စပိန္မွာ ကေလးမ်ားအတြက္ ေျဖေလွ်ာ့မႈေတြေပးမယ္လို႔ ဝန္ႀကီးခ်ဳပ္ကတိေပး

ကေလးငယ္ေတြအတြက္သန႔္ရွင္းတဲ့ေလေကာင္းေလသန႔္ရဖို႔လိုအပ္တာကို ဝန္ႀကီးခ်ဳပ္က သေဘာတူပါတယ္။
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈကိုထိန္းခ်ဳပ္ဖို႔ ကန႔္သတ္မႈေတြ ျပဳလုပ္ထားတဲ့ စပိန္မွာ ကေလးငယ္ေတြအတြက္ ေျဖေလွ်ာ့မႈေတြ လုပ္ေပးမယ္လို႔ စပိန္ဝန္ႀကီးခ်ဳပ္ ဆန္းခ်က္ဇ္က ကတိျပဳလိုက္ပါတယ္။

စပိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မတ္ ၁၄ ရက္က စၿပီး အိမ္ထဲမွာပဲ ေနထိုင္ဖို႔ တားျမစ္ကန႔္သတ္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာၿမိဳ႕ေတာ္ဝန္က ကေလးေတြကို ဒီသတင္းပတ္မွာ အျပင္ထြက္ခြင့္ေပးဖို႔ အစိုးရကို ပန္ၾကားခဲ့တာျဖစ္ပါတယ္။

စပိန္မွာကေလးငယ္ ရွစ္သန္းဟာ အိမ္ထဲမွာ သီတင္းငါးပတ္ၾကာ ေနထိုင္ခဲ့ရၿပီး ခုေတာ့ သူတို႔က်န္းမာေရးအတြက္ စိုးရိမ္မႈေတြရွိလာေနၾကပါတယ္။

ကေလးငယ္ေတြကို အခုလိုတားျမစ္ပိတ္ပင္မႈေတြေၾကာင့္ သူတို႔ရဲ႕႐ုပ္ပိုင္းနဲ႔စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြ ႀကဳံလာရႏိုင္တယ္လို႔ စပိန္ကေလးသူငယ္အခြင့္အေရးေစာင့္ေရွာက္ေရးၫြန႔္ေပါင္းအဖြဲ႕က သတိေပးထားပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေတြကို အျပင္ထြက္ၿပီး ကစားခြင့္ျပဳဖို႔နဲ႔ ႐ုပ္ပိုင္းဆိုင္ရာေလ့က်င္ခန္းလႈပ္ရွားမႈေတြ ျပဳလုပ္ဖို႔ ခြင့္ျပဳသင့္တယ္လို႔ တိုက္တြန္းထားပါတယ္။

စပိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ႏွစ္ေသာင္းေက်ာ္ရွိၿပီး ကူးစက္ခံရသူ ႏွစ္သိန္းနီးပါး ရွိေနပါတယ္။

စပိန္ဝန္ႀကီးခ်ဳပ္မစၥတာဆန္းခ်က္ဇ္က စပိန္ဟာ ကူးစက္ေရာဂါရဲ႕ ရက္စက္စြာတိုက္ခိုက္ေခ်မႈန္းမႈေတြနဲ႔ အဆိုး႐ြားဆုံးအေျခအေနေတြကို ခ်န္ထားႏိုင္ခဲ့ၿပီလို႔ မေန႔က ႐ုပ္ျမင္သံၾကားကေန တစ္ဆင့္ ေျပာခဲ့ပါတယ္။
ကေလးေတြကို ငါးပတ္ၾကာ အိမ္ထဲေနခိုင္းတဲ့အေပၚ ေဝဖန္မႈေတြတိုးလာခ်ိန္ ဝန္ႀကီးခ်ဳပ္က အခုလို တုံ႔ျပန္ခဲ့တာပါ။
ဒါေပမဲ့ အခုခ်ိန္ထိ ႀကိဳးပမ္းထားတာေတြ အခ်ည္းႏွီးမျဖစ္ရေအာင္ အေရးေပၚအေျခအေနကို ေမလ ၉ ရက္အထိ ထပ္တိုးဖို႔ လႊတ္ေတာ္ကို ေတာင္းဆိုဖို႔ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

