တ႐ုတ္နယ္စပ္ လိုင္ဇာ၊ ဝ၊ မိုင္းလားေဒသေတြမွာ COVID-19 ကူးစက္တာ မရွိ

ဝေဒသၿငိမ္းခ်မ္းေရး ႏွစ္ (၃၀) ျပည့္အခမ္းအနား သတင္းဓာတ္ပံုမ်ား။ (မွတ္တမ္းဓာတ္ပံု - ခ်ယ္ရီေျမ-ရွမ္းေျမာက္)

(Zawgyi/Unicode)

တရုတ္ျမန္မာနယ္စပ္ေဒသက တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ထိန္းခ်ဳပ္ထားတဲ့ လိုင္ဇာ၊ ၀နဲ႔ မုိင္းလားေဒသေတြမွာ လက္ရိွအခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ (COVID-19) ကူးစက္တာ မရိွေၾကာင္း တာ၀န္ရိွသူေတြက ေျပာပါတယ္။ မုိင္းလားေဒသမွာေတာ့ ေဖေဖာ္၀ါရီလဆန္းက စတင္ပိတ္ခဲ့တဲ့ စားေသာက္ဆုိင္ေတြကို ဒီလ ၁၅ ရက္ေန႔မွာ ျပန္လည္ဖြင့္ခြင့္ေပးလုိက္ၿပီျဖစ္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

လက္ရိွ ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIO ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ လုိင္ဇာေဒသအတြင္းက အေျခအေနကို KIO ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴးၾကီးေနာ္ဘူက အခုလုိ ေျပာပါတယ္။

“ခုေလာေလာဆယ္ေတာ့ တည္တည္ၿငိမ္ၿငိမ္ျဖစ္ပါတယ္။ မသကၤာလူနာေတြလည္း က်ေနာ္တုိ႔က မသိထားဘူး။ ထူးျခားတဲ့ လကၡဏာေတြလည္း မေတြ႔ရေသးဘူး။ က်န္းမာေရးစစ္ေဆးတာေတြကေတာ့ လုပ္ပါတယ္။ အဖ်ားတုိင္းတာ၊ ဒီက်န္းမာေရးစစ္ေဆးတာေတြကေတာ့ သြားတဲ့လာတဲ့ လမ္းမွာ ဂိတ္ေတြခ်ၿပီးေတာ့မွ စစ္ေဆးတာေတြကေတာ့ က်ေနာ္တုိ႔လည္း လုပ္ပါတယ္။ လူစုလူေ၀းေတြေပါ့။ ပဲြေတြ၊ ပဲြလမ္းသဘင္ေတြ၊ စည္းေ၀းၾကီးေတြ မလုပ္ဖို႔ေတာ့ က်ေနာ္တုိ႔လည္း ေျပာထားပါတယ္။ ဆုိင္ေတြပိတ္တာ၊ ဘုရားေက်ာင္းပိတ္တာေတြကေတာ့ က်ေနာ္တုိ႔ မလုပ္ရေသးဘူး။”

UWSA ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ ပန္ဆန္းဘက္မွာလည္း ကိုရိုနာဗိုင္းရပ္စ္ (Covid-19) ကူးစက္တယ္ဆိုတဲ့ သတင္းမၾကားသိရေၾကာင္း UWSA လားရိႈးဆက္ဆံေရးရံုးတာ၀န္ခံ ဦးညီရန္းက ေျပာပါတယ္။လိုင္ဇာအနီးအနားမွာရိွတဲ့ စစ္ေရွာင္စခန္းေတြကိုလည္း က်န္းမာေရးစစ္ေဆးတာေတြ ေဆာင္ရြက္ထားသလို နယ္စပ္အ၀င္အထြက္ဂိတ္မွာလည္း စစ္ေဆးၿပီးမွ ျဖတ္သန္းခြင့္ေပးေၾကာင္း ေျပာပါတယ္။

