ဗိုင္းရပ္ေၾကာင့္ တကမာၻလုံး ပိတ္ဆို႔ႏိုင္သလား

နယ္စပ္ျဖတ္ဝင္သူေတြကို စစ္ေဆး
(Zawgyi)⤵⤵⤵
ကမာၻတလႊား ဗိုင္းရပ္ပိုး ကူးစက္ခံရသူ ႏွစ္သိန္းေက်ာ္သြားခ်ိန္မွာပဲ ဥေရာပ ႏိုင္ငံေတြမွာ ဗိုင္းရပ္တိုက္ဖ်က္ေရးအတြက္ တႏိုင္ငံလုံး ပိတ္တာေတြ လုပ္ေနရာမွာ ဘယ္လ္ဂ်ီယံ ပါလာၿပီ ျဖစ္ပါတယ္။

အလုပ္နဲ႔ မရွိမျဖစ္ ေစ်းဝယ္တာ၊ ေခြးေက်ာင္းတာ အပါအဝင္ အားကစား လုပ္တာေတြအတြက္ပဲ အျပင္ထြက္ခြင့္ေပးေတာ့မွာ ျဖစ္ပါတယ္။

စပိန္မွာလည္း ဒီလို အျပင္ထြက္ခြင့္ ခ်ိဳးေဖာက္လို႔ မဒရစ္တၿမိဳ႕ထဲမွာတင္ လူ ၈ဝဝ ေလာက္ ဒဏ္တပ္ခံခဲ့ရပါတယ္။

ျပင္သစ္ အေရွ႕ပိုင္းမွာေတာ့ အသည္းအသန္ ျဖစ္ေနတဲ့ လူနာေတြကို စစ္တပ္က စစ္ေဆး႐ုံကို စေ႐ႊ႕ေပးေနပါတယ္။

အီးယူႏိုင္ငံေတြအၾကား လြတ္လပ္စြာ သြားလာခြင့္ မရွိသေလာက္ ျဖစ္ေနၿပီး ဂ်ာမနီနဲ႔ ပိုလန္၊ ၾသစႀတီးယားနဲ႔ ဟန္ေဂရီ ႏိုင္ငံေတြၾကားမွာ ကားတန္းရွည္ႀကီး ျဖစ္ေနတာကို ေတြ႕ရပါတယ္။

ၿဗိတိန္က စိုက္ပ်ိဳးေရးနဲ႔ အစားအစာ လုံၿခဳံမႈဆိုင္ရာ ပါေမာကၡ လူဝီးစ္ မန္းနင္းကေတာ့ ဥေရာပ တခ်ိဳ႕ႏိုင္ငံေတြ မွာ သီးႏွံလုံေလာက္ေအာင္ စိုက္ပ်ိဳးတာ သိပ္နည္းလို႔ ဒီလို အၾကာႀကီး ပိတ္ဆို႔ေနရင္ ဒုကၡေရာက္ကုန္မယ္လို႔ ဆိုပါတယ္။

ဗိုင္းရပ္ေၾကာင့္ သန္႔ရွင္းေရး လုပ္ေနရတဲ့ ဘန္ေကာက္

အာရွတလႊား ကို႐ိုနာ ဗိုင္းရပ္တိုက္ဖ်က္ေရးအတြက္ ႀကိဳးစားေနၾကရာမွာ ဗိုင္းရပ္ကို ေၾကာက္လို႔ ဥေရာပနဲ႔ အေမရိကန္ကလူေတြ ေရာက္လာမွာကို က်န္းမာေရး ဝန္ထမ္းေတြက ပူပန္ေနၾကပါတယ္။

တိုင္ဝမ္မွာ ေရာဂါကူးစက္ခံရသူ အေရအတြက္ တိုးလာတဲ့အတြက္ ႏိုင္ငံျခားသားေတြကို ဝင္ခြင့္ပိတ္ေတာ့မွာ ျဖစ္သလို ေတာင္ကိုရီးယားနဲ႔ ဖိလစ္ပိုင္မွာလည္း အသစ္ဝင္လာတဲ့သူေတြကို သီးျခားခြဲထားမွာ ျဖစ္ပါတယ္။

မေလးရွားမွာေတာ့ နယ္စပ္ေတြ ပိတ္ထားဖို႔ ျပည္တြင္းသြားလာမႈေတြကို ကန္႔သတ္ခဲ့ပါတယ္။

နီေပါမွာလည္း ဥေရာပတိုက္သားေတြအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ခရီးသြားေတြကို ဝင္ခြင့္ တားျမစ္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ပါကစၥတန္မွာေတာ့ ဝင္လာတဲ့ ႏိုင္ငံတကာ ေလယာဥ္ခရီးသည္တိုင္း ကို႐ိုနာဗိုင္းရပ္ ကင္းရွင္းေၾကာင္း လက္မွတ္ ျပႏိုင္မွ ႏိုင္ငံထဲ ဝင္ခြင့္ျပဳမွာ ျဖစ္ပါတယ္။

