Covid-19 ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ တစ္သိန္း ရွိၿပီလို႔ WHO ေျပာၾကား

အီရန္ ႏိုင္ငံ က ေရာဂါပိုး ကူးစက္မႈကို စိုးရိမ္ေနရ
(Zawgyi)⤵⤵⤵
တကမာၻလုံးမွာ ႏိုဗယ္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထား ရသူ တစ္သိန္း ရွိသြား ၿပီလို႔ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး WHO က ေျပာပါတယ္။

အခုလို လ်င္လ်င္ ျမန္ျမန္ ကူးစက္ ခံေနရတာ ဟာ စိုးရိမ္ စရာ ေကာင္းတယ္ လို႔လည္း WHO အႀကီး အကဲ ေဒါက္တာ တက္ဒ႐ို႕စ္ ဂိုင္းဘေရးစီးယက္စ္ က ဆိုပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ ကုသေရး မွာ မရွိမျဖစ္ ေဆးဝါး ကိရိယာ ေတြကို WHO က ထုတ္ျပန္ ခဲ့ရာမွာ လူနာေတြ အတြက္ ေအာက္ဆီဂ်င္ နဲ႔ ေအာက္ဆီဂ်င္ ေပးစက္ ေတြဟာ မျဖစ္မေန ျဖည့္ဆည္း ထား ရမယ့္ ပစၥည္း ျဖစ္တယ္ လို႔ ႏိုင္ငံ အသီးသီး က အစိုးရေတြကို WHO က ေဆာ္ၾသလိုက္ပါတယ္။

ကိုဗစ္ဒ္ 19 ကူးစက္ ခံထားရသူေတြကို ရွာေဖြၿပီး ကုသမႈ ေပးတာဟာ ေရာဂါ ျဖစ္ပြား မႈ ကို ေလ်ာ့ခ် ရာေရာက္တယ္လို႔လည္း WHO အဖြဲ႕ အႀကီးအကဲ က ေျပာပါတယ္။

ေလာေလာဆယ္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ အေရအတြက္ ဟာ တစ္သိန္း ျပည့္ေျမာက္ၿပီး ျဖစ္ပါတယ္။
 ေတာင္ကိုရီးယား ႏိုင္ငံ ေဒဂူး ၿမိဳ႕က ျမင္ကြင္း

တ႐ုတ္ ႏိုင္ငံ ဟူေဘ ခ႐ိုင္မွာ ဆိုရင္ေတာ့ ျပည္တြင္းမွာ ကူးစက္ ခံရသူ အေရအတြက္ က်ဆင္း လာၿပီး ႏိုင္ငံရပ္ျခား ကေန ျပန္လာသူေတြ ထဲမွာ ကူးစက္မႈေတြ ရွိေနပါတယ္။

ဟူေဘ ခ႐ိုင္ အျပင္ဘက္မွာ ၾကာသပေတးေန႔ က ဗိုင္းရပ္စ္ ကူးစက္ ခံရသူ ၁၇ ဦး ရွိရာမွာ ၁၆ ဦး က ႏိုင္ငံျခား ကေန ကူးစက္ ခံထားရသူေတြလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ၾသစေၾတးလ်မွာ ဆိုရင္ ၁၆ ႏွစ္ အ႐ြယ္ လူငယ္ တစ္ဦး ဗိုင္းရပ္စ္ ကူးစက္ ခံထား ရလို႔ ေက်ာင္းေတြကို ပိတ္ဖို႔ အစိုးရ က ၫႊန္ၾကားလိုက္ပါၿပီ။

ေတာင္ကိုရီးယား ႏိုင္ငံမွာေတာ့ ဗိုင္းရပ္စ္ ကူးစက္ ခံထား ရသူ ၆၂၈၄ ဦး ရွိၿပီး ၄၃ ဦး ေသဆုံး ခဲ့ပါတယ္။

