(Zawgyi)⤵⤵⤵
မုံရွာ၊ဧပြီ - ၈
အဆိုပါတားမြစ်မိန့်ကို ယခုလ၅ရက်က စာအမှတ်၎/၈-၆(၉)/(၁၉၂)/Covid-19ဖြင့် ထုတ်ပြန်ခဲ့ပြီး အစားသောက်နှင့်ဆေးဝါးများထုတ်လုပ်ရောင်းချခြင်း၊ စက်သုံးဆီဆိုင်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ဘဏ်များကို ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ရောင်းချရန်၊ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်၊ရေယာဉ်များ၊ ဟိုတယ်၊တည်းခိုခန်းများ၊ကစားကွင်း၊ ပန်းခြံများယာယီပိတ်ထားရန်နှင့် တိုင်းအတွင်းရှိပြည်သူများအခြားတိုင်းနှင့်ပြည်နယ်များသို့ ကျန်းမာရေးနာရေးကိစ္စမှလွဲ၍ သွားရန်ရှိပါက ကာထိန်းကုကော်မတီ၏ ထောက်ခံချက်ယူရန်တို့ ပါဝင်ခဲ့သည်။
အိအိဖြိုး
Monywa Gazette
-------------
(Unicode)⤵⤵⤵
Covid-19ကြောင့် ထုတ်ပြန်ခဲ့သည့် တားမြစ်မိန့် တိုင်းအစိုးရ ပြန် ပယ်ဖျက်
မုံရွာ၊ဧပြီ - ၈
စစ်ကိုင်းတိုင်းအတွင်း Covid-19ရောဂါ၊ကာကွယ်၊ထိန်းချူပ်တားဆီးနှိမ်နင်းရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိနိုင်ရန် ထုတ်ပြန်ထားသော တားမြစ်မိန့်ကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။
"ဘာမှတော့ အထွေအထူးမရှိပါဘူး။ကော်မတီအသစ်မှာ ဝန်ကြီးချုပ်က ဥက္ကဌဖြစ်သွားပြီး တချိူ့ဟာတွေလည်း အပြောင်းအလဲရှိတယ်၊ဗဟိုကလည်း တပြေးညီဖြစ်စေချင်တယ်လို့ပါ"ဟု လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းက ပြောသည်။
အဆိုပါတားမြစ်မိန့်ကို ယခုလ၅ရက်က စာအမှတ်၄/၈-၆(၉)/(၁၉၂)/Covid-19ဖြင့် ထုတ်ပြန်ခဲ့ပြီး အစားသောက်နှင့်ဆေးဝါးများထုတ်လုပ်ရောင်းချခြင်း၊ စက်သုံးဆီဆိုင်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ဘဏ်များကို ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်ရောင်းချရန်၊ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်၊ရေယာဉ်များ၊ ဟိုတယ်၊တည်းခိုခန်းများ၊ကစားကွင်း၊ ပန်းခြံများယာယီပိတ်ထားရန်နှင့် တိုင်းအတွင်းရှိပြည်သူများအခြားတိုင်းနှင့်ပြည်နယ်များသို့ ကျန်းမာရေးနာရေးကိစ္စမှလွဲ၍ သွားရန်ရှိပါက ကာထိန်းကုကော်မတီ၏ ထောက်ခံချက်ယူရန်တို့ ပါဝင်ခဲ့သည်။
ပြည်သူများ မိမိအိမ်အတွင်းသာနေကြရန် ၊မလိုအပ်ဘဲ အပြင်လုံးဝမထွက်ကြရန်၊ မဖြစ်မနေထွက်ရန်ရှိပါက Maskတပ်ပြီးမှ ထွက်ရန်၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို တိကျစွာလိုက်နာရန်တို့ ပါရှိသည်။
အိအိဖြိုး
Monywa Gazette
https://www.facebook.com/monywagazette/
Covid-19ကြောင့် ထုတ်ပြန်ခဲ့သည့် တားမြစ်မိန့် တိုင်းအစိုးရ ပြန် ပယ်ဖျက် Covid-19ကြောင့် ထုတ်ပြန်ခဲ့သည့် တားမြစ်မိန့် တိုင်းအစိုးရ ပြန် ပယ်ဖျက် Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.