“က်ေနာ္တို႔ ၀ျပည္နယ္ဘက္မွာ ဘာမွေတာ့ မၾကားရဘူးေပါ့။ ၿခံဳငံုၿပီးေျပာရမယ္ဆုိရင္ေတာ့ ခုခ်ိန္ထိေတာ့ ေအးေအးေဆးေဆးပါပဲ။ က်ေနာ္တုိ႔ ၀ျပည္တြင္းမွာ။ ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားကတည္းက က်ေနာ္တို႔က တခ်ိန္တည္း တၿပိဳင္တည္းမွာပဲ က်ေနာ္တုိ႔ ၀ျပည္အတြင္းမွာ လူစုရံုးေနႏိုင္တဲ့ေနရာေတြနဲ႔ ေရွာင္ၾကဥ္ၾကဖို႔ ရယ္။ ပဲြလမ္းသဘင္မွန္သမွ် မလုပ္ဖုိ႔ရယ္။ တကိုယ္ေရ သန္႔ရွင္းစသည္ျဖင့္ေပါ့ေနာ္။ ဒါၿပီးရင္ ေတာရိုင္းတိရိစၦာန္ေတြ ေရာင္း၀ယ္ေဖာက္ကား စားသံုးမႈေတြ မျပဳလုပ္ဖုိ႔ေပါ့ေနာ္။ စသည္ျဖင့္ စသည္ျဖင့္ အခ်က္အလက္ေတြ က်ေနာ္တုိ႔က အသိေပး ေၾကာ္ညာတာေတြလည္း လုပ္ခဲ့တယ္ေလေနာ္။ ”

နယ္စပ္အ၀င္အထြက္ဂိတ္ေတြမွာ က်န္းမာေရးစစ္ေဆးတာေတြကို တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ခဲ့ေၾကာင္းနဲ႔ ေလာေလာဆည္မွာ ေက်ာင္းဖြင့္ရာသီျဖစ္တာေၾကာင့္ စာသင္ခန္းေတြ ေဆးဖ်န္းတာေတြ လုပ္ေဆာင္ေနေၾကာင္း ေျပာပါတယ္။

အထူးေဒသ ၄ မိုင္းလားဘက္မွာလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာမရိွသလို သံသယ လူနာလည္း မရိွေၾကာင္းက်န္းမာေရးဌာနက တာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။ ေဒသတြင္း ဥပေဒစည္းကမ္းအရ အသံနဲ႔ အမည္ကို အသံုးျပဳခြင့္ေတာ့ မေပးပါဘူး။

ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရးလုပ္ငန္းေတြကို ဇန္န၀ါရီလ ၂၆ ရက္ေန႔ စတင္ေဆာင္ရြက္ခဲ့ၿပီး ေဖေဖာ္၀ါရီလ ၅ ရက္ေန႔မွာေတာ့ ေဒသတြင္းနဲ႔ ေဒသျပင္ပ ခရီးသြားလာတာေတြ၊ လူစုေ၀းတာ၊ ပဲြလမ္းသဘင္ က်င္းပတာ ေတြကိုပိတ္ပင္ခဲ့သလို စားေသာက္ဆုိင္ေတြမွာ မိတ္ဆံုပဲြလုပ္တာ၊ ဆုိင္ထိုင္စားေသာက္တာ ေတြကိုလည္း ပိတ္ပင္ခဲ့ပါတယ္။

ေဒသတြင္းစီးပြားေရးလုပ္ငန္းေတြ ထိခိုက္ခဲ့တဲ့ေနာက္ ေဖေဖာ္၀ါရီလအတြက္ အခြန္ ပလပ္တာ၊ မတ္လအတြက္ အခြန္ေငြ ၅၀ ရာခုိင္ႏႈန္းသာ ေပးေဆာင္ရန္ကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။

ဒီလ ၁၅ ရက္ေန႔မွာေတာ့ ယာယီပိတ္ခဲ့တဲ့ စားေသာက္ဆုိင္ေတြကို ျပန္လည္ဖြင့္ခြင့္ျပဳေပမဲ့ အၾကီးစား မိတ္ဆံုပဲြမျပဳလုပ္ဖို႔နဲ႔ စားေသာက္ေနရာရဲ့ ၅၀ ရာခိုင္ႏႈန္းကိုသာ လူလက္ခံဖို႔ ကန္႔သတ္ခဲ့သလို ေတာရိုင္းတိရိစၦာန္ေရာင္း ၀ယ္တာနဲ႔ တရားမ၀င္အသားေတြကို ခ်က္ျပဳတ္ေရာင္းခ်တာ မျပဳလုပ္ဖုိ႔ကိုလည္း တားျမစ္ထားပါတယ္။ အျခားေျဖေဖ်ာ္ေရးလုပ္ငန္းေတြကိုေတာ့ ဖြင့္ခြင့္မျပဳေသးပါဘူး။

