ဒုကၡသည္စခန္း ၁၇၀ ေက်ာ္မွာ ဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ အစိုးရ ျပင္ဆင္

(Zawgyi)⤵⤵⤵
တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္အပါအဝင္ ျပည္နယ္ ငါးခုက ဒုကၡသည္စခန္း ၁၇၀ ေက်ာ္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ အသိပညာေပးေရးနဲ႔ ကာကြယ္ေရးလုပ္ငန္းေတြအတြက္ ျပည္ေထာင္စုအစိုးရအဖြဲ႕က ေငြက်ပ္ ၂ ဒႆမ ၄ ဘီလီယံ သုံးစြဲဖို႔ စီစဥ္ထားပါတယ္။

ရခိုင္၊ ရွမ္း၊ ကခ်င္၊ ကရင္နဲ႔ ခ်င္း ျပည္နယ္က စစ္ေဘးဒုကၡသည္စခန္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ အသိပညာေပးေရးနဲ႔ ကာကြယ္ေရးလုပ္ငန္းေတြေဆာင္႐ြက္ဖို႔ အစိုးရက ကနဦး က်ပ္ ၂.၄ ဘီလီယံ ခ်ထားေပးတယ္လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာ ခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက RFA ကိုေျပာပါတယ္။

ဗိုင္းရပ္စ္ပိုးအႏၲရာယ္ ကာကြယ္ဖို႔ လက္မၾကာခဏ ေဆးဖို႔ လိုအပ္တာေၾကာင့္ ဒီေငြေတြနဲ႔ ေရအခက္အခဲရွိေနတဲ့ စခန္းေတြမွာ ေရရွိေရးကို အထူး ဦးစားေပး ေဆာင္႐ြက္သြားမယ္လို႔ ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး က ေျပာပါတယ္။

“စီမံခ်က္ထဲမွာ ေရက အေရးႀကီးဆုံးပဲ ဒီကိစၥက လက္ေဆးရမွာေလ။ တကိုယ္ေရ သန႔္ရွင္းေရး အေရးႀကီးတယ္။ အဲဒါေၾကာင့္ ေရရရွိေရးကို ဒီစီမံခ်က္ထဲမွာ အဓိကပါတယ္။ အေကာင္အထည္ စေဖာ္ေနၿပီ ေရအတြက္ လုပ္ေနပါတယ္။ ေနာက္ၿပီးေတာ့ သတင္းစကားအတြက္လည္း Hand Speaker ေတြနဲ႔ ရေအာင္ လိုက္ေအာ္ေနတယ္။”

ရခိုင္ျပည္နယ္က ဒုကၡသည္စခန္းေတြမွာဆိုရင္ ေရရွားပါးေနလို႔ လက္မၾကာခဏေဆးဖို႔ ခက္ခဲေနတာေၾကာင့္ ေရာဂါပိုး ကူးစက္ျပန႔္ပြားမွာကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အရပ္ဘက္အဖြဲ႕ေတြက စိုးရိမ္ေနၾကပါတယ္။

အစိုးရခ်ေပးတဲ့ ေငြနဲ႔ ဒုကၡသည္စခန္းမွာ လက္ေဆးစင္ေတြတပ္တာ၊ ဆပ္ျပာ၊ လက္သန႔္ ေဆးရည္နဲ႔ ႏွာေခါင္းစည္းေတြ ျဖန႔္ေဝတာေတြ စီစဥ္ထားတာပါ။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး အသိပညာေပး အစီအစဥ္ေတြကို ေဒသခံေတြ လြယ္လင့္တကူ ၾကည့္ရႈ နားဆင္ႏိုင္ေအာင္ တိုက္ပြဲျဖစ္ပြားတဲ့ေဒသေတြ ျဖစ္တဲ့ ရခိုင္နဲ႔ခ်င္းျပည္နယ္က ၿမိဳ႕နယ္ ၁၀ ခုမွာ အင္တာနက္ ျဖတ္ေတာက္ထားတာကို ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုေနသူေတြရွိေနပါတယ္။  ဒါေပမဲ့လို႔ အစိုးရက   တစုံတရာ တုံ႔ျပန္ေျပာတာမရွိေသးပါဘူး။

ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကေတာ့ ဒုကၡသည္စခန္းေတြမွာ အသိပညာေပးေရးအတြက္ သတင္းစကားေတြကို အသံခ်ဲ႕စက္နဲ႔ လိုက္လံ အသိေပးတာ၊ ဆက္သြယ္ေရး ကုမၸဏီေတြကေန တဆင့္ ဖုန္းသုံးစြဲသူေတြထံ လိုက္နာရမယ့္ အေၾကာင္းအရာေတြကို စာတိုပို႔တာေတြ လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။

ဒီနည္းလမ္းေတြက အင္တာနက္ ျပန္ဖြင့္ေပးတာေလာက္ ထိေရာက္မွာ မဟုတ္ဘူးလို႔ ပုဏၰားကြၽန္းနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“စာမ်ားမ်ား႐ိုက္လို႔ ရတာလည္း မဟုတ္ဘူး။ ဆန႔္တာလည္း မဟုတ္ဘူး။ အင္တာနက္နဲ႔ ဆိုေတာ့ လူတိုင္းဆီကို ေရာက္တယ္ေလ။ အင္တာနက္က အထိေရာက္ဆုံးပဲ။ အစိုးရက ကူညီေထာက္ပံ့မႈေတြ မေျပာနဲ႔ အရပ္သား အခ်င္းခ်င္းေတာင္ တခ်ိဳ႕ေနရာေတြ သြားလို႔ လာလို႔မရဘူး။”

အစိုးရက သုံးစြဲမယ့္ ၂.၄ ဘီလီယံဟာ အေမရိကန္ေဒၚလာ ၁၇ သိန္းနီးပါး ရွိပါတယ္။

ဒီေငြဟာ ဒုကၡသည္စခန္းေတြကို အသိပညာေပးေရးနဲ႔ ေရရရွိေရးအပါအဝင္ ကာကြယ္ေရးလုပ္ငန္း လုပ္ေဆာင္ဖို႔အတြက္ လုံေလာက္တဲ့ ပမာဏ မဟုတ္ဘူးလို႔ ဦးခင္ေမာင္လတ္က ေထာက္ျပပါတယ္။

အသုံးစရိတ္ ခ်ထားေပးတယ္ဆိုတဲ့ သတင္းစကားေတြ ၾကားရေပမယ့္ ပလက္ဝၿမိဳ႕ေပၚက ဒုကၡသည္စခန္းေတြကို သြားေရာက္ႏိုင္ေရးက မလြယ္ဘူးလို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္ က ေျပာပါတယ္။

“ေဆြးေႏြးခ်က္ကေတာ့ ၾကားပါတယ္။IDP camp ေတြဘက္ကို ေလာေလာဆယ္ နယ္ေျမ အေနအထားအရ သြားတာ၊ လာတာေတာ့ မလုပ္ႏိုင္ေသးပါဘူး။ မင္းတပ္၊ မတူပီ၊ ဆမီး အဲ့လိုေတာ့ သြားလို႔ရတယ္။ ပလက္ဝ ဘက္ကိုေတာ့ အခုမွ တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းၿပီးေတာ့ ဒီရက္ပိုင္းအတြင္းမွာကို ေတာ္ေတာ္ နယ္ေျမက ရွင္းလင္းလို႔ရတယ္။ ၿမိဳ႕ထဲနဲ႔ ၿမိဳ႕ထဲတဝိုက္ကေတာ့ လုံၿခဳံမႈ မရွိေသးပါဘူး။”

လူကယ္ျပန္ဝန္ႀကီးဌာနက IDP စခန္းေတြမွာ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ စီမံခ်က္ခ် ေဆာင္႐ြက္ေနၿပီး ဧၿပီလ ေနာက္ဆုံးအပတ္မွာ ထုတ္ျပန္တဲ့စာမွာေတာ့ စခန္းအတြင္း ေနထိုင္သူ ေတြ အျပင္မထြက္ဖို႔၊ မျဖစ္မေန အျပင္ထြက္မယ္ဆိုရင္ စာရင္းေရးသြင္းဖို႔နဲ႔ အပူခ်ိန္တိုင္းဖို႔ ေျပာထားပါတယ္။


