အေမရိကန္ျပည္ေထာင္စုမွာ COVID-19 တိုက္ဖ်က္ေရး ေဒၚလာ ၈.၃ ဘီလီယံ သံုးစြဲမယ္

အေမရိကန္ သမၼတ Donald Trump နဲ႔ ဒုသမၼတ Mike Pence (သတင္းဓာတ္ပံု - မတ္ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေရာဂါ ပ်ံ႕ႏွံ႔ျဖစ္ပြားမႈ တိုက္ဖ်က္ေရး အေရးေပၚ အသံုးစရိတ္ ေဒၚလာ ၈.၃ ဘီလီယံ သံုးစြဲမယ့္ ဥပေဒၾကမ္းကို ဒီကေန႔ သမၼတ Donald Trump လက္မွတ္ထိုးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီဥပေဒၾကမ္းကို အထက္လႊတ္ေတာ္မွာေရာ ေအာက္လႊတ္ေတာ္မွာပါ တညီတၫြတ္ထဲ အတည္ျပဳခဲ့ၾကတာပါ။

COVID-19 ေရာဂါစစ္ေဆးတဲ့ ပစၥည္းေတြအလံုအေလာက္ မ႐ွိတာေၾကာင့္ အစိုးရအေပၚ ေဝဖန္မႈေတြ ႐ွိေနခ်ိန္မွာ စမ္းသပ္ပစၥည္း အစံု တသန္း အခုသီတင္းပတ္ထဲရဖုိ႔ ေမွ်ာ္လင့္တယ္လို႔ က်န္းမာေရးနဲ႔ လူမႈဝန္ထမ္းဌာန ဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

စမ္းသပ္ပစၥည္းေတြကို ထုတ္လုပ္တဲ့ ပုဂၢလိကလုပ္ငန္းတခုက တင္ပို႔မွာျဖစ္တယ္လုိ႔ ဝန္ႀကီး Alex Azar က ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။ ဒုသမၼတ Mike Pence ကေတာ့ အေမရိကန္မွာ ကူးစက္ႏိုင္ေျခ နည္းေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

"Seattle ၿမိဳ႕မွာ Coronavirus ပိုးကူးစက္ပ်ံ႕ႏွံ႔ေနသလို ႏိုင္ငံတဝန္းမွာလည္း ပုိးကူးစက္သူေတြ ေန႔တိုင္း႐ွိေနခ်ိန္မွာ သတင္းေကာင္းကေတာ့ ပိုးကူးစက္သူ ေတာ္ေတာ္မ်ားမ်ား ျပန္လည္က်န္းမာ ေနေကာင္းေနၾကပါတယ္။ ကၽြမ္းက်င္သူေတြအေျပာအရ သာမန္အေမရိကန္ျပည္သူေတြၾကား ပိုးကူးစက္ႏိုင္ေျခ နည္းေနေသးတယ္။" လို႔ ဒုသမၼတ Mike Pence ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ႏိုင္ငံထဲက Coronavirus ပိုးကူးစက္ေသဆံုးသူ ၁၁ ေယာက္႐ွိတဲ့ Washington ျပည္နယ္ Seattle ၿမိဳ႕က အေရးေပၚတံု႔ျပန္ေရးစင္တာကို ဒုသမၼတ သြားေရာက္ခဲ့ၿပီးခုလို ေျပာခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုမွာ ေလာေလာဆယ္အထိ ပိုးကူးေနသူ ၂၀၀ ေက်ာ္႐ွိေနၿပီး စုစုေပါင္း ေသဆံုးသူ ၁၂ ေယာက္႐ွိပါတယ္။ Maryland, California, Florida နဲ႔ Hawaii ျပည္နယ္ေတြမွာ ပိုးကူးစက္မႈေၾကာင့္ အေရးေပၚ အေျခအေန ထုတ္ျပန္ထားပါတယ္။

တခ်ိန္ထဲမွာပဲ Coronavirus ပိုးကာကြယ္ေဆးကို Massachusetts ျပည္နယ္မွာ အေျခစိုက္တဲ့ Moderna ဆိုတဲ့ ကုမၸဏီတခုက စမ္းသပ္ထုတ္လုပ္ထားၿပီး အေမရိကန္ကူးစက္ေရာဂါဌာနကို ေပးပို႔ထားၿပီျဖစ္ပါတယ္။

ဒီစမ္းသပ္ေဆးေတြကို လက္ေတြ႔ ထိထိေရာက္ေရာက္ သံုးစြဲႏိုင္ဖုိ႔ စမ္းသပ္မႈေတြကိုေတာ့ ၁ ႏွစ္ကေန ၁ ႏွစ္ခဲြေလာက္ အခ်ိန္ေပးလုပ္ရဦးမွာျဖစ္ပါတယ္။ ကမာၻတဝန္း COVID-19 ေရာဂါျဖစ္ေနသူ ခုခ်ိန္ထိ ၉၈,၇၀၀ ေက်ာ္႐ွိေနၿပီး ေသဆံုးသူ ၃,၄၀၀ နီးပါး႐ွိေနပါတယ္။