ဒီလ ၁၄ ရက္ေန႔ကေတာ့ နယ္စပ္ခ်င္းထိစပ္ေနတဲ့ တရုတ္ႏိုင္ငံ ယူနန္ျပည္နယ္မွာ ကိုရိုနာဗိုင္းရပ္ကူးစက္တဲ့ လူနာကင္းစင္ေၾကာင္း ေၾကညာခဲ့ပါတယ္။ တရုတ္ႏိုင္ငံ တႏိုင္ငံလံုးအရလည္း ကူးစက္မႈႏႈန္း က်ဆင္းလာၿပီး ေရာဂါထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေနေရာက္ေနၿပီး တရုတ္အာဏာပိုင္ေတြက ေျပာေနပါတယ္။

ေလာေလာဆည္မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ကူးစက္တ့ဲႏိုင္ငံ ၁၆၀ ေက်ာ္ရိွေၾကာင္း ကမၻာ့ က်န္းမာေရးအဖဲြ႔ WHO က ထုတ္ျပန္ထားၿပီး ျမန္မာႏိုင္ငံမွာေတာ့ ဓါတ္ခဲြအတည္ျပဳလူနာမရိွေသးေၾကာင္း ထုတ္ျပန္ထားပါတယ္။

[Unicode Version]

တရုတ်နယ်စပ် လိုင်ဇာ၊ ဝ၊ မိုင်းလားဒေသတွေမှာ COVID-19 ကူးစက်တာမရှိ

တရုတ်မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လိုင်ဇာ၊ ဝနဲ့ မိုင်းလားဒေသတွေမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်တာ မရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မိုင်းလားဒေသမှာတော့ ဖေဖော်ဝါရီလဆန်းက စတင်ပိတ်ခဲ့တဲ့ စားသောက်ဆိုင်တွေကို ဒီလ ၁၅ ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာဒေသအတွင်းက အခြေအနေကို KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ခုလောလောဆယ်တော့ တည်တည်ငြိမ်ငြိမ်ဖြစ်ပါတယ်။ မသင်္ကာလူနာတွေလည်း ကျနော်တို့က မသိထားဘူး။ ထူးခြားတဲ့ လက္ခဏာတွေလည်း မတွေ့ရသေးဘူး။ ကျန်းမာရေးစစ်ဆေးတာတွေကတော့ လုပ်ပါတယ်။ အဖျားတိုင်းတာ၊ ဒီကျန်းမာရေးစစ်ဆေးတာတွေကတော့ သွားတဲ့လာတဲ့ လမ်းမှာ ဂိတ်တွေချပြီးတော့မှ စစ်ဆေးတာတွေကတော့ ကျနော်တို့လည်း လုပ်ပါတယ်။ လူစုလူဝေးတွေပေါ့။ ပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ စည်းဝေးကြီးတွေ မလုပ်ဖို့တော့ ကျနော်တို့လည်း ပြောထားပါတယ်။ ဆိုင်တွေပိတ်တာ၊ ဘုရားကျောင်းပိတ်တာတွေကတော့ ကျနော်တို့ မလုပ်ရသေးဘူး။”

လိုင်ဇာအနီးအနားမှာရှိတဲ့ စစ်ရှောင်စခန်းတွေကိုလည်း ကျန်းမာရေးစစ်ဆေးတာတွေ ဆောင်ရွက်ထားသလို နယ်စပ်အဝင်အထွက်ဂိတ်မှာလည်း စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပေးကြောင်း ပြောပါတယ်။

UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းဘက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်တယ်ဆိုတဲ့ သတင်းမကြားသိရကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

