ကိုဗစ္ ကုႏိုင္မယ္လို႔ ယူဆတဲ့ ေဆး ဂ်ပန္တိုးထုတ္မယ္

ကိုယ္တြင္းမွာ ဗိုင္းရပ္စ္မ်ိဳးပြားမႈကို ထိန္းခ်ဳပ္ႏိုင္တယ္လို႔ ယူဆ
(Zawgyi)⤵⤵⤵
ဂ်ပန္ႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ကုသေရးမွာ ထိေရာက္တာေတြ႕ရတယ္လို႔ တ႐ုတ္ႏိုင္ငံက ေျပာတဲ့ တုပ္ေကြးေဆးတစ္မ်ိဳးကို ပိုမိုထုတ္လုပ္ ေတာ့မွာျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံ Fujifilm ကုမၸဏီက ထုတ္လုပ္တဲ့ Avigan ေဆးကို ဗိုင္းပ္စ္ စတင္ ျဖစ္ပြားတဲ့ ဝူဟန္ၿမိဳ႕မွာ စမ္းသပ္ သုံးစြဲခဲ့တာျဖစ္ပါတယ္။

ဒီေဆးက ဗိုင္းရပ္စ္ ပိုး ခႏၶာကိုယ္တြင္း ျပန္႔ပြားမႈႏႈန္းကို ေလွ်ာ့ခ်ႏိုင္လို႔ ေရာဂါ လကၡဏာေတြကို သိသိသာသာ ေလ်ာ့သြားေစခဲ့တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

လာမယ့္ ႏွစ္မွာ လူ ႏွစ္သန္းကို ကုသႏိုင္မယ့္ ေဆးေတြ ထုတ္လုပ္ႏိုင္လိမ့္မယ္လို႔ ဂ်ပန္ အစိုးရက ေမွ်ာ္လင့္ ေနပါတယ္။

ဒါေပမဲ့ တျခားႏိုင္ငံေတြက က်န္းမာေရး အရာရွိေတြေတာ့ ဒီေဆးက အတည္မျပဳႏိုင္ေသးေၾကာင္းနဲ႔ ကိုယ္ဝန္ေဆာင္ေတြ အတြက္ ျပင္းထန္တဲ့ ေဘးထြက္ ဆိုးက်ိဳးေတြ ရွိႏိုင္ေသးတယ္လို႔ သတိေပးေနပါတယ္။

ဂ်ပန္မွာ ပထမဆုံး စမ္းသပ္မႈက ဇြန္လမွာ ၿပီးဆုံးမွာ ျဖစ္ပါတယ္။ စိတ္ဝင္စားလို႔ လိုခ်င္တဲ့ ႏိုင္ငံေတြရွိရင္ အလကားေပးမယ္လို႔ ဂ်ပန္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52173080
---------------
(Unicode)⤵⤵⤵

ကိုဗစ် ကုနိုင်မယ်လို့ ယူဆတဲ့ ဆေး ဂျပန်တိုးထုတ်မယ်
ဓာတ်ပုံ မူပိုင် KAZUHIRO NOGI
Image caption ကိုယ်တွင်းမှာ ဗိုင်းရပ်စ်မျိုးပွားမှုကို ထိန်းချုပ်နိုင်တယ်လို့ ယူဆ

ဂျပန်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ကုသရေးမှာ ထိရောက်တာတွေ့ရတယ်လို့ တရုတ်နိုင်ငံက ပြောတဲ့ တုပ်ကွေးဆေးတစ်မျိုးကို ပိုမိုထုတ်လုပ် တော့မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Fujifilm ကုမ္ပဏီက ထုတ်လုပ်တဲ့ Avigan ဆေးကို ဗိုင်းပ်စ် စတင် ဖြစ်ပွားတဲ့ ဝူဟန်မြို့မှာ စမ်းသပ် သုံးစွဲခဲ့တာဖြစ်ပါတယ်။

ဒီဆေးက ဗိုင်းရပ်စ် ပိုး ခန္ဓာကိုယ်တွင်း ပြန့်ပွားမှုနှုန်းကို လျှော့ချနိုင်လို့ ရောဂါ လက္ခဏာတွေကို သိသိသာသာ လျော့သွားစေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

လာမယ့် နှစ်မှာ လူ နှစ်သန်းကို ကုသနိုင်မယ့် ဆေးတွေ ထုတ်လုပ်နိုင်လိမ့်မယ်လို့ ဂျပန် အစိုးရက မျှော်လင့် နေပါတယ်။

ဒါပေမဲ့ တခြားနိုင်ငံတွေက ကျန်းမာရေး အရာရှိတွေတော့ ဒီဆေးက အတည်မပြုနိုင်သေးကြောင်းနဲ့ ကိုယ်ဝန်ဆောင်တွေ အတွက် ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်သေးတယ်လို့ သတိပေးနေပါတယ်။

ဂျပန်မှာ ပထမဆုံး စမ်းသပ်မှုက ဇွန်လမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ လိုချင်တဲ့ နိုင်ငံတွေရှိရင် အလကားပေးမယ်လို့ ဂျပန်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52173080
ကိုဗစ္ ကုႏိုင္မယ္လို႔ ယူဆတဲ့ ေဆး ဂ်ပန္တိုးထုတ္မယ္ ကိုဗစ္ ကုႏိုင္မယ္လို႔ ယူဆတဲ့ ေဆး ဂ်ပန္တိုးထုတ္မယ္ Reviewed by THITHTOOLWIN on 04:21 Rating: 5
Powered by Blogger.