ခင္ပြန္းကုိ ဇနီးက ခ်စ္ၾကဳိက္ေနသူနဲ ့ပူးေပါင္း လုပ္ၾကံမႈျဖစ္ပြား


(Zawgyi)⤵⤵⤵
မႏၲေလးတိုင္းေဒသၾကီး၊ မႏၲေလးျမဳိ ့စက္မႈနယ္ေျမမွာ ခင္ပြန္းျဖစ္သူအား ဇနီးျဖစ္သူမွ ယခင္အလုပ္အတူလုပ္ကိုင္ခဲ့ၿပီး ခ်စ္ႀကိဳက္ေနသူ အမ်ိဳးသားတစ္ဦးႏွင့္ ပူးေပါင္းကာ လုပ္ႀကံသတ္ျဖတ္ခဲ့မႈ ျဖစ္ပြားခ့ဲေၾကာင္း မႏၲေလးတိုင္းေဒသၾကီး ရဲတပ္ဖဲြ ့မွ ယေန ့သတင္းထုတ္ျပန္ထားပါသည္။

 ၂၇-၃-၂၀၂၀ ရက္ေန႔ ည (၈)နာရီအခ်ိန္ ကိုျမင့္သန္း (၄၀)ႏွစ္၊ (ဘ)ဦးသိန္းေ႐ႊ မွာ ေနအိမ္မွ ထြက္သြားၿပီး (ဈ)ရပ္ကြက္၊ ေယာမင္းႀကီးလမ္းႏွင့္ (၅၉)လမ္းေထာင့္ စည္ပင္အမႈိက္ပုံအနီးတြင္ လည္ပင္း၊ ဝမ္းဗိုက္၊ ယာေပါက္တို႔တြင္ ထိုးသြင္းဒဏ္ရာမ်ား ရရွိေသဆုံးေနသည္ကို ေတြ႕ရွိရသျဖင့္ အေရးယူပါရန္ ေသဆုံးသူ၏ညီမျဖစ္သူ မဝင္းခိုင္ (၂၉)ႏွစ္ (ဘ)ဦးသိန္းေ႐ႊ၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဈ)ရပ္ကြက္၊ ကေနာင္တိုက္တန္းေနသူမွ ည (၉)နာရီအခ်ိန္ခန႔္တြင္ တိုင္တန္းသျဖင့္ စက္မႈနယ္ေျမ ရဲစခန္း (ပ)၁၀၉/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈေရးဖြင့္ေဆာင္႐ြက္ခဲ့ပါသည္။

အမႈဖြင့္ၿပီးေနာက္ စက္မႈနယ္ေျမရဲစခန္းမႉးႏွင့္အဖြဲ႕မွာ အခင္းျဖစ္ေနရာအား သြားေရာက္ စစ္ေဆးခဲ့ရာ ကိုျမင့္သန္းမွာ ဒဏ္ရာမ်ားျဖင့္ေသဆုံးေနၿပီး ၎၏ဇနီးျဖစ္သူ မမ်ိဳးေကသီ (၂၆)ႏွစ္၊ (ဘ)ဦးေမာင္တူး မွာ ပြန္းပဲ့ဒဏ္ရာမ်ားႏွင့္အတူ ေတြ႕ရွိခဲ့ရပါသည္။ ကိုျမင့္သန္းႏွင့္ မမ်ိဳးေကသီတို႔၏ လက္ကိုင္ဖုန္း(၂)လုံးအား သက္ေသမ်ားေရွ႕သိမ္းဆည္းစစ္ေဆးရာ မမ်ိဳးေကသီ၏ဖုန္းတြင္ အခင္း မျဖစ္မွီအခ်ိန္ အျခားသူတစ္ဦးႏွင့္ သံသယျဖစ္ဖြယ္ ဖုန္းေခၚထားမႈႏွင့္ လူမႈကြန္ယက္ (Messenger)တြင္ သံသယျဖစ္ဖြယ္ ေျပာဆိုထားမႈတို႔အား စစ္ေဆးေတြ႕ရွိခဲ့ရသျဖင့္ မမ်ိဳးေကသီအား မသကၤာသျဖင့္ ရဲစခန္းတြင္အေသးစိတ္ ထပ္မံစစ္ေဆးခဲ့ပါသည္။

