတယ္။

အရန္ဆန္ အတြက္ ဝယ္ယူမယ့္ ဆန္အမ်ိဳးအစားက ဧည့္မထဆန္ ၂၅ မွတ္ျဖစ္ၿပီး၊ ဆန္တန္ခ်ိန္ ငါးေသာင္းနဲ႔ အရန္ဆီ အျဖစ္ စားအုံးဆီတန္ခ်ိန္ တစ္ေသာင္းႏွစ္ေထာင္တို႔ကို ဝယ္ယူမွာျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။
 ျမန္မာေတြဟာ ဆန္ကို အဓိက စားသုံးၾကတဲ့ အတြက္ အစိုးရက အရန္ဝယ္ဖို႔စီစဥ္ထား
အရန္ဆန္အတြက္ ဆန္လုပ္ငန္းရွင္ေတြ ပို႔ကုန္လိုင္စင္ ေလွ်ာက္ထားတဲ့အခါ စုစုေပါင္းပမာဏရဲ႕ ၁၀ ရာခိုင္ႏႈန္းကို ေရာင္းခ်ေစတဲ့နည္းလမ္းနဲ႔ ဝယ္ယူဖို႔ အစိုးရက စီစဥ္ထားတာျဖစ္ၿပီး ၊ ပင္လယ္ေရေၾကာင္း က တင္ပို႔သူေတြက ရန္ကုန္ၿမိဳ႕မွာ ဆန္အပ္ရမွာ ျဖစ္သလို ၊ နယ္စပ္ထြက္ေပါက္ကေန တင္ပို႔သူေတြကေတာ့ မႏၲေလးၿမိဳ႕မွာ ဆန္အပ္ရမွာ ျဖစ္တယ္လို႔လည္း သူက ရွင္းျပပါတယ္။

ဒီအရန္ဆန္ေတြ လက္ခံေရးအတြက္ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သည္စက္မႈ အသင္းခ်ဳပ္နဲ႔ ဆန္စက္ပိုင္ရွင္ေတြ စုေပါင္းၿပီး ညႇိႏႈိင္းစီစဥ္ထားတယ္လို႔လည္း သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အခုအခါ ေႏြစပါးေတြေပၚေနၿပီး ၂၅ မွတ္ ဧည့္မထ စပါးတင္းတစ္ရာကို က်ပ္ ၅သိန္း ၃ ေသာင္း ေစ်းေပါက္တယ္လို႔ ပဲခူးတိုင္း သာယာဝတီနယ္က လယ္သမားတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

အရန္ဆန္ ဝယ္တဲ့အတြက္ ႏိုင္ငံက သတ္မွတ္ထားတဲ့ အေျခခံစပါးေစ်းလဲ ၅သိန္းေအာက္ ေရာက္မွာ ကို ထိန္းထားသလို ျဖစ္တယ္လို႔လည္း ဧရာဝတီတိုင္းက ဆန္ကုန္သည္တခ်ိဳ႕က ေျပာပါတယ္။
 ျပည္တြင္းစားသုံးမႈ ဆန္တစ္ႏွစ္ကိုတန္ ၈ သန္းေက်ာ္ေလာက္လိုအပ္
မတ္လအတြင္း ျပည္ပပို႔ကုန္လိုင္စင္ ခြင့္ျပဳဖို႔ ေလွ်ာက္ထားတဲ့ ဆန္ပမာဏဟာ တန္ခ်ိန္တစ္သိန္းေက်ာ္ရွိၿပီး အေရးေပၚရိကၡာဆန္ တန္ခ်ိန္တစ္ေသာင္းကို အဲဒီကေန ရႏိုင္တယ္လို႔လည္း လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

"အရန္ဆန္အပ္ၿပီးမွ လိုင္စင္ခြင့္ျပဳမွာပါ။ ဆန္စပါးအသင္းခ်ဳပ္နဲ႔လည္း သေဘာတူညီမႈ ရၿပီးပါၿပီ" လို႔လည္း စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ရွင္းျပပါတယ္။

"တကယ္လို႔ ဒီထက္ ျမန္ျမန္ဆန္ဆန္ အေရးေပၚလိုအပ္လာရင္ေတာ့ ျပည္တြင္းမွာ တင္ဒါေခၚယူသြားမယ္ "လို႔လည္း သူက ေျပာပါတယ္။

