
(Zawgyi)⤵⤵⤵



(Xinhua)
-------------
(Unicode)⤵⤵⤵
ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ နှစ်ဦး ထပ်မံ အတည်ပြု ၊ စုစုပေါင်း လူနာ ၃၅ ဦးထိ ရှိလာ

ကမ္ဘောဒီးယားနိုင်ငံ၌ ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော ခရီးသည်များအား ကိုယ်ပူချိန် စစ်ဆေးနေမှုကို တွေ့ရစဉ်(ဆင်ဟွာ)

    ဖနွမ်းပင် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

    ကမ္ဘောဒီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား နှစ်ဦးတွင် COVID-19 ရောဂါ ဖြစ်ပွားနေကြောင်း ယနေ့ မတ် ၁၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံ အတွင်း ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

“ဓာတ်ခွဲခန်း စစ်ဆေးတဲ့ ရလဒ်တွေ အရ မလေးရှား နိုင်ငံသား နှစ်ယောက်မှာ COVID-19 ရောဂါ ဖြစ်ပွား နေပြီးတော့ နိုင်ငံအတွင်းမှာ ရောဂါ အတည်ပြု ဖြစ်ပွားသူ စုစုပေါင်း အရေအတွက်က ဒီနေ့ မနက်ပိုင်း အထိ ၃၅ ဦး ရှိလာခဲ့ပါတယ်။”ဟု နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Or Vandine က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အဆိုပါ ထပ်တိုး လူနာနှစ်ဦးမှာ မလေးရှား နိုင်ငံမှ ကမ္ဘောဒီးယား နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံ အတွင်း ရောဂါ ဖြစ်ပွားသူ ၃၅ ဦးတွင် တရုတ်လူမျိုး တစ်ဦး ၊ ဗြိတိန် နိုင်ငံသား သုံးဦး ၊ မလေးရှားလူမျိုး ငါးဦး ၊ ပြင်သစ် နိုင်ငံသား နှစ်ဦး ၊ ကနေဒါ အမျိုးသား တစ်ဦး ၊ ဘယ်လ်ဂျီယံ အမျိုးသား တစ်ဦး ၊ ကမ္ဘောဒီးယား အမျိုးသား ၂၂ ဦးတို့ အသီးသီး ပါဝင်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ နှစ်ဦး ထပ်မံ အတည်ပြု ၊ စုစုပေါင်း လူနာ ၃၅ ဦးထိ ရှိလာ ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ နှစ်ဦး ထပ်မံ အတည်ပြု ၊ စုစုပေါင်း လူနာ ၃၅ ဦးထိ ရှိလာ Reviewed by THITHTOOLWIN on 01:18 Rating: 5
Powered by Blogger.