ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုး ေတြ႕ရွိသူ (၂)ဦးတုိး၊ လူနာ အေရအတြက္ (၁၀)ဦးအထိ ရွိလာ


(Zawgyi)⤵⤵⤵

COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၂၉-၃-၂၀၂၀) ရက္ေန႔၊ ည (၁၀:၃၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၂၉-၃-၂၀၂၀) ရက္ေန႔၊ ည (၉:၀၀) နာရီ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံတြင္ အသြားအလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ လူနာ (၈၂)ဦး၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာ လူနာ (၂) ဦး၏ ဓာတ္ခြဲအေျဖ မ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာ (၈၀) ဦး၏ ဓာတ္ခြဲအေျဖမ်ား တြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၂။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-09) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲၿမိဳ႕သစ္တြင္ ေနထိုင္ေသာ အသက္ (၄၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္ၿပီး (၂၃-၃-၂၀၂၀) ရက္ေန႔တြင္ ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျမဝတီၿမိဳ႕မွတစ္ဆင့္ ဝင္ေရာက္ခဲ့ကာ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ မဂၤလာဒုံၿမိဳ႕နယ္သို႔ ေရာက္ရွိခဲ့ပါသည္။ ထိုသူမွာ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ပင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ျပည္သူ႔ေဆး႐ုံ၊ ပုလဲၿမိဳ႕သစ္၌ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ေစာင့္ၾကည့္လူနာအျဖစ္ ေဆးကုသမႈခံယူကာ ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ ေဆးခဲ့ျခင္းျဖစ္ပါသည္။ အဆိုပါလူနာအား ေဝဘာဂီအထူးကုေဆး႐ုံသို႔ လႊဲေျပာင္းကုသမႈ ခံယူေစမည္ျဖစ္ပါသည္။

၃။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-10) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၄၅) ႏွစ္ အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္ၿပီး COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (Case-05) ႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ရာဇဝင္ရွိသည့္အတြက္ (၂၈-၃-၂၀၂၀) ရက္ေန႔တြင္ ေဝဘာဂီအထူးကုေဆး႐ုံ၌ အသြားအလာကန္႔သတ္ျခင္း (Hospital Quarantine) ေဆာင္႐ြက္ထားရွိၿပီး ၎ထံမွဓာတ္ခြဲနမူနာရယူၿပီး ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ပါ သည္။ အဆိုပါလူနာအား ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ သီးျခားထားရွိ၍ ေဆးကုသမႈ ဆက္လက္ေပးသြားမည္ျဖစ္ပါသည္။

၄။ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာ (၂) ဦး၏ လတ္တေလာက်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၅။ ယခုအခါ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာ သျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာတားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါ သည္။ ျပည္သူလူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ရန္ ႏႈိးေဆာ္အပ္ပါသည္။
-----------------------------------------
မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိသူ (၂)ဦးတိုး၊ လူနာ အရေအတွက် (၁၀)ဦးအထိ ရှိလာ
(Unicode)⤵⤵⤵

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၈၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၈၀) ဦး၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-09) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၃-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုသူမှာ (၂၆-၃-၂၀၂၀) ရက်နေ့တွင်ပင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-10) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါ သည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည်ဖြစ်ပါသည်။

၄။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (၂) ဦး၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/qa
ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုး ေတြ႕ရွိသူ (၂)ဦးတုိး၊ လူနာ အေရအတြက္ (၁၀)ဦးအထိ ရွိလာ ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုး ေတြ႕ရွိသူ (၂)ဦးတုိး၊ လူနာ အေရအတြက္ (၁၀)ဦးအထိ ရွိလာ Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.