၀င္ေငြမရွိသူေတြအတြက္ သႀကၤန္ကာလ အစုိးရက စားနပ္ရိကၡာေထာက္ပံ့ေပးမည္


(Zawgyi/Unicode)

ႏိုင္ငံေတာ္က လာမယ့္ ၁၀ ရက္ ေန႔က စၿပီး အေျခခံလူတန္းစားေတြကို ဆန္၊ဆီ ေထာက္ပံ့မယ့္အစီအစဥ္ အတြက္ အေျခခံ ဝင္ေငြမရွိတဲ့ သူေတြစာရင္း ကို တိုင္း နဲ႔ ျပည္နယ္ ေတြမွာ ၂ရက္အတြင္း ေကာက္ခံၿပီး ဗဟိုအစိုးရဆီပို႔ဖို႔ စီစဥ္ထားတာကို ဗြီအိူေအသတင္းေထာက္ေမခက တင္ျပေပးမွာပါ။

ႏိုင္ငံေတာ္က လာမယ့္ ၁၀ ရက္ ေန႔က စၿပီး အေျခခံလူတန္းစားေတြကို ဆန္၊ဆီ ေထာက္ပံ့သြားမယ္လို႔ မေန႔က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။ ဒီလို ေၾကညာခဲ့ၿပီးေနာက္ တိုင္းအစိုးရေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ပရဟိတ အဖြဲ႕ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ခဲ့ေၾကာင္း ပဲခူးတိုင္းေဒသႀကီး စီမံကိန္းနဲ႔ ဘ႑ာေရး ဝန္ႀကီး ဦးၫႊန႔္ေ႐ြက ေျပာပါတယ္။ အထူးသျဖင့္ ဝင္ေငြနည္းတဲ့ လက္လုပ္လက္စားေတြကို ကူညီဖို႔ ရည္႐ြယ္ထားေၾကာင္းလည္း သူကေျပာပါတယ္။

“ ပုံမွန္ဝင္ေငြမရွိသူကိုဘဲစာရင္းေကာက္မယ္။ ၀င္ေငြမရွိတဲ့ ၀န္ထမ္းေတြပါမယ္။ စက္႐ုံလုပ္သားေတြဆိုသူတို႔ပိတ္ ရက္ေတြအတြက္ စက္႐ုံေတြက ေန႔တြက္ခ အပိုေပးထားတာရွိတယ္။ ဒီလူေတြ က်ေနာ္တို႔ ခ်န္ခဲ့မယ္။ တကယ့္လက္လုပ္လက္စားေပါ့ ၊ ဆိုက္ကားသမားတို႔ပါမယ္၊ ပန္းရံတို႔ ဘာတို႔ ဆိုင္ကယ္ carry ဆြဲတဲ့လူေတြ တေန႔လုပ္ မွတေန႔စားရမွာေတြပါတယ္။ အိမ္ေထာင္စုရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ မက်န္ရေအာင္ ရပ္ကြက္ထဲမွာ ေကာက္ဖို႔ ညႊန္ၾကားထားပါတယ္။”

အိမ္ေထာင္စုတစ္စုကို ဆန္၈ ျပည္၊ ဆီငါးဆယ္သား၊ ပဲတစ္ပိသာ အပါအဝင္ စားေသာက္ကုန္ ငါးမ်ိဳးကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

အေျခခံလူတန္းစား လက္လုပ္လက္စား ဆိုတဲ့ စံကိုေတာ့ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ဘယ္လိုသတ္မွတ္မလဲ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ လတ္တေလာ အစီအစဥ္မွာေတာ့ လက္လုပ္လက္စားေတြ ပုံမွန္ဝင္ေငြမရွိသူ က်ပန္း အလုပ္သမားေတြကို ေထာက္ပံ့သြားမွာျဖစ္ၿပီး ပုံမွန္ဝင္ေငြရွိသူ ႏိုင္ငံ့ဝန္ထမ္းနဲ႔ ပုဂၢလိကဝန္ထမ္းေတြ မပါဘူးလို႔ အစိုးရတာဝန္ရွိသူေတြက ေျပာဆိုထား ပါတယ္။

လက္ရွိမွာေတာ့ ရပ္ေက်း/အုပ္ခ်ဳပ္ေရးမွဴးေတြကတဆင့္ေကာက္ယူဖို႔ စီစဥ္ထားတယ္ လို႔ ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ကိုေဝၿဖိဳးဟန္ ကေျပာပါတယ္။