ဘူတန္ ႏိုင္ငံမွာလည္း အေမရိကန္ က လာေရာက္တဲ့ အမ်ိဳးသား တစ္ဦး မွာ ကို႐ိုနာ ဗိုင္းရပ္စ္ စစ္ေဆး ေတြ႕ ရွိခဲ့ရတဲ့ အတြက္ ဗိုင္းရပ္စ္ ကူးစက္ ခံထားရတဲ့ ေနာက္ထပ္ ႏိုင္ငံမ်ား စာရင္းဝင္ခဲ့ပါတယ္။

နယူးဇီလန္ ႏိုင္ငံမွာေတာ့ အသက္ ၃၀ အ႐ြယ္ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူဟာ ေတးဂီတ ေဖ်ာ္ေျဖပြဲ ကို သြားေရာက္ ခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒါေၾကာင့္ အဲဒီ ေတးဂီတ ပြဲ သြားေရာက္ ခဲ့သူေတြ အေနနဲ႔ ဗိုင္းရပ္စ္ ေရာဂါ လကၡဏာေတြကို ေစာင့္ၾကည့္ၾကဖို႔ က်န္းမာေရး ဝန္ႀကီး ဌာန က ႏႈိးေဆာ္ ထားရပါတယ္။

ၿဗိတိန္ မွာေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရတဲ့ ၁၆၃ ဉီး အထိ ရွိလာခဲ့ၿပီး အသက္ ၇၀ အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ကြယ္လြန္ သြားတယ္လို႔ အစိုးရ က သတင္းထုတ္ျပန္ ထားပါတယ္။

ကုလသမဂၢ အဖြဲ႕ႀကီး ရဲ႕ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕ႀကီး အေနနဲ႔ လည္း လူခ်င္း ေတြ႕ဆုံ ေဆြးေႏြးတဲ့ အစည္းအေဝး ေတြကို ဖ်က္သိမ္း လိုက္ၿပီး အြန္လိုင္း ကေန တဆင့္ပဲ အစည္းအေဝးေတြ လုပ္ေတာ့မယ္လို႔ ေၾကညာ ပါတယ္။

ေနာက္ၿပီး ကို႐ိုနာ ဗိုင္းရပ္စ္ ေၾကာင့္ ကမာၻ႔ တဝန္း က ေက်ာင္းသားေပါင္း သန္း ၂၉၀ ခန႔္ဟာ ေက်ာင္းေတြ ပိတ္လိုက္ရလို႔ ပညာသင္ၾကားေရးမွာ အေႏွာက္ အယွက္ ျဖစ္ခဲ့တယ္လို႔လည္း UN က စာရင္း ထုတ္ျပန္ ထားပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
Covid-19 ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ တစ်သိန်း ရှိပြီလို့ WHO ပြောကြား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အီရန် နိုင်ငံ က ရောဂါပိုး ကူးစက်မှုကို စိုးရိမ်နေရ

တကမ္ဘာလုံးမှာ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူ တစ်သိန်း ရှိသွား ပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောပါတယ်။

အခုလို လျင်လျင် မြန်မြန် ကူးစက် ခံနေရတာ ဟာ စိုးရိမ် စရာ ကောင်းတယ် လို့လည်း WHO အကြီး အကဲ ဒေါက်တာ တက်ဒရို့စ် ဂိုင်းဘရေးစီးယက်စ် က ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကုသရေး မှာ မရှိမဖြစ် ဆေးဝါး ကိရိယာ တွေကို WHO က ထုတ်ပြန် ခဲ့ရာမှာ လူနာတွေ အတွက် အောက်ဆီဂျင် နဲ့ အောက်ဆီဂျင် ပေးစက် တွေဟာ မဖြစ်မနေ ဖြည့်ဆည်း ထား ရမယ့် ပစ္စည်း ဖြစ်တယ် လို့ နိုင်ငံ အသီးသီး က အစိုးရတွေကို WHO က ဆော်သြလိုက်ပါတယ်။


ကိုဗစ်ဒ် 19 ကူးစက် ခံထားရသူတွေကို ရှာဖွေပြီး ကုသမှု ပေးတာဟာ ရောဂါ ဖြစ်ပွား မှု ကို လျော့ချ ရာရောက်တယ်လို့လည်း WHO အဖွဲ့ အကြီးအကဲ က ပြောပါတယ်။

လောလောဆယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ အရေအတွက် ဟာ တစ်သိန်း ပြည့်မြောက်ပြီး ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယား နိုင်ငံ ဒေဂူး မြို့က မြင်ကွင်း

တရုတ် နိုင်ငံ ဟူဘေ ခရိုင်မှာ ဆိုရင်တော့ ပြည်တွင်းမှာ ကူးစက် ခံရသူ အရေအတွက် ကျဆင်း လာပြီး နိုင်ငံရပ်ခြား ကနေ ပြန်လာသူတွေ ထဲမှာ ကူးစက်မှုတွေ ရှိနေပါတယ်။

ဟူဘေ ခရိုင် အပြင်ဘက်မှာ ကြာသပတေးနေ့ က ဗိုင်းရပ်စ် ကူးစက် ခံရသူ ၁၇ ဦး ရှိရာမှာ ၁၆ ဦး က နိုင်ငံခြား ကနေ ကူးစက် ခံထားရသူတွေလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သြစတြေးလျမှာ ဆိုရင် ၁၆ နှစ် အရွယ် လူငယ် တစ်ဦး ဗိုင်းရပ်စ် ကူးစက် ခံထား ရလို့ ကျောင်းတွေကို ပိတ်ဖို့ အစိုးရ က ညွှန်ကြားလိုက်ပါပြီ။

တောင်ကိုရီးယား နိုင်ငံမှာတော့ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူ ၆၂၈၄ ဦး ရှိပြီး ၄၃ ဦး သေဆုံး ခဲ့ပါတယ်။

ဘူတန် နိုင်ငံမှာလည်း အမေရိကန် က လာရောက်တဲ့ အမျိုးသား တစ်ဦး မှာ ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေး တွေ့ ရှိခဲ့ရတဲ့ အတွက် ဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ နောက်ထပ် နိုင်ငံများ စာရင်းဝင်ခဲ့ပါတယ်။

နယူးဇီလန် နိုင်ငံမှာတော့ အသက် ၃၀ အရွယ် ဗိုင်းရပ်စ် ကူးစက် ခံထားရသူဟာ တေးဂီတ ဖျော်ဖြေပွဲ ကို သွားရောက် ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် အဲဒီ တေးဂီတ ပွဲ သွားရောက် ခဲ့သူတွေ အနေနဲ့ ဗိုင်းရပ်စ် ရောဂါ လက္ခဏာတွေကို စောင့်ကြည့်ကြဖို့ ကျန်းမာရေး ဝန်ကြီး ဌာန က နှိုးဆော် ထားရပါတယ်။

ဗြိတိန် မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ ၁၆၃ ဉီး အထိ ရှိလာခဲ့ပြီး အသက် ၇၀ အရွယ် အမျိုးသမီး တစ်ဦး ကွယ်လွန် သွားတယ်လို့ အစိုးရ က သတင်းထုတ်ပြန် ထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကြီး ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကြီး အနေနဲ့ လည်း လူချင်း တွေ့ဆုံ ဆွေးနွေးတဲ့ အစည်းအဝေး တွေကို ဖျက်သိမ်း လိုက်ပြီး အွန်လိုင်း ကနေ တဆင့်ပဲ အစည်းအဝေးတွေ လုပ်တော့မယ်လို့ ကြေညာ ပါတယ်။

နောက်ပြီး ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် ကမ္ဘာ့ တဝန်း က ကျောင်းသားပေါင်း သန်း ၂၉၀ ခန့်ဟာ ကျောင်းတွေ ပိတ်လိုက်ရလို့ ပညာသင်ကြားရေးမှာ အနှောက် အယှက် ဖြစ်ခဲ့တယ်လို့လည်း UN က စာရင်း ထုတ်ပြန် ထားပါတယ်။

BBC Burmese
https://www.bbc.com
Covid-19 ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ တစ္သိန္း ရွိၿပီလို႔ WHO ေျပာၾကား Covid-19 ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ တစ္သိန္း ရွိၿပီလို႔ WHO ေျပာၾကား Reviewed by THITHTOOLWIN on 15:06 Rating: 5
Powered by Blogger.