ဒီလို အရန္ဆန္ ၁ဝ ရာခိုင္ႏႈန္း အစိုးရကို ေရာင္းေပးရတာနဲ႔ ပတ္သက္လို႔ ျပည္ပ ပို႔ကုန္ လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာစိုးထြန္းကေတာ့ "လုပ္ငန္းရွင္ေတြအတြက္ အဆင္ေျပပါတယ္။ နည္းနည္းေတာ့ ရႈံးတယ္"လို႔ လည္း ဘီဘီစီကို ေျပာပါတယ္။

အစိုးရကို ၁ဝရာခိုင္ႏႈန္း အရန္ဆန္အပ္ရမယ့္ အစီအစဥ္မွာ ဆန္ကြဲတင္ပို႔သူေတြကိုလည္း အစိုးရကို အရန္ဆန္ အပ္ဖို႔ သတ္မွက္ထားတယ္လို႔လည္း လက္ေထာက္အတြင္းဝန္ဦးခင္ေမာင္လြင္က ေျပာပါတယ္။
စားအုန္းဆီကို ျပည္ပက တင္သြင္းၿပီး အရန္ ရိကၡာထားမယ္
ျပည္ပကတင္သြင္းတဲ့ စားအုန္းဆီကို ေတာ့ အရန္ရိကၡာအျဖစ္ အစိုးရက တန္ တစ္ေသာင္းႏွစ္ေထာင္ ဝယ္ယူမယ့္ အျပင္ ဆီတင္သြင္း တဲ့ လုပ္ငန္းရွင္ေတြ လက္ဝယ္မွာ ေန႔စဥ္ စုစုေပါင္း တန္ခ်ိန္ တစ္ေသာင္းႏွစ္ေထာင္ အပိုထားဖို႔ စီစဥ္ေနတယ္လို႔လည္း ဦးခင္ေမာင္လြင္က ေျပာပါတယ္။

"လုပ္ငန္းရွင္ေတြဆီက စုစုေပါင္းတန္ခ်ိန္ တစ္ေသာင္းႏွစ္ေထာင္ ႏိုင္ငံေတာ္က လိုအပ္တဲ့အခ်ိန္ ခ်က္ခ်င္းထုတ္ေပးဖို႔ကိုလည္း ဆီကုန္သည္နဲ႔ ဆီလုပ္ငန္းရွင္မ်ားအသင္းနဲ႔ ညႇိႏႈိင္းထားပါတယ္" လို႔ ဦးခင္ေမာင္လြင္က ေျပာ ပါတယ္။

အခုဝယ္ယူမယ့္ ဆန္နဲ႔ဆီအတြက္ စုစုေပါင္းသုံးစြဲမယ့္ ေငြပမာဏမွာ ေဈးကြက္ေပါက္ေဈးအေပၚ အေျခခံတြက္ခ်က္ထားတာျဖစ္ေပမယ့္ အတိအက်ကိုေတာ့ သက္ဆိုင္ရာအသင္းေတြနဲ႔ ညႇိေနဆဲျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ လူဦးေရ ၅၄ သန္းေက်ာ္ရွိၿပီး ဆန္နဲ႔ဆီ စားသုံးမႈ ျမင့္မားတဲ့ ႏိုင္ငံတစ္ခု ျဖစ္ပါတယ္။လူတစ္ဦး တစ္ႏွစ္ ဆန္စားသုံးႏႈန္းမွာ ျမန္မာႏိုင္ငံ ဆန္ စပါးအဖြဲ႕ ရဲ႕ သုေတသနေလ့လာခ်က္အရ ပ်မ္းမွ် ၁၅၅ ကီလိုဂရမ္ရွိၿပီး တစ္ႏွစ္ကို ဆန္တန္ ၈ ဒသမ ၅ သန္းခန္႔လိုအပ္ခ်က္ရွိတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဆန္စပါးထုတ္လုပ္မႈက တစ္ႏွစ္ကို တန္ခ်ိန္ ၁၃ သန္းေက်ာ္ခန္႔ရွိတယ္လို႔ တရားဝင္စာရင္းေတြ အရ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ လူနာ ေတြ႕ရွိၿပီးေနာက္ ႐ုတ္တရက္ အေျခခံစားကုန္ေတြကို အလုအယက္ ဝယ္ ယူစုေဆာင္းတာ ေတြရွိလာသလို၊ လက္လီေဈးကြက္မွာ ဆန္၊ဆီစတဲ့ အေျခခံစားကုန္ေတြလည္း ေဈးအနည္းငယ္ျမင့္တက္တာေတြလည္း ရွိခဲ့ပါတယ္။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ဆန်တန် ငါးသောင်းနဲ့ ဆီတန် တစ်သောင်းကျော် အစိုးရက အရန်ရိက္ခာ အဖြစ်ဝယ်မယ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေရှိနေချိန်မှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်း ရိက္ခာ ဖူလုံရေး အတွက် ဆန် နဲ့ ဆီ တွေကို အစိုးရက အရန်ရိက္ခာ အဖြစ် ဝယ်ယူမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။