စခန္းေတြအတြင္း ျပင္ပဧည့္ဝင္ေရာက္မႈကိုလည္း တားျမစ္ထားပါတယ္။ စခန္းအတြင္း ေနထိုင္သူေတြအေနနဲ႔ အဝတ္နဲ႔ခ်ဳပ္ထားတဲ့ ႏွာေခါင္းစည္းကို အၿမဲ တပ္ဆင္ထားဖို႔နဲ႔ အသက္ႀကီး သူေတြနဲ႔ နာတာရွည္ေရာဂါရွိသူေတြ ဗိုင္းရပ္စ္ကူးစက္ခံရမႈ မရွိေအာင္ အထူးသတိျပဳ ေနထိုင္ဖို႔ကိုလည္း သတိေပး ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ တိုက္ပြဲေတြ ၿငိမ္ေနတာေၾကာင့္ ဒုကၡသည္စခန္းေတြ ပိတ္သိမ္းထားလို႔ ခြဲတမ္းရတဲ့ အသုံးစရိတ္နဲ႔ ေဒသခံေတြကို ႏွာေခါင္းစည္းေတြ ေဈးေပါေပါနဲ႔ ေပးတာမ်ိဳးေတြ လုပ္ေဆာင္ဖို႔ တိုက္တြန္းတယ္လို႔ ဇီဝိတလူမႈကူညီေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။

“ရွမ္းေျမာက္ဘက္မွာေတာ့ IDP စခန္းေတြ မရွိေတာ့ဘူး။ တိုက္ပြဲေတြ မျဖစ္တာလည္း နည္းနည္းေလး ၾကာေနၿပီေပါ့။ ေျပာမယ္ဆိုရင္ လိုအပ္ခ်က္ေတြ အမ်ားႀကီး သံသယလူနာ၊ ျပည္ေတာ္ျပန္ေတြ Quarantine ဝင္ဖို႔အတြက္ Carry  လုပ္ရတဲ့အခါမွာ PPE က ေတာ္ေတာ္ကုန္တယ္။ Mask ကိုလည္း ဝန္ႀကီးဌာနေတြက အင္မတန္ေပါတဲ့ ေဈးႏႈန္းနဲ႔ ဝယ္လို႔ရေအာင္ ခ်ေပးႏိုင္မယ္ဆိုရင္လည္း ေကာင္းပါတယ္ခင္ဗ်။”

လတ္တေလာ တိုက္ပြဲေတြ ရွိေနတဲ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝမွာဆိုရင္  ဒုကၡသည္စခန္းေတြကို အသိပညာေပးလုပ္ငန္းေတြ သြားေရာက္လုပ္ကိုင္ဖို႔ လုံၿခဳံေရးအေျခအေနအရ လမ္းပန္းဆက္သြယ္ေရးေတြ ခက္ခဲေနပါတယ္။

အစိုးရက ခ်ထားေပးတဲ့ ေငြနဲ႔ေဆာင္႐ြက္မယ့္ လုပ္ငန္းစဥ္ေတြ ျပည္နယ္အသီးသီးက ဒုကၡသည္စခန္းေတြကို အျမန္ဆုံးေရာက္ရွိႏိုင္ေရးနဲ႔ ထိေရာက္တဲ့ အစီအမံေတြျဖစ္ေရး လိုတယ္လို႔ စစ္ေဘးဒုကၡသည္အေရး ကူညီေဆာင္႐ြက္ေပးသူေတြက တိုက္တြန္းၾကပါတယ္။

ေဝမာထြန္း / RFA Burmese
-----------------------------------------
(Unicode)⤵⤵⤵
ဒုက္ခသည်စခန်း ၁၇၀ ကျော်မှာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အစိုးရ ပြင်ဆင်

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ် ငါးခုက ဒုက္ခသည်စခန်း ၁၇၀ ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် အသိပညာပေးရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ငွေကျပ် ၂ ဒဿမ ၄ ဘီလီယံ သုံးစွဲဖို့ စီစဉ်ထားပါတယ်။

ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်နဲ့ ချင်း ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အစိုးရက ကနဦး ကျပ် ၂.၄ ဘီလီယံ ချထားပေးတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက RFA ကိုပြောပါတယ်။