အိႏၵိယမွာေတာ့ အတည္ျပဳႏိုင္တဲ့ ေရာဂါရွင္ အေရအတြက္ နည္းေသးေပမယ့္ စစ္ႏိုင္တဲ့ အင္မား နည္းပါးလို႔ မေတြ႕တာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။

လက္ေဆးဆပ္ျပာရည္ အေရာင္းသြက္ေန

အိႏၵိယႏိုင္ငံ ေတာင္ပိုင္းမွာ လက္ေဆးဆပ္ျပာရည္ အတု ပုလင္း ႏွစ္ေသာင္းခြဲကို ရဲက စက္႐ုံကေန ဖမ္းမိခဲ့ပါတယ္။

ဟိုင္ျဒာဘတ္ ၿမိဳ႕စြန္မွာ ရွိတဲ့ ကုမၸဏီတခုက ဒီလိုပုလင္း တသိန္းေက်ာ္ကို ေဒသထဲမွာ ျဖန္႔ခဲ့ၿပီး ျဖစ္တယ္လို႔လည္း အာဏာပိုင္ေတြက ဆိုပါတယ္။

ကို႐ိုနာ ဗိုင္းရပ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ မ်ားေနလို႔ လက္ေဆးဆပ္ျပာရည္နဲ႔ မ်က္ႏွာဖုံးေတြ ဒီသီတင္းပတ္ေတြအတြင္းမွာ အေရာင္းသြက္ခဲ့ပါတယ္။

အီရန္မွာ ဗိုင္းရပ္ကို မထိန္းႏိုင္ေသး
အီရန္မွာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေသသူ တရက္ထဲမွာ ၁၄၇ ေယာက္ ရွိသြားၿပီလို႔ အာဏာပိုင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။ ဒါဟာ တရက္ထဲ ေသသူအမ်ားဆုံး စံခ်ိန္တင္တာလည္း ျဖစ္ပါတယ္။

အဲဒီမွာ စုစုေပါင္း ေသဆုံးသူ ၁၁၃ဝ ေက်ာ္သြားၿပီလို႔လည္း ဆိုပါတယ္။

ဒါေပမဲ့ တကယ္ေသသူစာရင္းက ဒီထက္မ်ားႏိုင္တယ္လို႔ ယူဆေနၾကပါတယ္။

အီရန္ ႏိုင္ငံသားတခ်ိဳ႕ဟာ ေရာဂါကူးစက္ပုံနဲ႔ ပတ္သက္ၿပီး ခုထက္ထိ အေရးတယူမရွိေသးဘူးဆိုၿပီးလည္း အီရန္ က်န္းမာေရး ဝန္ႀကီး အာလီ ရဇားရား ေယစီးက ေျပာပါတယ္။ ျပည္သူေတြက ပါဝင္ကူညီ ႏွိမ္နင္းမယ္ဆိုရင္ ဗိုင္းရပ္ကို ထိန္းခ်ဳပ္လို႔ ရႏိုင္ၿပီ လို႔လည္း သူက ဆိုပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဗိုင်းရပ်ကြောင့် တကမ္ဘာလုံး ပိတ်ဆို့နိုင်သလား

 
ဓာတ်ပုံ မူပိုင် Getty Images
Image caption နယ်စပ်ဖြတ်ဝင်သူတွေကို စစ်ဆေး

ကမ္ဘာတလွှား ဗိုင်းရပ်ပိုး ကူးစက်ခံရသူ နှစ်သိန်းကျော်သွားချိန်မှာပဲ ဥရောပ နိုင်ငံတွေမှာ ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် တနိုင်ငံလုံး ပိတ်တာတွေ လုပ်နေရာမှာ ဘယ်လ်ဂျီယံ ပါလာပြီ ဖြစ်ပါတယ်။

အလုပ်နဲ့ မရှိမဖြစ် ဈေးဝယ်တာ၊ ခွေးကျောင်းတာ အပါအဝင် အားကစား လုပ်တာတွေအတွက်ပဲ အပြင်ထွက်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

စပိန်မှာလည်း ဒီလို အပြင်ထွက်ခွင့် ချိုးဖောက်လို့ မဒရစ်တမြို့ထဲမှာတင် လူ ၈ဝဝ လောက် ဒဏ်တပ်ခံခဲ့ရပါတယ်။

ပြင်သစ် အရှေ့ပိုင်းမှာတော့ အသည်းအသန် ဖြစ်နေတဲ့ လူနာတွေကို စစ်တပ်က စစ်ဆေးရုံကို စရွှေ့ပေးနေပါတယ်။

အီးယူနိုင်ငံတွေအကြား လွတ်လပ်စွာ သွားလာခွင့် မရှိသလောက် ဖြစ်နေပြီး ဂျာမနီနဲ့ ပိုလန်၊ သြစတြီးယားနဲ့ ဟန်ဂေရီ နိုင်ငံတွေကြားမှာ ကားတန်းရှည်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။