၂၈-၃-၂၀၂၀ ရက္ေန႔တြင္ မသကၤာတရားခံ မမ်ိဳးေကသီ ၏ ထြက္ဆိုခ်က္အရ ၎ႏွင့္ ဖုန္းအဆက္အသြယ္ျပဳလုပ္ခဲ့သူမွာ အလုပ္အတူလုပ္ကိုင္ဖူးသူ ကိုေက်ာ္မင္းထြန္း (၂၀)ႏွစ္ႏွင့္ လူမႈကြန္ယက္ (Messenger)တြင္ ေျပာဆိုသူမွာ ရဲဇာနည္ဦး(ခ)ဇာနည္ (၂၉)ႏွစ္ျဖစ္ေၾကာင္း၊ ကိုျမင့္သန္း အား ၎တို႔(၂)ဦးမွာ သတ္သြားျခင္းျဖစ္ေၾကာင္း ေျပာျပသိရွိရသျဖင့္ ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ မနက္ ၄ နာရီခြဲအခ်ိန္ ၁၉x၂၀ လမ္းၾကား၊ အႏွိပ္ေတာ္ရပ္ကြက္၊ ေအာင္ေျမသာစံ ၿမိဳ႕နယ္ရွိ ေက်ာ္မင္းထြန္း၏ အေဒၚျဖစ္သူေနအိမ္တြင္ ၎တို႔ (၂)ဦးအား ဖမ္းဆီးရမိခဲ့ၿပီး ေက်ာ္မင္းထြန္းထံမွ ေသဆုံးသူကိုျမင့္သန္း၏ ေ႐ႊဆြဲႀကိဳးျပတ္(၁)ကုံးအားႏွင့္အတူ ေတြ႕ရွိသိမ္းဆည္း ရမိခဲ့ပါသည္။

အမႈမွ မသကၤာတရားခံ ေက်ာ္မင္းထြန္းႏွင့္ ရဲဇာနည္ဦး တို႔အား ရဲစခန္းတြင္ ဆက္လက္စစ္ေဆး ခဲ့ရာ ၎တို႔ႏွစ္ဦး က်ဴးလြန္ျခင္းမဟုတ္ဘဲ ေက်ာ္မင္းထြန္း တစ္ဦးတည္းမွ ေသဆုံးသူ ကိုျမင့္သန္းအား (ဈ)ရပ္ကြက္၊ ေယာမင္းႀကီးလမ္းႏွင့္ (၅၉)လမ္းေထာင့္ စည္ပင္အမႈိက္ပုံအနီးတြင္ မမ်ိဳးေကသီမွ အသင့္ယူေဆာင္လာေသာ အ႐ိုးအသြား(၈)လက္မခန႔္ရွိ ၾကက္သြန္လွီးဓါးျဖင့္ ထိုးသတ္ခိုင္းသျဖင့္ ၎မွ ဓားျဖင့္ထိုးသတ္ခဲ့ေၾကာင္း၊ ကိုျမင့္သန္း ေသလုေမ်ာပါးျဖစ္ေနစဥ္ မမ်ိဳးေကသီႏွင့္ ႏွစ္ေယာက္တြဲမကာ ၿခံစည္း႐ိုးေဘးေျမာင္းအတြင္းသို႔ ပစ္ခ်ထြက္ေျပးခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္၍ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းကာ တရားခံမ်ားအား အမႈျဖင့္ဆက္လက္စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါသည္။

သစ္ထူးလြင္
----------------------------

(Unicode)⤵⤵⤵
ခင်ပွန်းကို ဇနီးက ချစ်ကြိုက်နေသူနဲ့ပူးပေါင်း လုပ်ကြံမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့စက်မှုနယ်မြေမှာ ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ယခင်အလုပ်အတူလုပ်ကိုင်ခဲ့ပြီး ချစ်ကြိုက်နေသူ အမျိုးသားတစ်ဦးနှင့် ပူးပေါင်းကာ လုပ်ကြံသတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါသည်။

 ၂၇-၃-၂၀၂၀ ရက်နေ့ ည (၈)နာရီအချိန် ကိုမြင့်သန်း (၄၀)နှစ်၊ (ဘ)ဦးသိန်းရွှေ မှာ နေအိမ်မှ ထွက်သွားပြီး (ဈ)ရပ်ကွက်၊ ယောမင်းကြီးလမ်းနှင့် (၅၉)လမ်းထောင့် စည်ပင်အမှိုက်ပုံအနီးတွင် လည်ပင်း၊ ဝမ်းဗိုက်၊ ယာပေါက်တို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပါရန် သေဆုံးသူ၏ညီမဖြစ်သူ မဝင်းခိုင် (၂၉)နှစ် (ဘ)ဦးသိန်းရွှေ၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ကနောင်တိုက်တန်းနေသူမှ ည (၉)နာရီအချိန်ခန့်တွင် တိုင်တန်းသဖြင့် စက်မှုနယ်မြေ ရဲစခန်း (ပ)၁၀၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