“ ဒီေန႔က်ေနာ္တို႔ၿမိဳ႕နယ္မွာ စေကာက္ေနပါၿပီ။ တက္လာတဲ့လူဦးေရစာရင္းေပၚမွာ မူတည္ၿပီးေတာ့ မနက္ျဖန္ ညေနေနာက္ဆုံး ရံုးဖြင့္ခ်ိန္ကို ေနာက္ဆံုးထားၿပီးသက္ဆိုင္ရာ ခ႐ိုင္အဆင့္ကေန အထက္ကို တင္ပါမယ္။ ဒါကိုႏိုင္ငံေတာ္ကဆက္ၿပီးစီမံခန႔္ခြဲမွာပါ။ က်န္တဲ့အပိုင္းကေတာ့ ႏိုင္ငံေတာ္ကေန ဘယ္လိုပံုစံနဲ႔ ပို႔မလဲဆိုတာကေတာ့ က်ေနာ္တို႔မသိဘူး။ ေလာေလာဆည္ ညြန္ၾကားခ်က္အရေတာ့ ပံုမွန္၀င္ေငြမရွိသူေတြ ကို စာရင္းျပဳစုပါဆိုေတာ့ က်ေနာ္တို႔ခ်ေပးထားတဲ့ ေခါင္းစဥ္အလိုက္ အက်ံဳး၀င္သူေတြကိုေတာ့ ဦးစားေပးၿပီး ေကာက္ေနတာမ်ိဳးေတြ က်ေနာ္တို႔ လုပ္ေနပါၿပီ။”

အိမ္ေထာင္စုေတြမွာ ဝင္ေငြရွိမရွိကိုေတာ့ ရပ္ေက်း/အုပ္ခ်ဳပ္ေရးမွဴးေတြက စိစစ္ရမွာ ျဖစ္ပါတယ္။ ဒီလိုေထာက္ပံ့ရာမွာ မသမာမႈေတြ မျဖစ္ေအာင္လည္း စိစစ္သြားမယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာဆိုထားပါတယ္။

အေျခခံလူတန္းစား ေတြကိုစားနပ္ရိကၡာ ကူညီေဆာင္႐ြက္ေပးဖို႔ H2M ပရဟိတ အဖြဲ႕ က ကိုညီညီကေတာ့ တိက်တဲ့ သတ္မွတ္ခ်က္နဲ႔ အစိုးရဘက္က ေနပံ့ပိုးကူညီဖို႔ လုပ္ေဆာင္ေပးေစခ်င္တယ္လို႔ဆိုပါတယ္။

“ အခုအစိုးရ စီစဥ္ေပးတာက စည္းကမ္းသတ္မွတ္ခ်က္ေတြ မ်ားတယ္။ လက္လုပ္လက္စားရဲ႕ အဓိပၸါယ္ ဖြင့္ဆိုမႈမွာကိုက ဝိဟရကြဲျပားေနပါတယ္။ ရန္ကုန္မွာက စီးပြားေရး အခ်က္အခ်ာၿမိဳ႕ေတာ္ဆိုေတာ့ စက္ရံု၊ အလုပ္ရံု ေစ်းဆိုင္ ကုမပၸဏီေတြမွာ အလုပ္လာလုပ္သူေတြမ်ားတယ္။ အမ်ားႀကီးရွိတဲ့အခါက်ေတာ့ အဲဒီအခ်က္ေတြနဲ႔ ခုနက သတ္မွတ္ထားတဲ့ အခ်က္ေတြက သိပ္ၿပီးေတာ့ လိုက္ေလ်ာညီေထြမႈ မရွိဘူးေပါ့ေနာ္။ လူတန္းစားအစံုရွိတယ္ တခ်ိဳ႕မွာ မသန္စြမ္းေတြရွိတယ္၊ က်န္းမာေရး မေကာင္းသူေတြ ရွိတယ္။ သက္ႀကီး ရြယ္အိုေတြ ရွိတယ္။ အဲလိုလူေတြက အစိုးရသတ္မွတ္ခ်က္ထဲမွာ တခ်ိဳ႕အက်ံဳး၀င္တယ္ ၊ တခ်ိဳ႕ အက်ံဳးမ၀င္ဘူး။”

လာမယ့္ ဧၿပီ ၁၀ ရက္ကေန ၁၉ ရက္အတြင္း က်န္းမာေရးကိစၥနဲ႔ စားနပ္ရိကၡာဝယ္ ယူတဲ့ ကိစၥကလြဲၿပီး အျပင္မထြက္ဖို႔ ၊ဝန္ထမ္းေတြကိုလည္း ေနရပ္ မျပန္ဖို႔ အစိုးရက ၫႊန္ၾကားထားပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ COVID-19 ေရာဂါေၾကာင့္ ႀကဳံလာရမယ့္ စီးပြားေရး ထိခိုက္မႈေတြကို အနည္းဆုံးျဖစ္ေအာင္ စီစဥ္ထားၿပီး အလိုအပ္ဆုံး လုပ္ငန္းေတြကို ေခ်းေငြေပးတာမ်ိဳး၊ အလုပ္သမားေတြကို လုပ္ခေပးႏိုင္ေအာင္ စီစဥ္ထားေၾကာင္းလည္း မၾကာေသးခင္ကပဲ ေျပာဆိုထားပါတယ္။

................