ဒီဆန်တွေကို လာမယ့် ဧပြီလ၂၇ ရက်နေ့ ကစပြီး ပြည်ပတင်ပို့ခွင့်ပြုသူတွေဆီကနေ ၁ဝရာခိုင်နှုန်း ကို ခွဲတမ်းအဖြစ် သတ်မှတ်ကာ အရန်ဆန် အတွက် ရောင်းပေးဖို့ သတ်မှတ်ထားတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံအရေးပေါ် ရိက္ခာအတွက် ဆန်နဲ့ ဆီ ကျပ် ၃၈ ဘီလျံဖိုး ဝယ်ယူသိုလှောင်ဖို့ စီစဉ်နေ ပြီး သမ္မတ အရေးပေါ်ရန်ပုံငွေကနေ ထုတ်ယူသုံးစွဲခွင့် ရရှိပြီးဖြစ်တယ်လို့လည်း ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။

အရန်ဆန် အတွက် ဝယ်ယူမယ့် ဆန်အမျိုးအစားက ဧည့်မထဆန် ၂၅ မှတ်ဖြစ်ပြီး၊ ဆန်တန်ချိန် ငါးသောင်းနဲ့ အရန်ဆီ အဖြစ် စားအုံးဆီတန်ချိန် တစ်သောင်းနှစ်ထောင်တို့ကို ဝယ်ယူမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အရန်ဆန်အတွက် ဆန်လုပ်ငန်းရှင်တွေ ပို့ကုန်လိုင်စင် လျှောက်ထားတဲ့အခါ စုစုပေါင်းပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို ရောင်းချစေတဲ့နည်းလမ်းနဲ့ ဝယ်ယူဖို့ အစိုးရက စီစဉ်ထားတာဖြစ်ပြီး ၊ ပင်လယ်ရေကြောင်း က တင်ပို့သူတွေက ရန်ကုန်မြို့မှာ ဆန်အပ်ရမှာ ဖြစ်သလို ၊ နယ်စပ်ထွက်ပေါက်ကနေ တင်ပို့သူတွေကတော့ မန္တလေးမြို့မှာ ဆန်အပ်ရမှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ဒီအရန်ဆန်တွေ လက်ခံရေးအတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည်စက်မှု အသင်းချုပ်နဲ့ ဆန်စက်ပိုင်ရှင်တွေ စုပေါင်းပြီး ညှိနှိုင်းစီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုအခါ နွေစပါးတွေပေါ်နေပြီး ၂၅ မှတ် ဧည့်မထ စပါးတင်းတစ်ရာကို ကျပ် ၅သိန်း ၃ သောင်း ဈေးပေါက်တယ်လို့ ပဲခူးတိုင်း သာယာဝတီနယ်က လယ်သမားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အရန်ဆန် ဝယ်တဲ့အတွက် နိုင်ငံက သတ်မှတ်ထားတဲ့ အခြေခံစပါးဈေးလဲ ၅သိန်းအောက် ရောက်မှာ ကို ထိန်းထားသလို ဖြစ်တယ်လို့လည်း ဧရာဝတီတိုင်းက ဆန်ကုန်သည်တချို့က ပြောပါတယ်။

မတ်လအတွင်း ပြည်ပပို့ကုန်လိုင်စင် ခွင့်ပြုဖို့ လျှောက်ထားတဲ့ ဆန်ပမာဏဟာ တန်ချိန်တစ်သိန်းကျော်ရှိပြီး အရေးပေါ်ရိက္ခာဆန် တန်ချိန်တစ်သောင်းကို အဲဒီကနေ ရနိုင်တယ်လို့လည်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