ဗြိတိန်က စိုက်ပျိုးရေးနဲ့ အစားအစာ လုံခြုံမှုဆိုင်ရာ ပါမောက္ခ လူဝီးစ် မန်းနင်းကတော့ ဥရောပ တချို့နိုင်ငံတွေ မှာ သီးနှံလုံလောက်အောင် စိုက်ပျိုးတာ သိပ်နည်းလို့ ဒီလို အကြာကြီး ပိတ်ဆို့နေရင် ဒုက္ခရောက်ကုန်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုင်းရပ်ကြောင့် သန့်ရှင်းရေး လုပ်နေရတဲ့ ဘန်ကောက်

အာရှတလွှား ကိုရိုနာ ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် ကြိုးစားနေကြရာမှာ ဗိုင်းရပ်ကို ကြောက်လို့ ဥရောပနဲ့ အမေရိကန်ကလူတွေ ရောက်လာမှာကို ကျန်းမာရေး ဝန်ထမ်းတွေက ပူပန်နေကြပါတယ်။

တိုင်ဝမ်မှာ ရောဂါကူးစက်ခံရသူ အရေအတွက် တိုးလာတဲ့အတွက် နိုင်ငံခြားသားတွေကို ဝင်ခွင့်ပိတ်တော့မှာ ဖြစ်သလို တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်မှာလည်း အသစ်ဝင်လာတဲ့သူတွေကို သီးခြားခွဲထားမှာ ဖြစ်ပါတယ်။

မလေးရှားမှာတော့ နယ်စပ်တွေ ပိတ်ထားဖို့ ပြည်တွင်းသွားလာမှုတွေကို ကန့်သတ်ခဲ့ပါတယ်။

နီပေါမှာလည်း ဥရောပတိုက်သားတွေအပါအဝင် နိုင်ငံတော်တော်များများက ခရီးသွားတွေကို ဝင်ခွင့် တားမြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန်မှာတော့ ဝင်လာတဲ့ နိုင်ငံတကာ လေယာဉ်ခရီးသည်တိုင်း ကိုရိုနာဗိုင်းရပ် ကင်းရှင်းကြောင်း လက်မှတ် ပြနိုင်မှ နိုင်ငံထဲ ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

အိန္ဒိယမှာတော့ အတည်ပြုနိုင်တဲ့ ရောဂါရှင် အရေအတွက် နည်းသေးပေမယ့် စစ်နိုင်တဲ့ အင်မား နည်းပါးလို့ မတွေ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ဆေးဆပ်ပြာရည် အရောင်းသွက်နေ

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ လက်ဆေးဆပ်ပြာရည် အတု ပုလင်း နှစ်သောင်းခွဲကို ရဲက စက်ရုံကနေ ဖမ်းမိခဲ့ပါတယ်။

ဟိုင်ဒြာဘတ် မြို့စွန်မှာ ရှိတဲ့ ကုမ္ပဏီတခုက ဒီလိုပုလင်း တသိန်းကျော်ကို ဒေသထဲမှာ ဖြန့်ခဲ့ပြီး ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ များနေလို့ လက်ဆေးဆပ်ပြာရည်နဲ့ မျက်နှာဖုံးတွေ ဒီသီတင်းပတ်တွေအတွင်းမှာ အရောင်းသွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန်မှာ ဗိုင်းရပ်ကို မထိန်းနိုင်သေး

အီရန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် သေသူ တရက်ထဲမှာ ၁၄၇ ယောက် ရှိသွားပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တရက်ထဲ သေသူအများဆုံး စံချိန်တင်တာလည်း ဖြစ်ပါတယ်။

အဲဒီမှာ စုစုပေါင်း သေဆုံးသူ ၁၁၃ဝ ကျော်သွားပြီလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တကယ်သေသူစာရင်းက ဒီထက်များနိုင်တယ်လို့ ယူဆနေကြပါတယ်။

အီရန် နိုင်ငံသားတချို့ဟာ ရောဂါကူးစက်ပုံနဲ့ ပတ်သက်ပြီး ခုထက်ထိ အရေးတယူမရှိသေးဘူးဆိုပြီးလည်း အီရန် ကျန်းမာရေး ဝန်ကြီး အာလီ ရဇားရား ယေစီးက ပြောပါတယ်။ ပြည်သူတွေက ပါဝင်ကူညီ နှိမ်နင်းမယ်ဆိုရင် ဗိုင်းရပ်ကို ထိန်းချုပ်လို့ ရနိုင်ပြီ လို့လည်း သူက ဆိုပါတယ်။

BBC Burmese
https://www.bbc.com
ဗိုင္းရပ္ေၾကာင့္ တကမာၻလုံး ပိတ္ဆို႔ႏိုင္သလား ဗိုင္းရပ္ေၾကာင့္ တကမာၻလုံး ပိတ္ဆို႔ႏိုင္သလား Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.