ကိုဗစ္ေၾကာင့္စာေမးပြဲေ႐ႊ႕ဆိုင္းေပးဖို႔ ေက်ာင္းသားေတြ ေတာင္းဆိုတဲ့အေပၚ တကၠသိုလ္အခ်ိဳ႕လက္ခံ

 ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ရတနာပုံတကၠသိုလ္ သမဂၢ အဖြဲ႕ဝင္ေတြလည္း မတ္ ၁၈ ရက္ေန႔မွာ စာေမးပြဲေျဖဆိုခဲ့ၾက

(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါပ်ံ႕ပြားမႈကိုစိုးရိမ္ၿပီး စာေမးပြဲေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုခဲ့တဲ့ ေက်ာင္းသားေတြရဲ႕ သေဘာထားအတိုင္း မေျဖဆိုလိုတဲ့ေက်ာင္းသားေတြကို ဇြန္လအေစာပိုင္းမွာ အစားထိုးစာေမးပြဲျပန္လည္က်င္းပေပးမယ္လို႔ ရန္ကုန္ တကၠသိုလ္အပါအဝင္ တကၠသိုလ္အခ်ိဳ႕က မတ္ ၁၈ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

' ' ကြၽန္ေတာ္တို႔က တကၠသိုလ္ဆီးနိတ္ေတြကိုပဲ ဆုံးျဖတ္ဖို႔ေျပာထားတယ္။ သူတို႔ အဆင္ေျပတဲ့ကာလမွာ ျပန္စစ္ေပးႏိုင္တဲ့ေက်ာင္းေတြကေတာ့ ေ႐ႊ႕ေပးမွာေပါ့။ တျခားတကၠသိုလ္ေတြက အခုမွ ဆီးနိတ္အစည္း အေဝးထိုင္တုံး မသိရေသးဘူး'' လို႔ အဆင့္ျမင့္ပညာ ဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာသိန္းဝင္းက မတ္ ၁၈ ရက္ မနက္၁၁ နာရီဝန္းက်င္မွာ ဘီဘီစီကိုေျပာပါတယ္။

ရန္ကုန္တကၠသိုလ္ေက်ာင္းသားေက်ာင္းသူေတြအေနနဲ႔ မတ္ ၁၈ ရက္ေန႔မွာ စတင္က်င္းပတဲ့ ပုံမွန္စာေမးပြဲ ကို ေျဖဆိုလိုတဲ့ေက်ာင္းသားေတြအေနနဲ႔ ပုံမွန္အတိုင္း ေျဖဆိုႏိုင္မွာျဖစ္ပါတယ္။
 ရန္ကုန္တကၠသိုလ္၊ပခုကၠဴတကၠသိုလ္၊ ဒဂုံတကၠသိုလ္အပါအဝင္ တကၠသိုလ္အခ်ိဳ႕က သမဂၢ ေက်ာင္းသားေတြက ကိုဗစ္ -၁၉ ေၾကာင့္ စာေမးပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆို

ပုံမွန္စာေမးပြဲကာလကို ေျဖဆိုသူေတြအေနနဲ႔ ဘာသာရပ္အားလုံးကို မပ်က္မကြက္ေျဖဆိုရမွာျဖစ္ၿပီး ပ်က္ကြက္ပါက အစားထိုးေျဖဆိုခြင့္ရမွာမဟုတ္ဘူးလို႔ ရန္ကုန္တကၠသိုလ္ရဲ႕ မတ္ ၁၈ရက္ေန႔မွာ ထုတ္ျပန္တဲ့ေၾကညာခ်က္မွာပါရွိပါတယ္။

'' WHO က ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတယ္။ လက္သန႔္ေဆးရည္တို႔ဘာတို႔ သုံးဖို႔သတ္မွတ္ ထားတာရွိတယ္။ ဒါေပမယ့္ ဒါေတြလုံလုံေလာက္ေလာက္မရွိေတာ့ ၊က်န္းမာေရးေစာင့္ေရွာက္မႈ မလုံေလာက္ေတာ့ ကြၽန္ေတာ္တို႔ကစိတ္ပူတယ္။ သမဂၢအဖြဲ႕ဝင္ေတြအားလုံးကေတာ့ ဇြန္လက်မွ စာေမးပြဲေျဖမယ္'' လို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုညီေဇာ္ကဘီဘီစီကိုေျပာပါတယ္။

ဒီကေန႔ မတ္ ၁၈ ရက္မွာက်င္းပတဲ့ စာေမးပြဲကိုေတာ့ သမဂၢအဖြဲ႕ဝင္ အားလုံးဝင္ေရာက္ေျဖဆိုခဲ့ၾကတယ္လို႔ ရတနာပုံတကၠသိုလ္ သမဂၢ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ကိုဘခ်စ္က မတ္ ၁၈ ရက္မွာ ဘီဘီစီကို ေျပာပါတယ္။