စပိန္မွာ မေန႔က တစ္ရက္အတြင္း ေသဆုံးသူ ၅၆၅ ဦးရွိၿပီး ဒါဟာ ေသဆုံးႏႈန္းက်လာတာ ျဖစ္ပါတယ္။

စပိန္မွာ ၿပီးခဲ့တဲ့တနလၤာေန႔ကစၿပီး ေဆာက္လုပ္ေရးနဲ႔ ကုန္ထုတ္လုပ္ငန္းေတြလို လုပ္ငန္းခြင္ေတြကို ျပန္လည္ဝင္ေရာက္လုပ္ကိုင္ခြင့္ျပဳခဲ့ပါတယ္။

BBC Burmese
-----------------------------------------------------
(Unicode)⤵⤵⤵
စပိန်မှာ ကလေးများအတွက် ဖြေလျှော့မှုတွေပေးမယ်လို့ ဝန်ကြီးချုပ်ကတိပေး

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကိုထိန်းချုပ်ဖို့ ကန့်သတ်မှုတွေ ပြုလုပ်ထားတဲ့ စပိန်မှာ ကလေးငယ်တွေအတွက် ဖြေလျှော့မှုတွေ လုပ်ပေးမယ်လို့ စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က ကတိပြုလိုက်ပါတယ်။

စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၁၄ ရက်က စပြီး အိမ်ထဲမှာပဲ နေထိုင်ဖို့ တားမြစ်ကန့်သတ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာမြို့တော်ဝန်က ကလေးတွေကို ဒီသတင်းပတ်မှာ အပြင်ထွက်ခွင့်ပေးဖို့ အစိုးရကို ပန်ကြားခဲ့တာဖြစ်ပါတယ်။

စပိန်မှာကလေးငယ် ရှစ်သန်းဟာ အိမ်ထဲမှာ သီတင်းငါးပတ်ကြာ နေထိုင်ခဲ့ရပြီး ခုတော့ သူတို့ကျန်းမာရေးအတွက် စိုးရိမ်မှုတွေရှိလာနေကြပါတယ်။

ကလေးငယ်တွေကို အခုလိုတားမြစ်ပိတ်ပင်မှုတွေကြောင့် သူတို့ရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်တယ်လို့ စပိန်ကလေးသူငယ်အခွင့်အရေးစောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့က သတိပေးထားပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အပြင်ထွက်ပြီး ကစားခွင့်ပြုဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင်ခန်းလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်သောင်းကျော်ရှိပြီး ကူးစက်ခံရသူ နှစ်သိန်းနီးပါး ရှိနေပါတယ်။

စပိန်ဝန်ကြီးချုပ်မစ္စတာဆန်းချက်ဇ်က စပိန်ဟာ ကူးစက်ရောဂါရဲ့ ရက်စက်စွာတိုက်ခိုက်ချေမှုန်းမှုတွေနဲ့ အဆိုးရွားဆုံးအခြေအနေတွေကို ချန်ထားနိုင်ခဲ့ပြီလို့ မနေ့က ရုပ်မြင်သံကြားကနေ တစ်ဆင့် ပြောခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်ထိ ကြိုးပမ်းထားတာတွေ အချည်းနှီးမဖြစ်ရအောင် အရေးပေါ်အခြေအနေကို မေလ ၉ ရက်အထိ ထပ်တိုးဖို့ လွှတ်တော်ကို တောင်းဆိုဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စပိန်မှာ မနေ့က တစ်ရက်အတွင်း သေဆုံးသူ ၅၆၅ ဦးရှိပြီး ဒါဟာ သေဆုံးနှုန်းကျလာတာ ဖြစ်ပါတယ်။

စပိန်မှာ ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေလို လုပ်ငန်းခွင်တွေကို ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52322234
စပိန္မွာ ကေလးမ်ားအတြက္ ေျဖေလွ်ာ့မႈေတြေပးမယ္လို႔ ဝန္ႀကီးခ်ဳပ္ကတိေပး စပိန္မွာ ကေလးမ်ားအတြက္ ေျဖေလွ်ာ့မႈေတြေပးမယ္လို႔ ဝန္ႀကီးခ်ဳပ္ကတိေပး Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.