၀င်ငွေမရှိသူတွေအတွက် သင်္ကြန်ကာလ အစိုးရက စားနပ်ရိက္ခာထောက်ပံ့ပေးမည်

(Unicode)

နိုင်ငံတော်က လာမယ့် ၁၀ ရက် နေ့က စပြီး အခြေခံလူတန်းစားတွေကို ဆန်၊ဆီ ထောက်ပံ့မယ့်အစီအစဉ် အတွက် အခြေခံ ဝင်ငွေမရှိတဲ့ သူတွေစာရင်း ကို တိုင်း နဲ့ ပြည်နယ် တွေမှာ ၂ရက်အတွင်း ကောက်ခံပြီး ဗဟိုအစိုးရဆီပို့ဖို့ စီစဉ်ထားတာကို ဗွီအိူအေသတင်းထောက်မေခက တင်ပြပေးမှာပါ။

နိုင်ငံတော်က လာမယ့် ၁၀ ရက် နေ့က စပြီး အခြေခံလူတန်းစားတွေကို ဆန်၊ဆီ ထောက်ပံ့သွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီလို ကြေညာခဲ့ပြီးနောက် တိုင်းအစိုးရတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပရဟိတ အဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးညွှန့်ရွေက ပြောပါတယ်။ အထူးသဖြင့် ဝင်ငွေနည်းတဲ့ လက်လုပ်လက်စားတွေကို ကူညီဖို့ ရည်ရွယ်ထားကြောင်းလည်း သူကပြောပါတယ်။

“ ပုံမှန်ဝင်ငွေမရှိသူကိုဘဲစာရင်းကောက်မယ်။ ဝင်ငွေမရှိတဲ့ ဝန်ထမ်းတွေပါမယ်။ စက်ရုံလုပ်သားတွေဆိုသူတို့ပိတ် ရက်တွေအတွက် စက်ရုံတွေက နေ့တွက်ခ အပိုပေးထားတာရှိတယ်။ ဒီလူတွေ ကျနော်တို့ ချန်ခဲ့မယ်။ တကယ့်လက်လုပ်လက်စားပေါ့ ၊ ဆိုက်ကားသမားတို့ပါမယ်၊ ပန်းရံတို့ ဘာတို့ ဆိုင်ကယ် carry ဆွဲတဲ့လူတွေ တနေ့လုပ် မှတနေ့စားရမှာတွေပါတယ်။ အိမ်ထောင်စုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မကျန်ရအောင် ရပ်ကွက်ထဲမှာ ကောက်ဖို့ ညွှန်ကြားထားပါတယ်။”

အိမ်ထောင်စုတစ်စုကို ဆန်၈ ပြည်၊ ဆီငါးဆယ်သား၊ ပဲတစ်ပိသာ အပါအဝင် စားသောက်ကုန် ငါးမျိုးကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

အခြေခံလူတန်းစား လက်လုပ်လက်စား ဆိုတဲ့ စံကိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လိုသတ်မှတ်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ လတ်တလော အစီအစဉ်မှာတော့ လက်လုပ်လက်စားတွေ ပုံမှန်ဝင်ငွေမရှိသူ ကျပန်း အလုပ်သမားတွေကို ထောက်ပံ့သွားမှာဖြစ်ပြီး ပုံမှန်ဝင်ငွေရှိသူ နိုင်ငံ့ဝန်ထမ်းနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေ မပါဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောဆိုထား ပါတယ်။

လက်ရှိမှာတော့ ရပ်ကျေး/အုပ်ချုပ်ရေးမှူးတွေကတဆင့်ကောက်ယူဖို့ စီစဉ်ထားတယ် လို့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဝေဖြိုးဟန် ကပြောပါတယ်။