ဒဂုံတကၠသိုလ္ကေတာ့ စာေမးပြဲမေျဖဆိုလိုတဲ့ ေက်ာင္းသားေက်ာင္းသူေတြကို အစားထိုးျပန္လည္ က်င္းပေပးမယ္လို႔ မတ္ ၁၈ ရက္ေန႔ေန႔လယ္ပိုင္းမွာေတာ့ ထုတ္ျပန္ခဲ့ပါ တယ္။

ဒဂုံတကၠသိုလ္ ဆီးနိတ္အစည္းအေဝးအရ မတ္ ၁၈ ရက္ေန႔မွာ ေျဖဆိုၿပီးတဲ့ေက်ာင္းသားေက်ာင္းသူေတြ အေနနဲ႔ မေျဖဆိုလိုပါက ေနာက္ဘာသာေတြဆက္မေျဖဘဲ အစားထိုးေျဖဆိုဖို႔ စာရင္းေပးသြင္းၿပီး ေျဖဆို ႏိုင္သလို ဆက္လက္ေျဖဆိုလိုသူေတြအေနနဲ႔လည္း ပုံမွန္အတိုင္း ျပန္လည္ေျဖဆိုႏိုင္မွာျဖစ္တယ္လို႔ သိရပါ တယ္။

' ' ကြၽန္ေတာ္ဆီကို လွမ္းေျပာတဲ့ထဲမွာ ရန္ကုန္တကၠသိုလ္၊ ရန္ကုန္ပညာေရး၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ ပခုကၠဴေတြပါတယ္။ ရန္ကုန္တကၠသိုလ္မွာ ပ်က္ကြက္စာရင္းေတာင္းေတာ့ နဲနဲ ပဲရွိတယ္။ ၁၀၀ ေျဖလို႔ရွိရင္ ၁၀ ရာႏႈန္း ၁၅ ရာႏႈန္းေလာက္ပဲပ်က္ကြက္ရွိတယ္။ ေျဖလိုတဲ့သူကမ်ားတယ္။ တကၠသိုလ္ေတြက သူတို႔ အခ်ိန္ဇယားအရ အဆင္ေျပတဲ့အခ်ိန္ လြတ္တဲ့အခ်ိန္ေတြမွာ တကၠသိုလ္တစ္ခုခ်င္းစီအလိုက္ သူတို႔ ဆုံးျဖတ္ခ်က္အရ ျပန္က်င္းပေပးလိမ့္မယ္။''လို႔ အဆင့္ျမင့္ပညာဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာ သိန္းဝင္းက ဘီဘီစီကိုေျပာပါတယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ တကၠသိုလ္စာေမးပြဲေတြကို မတ္၁၈ ရက္ကေန ၂၅ရက္ေန႔အထိ က်င္းပေနတာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုဗစ်ကြောင့်စာမေးပွဲရွှေ့ဆိုင်းပေးဖို့ ကျောင်းသားတွေ တောင်းဆိုတဲ့အပေါ် တက္ကသိုလ်အချို့လက်ခံ

ဓာတ်ပုံ မူပိုင် MPA
Image caption ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရတနာပုံတက္ကသိုလ် သမဂ္ဂ အဖွဲ့ဝင်တွေလည်း မတ် ၁၈ ရက်နေ့မှာ စာမေးပွဲဖြေဆိုခဲ့ကြ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့ပွားမှုကိုစိုးရိမ်ပြီး စာမေးပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေရဲ့ သဘောထားအတိုင်း မဖြေဆိုလိုတဲ့ကျောင်းသားတွေကို ဇွန်လအစောပိုင်းမှာ အစားထိုးစာမေးပွဲပြန်လည်ကျင်းပပေးမယ်လို့ ရန်ကုန် တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့က မတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

' ' ကျွန်တော်တို့က တက္ကသိုလ်ဆီးနိတ်တွေကိုပဲ ဆုံးဖြတ်ဖို့ပြောထားတယ်။ သူတို့ အဆင်ပြေတဲ့ကာလမှာ ပြန်စစ်ပေးနိုင်တဲ့ကျောင်းတွေကတော့ ရွှေ့ပေးမှာပေါ့။ တခြားတက္ကသိုလ်တွေက အခုမှ ဆီးနိတ်အစည်း အဝေးထိုင်တုံး မသိရသေးဘူး'' လို့ အဆင့်မြင့်ပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက မတ် ၁၈ ရက် မနက်၁၁ နာရီဝန်းကျင်မှာ ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအနေနဲ့ မတ် ၁၈ ရက်နေ့မှာ စတင်ကျင်းပတဲ့ ပုံမှန်စာမေးပွဲ ကို ဖြေဆိုလိုတဲ့ကျောင်းသားတွေအနေနဲ့ ပုံမှန်အတိုင်း ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ရန်ကုန်တက္ကသိုလ်၊ပခုက္ကူတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့က သမဂ္ဂ ကျောင်းသားတွေက ကိုဗစ် -၁၉ ကြောင့် စာမေးပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆို

ပုံမှန်စာမေးပွဲကာလကို ဖြေဆိုသူတွေအနေနဲ့ ဘာသာရပ်အားလုံးကို မပျက်မကွက်ဖြေဆိုရမှာဖြစ်ပြီး ပျက်ကွက်ပါက အစားထိုးဖြေဆိုခွင့်ရမှာမဟုတ်ဘူးလို့ ရန်ကုန်တက္ကသိုလ်ရဲ့ မတ် ၁၈ရက်နေ့မှာ ထုတ်ပြန်တဲ့ကြေညာချက်မှာပါရှိပါတယ်။

'' WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတယ်။ လက်သန့်ဆေးရည်တို့ဘာတို့ သုံးဖို့သတ်မှတ် ထားတာရှိတယ်။ ဒါပေမယ့် ဒါတွေလုံလုံလောက်လောက်မရှိတော့ ၊ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တော့ ကျွန်တော်တို့ကစိတ်ပူတယ်။ သမဂ္ဂအဖွဲ့ဝင်တွေအားလုံးကတော့ ဇွန်လကျမှ စာမေးပွဲဖြေမယ်'' လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်ကဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ မတ် ၁၈ ရက်မှာကျင်းပတဲ့ စာမေးပွဲကိုတော့ သမဂ္ဂအဖွဲ့ဝင် အားလုံးဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့ ရတနာပုံတက္ကသိုလ် သမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဘချစ်က မတ် ၁၈ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

ဒဂုံတက္ကသိုလ်ကတော့ စာမေးပွဲမဖြေဆိုလိုတဲ့ ကျောင်းသားကျောင်းသူတွေကို အစားထိုးပြန်လည် ကျင်းပပေးမယ်လို့ မတ် ၁၈ ရက်နေ့နေ့လယ်ပိုင်းမှာတော့ ထုတ်ပြန်ခဲ့ပါ တယ်။

ဒဂုံတက္ကသိုလ် ဆီးနိတ်အစည်းအဝေးအရ မတ် ၁၈ ရက်နေ့မှာ ဖြေဆိုပြီးတဲ့ကျောင်းသားကျောင်းသူတွေ အနေနဲ့ မဖြေဆိုလိုပါက နောက်ဘာသာတွေဆက်မဖြေဘဲ အစားထိုးဖြေဆိုဖို့ စာရင်းပေးသွင်းပြီး ဖြေဆို နိုင်သလို ဆက်လက်ဖြေဆိုလိုသူတွေအနေနဲ့လည်း ပုံမှန်အတိုင်း ပြန်လည်ဖြေဆိုနိုင်မှာဖြစ်တယ်လို့ သိရပါ တယ်။

' ' ကျွန်တော်ဆီကို လှမ်းပြောတဲ့ထဲမှာ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပခုက္ကူတွေပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပျက်ကွက်စာရင်းတောင်းတော့ နဲနဲ ပဲရှိတယ်။ ၁၀၀ ဖြေလို့ရှိရင် ၁၀ ရာနှုန်း ၁၅ ရာနှုန်းလောက်ပဲပျက်ကွက်ရှိတယ်။ ဖြေလိုတဲ့သူကများတယ်။ တက္ကသိုလ်တွေက သူတို့ အချိန်ဇယားအရ အဆင်ပြေတဲ့အချိန် လွတ်တဲ့အချိန်တွေမှာ တက္ကသိုလ်တစ်ခုချင်းစီအလိုက် သူတို့ ဆုံးဖြတ်ချက်အရ ပြန်ကျင်းပပေးလိမ့်မယ်။''လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဒေါက်တာ သိန်းဝင်းက ဘီဘီစီကိုပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်စာမေးပွဲတွေကို မတ်၁၈ ရက်ကနေ ၂၅ရက်နေ့အထိ ကျင်းပနေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကိုဗစ္ေၾကာင့္စာေမးပြဲေ႐ႊ႕ဆိုင္းေပးဖို႔ ေက်ာင္းသားေတြ ေတာင္းဆိုတဲ့အေပၚ တကၠသိုလ္အခ်ိဳ႕လက္ခံ ကိုဗစ္ေၾကာင့္စာေမးပြဲေ႐ႊ႕ဆိုင္းေပးဖို႔ ေက်ာင္းသားေတြ ေတာင္းဆိုတဲ့အေပၚ တကၠသိုလ္အခ်ိဳ႕လက္ခံ Reviewed by THITHTOOLWIN on 00:45 Rating: 5
Powered by Blogger.