ဗိုင်းရပ်စ်ပိုးအန္တရာယ် ကာကွယ်ဖို့ လက်မကြာခဏ ဆေးဖို့ လိုအပ်တာကြောင့် ဒီငွေတွေနဲ့ ရေအခက်အခဲရှိနေတဲ့ စခန်းတွေမှာ ရေရှိရေးကို အထူး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

“စီမံချက်ထဲမှာ ရေက အရေးကြီးဆုံးပဲ ဒီကိစ္စက လက်ဆေးရမှာလေ။ တကိုယ်ရေ သန့်ရှင်းရေး အရေးကြီးတယ်။ အဲဒါကြောင့် ရေရရှိရေးကို ဒီစီမံချက်ထဲမှာ အဓိကပါတယ်။ အကောင်အထည် စဖော်နေပြီ ရေအတွက် လုပ်နေပါတယ်။ နောက်ပြီးတော့ သတင်းစကားအတွက်လည်း Hand Speaker တွေနဲ့ ရအောင် လိုက်အော်နေတယ်။”

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာဆိုရင် ရေရှားပါးနေလို့ လက်မကြာခဏဆေးဖို့ ခက်ခဲနေတာကြောင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှာကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

အစိုးရချပေးတဲ့ ငွေနဲ့ ဒုက္ခသည်စခန်းမှာ လက်ဆေးစင်တွေတပ်တာ၊ ဆပ်ပြာ၊ လက်သန့် ဆေးရည်နဲ့ နှာခေါင်းစည်းတွေ ဖြန့်ဝေတာတွေ စီစဉ်ထားတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး အစီအစဉ်တွေကို ဒေသခံတွေ လွယ်လင့်တကူ ကြည့်ရှု နားဆင်နိုင်အောင် တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေ ဖြစ်တဲ့ ရခိုင်နဲ့ချင်းပြည်နယ်က မြို့နယ် ၁၀ ခုမှာ အင်တာနက် ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေသူတွေရှိနေပါတယ်။  ဒါပေမဲ့လို့ အစိုးရက   တစုံတရာ တုံ့ပြန်ပြောတာမရှိသေးပါဘူး။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးရေးအတွက် သတင်းစကားတွေကို အသံချဲ့စက်နဲ့ လိုက်လံ အသိပေးတာ၊ ဆက်သွယ်ရေး ကုမ္ပဏီတွေကနေ တဆင့် ဖုန်းသုံးစွဲသူတွေထံ လိုက်နာရမယ့် အကြောင်းအရာတွေကို စာတိုပို့တာတွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ဒီနည်းလမ်းတွေက အင်တာနက် ပြန်ဖွင့်ပေးတာလောက် ထိရောက်မှာ မဟုတ်ဘူးလို့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“စာများများရိုက်လို့ ရတာလည်း မဟုတ်ဘူး။ ဆန့်တာလည်း မဟုတ်ဘူး။ အင်တာနက်နဲ့ ဆိုတော့ လူတိုင်းဆီကို ရောက်တယ်လေ။ အင်တာနက်က အထိရောက်ဆုံးပဲ။ အစိုးရက ကူညီထောက်ပံ့မှုတွေ မပြောနဲ့ အရပ်သား အချင်းချင်းတောင် တချို့နေရာတွေ သွားလို့ လာလို့မရဘူး။”

အစိုးရက သုံးစွဲမယ့် ၂.၄ ဘီလီယံဟာ အမေရိကန်ဒေါ်လာ ၁၇ သိန်းနီးပါး ရှိပါတယ်။

ဒီငွေဟာ ဒုက္ခသည်စခန်းတွေကို အသိပညာပေးရေးနဲ့ ရေရရှိရေးအပါအဝင် ကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ ပမာဏ မဟုတ်ဘူးလို့ ဦးခင်မောင်လတ်က ထောက်ပြပါတယ်။

အသုံးစရိတ် ချထားပေးတယ်ဆိုတဲ့ သတင်းစကားတွေ ကြားရပေမယ့် ပလက်ဝမြို့ပေါ်က ဒုက္ခသည်စခန်းတွေကို သွားရောက်နိုင်ရေးက မလွယ်ဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