“ကျနော်တို့ ဝပြည်နယ်ဘက်မှာ ဘာမှတော့ မကြားရဘူးပေါ့။ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ခုချိန်ထိတော့ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ ဝပြည်တွင်းမှာ။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက ကျနော်တို့က တချိန်တည်း တပြိုင်တည်းမှာပဲ ကျနော်တို့ ဝပြည်အတွင်းမှာ လူစုရုံးနေနိုင်တဲ့နေရာတွေနဲ့ ရှောင်ကြဉ်ကြဖို့ ရယ်။ ပွဲလမ်းသဘင်မှန်သမျှ မလုပ်ဖို့ရယ်။ တကိုယ်ရေ သန့်ရှင်းစသည်ဖြင့်ပေါ့နော်။ ဒါပြီးရင် တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကား စားသုံးမှုတွေ မပြုလုပ်ဖို့ပေါ့နော်။ စသည်ဖြင့် စသည်ဖြင့် အချက်အလက်တွေ ကျနော်တို့က အသိပေး ကြော်ညာတာတွေလည်း လုပ်ခဲ့တယ်လေနော်။ ”

နယ်စပ်အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ကြောင်းနဲ့ လောလောဆည်မှာ ကျောင်းဖွင့်ရာသီဖြစ်တာကြောင့် စာသင်ခန်းတွေ ဆေးဖျန်းတာတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

အထူးဒေသ ၄ မိုင်းလားဘက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာမရှိသလို သံသယ လူနာလည်း မရှိကြောင်းကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒေသတွင်း ဥပဒေစည်းကမ်းအရ အသံနဲ့ အမည်ကို အသုံးပြုခွင့်တော့ မပေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းတွေကို ဇန်နဝါရီလ ၂၆ ရက်နေ့ စတင်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ဒေသတွင်းနဲ့ ဒေသပြင်ပ ခရီးသွားလာတာတွေ၊ လူစုဝေးတာ၊ ပွဲလမ်းသဘင် ကျင်းပတာ တွေကိုပိတ်ပင်ခဲ့သလို စားသောက်ဆိုင်တွေမှာ မိတ်ဆုံပွဲလုပ်တာ၊ ဆိုင်ထိုင်စားသောက်တာ တွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့တဲ့နောက် ဖေဖော်ဝါရီလအတွက် အခွန် ပလပ်တာ၊ မတ်လအတွက် အခွန်ငွေ ၅၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလ ၁၅ ရက်နေ့မှာတော့ ယာယီပိတ်ခဲ့တဲ့ စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်ခွင့်ပြုပေမဲ့ အကြီးစား မိတ်ဆုံပွဲမပြုလုပ်ဖို့နဲ့ စားသောက်နေရာရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ လူလက်ခံဖို့ ကန့်သတ်ခဲ့သလို တောရိုင်းတိရိစ္ဆာန်ရောင်း ဝယ်တာနဲ့ တရားမဝင်အသားတွေကို ချက်ပြုတ်ရောင်းချတာ မပြုလုပ်ဖို့ကိုလည်း တားမြစ်ထားပါတယ်။ အခြားဖြေဖျော်ရေးလုပ်ငန်းတွေကိုတော့ ဖွင့်ခွင့်မပြုသေးပါဘူး။

ဒီလ ၁၄ ရက်နေ့ကတော့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်တဲ့ လူနာကင်းစင်ကြောင်း ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံ တနိုင်ငံလုံးအရလည်း ကူးစက်မှုနှုန်း ကျဆင်းလာပြီး ရောဂါထိန်းချုပ်နိုင်တဲ့အခြေအနေရောက်နေပြီး တရုတ်အာဏာပိုင်တွေက ပြောနေပါတယ်။

လောလောဆည်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့နိုင်ငံ ၁၆၀ ကျော်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံမှာတော့ ဓါတ်ခွဲအတည်ပြုလူနာမရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်

ကိုမိုးေဇာ္/VOA (Burmese)
https://burmese.voanews.com
တ႐ုတ္နယ္စပ္ လိုင္ဇာ၊ ဝ၊ မိုင္းလားေဒသေတြမွာ COVID-19 ကူးစက္တာ မရွိ တ႐ုတ္နယ္စပ္ လိုင္ဇာ၊ ဝ၊ မိုင္းလားေဒသေတြမွာ COVID-19 ကူးစက္တာ မရွိ Reviewed by THITHTOOLWIN on 00:41 Rating: 5
Powered by Blogger.