[Unicode Version]

အမေရိကန်ပြည်ထောင်စုမှာ COVID-19 တိုက်ဖျက်ရေး ဒေါ်လာ ၈.၃ ဘီလီယံ သုံးစွဲမယ်

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ပျံ့နှံ့ဖြစ်ပွားမှု တိုက်ဖျက်ရေး အရေးပေါ် အသုံးစရိတ် ဒေါ်လာ ၈.၃ ဘီလီယံ သုံးစွဲမယ့် ဥပဒေကြမ်းကို ဒီကနေ့ သမ္မတ Donald Trump လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ တညီတညွတ်ထဲ အတည်ပြုခဲ့ကြတာပါ။

COVID-19 ရောဂါစစ်ဆေးတဲ့ ပစ္စည်းတွေအလုံအလောက် မရှိတာကြောင့် အစိုးရအပေါ် ဝေဖန်မှုတွေ ရှိနေချိန်မှာ စမ်းသပ်ပစ္စည်း အစုံ တသန်း အခုသီတင်းပတ်ထဲရဖို့ မျှော်လင့်တယ်လို့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာန ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

စမ်းသပ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ပုဂ္ဂလိကလုပ်ငန်းတခုက တင်ပို့မှာဖြစ်တယ်လို့ ဝန်ကြီး Alex Azar က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဒုသမ္မတ Mike Pence ကတော့ အမေရိကန်မှာ ကူးစက်နိုင်ခြေ နည်းသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

"Seattle မြို့မှာ Coronavirus ပိုးကူးစက်ပျံ့နှံ့နေသလို နိုင်ငံတဝန်းမှာလည်း ပိုးကူးစက်သူတွေ နေ့တိုင်းရှိနေချိန်မှာ သတင်းကောင်းကတော့ ပိုးကူးစက်သူ တော်တော်များများ ပြန်လည်ကျန်းမာ နေကောင်းနေကြပါတယ်။ ကျွမ်းကျင်သူတွေအပြောအရ သာမန်အမေရိကန်ပြည်သူတွေကြား ပိုးကူးစက်နိုင်ခြေ နည်းနေသေးတယ်။" လို့ ဒုသမ္မတ Mike Pence ပြောကြားသွားတာ ဖြစ်ပါတယ်။

နိုင်ငံထဲက Coronavirus ပိုးကူးစက်သေဆုံးသူ ၁၁ ယောက်ရှိတဲ့ Washington ပြည်နယ် Seattle မြို့က အရေးပေါ်တုံ့ပြန်ရေးစင်တာကို ဒုသမ္မတ သွားရောက်ခဲ့ပြီးခုလို ပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ လောလောဆယ်အထိ ပိုးကူးနေသူ ၂၀၀ ကျော်ရှိနေပြီး စုစုပေါင်း သေဆုံးသူ ၁၂ ယောက်ရှိပါတယ်။ Maryland, California, Florida နဲ့ Hawaii ပြည်နယ်တွေမှာ ပိုးကူးစက်မှုကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။

တချိန်ထဲမှာပဲ Coronavirus ပိုးကာကွယ်ဆေးကို Massachusetts ပြည်နယ်မှာ အခြေစိုက်တဲ့ Moderna ဆိုတဲ့ ကုမ္ပဏီတခုက စမ်းသပ်ထုတ်လုပ်ထားပြီး အမေရိကန်ကူးစက်ရောဂါဌာနကို ပေးပို့ထားပြီဖြစ်ပါတယ်။

ဒီစမ်းသပ်ဆေးတွေကို လက်တွေ့ ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ စမ်းသပ်မှုတွေကိုတော့ ၁ နှစ်ကနေ ၁ နှစ်ခွဲလောက် အချိန်ပေးလုပ်ရဦးမှာဖြစ်ပါတယ်။ ကမ္ဘာတဝန်း COVID-19 ရောဂါဖြစ်နေသူ ခုချိန်ထိ ၉၈,၇၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃,၄၀၀ နီးပါးရှိနေပါတယ်။

VOA (Burmese)
https://burmese.voanews.com
အေမရိကန္ျပည္ေထာင္စုမွာ COVID-19 တိုက္ဖ်က္ေရး ေဒၚလာ ၈.၃ ဘီလီယံ သံုးစြဲမယ္ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 တိုက္ဖ်က္ေရး ေဒၚလာ ၈.၃ ဘီလီယံ သံုးစြဲမယ္ Reviewed by THITHTOOLWIN on 15:03 Rating: 5
Powered by Blogger.