အိႏၵိယမွာ မီးပိတ္ဖေယာင္းတိုင္ထြန္းဖို႔ ဝန္ႀကီးခ်ဳပ္တိုက္တြန္း

စည္းလုံး ညီၫြတ္မႈျပဖို႔ မီးပိတ္ဖို႔ ဝန္ႀကီးခ်ဳပ္က တိုက္တြန္း
(Zawgyi)⤵⤵⤵

အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီက ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးမွာ စည္းလုံးညီၫြတ္မႈကို ျပတဲ့ အေနနဲ႔ ဒီကေန႔ည ၉ နာရီမွာ လွ်ပ္စစ္မီးေတြပိတ္ၿပီး ဖေယာင္းတိုင္ေတြ ထြန္းၾကဖို႔ ျပည္သူေတြကို ေျပာလိုက္ပါတယ္။

ဒါေပမဲ့ ဒီေမတၱာ ရပ္ခံခ်က္ေၾကာင့္ ကြၽမ္းက်င္သူေတြကို အထိတ္တလန႔္ ျဖစ္သြားေစခဲ့ပါတယ္။

ရာနဲ႔ခ်ီတဲ့ ျပည္သူေတြ က မီးေတြ ပိတ္လိုက္ရင္ ႏိုင္ငံရဲ႕ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေရးစနစ္ကို ထိခိုက္ႏိုင္တယ္ဆိုၿပီး သူတို႔က စိုးရိမ္ေနၾကပါတယ္။

ပိတ္ထားရာက တၿပိဳင္နက္ ျပန္ဖြင့္ၾကလို႔ လွ်ပ္စစ္စြမ္းအင္ သုံးလိုအား ႐ုတ္တရက္ အႀကီးအက်ယ္ အတက္အက်ျဖစ္သြားရင္ ဗို႔အားေတြ အမ်ားႀကီး အရွိန္နဲ႔ ထိုးတက္လာတာမ်ိဳး ျဖစ္ႏိုင္တယ္လို႔ အိႏၵိယက ျပည္နယ္ အေတာ္မ်ားမ်ားမွာ ရွိတဲ့ လွ်ပ္စစ္ဆိုင္ရာ ဘုတ္ အဖြဲ႕ေတြက သတိေပးေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52173080
------------
(Unicode)⤵⤵⤵

အိန္ဒိယမှာ မီးပိတ်ဖယောင်းတိုင်ထွန်းဖို့ ဝန်ကြီးချုပ်တိုက်တွန်း
ဓာတ်ပုံ မူပိုင် JAGADEESH NV
Image caption စည်းလုံး ညီညွတ်မှုပြဖို့ မီးပိတ်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်း

အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ စည်းလုံးညီညွတ်မှုကို ပြတဲ့ အနေနဲ့ ဒီကနေ့ည ၉ နာရီမှာ လျှပ်စစ်မီးတွေပိတ်ပြီး ဖယောင်းတိုင်တွေ ထွန်းကြဖို့ ပြည်သူတွေကို ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဒီမေတ္တာ ရပ်ခံချက်ကြောင့် ကျွမ်းကျင်သူတွေကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ပြည်သူတွေ က မီးတွေ ပိတ်လိုက်ရင် နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကို ထိခိုက်နိုင်တယ်ဆိုပြီး သူတို့က စိုးရိမ်နေကြပါတယ်။

ပိတ်ထားရာက တပြိုင်နက် ပြန်ဖွင့်ကြလို့ လျှပ်စစ်စွမ်းအင် သုံးလိုအား ရုတ်တရက် အကြီးအကျယ် အတက်အကျဖြစ်သွားရင် ဗို့အားတွေ အများကြီး အရှိန်နဲ့ ထိုးတက်လာတာမျိုး ဖြစ်နိုင်တယ်လို့ အိန္ဒိယက ပြည်နယ် အတော်များများမှာ ရှိတဲ့ လျှပ်စစ်ဆိုင်ရာ ဘုတ် အဖွဲ့တွေက သတိပေးနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52173080
အိႏၵိယမွာ မီးပိတ္ဖေယာင္းတိုင္ထြန္းဖို႔ ဝန္ႀကီးခ်ဳပ္တိုက္တြန္း အိႏၵိယမွာ မီးပိတ္ဖေယာင္းတိုင္ထြန္းဖို႔ ဝန္ႀကီးခ်ဳပ္တိုက္တြန္း Reviewed by THITHTOOLWIN on 04:23 Rating: 5
Powered by Blogger.