“ဆွေးနွေးချက်ကတော့ ကြားပါတယ်။IDP camp တွေဘက်ကို လောလောဆယ် နယ်မြေ အနေအထားအရ သွားတာ၊ လာတာတော့ မလုပ်နိုင်သေးပါဘူး။ မင်းတပ်၊ မတူပီ၊ ဆမီး အဲ့လိုတော့ သွားလို့ရတယ်။ ပလက်ဝ ဘက်ကိုတော့ အခုမှ တပ်မတော်ဘက်က နယ်မြေရှင်းလင်းပြီးတော့ ဒီရက်ပိုင်းအတွင်းမှာကို တော်တော် နယ်မြေက ရှင်းလင်းလို့ရတယ်။ မြို့ထဲနဲ့ မြို့ထဲတဝိုက်ကတော့ လုံခြုံမှု မရှိသေးပါဘူး။”

လူကယ်ပြန်ဝန်ကြီးဌာနက IDP စခန်းတွေမှာ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စီမံချက်ချ ဆောင်ရွက်နေပြီး ဧပြီလ နောက်ဆုံးအပတ်မှာ ထုတ်ပြန်တဲ့စာမှာတော့ စခန်းအတွင်း နေထိုင်သူ တွေ အပြင်မထွက်ဖို့၊ မဖြစ်မနေ အပြင်ထွက်မယ်ဆိုရင် စာရင်းရေးသွင်းဖို့နဲ့ အပူချိန်တိုင်းဖို့ ပြောထားပါတယ်။


စခန်းတွေအတွင်း ပြင်ပဧည့်ဝင်ရောက်မှုကိုလည်း တားမြစ်ထားပါတယ်။ စခန်းအတွင်း နေထိုင်သူတွေအနေနဲ့ အဝတ်နဲ့ချုပ်ထားတဲ့ နှာခေါင်းစည်းကို အမြဲ တပ်ဆင်ထားဖို့နဲ့ အသက်ကြီး သူတွေနဲ့ နာတာရှည်ရောဂါရှိသူတွေ ဗိုင်းရပ်စ်ကူးစက်ခံရမှု မရှိအောင် အထူးသတိပြု နေထိုင်ဖို့ကိုလည်း သတိပေး ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်နေတာကြောင့် ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းထားလို့ ခွဲတမ်းရတဲ့ အသုံးစရိတ်နဲ့ ဒေသခံတွေကို နှာခေါင်းစည်းတွေ ဈေးပေါပေါနဲ့ ပေးတာမျိုးတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

“ရှမ်းမြောက်ဘက်မှာတော့ IDP စခန်းတွေ မရှိတော့ဘူး။ တိုက်ပွဲတွေ မဖြစ်တာလည်း နည်းနည်းလေး ကြာနေပြီပေါ့။ ပြောမယ်ဆိုရင် လိုအပ်ချက်တွေ အများကြီး သံသယလူနာ၊ ပြည်တော်ပြန်တွေ Quarantine ဝင်ဖို့အတွက် Carry  လုပ်ရတဲ့အခါမှာ PPE က တော်တော်ကုန်တယ်။ Mask ကိုလည်း ဝန်ကြီးဌာနတွေက အင်မတန်ပေါတဲ့ ဈေးနှုန်းနဲ့ ဝယ်လို့ရအောင် ချပေးနိုင်မယ်ဆိုရင်လည်း ကောင်းပါတယ်ခင်ဗျ။”

လတ်တလော တိုက်ပွဲတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမှာဆိုရင်  ဒုက္ခသည်စခန်းတွေကို အသိပညာပေးလုပ်ငန်းတွေ သွားရောက်လုပ်ကိုင်ဖို့ လုံခြုံရေးအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပါတယ်။

အစိုးရက ချထားပေးတဲ့ ငွေနဲ့ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ပြည်နယ်အသီးသီးက ဒုက္ခသည်စခန်းတွေကို အမြန်ဆုံးရောက်ရှိနိုင်ရေးနဲ့ ထိရောက်တဲ့ အစီအမံတွေဖြစ်ရေး လိုတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးသူတွေက တိုက်တွန်းကြပါတယ်။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/news/covid-19-donate-refugees-camps-04282020035346.html
ဒုကၡသည္စခန္း ၁၇၀ ေက်ာ္မွာ ဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ အစိုးရ ျပင္ဆင္ ဒုကၡသည္စခန္း ၁၇၀ ေက်ာ္မွာ ဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ အစိုးရ ျပင္ဆင္ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.