ဒီမုိကရက္သမၼတေလာင္း Biden ကုိ ေအာက္လႊတ္ေတာ္ဥကၠ႒ ေထာက္ခံ

ဒီမုိကရက္ပါတီသမၼတေလာင္း Joe Biden.
Zawgyi/Unicode

ဒီမိုကရက္တစ္ ပါတီရဲ႕ သမၼတေလာင္း အမည္စာရင္း အတြက္ ဒုသမၼတေဟာင္း Joe Biden ကို ဒီမိုကရက္ ေအာက္လြႊတ္ေတာ္ ဥကၠဌ Nancy Pelosi က တရား၀င္ ေထာက္ခံလိုက္ပါတယ္။

တနလၤာေန႔ မနက္ပိုင္းက ထုတ္ျပန္တဲ့ ႀကိဳတင္သြင္းယူထားတဲ့ ဗီြဒီယိုထဲမွာ Nancy Pelosi က Joe Biden ကို ေမွ်ာ္လင့္ခ်က္၊ သတၱိ ရွိေနတဲ့ လူပုဂၢိဳလ္အျဖစ္တင္စားေျပာဆိုထားပါတယ္။

ဒါအျပင္ Joe Biden ဟာ လူတိုင္း တတ္ႏိုင္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ဥပေဒ အတည္ျပဳဖို႔အတြက္ ကူညီခဲ့တဲ့ အေတြ႕အႀကံဳရွိခဲ့တဲ့အျပင္၊ ၂၀၀၉ခုနွစ္က စီးပြားေရး ျပန္လည္ နလန္ထူေရး ဥပေဒ အေကာင္အထည္ေဖၚတဲ့ေနရာမွာလည္း အေတြ႕အႀကံဳရွိခဲ့သူျဖစ္ေၾကာင္း Nancy Pelosi က ညြန္းၿပီးေျပာခဲ့တယ္။ ဒါေၾကာင့္ ကမၻာကပ္ေရာဂါ က်ေရာက္ေနတဲ့ အခ်ိန္ သူဟာ တိုင္းျပည္ကို ေကာင္းေကာင္းဦးေဆာင္ႏိုင္မယ့္ သူျဖစ္အျဖစ္ Nancy Pelosi ကေျပာသြားပါတယ္။

အခုလို Biden ကို သူရဲ႕တရား၀င္ေထာက္ခံမႈ အံၾသစရာ မဟုတ္ေပမဲ့ ဒီမိုကရက္ပါတီတြင္း သမၼတေလာင္းအမည္စာရင္း ေရြးခ်ယ္ပဲြေတြမွာ ဘက္မလိုက္ ရပ္တည္ခ်က္ကို Pelosi ကေရြးခ်ယ္ထားတာပါ။ႏို၀င္ဘာမွာ က်င္းပမယ့္ သမၼတေရြးေကာက္ပဲြမွာ လက္ရွိသမၼတ Donald Trump ကို ယွဥ္ၿပိဳင္ႏိုင္ေရးကိုပဲ ပါတီအေနနဲ႔ဦးတည္ဖို႔ သူက ထပ္ခါတလဲလဲ သတိေပးေနတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------

[Unicode]

ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း အမည်စာရင်း အတွက် ဒုသမ္မတဟောင်း Joe Biden ကို ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က တရားဝင် ထောက်ခံလိုက်ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းက ထုတ်ပြန်တဲ့ ကြိုတင်သွင်းယူထားတဲ့ ဗွီဒီယိုထဲမှာ Nancy Pelosi က Joe Biden ကို မျှော်လင့်ချက်၊ သတ္တိ ရှိနေတဲ့ လူပုဂ္ဂိုလ်အဖြစ်တင်စားပြောဆိုထားပါတယ်။

ဒါအပြင် Joe Biden ဟာ လူတိုင်း တတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ အတည်ပြုဖို့အတွက် ကူညီခဲ့တဲ့ အတွေ့အကြုံရှိခဲ့တဲ့အပြင်၊ ၂၀၀၉ခုနှစ်က စီးပွားရေး ပြန်လည် နလန်ထူရေး ဥပဒေ အကောင်အထည်ဖေါ်တဲ့နေရာမှာလည်း အတွေ့အကြုံရှိခဲ့သူဖြစ်ကြောင်း Nancy Pelosi က ညွန်းပြီးပြောခဲ့တယ်။ ဒါကြောင့် ကမ္ဘာကပ်ရောဂါ ကျရောက်နေတဲ့ အချိန် သူဟာ တိုင်းပြည်ကို ကောင်းကောင်းဦးဆောင်နိုင်မယ့် သူဖြစ်အဖြစ် Nancy Pelosi ကပြောသွားပါတယ်။

အခုလို Biden ကို သူရဲ့တရားဝင်ထောက်ခံမှု အံသြစရာ မဟုတ်ပေမဲ့ ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းအမည်စာရင်း ရွေးချယ်ပွဲတွေမှာ ဘက်မလိုက် ရပ်တည်ချက်ကို Pelosi ကရွေးချယ်ထားတာပါ။နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump ကို ယှဉ်ပြိုင်နိုင်ရေးကိုပဲ ပါတီအနေနဲ့ဦးတည်ဖို့ သူက ထပ်ခါတလဲလဲ သတိပေးနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/nancy-pelosi-endorsed-joe-biden-presidential-bid/5395094.html
ဒီမုိကရက္သမၼတေလာင္း Biden ကုိ ေအာက္လႊတ္ေတာ္ဥကၠ႒ ေထာက္ခံ ဒီမုိကရက္သမၼတေလာင္း Biden ကုိ ေအာက္လႊတ္ေတာ္ဥကၠ႒ ေထာက္ခံ Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.