အမှုဖွင့်ပြီးနောက် စက်မှုနယ်မြေရဲစခန်းမှူးနှင့်အဖွဲ့မှာ အခင်းဖြစ်နေရာအား သွားရောက် စစ်ဆေးခဲ့ရာ ကိုမြင့်သန်းမှာ ဒဏ်ရာများဖြင့်သေဆုံးနေပြီး ၎င်း၏ဇနီးဖြစ်သူ မမျိုးကေသီ (၂၆)နှစ်၊ (ဘ)ဦးမောင်တူး မှာ ပွန်းပဲ့ဒဏ်ရာများနှင့်အတူ တွေ့ရှိခဲ့ရပါသည်။ ကိုမြင့်သန်းနှင့် မမျိုးကေသီတို့၏ လက်ကိုင်ဖုန်း(၂)လုံးအား သက်သေများရှေ့သိမ်းဆည်းစစ်ဆေးရာ မမျိုးကေသီ၏ဖုန်းတွင် အခင်း မဖြစ်မှီအချိန် အခြားသူတစ်ဦးနှင့် သံသယဖြစ်ဖွယ် ဖုန်းခေါ်ထားမှုနှင့် လူမှုကွန်ယက် (Messenger)တွင် သံသယဖြစ်ဖွယ် ပြောဆိုထားမှုတို့အား စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် မမျိုးကေသီအား မသင်္ကာသဖြင့် ရဲစခန်းတွင်အသေးစိတ် ထပ်မံစစ်ဆေးခဲ့ပါသည်။

၂၈-၃-၂၀၂၀ ရက်နေ့တွင် မသင်္ကာတရားခံ မမျိုးကေသီ ၏ ထွက်ဆိုချက်အရ ၎င်းနှင့် ဖုန်းအဆက်အသွယ်ပြုလုပ်ခဲ့သူမှာ အလုပ်အတူလုပ်ကိုင်ဖူးသူ ကိုကျော်မင်းထွန်း (၂၀)နှစ်နှင့် လူမှုကွန်ယက် (Messenger)တွင် ပြောဆိုသူမှာ ရဲဇာနည်ဦး(ခ)ဇာနည် (၂၉)နှစ်ဖြစ်ကြောင်း၊ ကိုမြင့်သန်း အား ၎င်းတို့(၂)ဦးမှာ သတ်သွားခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မနက် ၄ နာရီခွဲအချိန် ၁၉x၂၀ လမ်းကြား၊ အနှိပ်တော်ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်ရှိ ကျော်မင်းထွန်း၏ အဒေါ်ဖြစ်သူနေအိမ်တွင် ၎င်းတို့ (၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျော်မင်းထွန်းထံမှ သေဆုံးသူကိုမြင့်သန်း၏ ရွှေဆွဲကြိုးပြတ်(၁)ကုံးအားနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

အမှုမှ မသင်္ကာတရားခံ ကျော်မင်းထွန်းနှင့် ရဲဇာနည်ဦး တို့အား ရဲစခန်းတွင် ဆက်လက်စစ်ဆေး ခဲ့ရာ ၎င်းတို့နှစ်ဦး ကျူးလွန်ခြင်းမဟုတ်ဘဲ ကျော်မင်းထွန်း တစ်ဦးတည်းမှ သေဆုံးသူ ကိုမြင့်သန်းအား (ဈ)ရပ်ကွက်၊ ယောမင်းကြီးလမ်းနှင့် (၅၉)လမ်းထောင့် စည်ပင်အမှိုက်ပုံအနီးတွင် မမျိုးကေသီမှ အသင့်ယူဆောင်လာသော အရိုးအသွား(၈)လက်မခန့်ရှိ ကြက်သွန်လှီးဓါးဖြင့် ထိုးသတ်ခိုင်းသဖြင့် ၎င်းမှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း၊ ကိုမြင့်သန်း သေလုမျောပါးဖြစ်နေစဉ် မမျိုးကေသီနှင့် နှစ်ယောက်တွဲမကာ ခြံစည်းရိုးဘေးမြောင်းအတွင်းသို့ ပစ်ချထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ သက်သေခံပစ္စည်းများ သိမ်းဆည်းကာ တရားခံများအား အမှုဖြင့်ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်

ခင္ပြန္းကုိ ဇနီးက ခ်စ္ၾကဳိက္ေနသူနဲ ့ပူးေပါင္း လုပ္ၾကံမႈျဖစ္ပြား ခင္ပြန္းကုိ ဇနီးက ခ်စ္ၾကဳိက္ေနသူနဲ ့ပူးေပါင္း လုပ္ၾကံမႈျဖစ္ပြား Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.