“ ဒီနေ့ကျနော်တို့မြို့နယ်မှာ စကောက်နေပါပြီ။ တက်လာတဲ့လူဦးရေစာရင်းပေါ်မှာ မူတည်ပြီးတော့ မနက်ဖြန် ညနေနောက်ဆုံး ရုံးဖွင့်ချိန်ကို နောက်ဆုံးထားပြီးသက်ဆိုင်ရာ ခရိုင်အဆင့်ကနေ အထက်ကို တင်ပါမယ်။ ဒါကိုနိုင်ငံတော်ကဆက်ပြီးစီမံခန့်ခွဲမှာပါ။ ကျန်တဲ့အပိုင်းကတော့ နိုင်ငံတော်ကနေ ဘယ်လိုပုံစံနဲ့ ပို့မလဲဆိုတာကတော့ ကျနော်တို့မသိဘူး။ လောလောဆည် ညွန်ကြားချက်အရတော့ ပုံမှန်ဝင်ငွေမရှိသူတွေ ကို စာရင်းပြုစုပါဆိုတော့ ကျနော်တို့ချပေးထားတဲ့ ခေါင်းစဉ်အလိုက် အကျုံးဝင်သူတွေကိုတော့ ဦးစားပေးပြီး ကောက်နေတာမျိုးတွေ ကျနော်တို့ လုပ်နေပါပြီ။”

အိမ်ထောင်စုတွေမှာ ဝင်ငွေရှိမရှိကိုတော့ ရပ်ကျေး/အုပ်ချုပ်ရေးမှူးတွေက စိစစ်ရမှာ ဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ရာမှာ မသမာမှုတွေ မဖြစ်အောင်လည်း စိစစ်သွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

အခြေခံလူတန်းစား တွေကိုစားနပ်ရိက္ခာ ကူညီဆောင်ရွက်ပေးဖို့ H2M ပရဟိတ အဖွဲ့ က ကိုညီညီကတော့ တိကျတဲ့ သတ်မှတ်ချက်နဲ့ အစိုးရဘက်က နေပံ့ပိုးကူညီဖို့ လုပ်ဆောင်ပေးစေချင်တယ်လို့ဆိုပါတယ်။

“ အခုအစိုးရ စီစဉ်ပေးတာက စည်းကမ်းသတ်မှတ်ချက်တွေ များတယ်။ လက်လုပ်လက်စားရဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုမှာကိုက ဝိဟရကွဲပြားနေပါတယ်။ ရန်ကုန်မှာက စီးပွားရေး အချက်အချာမြို့တော်ဆိုတော့ စက်ရုံ၊ အလုပ်ရုံ ဈေးဆိုင် ကုမပ္ပဏီတွေမှာ အလုပ်လာလုပ်သူတွေများတယ်။ အများကြီးရှိတဲ့အခါကျတော့ အဲဒီအချက်တွေနဲ့ ခုနက သတ်မှတ်ထားတဲ့ အချက်တွေက သိပ်ပြီးတော့ လိုက်လျောညီထွေမှု မရှိဘူးပေါ့နော်။ လူတန်းစားအစုံရှိတယ် တချို့မှာ မသန်စွမ်းတွေရှိတယ်၊ ကျန်းမာရေး မကောင်းသူတွေ ရှိတယ်။ သက်ကြီး ရွယ်အိုတွေ ရှိတယ်။ အဲလိုလူတွေက အစိုးရသတ်မှတ်ချက်ထဲမှာ တချို့အကျုံးဝင်တယ် ၊ တချို့ အကျုံးမဝင်ဘူး။”

လာမယ့် ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း ကျန်းမာရေးကိစ္စနဲ့ စားနပ်ရိက္ခာဝယ် ယူတဲ့ ကိစ္စကလွဲပြီး အပြင်မထွက်ဖို့ ၊ဝန်ထမ်းတွေကိုလည်း နေရပ် မပြန်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ COVID-19 ရောဂါကြောင့် ကြုံလာရမယ့် စီးပွားရေး ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်အောင် စီစဉ်ထားပြီး အလိုအပ်ဆုံး လုပ်ငန်းတွေကို ချေးငွေပေးတာမျိုး၊ အလုပ်သမားတွေကို လုပ်ခပေးနိုင်အောင် စီစဉ်ထားကြောင်းလည်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

ေမခ/VOA (Burmese)
https://burmese.voanews.com/a/myanmar-donation-/5363956.html
၀င္ေငြမရွိသူေတြအတြက္ သႀကၤန္ကာလ အစုိးရက စားနပ္ရိကၡာေထာက္ပံ့ေပးမည္ ၀င္ေငြမရွိသူေတြအတြက္ သႀကၤန္ကာလ အစုိးရက စားနပ္ရိကၡာေထာက္ပံ့ေပးမည္ Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.