"အရန်ဆန်အပ်ပြီးမှ လိုင်စင်ခွင့်ပြုမှာပါ။ ဆန်စပါးအသင်းချုပ်နဲ့လည်း သဘောတူညီမှု ရပြီးပါပြီ" လို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ရှင်းပြပါတယ်။

"တကယ်လို့ ဒီထက် မြန်မြန်ဆန်ဆန် အရေးပေါ်လိုအပ်လာရင်တော့ ပြည်တွင်းမှာ တင်ဒါခေါ်ယူသွားမယ် "လို့လည်း သူက ပြောပါတယ်။

ဒီလို အရန်ဆန် ၁ဝ ရာခိုင်နှုန်း အစိုးရကို ရောင်းပေးရတာနဲ့ ပတ်သက်လို့ ပြည်ပ ပို့ကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းကတော့ "လုပ်ငန်းရှင်တွေအတွက် အဆင်ပြေပါတယ်။ နည်းနည်းတော့ ရှုံးတယ်"လို့ လည်း ဘီဘီစီကို ပြောပါတယ်။

အစိုးရကို ၁ဝရာခိုင်နှုန်း အရန်ဆန်အပ်ရမယ့် အစီအစဉ်မှာ ဆန်ကွဲတင်ပို့သူတွေကိုလည်း အစိုးရကို အရန်ဆန် အပ်ဖို့ သတ်မှက်ထားတယ်လို့လည်း လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောပါတယ်။

ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီကို တော့ အရန်ရိက္ခာအဖြစ် အစိုးရက တန် တစ်သောင်းနှစ်ထောင် ဝယ်ယူမယ့် အပြင် ဆီတင်သွင်း တဲ့ လုပ်ငန်းရှင်တွေ လက်ဝယ်မှာ နေ့စဉ် စုစုပေါင်း တန်ချိန် တစ်သောင်းနှစ်ထောင် အပိုထားဖို့ စီစဉ်နေတယ်လို့လည်း ဦးခင်မောင်လွင်က ပြောပါတယ်။

"လုပ်ငန်းရှင်တွေဆီက စုစုပေါင်းတန်ချိန် တစ်သောင်းနှစ်ထောင် နိုင်ငံတော်က လိုအပ်တဲ့အချိန် ချက်ချင်းထုတ်ပေးဖို့ကိုလည်း ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းထားပါတယ်" လို့ ဦးခင်မောင်လွင်က ပြော ပါတယ်။

အခုဝယ်ယူမယ့် ဆန်နဲ့ဆီအတွက် စုစုပေါင်းသုံးစွဲမယ့် ငွေပမာဏမှာ ဈေးကွက်ပေါက်ဈေးအပေါ် အခြေခံတွက်ချက်ထားတာဖြစ်ပေမယ့် အတိအကျကိုတော့ သက်ဆိုင်ရာအသင်းတွေနဲ့ ညှိနေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး ဆန်နဲ့ဆီ စားသုံးမှု မြင့်မားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။လူတစ်ဦး တစ်နှစ် ဆန်စားသုံးနှုန်းမှာ မြန်မာနိုင်ငံ ဆန် စပါးအဖွဲ့ ရဲ့ သုတေသနလေ့လာချက်အရ ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိပြီး တစ်နှစ်ကို ဆန်တန် ၈ ဒသမ ၅ သန်းခန့်လိုအပ်ချက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုက တစ်နှစ်ကို တန်ချိန် ၁၃ သန်းကျော်ခန့်ရှိတယ်လို့ တရားဝင်စာရင်းတွေ အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ တွေ့ရှိပြီးနောက် ရုတ်တရက် အခြေခံစားကုန်တွေကို အလုအယက် ဝယ် ယူစုဆောင်းတာ တွေရှိလာသလို၊ လက်လီဈေးကွက်မှာ ဆန်၊ဆီစတဲ့ အခြေခံစားကုန်တွေလည်း ဈေးအနည်းငယ်မြင့်တက်တာတွေလည်း ရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52396910
ဆန္တန္ ငါးေသာင္းနဲ႔ ဆီတန္ တစ္ေသာင္းေက်ာ္ အစိုးရက အရန္ရိကၡာ အျဖစ္ဝယ္မယ္ ဆန္တန္ ငါးေသာင္းနဲ႔ ဆီတန္ တစ္ေသာင္းေက်ာ္ အစိုးရက အရန္ရိကၡာ အျဖစ္ဝယ္မယ္ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.