ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၂ ဦး ထပ္မံေတြ႔ရွိ

ရန္ကုန္ၿမိဳ႕ ေဈးဝယ္စင္တာတခု အဝင္တြင္ ကုိယ္ပူခ်ိန္တုိင္း စစ္ေဆးခံေနသည့္ အမ်ဳိးသမီးတဦး။ (မတ္ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ရန္ကုန္တိုင္းအတြင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံလူနာ ၂ ဦး ထပ္မံေတြ႔ရွိရေၾကာင္း တနဂၤေႏြေန႔ညမွာပဲ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက ေၾကညာထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံတြင္း COVID-19 အတည္ျပဳလူနာ ၁၀ ဦးရွိသြားၿပီ ျဖစ္ပါတယ္။

အခု ထပ္မံအတည္ျပဳထားတဲ့ လူနာေတြကေတာ့ ရန္ကုန္တုိင္း မဂၤလာဒံုၿမိဳ႕နယ္ ပုလဲၿမိဳ႕သစ္က အသက္ ၄၄ ႏွစ္ အရြယ္ အမ်ိဳးသားျဖစ္ၿပီး ထိုင္းႏုိင္ငံကေန ျမန္မာဘက္ျခမ္း ျမ၀တီၿမိဳ႕ကိုျဖတ္ၿပီး ရန္ကုန္ကို ျပန္ေရာက္လာသူ ျဖစ္ေၾကာင္း၊ လက္ရွိမွာ ပုလဲၿမိဳ႕သစ္ေဆး႐ုံမွာ ရွိေနၿပီး သူ႔ကို ေ၀ဘာဂီ အထူးကုေဆး႐ုံကို လႊဲေျပာင္းမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

    COVID-19 ေၾကာင့္ ႏုိင္ငံျခားသားေတြ ျမန္မာျပည္၀င္ခြင့္ ယာယီပိတ္ သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ဒုတိယေျမာက္ အတည္ျပဳလူနာကေတာ့ အသက္ ၄၅ ႏွစ္အရြယ္ ရန္ကုန္တိုင္း မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ၿပီး သူကေတာ့ COVID-19 အတည္ျပဳလူနာနဲ႔ အနီးကပ္ ထိေတြ႔ခဲ့သူျဖစ္လို႔ ေ၀ဘာဂီေဆး႐ုံမွာ သီးျခားထားရွိ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ သူ႔ကိုလည္း ေ၀ဘာဂီေဆး႐ုံမွာ ဆက္လက္ကုသမႈ ေပးသြားမွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ထပ္မံေတြ႔တဲ့ အတည္ျပဳလူနာ ၂ ဦးရဲ႕ က်န္းမာေရး အေျခအေနက ေကာင္းမြန္ေနတယ္လို႔လည္း အစိုးရ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အရင္ေတြ႔ထားတဲ့ လူနာ ၈ ဦးမွာလည္း ၇ ဦးကေတာ့ က်န္းမာေရး တိုးတက္မႈ ရွိတယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။

-----------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၂ ဦး ထပ်မံတွေ့ရှိ

ရန်ကုန်တိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၂ ဦး ထပ်မံတွေ့ရှိရကြောင်း တနင်္ဂနွေနေ့ညမှာပဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်း COVID-19 အတည်ပြုလူနာ ၁၀ ဦးရှိသွားပြီ ဖြစ်ပါတယ်။

အခု ထပ်မံအတည်ပြုထားတဲ့ လူနာတွေကတော့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်က အသက် ၄၄ နှစ် အရွယ် အမျိုးသားဖြစ်ပြီး ထိုင်းနိုင်ငံကနေ မြန်မာဘက်ခြမ်း မြဝတီမြို့ကိုဖြတ်ပြီး ရန်ကုန်ကို ပြန်ရောက်လာသူ ဖြစ်ကြောင်း၊ လက်ရှိမှာ ပုလဲမြို့သစ်ဆေးရုံမှာ ရှိနေပြီး သူ့ကို ဝေဘာဂီ အထူးကုဆေးရုံကို လွှဲပြောင်းမယ်လို့လည်း ဖော်ပြထားပါတယ်။

    COVID-19 ကြောင့် နိုင်ငံခြားသားတွေ မြန်မာပြည်ဝင်ခွင့် ယာယီပိတ် သတင်း ဖတ်ရှုနိုင်ပါတယ်။

ဒုတိယမြောက် အတည်ပြုလူနာကတော့ အသက် ၄၅ နှစ်အရွယ် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး သူကတော့ COVID-19 အတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့ခဲ့သူဖြစ်လို့ ဝေဘာဂီဆေးရုံမှာ သီးခြားထားရှိ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ သူ့ကိုလည်း ဝေဘာဂီဆေးရုံမှာ ဆက်လက်ကုသမှု ပေးသွားမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ထပ်မံတွေ့တဲ့ အတည်ပြုလူနာ ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်နေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရင်တွေ့ထားတဲ့ လူနာ ၈ ဦးမှာလည်း ၇ ဦးကတော့ ကျန်းမာရေး တိုးတက်မှု ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၂ ဦး ထပ္မံေတြ႔ရွိ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၂ ဦး ထပ္မံေတြ႔ရွိ Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.